ငါ မကြောက်ပါဘူး။
Vol. 153 Ch. 2142
“ ယဲ့ချင်းရှန် ... မင်းက သန်မာတယ် ဒါပေမယ့် အခုက ငါတို့ တိုက်ပွဲဝင်ရမယ့် အချိန် မဟုတ်သေးဘူး၊ နှုတ်ဆက် ပါတယ်၊ နောက်ဆုံး တိုက်ပွဲမှာ ပြန်တွေ့မယ်။ ”
မုချင်းကျွယ်က တောင်ပံများ ခတ်လျက် ငှက်ကြီးတစ်ကောင် အလား မရဏ နဂါးလမ်းမှ ပျောက်ကွယ် သွားတော့၏။
လင်းယွန်က ဓားကို သိမ်းလိုက်သည်။ စောင့်ကြည့် နေသူများမှာ စိတ်ပျက်ကုန်၏။ မြေပြိုကျမည့် တိုက်ပွဲကို မျှော်လင့် နေကြခြင်း ဖြစ်သည်။
ကောင်းကင်လမ်း ချန်ပီယံမှ ဤသို့ နောက်ဆုတ် ပေးလိမ့်မည်ဟု မမျှော်လင့် ထားချေ။
“ ဒီကောင် ... မုချင်းကျွယ် ။ ”
၎င်းသည် နောက်ဆုံး တိုက်ပွဲအတွက် သူ့ခွန်အားကို ချန်ထားလိုကြောင်း ပြောကြားခဲ့ သော်လည်း မယုံချေ။ အဘယ်ကြောင့် ဆိုသော် ယဲ့ချင်းရှန် သည်လည်း သူ့ကဲ့သို့ တွေးနိုင်သည်။
ဆိုလိုသည်မှာ မုချင်းကျွယ်သည် အကြောင်းပြချက် ပေးခြင်းသာ ဖြစ်၏။ စိတ်ပျက် စရာ ပေပင်။
“ မုချင်းကျွယ်က ယဲ့ချင်းရှန်ကို အလျော့ပေးလိုက် တာလား ... ၊ မယုံနိုင်စရာပဲ ကောင်းကင်လမ်း ချန်ပီယံက ဒီလောက်လည်း ဟုတ်ပုံ မရပါဘူး။ ”
“ ဒါဆို ... မင်း တိုက်ကြည့်လေ ... ၊ မုချင်းကျွယ်က ယဲ့ချင်းရှန်ကို ကြောက်နေလို့ မဟုတ်ဘူး၊ သူ့ရဲ့ အဓိက ပြိုင်ဘက်တွေ ရှေ့မှာ ဝှက်ဖဲတွေ မထုတ်ချင်လို့ပဲ။ ”
“ ဟား ဟား ဟား ... ၊ ဒါဆို ယဲ့ချင်းရှန် ကရော ဘာလို့ သူ့ခွန်အားကို ပြိုင်ဘက်တွေ ရှေ့မှာ ထုတ်ပြချင်နေရတာလဲ၊ မုချင်းကျွယ် စကားက အဓိပ္ပါယ် မရှိပါဘူး။ ”
ဤတိုက်ပွဲသည် လူအုပ်ကို အမြင်များ ကွဲလွဲသွားစေသည်။ ယဲ့ချင်းရှန်ကို ထောက်ခံသူ များနှင့် မုချင်းကျွယ်ကို ထောက်ခံသူများ ကြား စကား စစ်ထိုးပွဲ ပေါ်ပေါက်လာခဲ့၏။
လင်းယွန်က နဂါးခေါင်းပေါ်တွင် ရပ်လျက် အနည်းငယ် မကျေမနပ် ဖြစ်မိ၏။ ပြိုင်ဘက်မှာ ကြောက်မက်ဖွယ် ကောင်းသည်ကို သံသယ မရှိ သော်လည်း မတိုက်လိုက်ရသည့် အတွက် နှမျောလေသည်။
တစ်ဖက်သို့ လှည့်ကြည့် လိုက်ချိန်၌ ပိုင်လိရွှမ်တစ်ယောက် ကြယ်နန်းတော်၏ သားတော်နှင့် တိုက်နေဆဲ ဖြစ်၏။
သူ့ဓားကျိုးသွား ပြီးနောက်၊ ဧကရာဇ် နဂါးလက်သီးနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ် ထားခဲ့သည်။ ထို့ကြောင့် ကြယ်နန်းတော်၏ သန့်ရှင်းသော သားတော်မှာ ဖိနှိမ်ခံနေရ၏။
လင်းယွန်က ပိုင်လိရွှမ် ရောက်လာခဲ့ သည်ကို သတိပြုမိသည်။ သို့သော် မည်သည့် အတွက် ရောက်လာမှန်း မသိချေ။
“ ကစားပွဲကို အဆုံးသတ်လိုက်ရအောင်။ ”
လင်းယွန် တိုက်ပွဲ ပြီးသွားသည်ကို သတိပြုမိသော ပိုင်လိရွှမ်က တိုက်ပွဲအပေါ် ငြီးငွေ့ သွားလေသည်။ သူတော်စင်ဓား တစ်လက်ကို ထုတ်ယူ လိုက်၏။
ယခု အကြိမ်တွင် ရွှေနဂါး ရောင်ဝါဖြင့် ဖုံးအုပ်ထားသော ဘုန်းသူတော်စင် လက်ရာ ဖြစ်သည်။
“ ရွှပ် ... ။ ”
ဓားထွက်လာသည်နှင့် မဆိုင်းမတွ လွှဲခုတ်ချ လိုက်၏။ သန့်ရှင်းသော သားတော်မှ ဟန့်တား လိုက်သော်လည်း မအောင်မြင်ချေ။
“ ဝေါ့ ... ။ ”
သူတော်စင် တာအို ကွဲကြေလျက် သွေးတစ်လုတ် အန်ကာ နဂါးတောင် အပြင်သို့ လွင့်ပျံသွား တော့သည်။
ပိုင်လိရွှမ်သည် နဂါးမိသားစု ပညာရပ်ကို အသုံးပြု နေကြောင်း လင်းယွန်မှ သိလိုက်၏။ သည့်တင်မက နဂါးသွေး သို့မဟုတ် နတ်နဂါး အရိုးကိုပင် သန့်စင်ထားနိုင်မည်။
ပိုင်လိရွှမ်က ဓားကို ပြန်သိမ်းလျက် အေးစက်စွာ လှည့်ကြည့် လာသည်။ ထိုအချိန်၌ လင်းယွန်မှာ သူ့ကို ကြည့်နေဆဲ ဖြစ်သဖြင့် မျက်လုံးချင်းဆုံ သွား၏။
ယဲ့ချင်းရှန်ကို သူ မသိချေ။ သို့သော် ရင်းနှီးနေသော ခံစားချက်မျိုး ရရှိနေသည်မှာ ထူးဆန်းချေ၏။
“ ကောင်းလိုက်တဲ့ ဓားရေးပဲ။ ”
လင်းယွန်က ပြုံးကာ ချီးကျူးလိုက်သည်။ မည်သို့ပင် ဆိုစေကာမူ ပိုင်လိရွှမ်သည် သူ့ကို ကူညီပေးခဲ့သူ ဖြစ်၏။
“ သေ လိုက် တော့ ... ။ ”
ပိုင်လိရွှမ်မှ တုန့်ပြန်စကား ပြောရန် ပြင်လိုက်စဉ်၊ ရှေးလဂိုဏ်းမှ သန့်ရှင်းသော သားတော်က ကောင်းကင်ပေါ် ခုန်တက် လာခဲ့သည်။
၎င်း၏ ဦးတည်ရာသည် ပိုင်လိရွှမ်ထံ ဖြစ်သည်။ ရက်စက် ကြမ်းကြုတ်သော အကြည့် များဖြင့် ပြုံး၏။ ဤအချိန်ကို စိတ်ရှည်လက်ရှည် သူ စောင့်မျှော် နေခဲ့ခြင်း ဖြစ်သည်။
တစ်ချက်တည်းဖြင့် ပိုင်လိရွှမ် အပေါ် ဒဏ်ရာ ကြီးကြီးမားမား ရရှိစေ ပေလိမ့်မည်။ လင်းယွန်မှာ ကူညီလိုသော် သူ့နှင့် အလှမ်းဝေး နေ၏။
ပိုင်လိရွှမ်မှာ ၎င်းလုပ်ရပ်ကြောင့် အံ့အားသင့်နေရာမှ ချက်ချင်း တည်ငြိမ်သွားပြီး လျစ်လျူရှု လိုက်တော့သည်။
သူ့နောက်မှ လူရိပ် တစ်ရိပ် ပေါ်လာ၏။ ထိုလူရိပ်မှာ ဘုန်းကြီး တစ်ပါး ဖြစ်လေသည်။ ၎င်းက လက်သီးဖြင့် ထိုးနှက်လိုက်၏။
“ ဝေါင်း ... ။ ”
လက်သီး တစ်လုံးမျှသာ ဖြစ်သော်လည်း၊ ကျားနှင့် နဂါးဟောက်သံများ ပဲ့တင်ထပ်လျက် မရဏ နဂါးလမ်း တစ်ခုလုံး တုန်ခါသွား တော့သည်။
“ ကျား-နဂါး လက်သီး ... ။ ”
လင်းယွန်က အံ့ဩမှင်တတ်သွားပြီး ချက်ချင်း ခေါင်းယမ်းကာ၊
“ မဟုတ်ဘူး ... တူတာ ... ဒီလက်သီး အနှစ်သာရက ကျား-နဂါး လက်သီးနဲ့ လုံးဝကို ကွဲပြားတယ်။ ”
-ဟု ပြန်ပြင် ပြောကြားလိုက်၏။
ရှေးလဂိုဏ်း၏ သန့်ရှင်းသော သားတော်သည် ထိုလက်သီး စွမ်းအားကြောင့် ချက်ချင်း ပြိုကျသွား၏။ ရင်ဘတ် တစ်ခုလုံး စုတ်ပြတ်သတ် သွားကာ သက်တမ်း တစ်ဝက် ပေးလိုက်ရ လေသည်။
“ ဘယ်လောက်တောင် အပြစ်ကြီး လိုက်သလဲ။ ”
ဘုန်းကြီးက အပြုံးဖြင့် သူ့လက်သီးကို သန့်ရှင်းရေး ပြန်လုပ်ကာ ရေရွတ်လာ တော့၏။ ၎င်း၏ အပြုံးမှာ နူးညံ့သော်လည်း လုပ်ရပ်သည် ရက်စက်လွန်းချေပြီ။
ယင်းက မရဏ နဂါးလမ်းပေါ်ရှိ မတော်တလျော် အတွေး ရှိနေသူများကို ချက်ချင်း ရပ်တန့်သွားစေ၏။
“ ထွက်သွား ... ။ ”
ဘုန်းကြီးသည် လွင့်မျောနေသော ရေခွက်ဖြစ်ပြီး လက်ဝှေ့ယမ်းကာ၊ ဒုက္ခိတ ဖြစ်သွားသော ရှေးလဂိုဏ်း၏ သန့်ရှင်းသော သားတော်ကို အမှိုက်ကဲ့သို့ ဖယ်ရှား လိုက်တော့သည်။
“ သခင်လေး ... ၊ ငါတို့ မတွေ့တာ ကြာပြီနော် ... ၊ မင်းမှာ ဝိုင်ကောင်းကောင်း ရှိလား။ ”
လွင့်မျောနေသော ရေခွက်လေးက ဖော်ရွေသော အပြုံးဖြင့် လင်းယွန်ထံ လှည့်ကာ မေးမြန်းလာ၏။
ထိုအပြုံးကြောင့် လင်းယွန် ခမျာ သရဲတစ္ဆေကို မြင်လိုက်ရ သကဲ့သို့ ထိတ်လန့် သွားပြီး၊
“ မင်းတို့ ... နှစ်ယောက် ရောက်နေပြီ ဆိုတော့ ... ဆုစီယာလည်း ရောက်နေတယ်လို့ ဆိုလိုတာ မဟုတ်လား။ ”
“ ဘာလို့ ... မှန်းဆ မကြည့်တာလဲ။ ”
လွင့်မျောနေသော ရေခွက်က ပြုံးလျက် ပြန်ဖြေလေသည်။ ထိုအပြုံးမှာ မကောင်းသော နိမိတ်ပုံ ဖြစ်ချေ၏။
လင်းယွန်က ချက်ချင်းပင် ပတ်ဝန်းကျင် အပေါ် လှည့်ပတ် ရှာဖွေတော့သည်။ သို့သော် အရိပ်အယောင် မျှပင် မမြင်ရချေ။
ဆန့်ကျင်ဘက် အနေနှင့်၊ နဂါး တောင်တန်းများ အပြင်ရှိ လူအုပ်ကြီးက သူ့ကို အံ့ဩစွာ ပြန်ကြည့်နေသည်။
လင်းယွန် တစ်ယောက် အဘယ့်ကြောင့် ဤမျှ ကြောက်ရွံ့စွာ လှည့်ပတ် ကြည့်ရှုနေရ သည်ကို သူတို့ နားမလည် နိုင်ချေ။
ယဲ့ချင်းရှန်သည် ကောင်းကင်လမ်း ချန်ပီယံကိုပင် မကြောက်သူ ဖြစ်သည်။
“ သူ တစ်ခုခုကို ရှာနေတယ်၊ ဘာလို့ နည်းနည်း ကြောက်နေပုံ ရတာလဲ၊ ဘယ်သူ လိုက်လာ လို့လဲ၊ သူ့အဖေလား။ ”
“ မဟုတ်ဘူး ... သူ့မိထွေး ဖြစ်နိုင်တယ်၊ ရုပ်ကို ကြည့်ပါလား ... သူ့အဖေလည်း သူ့လို လူယုတ်မာ ဖြစ်လိမ့်မယ်။ ”
“ ဟား ဟား ဟား ... ။ ”
လူအုပ်ကြီး ထံမှ အပျော် သဘောဖြင့် နောက်ပြောင်သံ များကြောင့် လွင့်မျောနေသော ရေခွက်က ကျေနပ်စွာ ပြုံးလိုက်၏။
“ ကောင်း လိုက် တာ ... ။ ”
“ ငါ မကြောက်ပါဘူး။ ”
လင်းယွန်က တည်ငြိမ်အောင် ပြင်ယူပြီး၊ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခြင်းကို ဖုံးကွယ်လိုက် တော့၏။
“ ကဲ ... ဒါဆိုလည်း ဒီကိစ္စကို ထားလိုက်ရအောင် အခု မုချင်းကျွယ် ဘယ်သွား နေလဲ ... ကြည့်လိုက်စမ်း။ ”
လွင့်မျောနေသော ရေခွက်က ဦးတည်ရာ တစ်ရပ်ထံ မေးငေါ့ ပြလာသည်။ လင်းယွန်မှ ၎င်းညွှန်ပြသည့် လမ်းကြောင်း အတိုင်း လှည့်ကြည့်လိုက်၏။
“ ထွက် သွား စမ်း ... ။ ”
မုချွင်းကျွယ်မှ စစ်မှန်သော နဂါးလမ်း၏ အတားအဆီးကို ချိုးဖြတ်ကာ၊ ချောင်ယန်ထံ ဦးတည်နေခြင်း ဖြစ်လေသည်။
“ ဒီကောင် ... ။ ”
ထိုမြင်ကွင်းက လင်းယွန်ကို ဒေါသ ထွက်သွားစေ၏။ သည့်နောက် အန်းလျူယွင်ထံ တစ်ချက် ကြည့်ကာ လွင့်မျောနေသော ရေခွက်ကို ကြည့်၏။
“ ဝှစ် ... ။ ”
လွင့်မျောနေသော ရေခွက်က ပြုံးလျက် ခေါင်းညိမ့်ပြသဖြင့် ချက်ချင်း ကောင်းကင်ပေါ် ခုန်တက်ကာ စစ်မှန်သော နဂါးလမ်းထံ ဦးတည်ပျံသန်း လိုက်တော့သည်။
***