မရဏအမြစ်
Vol. 89 Ch. 1233
“တကယ်ကြီးလား” အဆိပ်နတ်ဆိုးမက မေးလာခဲ့သည်။
“ငါ နောက်နေတာနဲ့ တူလို့လား”
“ရှင် ဘာတွေဖြစ်သွားတာလဲ” အဆိပ်နတ်ဆိုးမက အမှန်တကယ် အံ့အားသင့်နေမိ၏။ သူမက လူရိုင်းဘုရင်နှင့် ဆက်ဆံရေးကောင်းရှိပြီး သူမက သူ့စိတ်စွမ်းအားကို လေ့ကျင့်ဖို့ ကူညီပေးနိုင်သည့် ထူးကဲအဆိပ်များကို ရောင်းချလေ့ရှိသည်။ သို့သော်လည်း သူက ရုတ်ချည်းဆိုသလို သူမကို ဆန့်ကျင်သွားလေ၏။
“ဒီလိုသေးနုတ်နုတ်နေရာမျိုးမှာ ပုန်းအောင်းနေရတာ မငြီးငွေ့သေးဘူးလား” မုန့်ခယ်က မေးလိုက်သည်။
“ဒီလိုအရင်းအမြစ်နည်းနည်းလေးကို ချန်ထားပြီးတော့ ပြင်ပလောကနဲ့ ဆက်နွယ်ခံထားရတာ။ တကယ်လို့ ငါတို့နဲ့သာ ပူးပေါင်းမယ်ဆိုရင် မင်းဆီမှာ ကမ္ဘာတစ်ဝှမ်း စိတ်ကြိုက်လုပ်နိုင်တဲ့ အခွင့်အရေး ထွက်ပေါ်လာနိုင်တယ်”
“ရှင် တကယ်ရူးနေပြီပဲ” အဆိပ်နတ်ဆိုးမက ပြန်ပြောလိုက်၏။
“အဲ့လိုလား” မုန့်ခယ်က မေးလိုက်သည်။ သူ့အသံက ယခင်ကဲ့သို့ ဖျောင်းဖျနေခြင်း မရှိတော့ပေ။ နှစ်ဦးသားက အချင်းချင်း ကြည့်လိုက်ကြ၏။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အဆိပ်နတ်ဆိုးမက အထဲ လျှောက်လှမ်းသွားကာ မြူခိုးများက တောင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ဝုန်း
မုန့်ခယ်က အစီအရင်ကို တိုက်ခိုက်လိုက်သည့်အတွက် တောင်အစီအရင်က လှုပ်ခတ်လာ၏။ တောင်၏ ခုခံအားက အသက်ဝင်လာကာ ကြောက်မက်ဖွယ် အဆိပ်ထောင်ချီကို ထုတ်လွှင့်လာခဲ့သည်။ သို့သော်လည်း သူတို့က သူ့အတွက် အသုံးမဝင်ပေ။
ကျစ် ငါ ထွက်ပြေးရမယ်…
အဆိပ်နတ်ဆိုးမက ထိုအရာကို တွေးရင်း တောင်အလယ်ရှိ နန်းဆောင်ဆီ ဝင်ရောက်ခဲ့သည်။ သူမက ကောင်းကင်ဘုံအဆင့် တစ်ယောက်ဖြစ်ကာ အဆိပ်တာအိုအပေါ် ကြောက်ခမန်းလိလိ အောင်မြင်ထားသူ တစ်ယောက် ဖြစ်သော်လည်း မုန့်ခယ်ကဲ့သို့ ခန္ဓာကိုယ်လေ့ကျင့်သူများကမူ သူမအတွက် သဘာဝရန်သူသာ ဖြစ်၏။
နတ်ဆိုးမက ကြောက်မက်ဖွယ်အသံကို ကြားသည့်အခါ ထိုကောင်စုတ်က သူမ၏ အစီအရင်ကို အလွယ်တကူ ဖြေရှင်းနိုင်ကြောင်း သိလိုက်သည်။ ဆိုလိုသည်မှာ အချိန်က သူမဘက်တွင် မရှိတော့ပေ။ သူမက တပည့်များ သို့မဟုတ် ကျွန်များကို ဂရုမစိုက်ဘဲ အဆိပ်ဥယျာဉ်ဟုခေါ်ဆိုသည့် ကောင်းကင်ဘုံအဆင့် အသုံးအဆောင်ပစ္စည်းကို အသက်သွင်းလိုက်သည်။
နန်းဆောင်တစ်ခုလုံးက အစိမ်းရောင်အလင်းတန်းအသွင် ပြောင်းလဲသွားကာ ကောင်းကင်အထက် မြင့်တက်သွားပြီး ဤနေရာမှ ထွက်သွားဖို့ ကြိုးစားနေလေသည်။ သို့သော်လည်း ဧရာမလက်ကြီးတစ်ခုက လေဟာနယ်ထဲ ထွက်ပေါ်လာပြီး ထိုနေရာကို ရိုက်ချလိုက်၏။
“မုန့်ခယ် ငါက နင့်ကို ကြောက်မယ်များ ထင်နေလား။ ငါ့ကို တည်သီးပျော့များ မှတ်နေလား” အဆိပ်နတ်ဆိုးမက စူးစူးရှရှ အော်ဟစ်ကာ မေးလိုက်သည်။ သူမက တာအိုဆန္ဒ အသုံးအဆောင်ပစ္စည်းကို ဆင့်ခေါ်လိုက်၏။ ထိုအရာက ကောင်းကင်ပြာမျှော်နန်းဆောင်မှ ပိုက်ဆံအမြောက်အများ သုံး၍ ဝယ်ယူထားခြင်းဖြစ်၏။
သူမ၏ အကြည့်က နံရံကို ထိုးဖောက်ကာ သူမ၏ နန်းဆောင်အပြင်ဘက် မြောလွင့်နေသည့် လူ့ဘီလူးကို ကြည့်လိုက်သည်။ နတ်ဆိုးမက အံကြိတ်ပြီး တဏှာအဆိပ်ကို ထုတ်လွှတ်လိုက်သည်။ သူမက လက်ကိုဝှေ့ပြီးသည့်နောက်တွင် ပန်းရောင်အဆိပ်များကို မုန့်ခယ်ဆီ ဝန်းရံစေလိုက်သည်။ သို့သော်လည်း လူရိုင်းဘုရင်က တည်ငြိမ်နေလျက်သာ ရှိသည်။ ရန်သူက တာအိုဆန္ဒပစ္စည်းဖြင့် အဆိပ်ကို မြှင့်တင်ထားသော်လည်း သူတို့၏ အသုံးပြုမှုက မပြောပလောက်ပေ။ ထို့ကြောင့် သူ မြင်လိုက်ရသည့် အားကောင်းသည့် မိန်းမလှများ၏ ပုံရိပ်ယောင်က ဘာမှမဟုတ်ပေ။ ထို့အပြင် သူက ခန္ဓာကိုယ်ကို အကြွင်းမဲ့ ထိန်းချုပ်မှုကြောင့် ထိုအဆိပ်ကို တုံ့ပြန်ခြင်းမှ ကာကွယ်နိုင်၏။
အဲဒါဆိုတော့ အယောင်ပြလား…
မုန့်ခယ်က တွေးလိုက်သည်။ ထို့ကြောင့် သူက အဆိပ်နန်းဆောင်ကိုသာ အာရုံစိုက်ထားလိုက်၏။ ထင်ထားသည့်အတိုင်း ထိုသူက နောက်ထပ်အဆိပ်တစ်ခုကို ထုတ်လွှတ်ပြီး သူမကိုယ်သူမ ပုန်းအောင်းကာ ထွက်ပြေးဖို့ ကြံစည်နေသည်။ သူ့မျက်ဝန်းများက အနီရောင်ပြောင်းလာကာ စစ်နတ်ဘုရားမျက်လုံးဟု ခေါ်ဆိုသည့် နည်းစနစ်ကို ထုတ်သုံးလိုက်သည်။ ထိုအရာက အတုအယောင်အားလုံးကို ထိုးဖောက်မြင်နိုင်စွမ်း ရှိ၏။
မုန့်ခယ်က အရာအားလုံးကို မြင်လိုက်ရသည်။ သူ အာရုံများနေစဉ် နေရာမှ ပျံသန်းကာ ထွက်သွားမည့်အစား ရေအောက်ထဲတွင် ပုန်းအောင်းနေလေ၏။ သူက သတိမထားမိစေဖို့အတွက် ရည်ရွယ်ထားဟန်ပေါ်သည်။
မုန့်ခယ်က တိတ်တဆိတ် ခေါင်းခါလိုက်ပြီးသည့်နောက်တွင် ပါးစပ်ကို ဟကာ ရှူသွင်းလိုက်သည်။ ထို့နောက် သူက ရေအားလုံးနှင့် ပင်လယ်ထဲမှ ရေသတ္တဝါအားလုံးကို ဝါးမျိုပစ်လိုက်ပြီး ကျတ်တီးနေရာသာ ချန်ထားခဲ့သည်။
“ငါက သက်ညှာပေးထားတယ်ဆိုတာ သဘောပေါက်သင့်တယ်။ ဒါပေမဲ့ ဒါက ငါ့ရဲ့ သတိပေးချက်ပဲ။ ငြိမ်းငြိမ်းချမ်းချမ်း အညံ့ခံ။ ဒါမှမဟုတ်ရင် ငါစပြီး ကြမ်းတော့မှာ”
“ဒါက အဆုံးသတ်သွားပြီလို့များ ထင်နေလား။ မဟုတ်သေးဘူး ဒါက အစပဲ ရှိသေးတယ်” အဆိပ်နတ်ဆိုးမက အံကြိတ်ကာ ကြေညာလိုက်၏။ သူမက ထိုသူအပေါ် အဆိပ် သက်ရောက်မှု မရှိကြောင်း သိထားသော်လည်း သက်ရောက်မှုများက သူမ ထင်ထားသည်ထက်ပင် ပိုမို နိမ့်ကျနေ၏။ နတ်ဆိုးမက ဤအဆိပ်ကို အတော်လေး ဂုဏ်ယူလေ့ ရှိသည်။ သူမက ဤကမ္ဘာရှိ လူများအား စိတ်ခံစားချက် ၇ပါးနှင့် လိုအင်ဆန္ဒ ၆ပါးတို့ကို စုပ်ယူစေဖို့အတွက် ပျော်ရွှင်အောင်ပင် ပြုလုပ်ခဲ့သည်။ သို့သော်လည်း ရှုံးနိမ့်မှု ဖြစ်ခဲ့ရ၏။
သူမက စိတ်ငြိမ်အောင် အသက်ပြင်းပြင်းရှူလိုက်သည်။ ယခု ကိစ္စများက ဤအခြေအနေအထိ ရောက်ရှိလာပြီဖြစ်ကာ သူမအနေဖြင့် နောက်ဆုံးသော ဝှက်ဖဲကို အသုံးပြုရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။
သူမ၏ နန်းဆောင်မှ သတ္တုနဂါးတစ်ကောင် ထွက်ပေါ်လာပြီး မုန့်ခယ်အား ကြောက်မက်ဖွယ် မျက်လုံးဖြင့် ကြည့်လာသည်။
“သတ္တုနဂါးလား” မုန့်ခယ်က မေးလိုက်သည်။ ထိုသတ္တဝါက သက်ရှိနှင့် တူနေသည့်အတွက် အရှိန်အဝါကပင် သူ ဖတ်ဖူးသည့်အရာနှင့်တူသည်။ သို့သော်လည်း သူ့မျက်ဝန်းက အမှန်တရားကို အမြန်အဆန် တွေ့လိုက်ရ၏။
“ဒါက ရုပ်သေးရုပ်ပဲ။ ကြည့်ရတာ ရုပ်သေးရုပ်နတ်ဆိုးရဲ့ လက်ရာ ဖြစ်လောက်တယ်”
မုန့်ခယ်က နန်းဆောင်ကို ထူးထူးဆန်းဆန်းဖြင့် ကြည့်လိုက်သည်။
“ရုပ်သေးရုပ်နတ်ဆိုးက မင်းရဲ့ အလှတရားနောက် လိုက်နေတာ အကုန်လုံးက သိကြတာပဲ။ ဒီလိုအရာမျိုး တည်ဆောက်ပေးဖို့အတွက် မင်းက သူ့ကို ဘာတွေပေးလိုက်ရလဲ”
“ခွေးကောင် နင့်မျက်လုံးကို ဖောက်စေချင်နေတာလား” အဆိပ်နတ်ဆိုးမက အော်ပြောလိုက်သည့်အချိန် သူမ၏ တည်ငြိမ်မှုအားလုံး ဆုံးရှုံးသွားလုနီးပါး ဖြစ်သွားလေ၏။
“သူ့ကို အကြွေးတင်နေရုံပဲ”
“မင်း ပြောလည်း ပြီးတာပဲ”
“နင့်ကို သတ်မယ်” သူမက အော်ဟစ်ရင်းဖြင့် နဂါးကို ထိန်းချုပ်လိုက်သည်။ သို့သော်လည်း မုန့်ခယ်က တည်တည်ငြိမ်ငြိမ်သာ ခေါင်းယမ်းလိုက်၏။
“လူရိုင်းမျိုးနွယ်က ပင်ကိုနတ်ဆိုးနတ်ဘုရားတွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုက လတ်တလောလေးမှလို့ ထင်ကြတာ။ ဒါပေမဲ့ လူတချို့ကပဲ ငါတို့က ပင်ကို-ဟော်သဲ့စစ်ပွဲထဲမှာ နဂါးတွေကို အမဲလိုက်ခဲ့တယ်ဆိုတာ သိကြတာ။ တကယ်တော့ နဂါးအမဲလိုက်ပွဲက ဓလေ့တစ်ခုပဲ။ စစ်သည်တော်တွေအတွက် သူတို့ရဲ့ အင်အားကို ပြသနိုင်မဲ့ နည်းလမ်းတစ်ခု”
မုန့်ခယ်က ပြုံးလိုက်သည်။
“အဲ့လိုမျိုး ဓလေ့က လက်ရှိ မရှိတော့ဘူးဆိုတော့ နှမြောဖို့ကောင်းတယ်လို့ ထင်နေတာ။ အခုတော့ မင်းရဲ့ နဂါးလေးက ငါ့ရဲ့ ကလေးဘဝက စိတ်ကူးယဉ်မှုတချို့ကို ဖြည့်စည်းပေးတော့မှာပဲ”
သူက လက်သီးဆုပ်ကာ ဆက်လက်တိုက်ခိုက်လိုက်သည်။
နဂါးသုတ်သင်ရေးလက်သီးချက် - ထိုးခွင်းရေးလှံ
မုန့်ခယ်၏ တိုက်ခိုက်မှုက နဂါးရုပ်သေးရုပ်ထဲ အပေါက်ကြီးတစ်ပေါက် ဖြစ်သွားစေသည်။ ထိုအပေါက်က ချက်ချင်းဆိုသလို အစိမ်းရောင်အငွေ့များ ထွက်ပေါ်လာသော်လည်း ထိုအရာက သူ့အတွက် အသုံးမဝင်ပေ။ ထို့ကြောင့် သူက ဆက်လက် တိုက်ခိုက်လိုက်၏။
နဂါးသုတ်သင်ရေးလက်သီး - ဖျက်ဆီးရေးတူ
သူက နဂါး၏ ဦးခေါင်းအထက် ပေါ်ထွက်လာကာ အားပြင်းပြင်းဖြင့် ထိုသတ္တဝါ၏ လည်ပင်းကို ရိုက်ချလိုက်သည်။ သို့သော်လည်း ရုပ်သေးရုပ်က ခေါင်းဆုံးရှုံးသွားသော်လည်း ဆက်လက် လှုပ်ရှားနေဆဲသာ ဖြစ်၏။ ထိုအရာ၏ သတ္တုလက်သည်းနှင့် အမြီးတို့က မုန့်ခယ်အား ဆက်လက်တိုက်ခိုက်နေသည်။ သိပ်မကြာခင် ရုပ်သေးရုပ်အမြုတေကို တွေ့လိုက်ရ၍ ထိုနေရာဆီ ပျံသန်းကာ တစ်ဖက်မှ ဆွဲထုတ်လိုက်သည်။
အဆိပ်နတ်ဆိုးမက ကူကယ်ရာမဲ့စွာသာ ကြည့်နေလိုက်၏။ သူမက ထိုဈေးကြီးလှသည့် ရုပ်သေးရုပ်ကို မုန့်ခယ် သို့မဟုတ် တခြားသော ခန္ဓာကိုယ်လေ့ကျင့်သူများနှင့် တိုက်ခိုက်ဖို့အတွက် စီစဉ်ထားခြင်း ဖြစ်၏။ သို့သော်လည်း ထိုလူက ဤမျှအားကောင်းလိမ့်မည်ဟု ထင်မှတ်မထားပေ။
“မင်းရဲ့ နန်းဆောင်ကို ချိုးဖောက်ပစ်ရအောင် မလုပ်နဲ့” မုန့်ခယ်က ကြေညာလိုက်၏။ အကယ်၍ သူသာ သူမ၏ တာအိုသက်သေပြပစ္စည်းကို ချိုးဖောက်ပစ်ပါက ပြင်ဆင်ဖို့ရာအတွက် အချိန်တစ်ခုကြာသည့်အထိ စွမ်းရည်အပြည့်အဝ ထုတ်ပြနိုင်လိမ့်မည် မဟုတ်ဘဲ နှောင့်နှေးသွားလိမ့်မည်။ ထိုသို့သော အချက်က ဤခေတ်ကာလကို အဆုံးသတ်ပစ်မည့် သူတို့၏ အစီအစဉ်ကိုပါ နှောင့်နှေးသွားစေလိမ့်မည်။ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းက သူမအား အညံ့ခံစေဖို့ ဖြစ်သည်။
အဆိပ်နတ်ဆိုးမက ပလ္လင်ပေါ်တွင် ထိုင်နေရင်း အပြင်ဘက်မှ မုန့်ခယ်အား အမုန်းတရားဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း သူမက သူလက်သီးဆုပ်လိုက်သည်ကို မြင်သည့်အခါ စိတ်ငြိမ်ငြိမ်ထားပြီး အဆိပ်ဥယျာဉ်၏ ကာကွယ်ရေးကို ပယ်ဖျောက်လိုက်သည်။ သိပ်မကြာခင် ဘုရင်က သူမ၏ ပလ္လင်ခန်းထဲ ရောက်ရှိလာစဉ် အဆိပ်နတ်ဆိုးမက သူ့အား အမုန်းတရားဖြင့်သာ ဆက်လက်ကြည့်နေဆဲဖြစ်၏။
“ငါသာ အဲဒီအဆိပ်ကို မဆုံးရှုံးခဲ့ဘူးဆိုရင် နင့်ကို မသတ်ဖို့ တောင်းဆိုနေလောက်ပြီ” သူမက အံကြိတ်ကာ ပြောလိုက်၏။
“ဟုတ်လား။ ဘယ်လိုအဆိပ်မျိုးမလို့ အဲ့လောက်ယုံကြည်ချက် ရှိနေရတာလဲ”
“မရဏမြစ်အဆိပ်”
“စံပြတစ်ယောက်ကိုတောင် သတ်နိုင်တယ်ဆိုတဲ့ အဆင့်(၁၂)အဆိပ်လား။ မင်းက အဲ့လိုအရာမျိုး ဘယ်ကနေရလာတာလဲ” မုန့်ခယ်က မေးလိုက်စဉ် အမူအရာထက် သံသယတို့ ရှိနေလေ၏။
“အဲဒါက ပျက်စီးနေတာ။ အဆင့်(၁၀)ထိ လျှော့ချခံထားရတယ်” နတ်ဆိုးမက ရှင်းပြလိုက်သည်။
“အဆိပ်ပြန်လည်ကောင်းမွန်အောင် လုပ်ဖို့ ငါ့ရဲ့ မဟာမြူစက်ဝန်း ကမ္ဘာထဲမှာ ထည့်သွင်းပြီးတော့ သက်ရှိတွေအားလုံးကို သတ်ခဲ့လိုက်ရတယ်။ အဲဒီနောက်မှာ သက်ရှိတွေအားလုံးကို ပြန်လည်ဖန်တီးပြီး ပြန်လည်ဖျက်ဆီးလိုက်နဲ့ အကြိမ်ရေ သန်းသုံးထောင်လောက် ပြုလုပ်ခဲ့ရတယ်။ ငါ အများကြီး အားစိုက်ထုတ်ခဲ့ရတာ”
သူမက အဖြစ်အပျက်ကို ပြန်လည်တွေးတောရင်း မျက်ဝန်းများက နီရဲလာသည်။ ထို့နောက် မထိန်းချုပ်နိုင်ဖွယ် ဒေါသတို့ ထွက်ပေါ်လာ၏။
သူမက ဤမျှအားစိုက်ထုတ်ခဲ့ရကာ မရဏအမြစ် နဂိုအနေအထားသို့ ပြန်လည်ရောက်ရှိဖို့အတွက် သေဆုံးလုနီးပါးပင် ဖြစ်ခဲ့ရသည်။
“ငါ အောင်မြင်ပြီးတော့ သိပ်မကြာခင် တပည့်တစ်ယောက်က ယူပြီး ထွက်ပြေးသွားတယ်လေ”
“ကံဆိုးလိုက်တာ” မုန့်ခယ်က မှတ်ချက်ပေးလိုက်သည်။
“တကယ်လို့ အဲဒါသာ ရှိသေးတယ်ဆိုရင် အဆုံးသတ်က ကွဲပြားသွားမှာ”
“အဲ့လိုမဖြစ်နိုင်ဘူး” မုန့်ခယ်က ပြန်ဖြေလိုက်၏။ စည်းမျဉ်းမဲ့ဇုန်ထဲတွင် အဆင့်(၁၂)အရင်းအမြစ်များပင် သက်ရောက်ခံရသည့်အတွက် မရဏအမြစ်အဆိပ်၏ စွမ်းအားကလည်း ကောင်းကင်ဘုံအဆင့်ထက် ကျော်လွန်မည် မဟုတ်ပေ။ ထို့ကြောင့် မုန့်ခယ်က ထိုအဆိပ်ကို ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိ၏။
မရဏအမြစ်ရဲ့ သတင်းအချက်အလက်က အရေးကြီးတဲ့ဇုန်ဆိုတော့ ဝမ်ဝေ့ဆီ အကြောင်းကြားရမယ်…
မုန့်ခယ်က လက်ချောင်းမှ သွေးတစ်စက်ထုတ်ကာ ဆက်သွယ်ရေးအဆောင်တစ်ခု ဖွဲ့စည်းပြီး အဝေးတစ်နေရာဆီ ထွက်သွားလိုက်သည်။ ထို့နောက် သူက အဆိပ်နတ်ဆိုးမကို ကြည့်လိုက်၏။
“ခေါင်းဆောင်အသစ်နဲ့ မတွေ့ခင် မင်းအတွက် အကြံပြုစရာတစ်ခု ရှိတယ်”
“ဘာလဲ”
“ငါ့ရဲ့ ဇနီး ဖြစ်လာချင်လား” မုန့်ခယ်က မေးလိုက်သည်။
“ခွေးကောင် ဘာပြောလိုက်တာလဲ”
“ကြားတဲ့အတိုင်းပဲ။ မင်းက ဒီလိုပါရမီမျိုး ရှိတာဆိုတော့ မင်းကို ရဖို့ မကြိုးစားတာက နှမြောစရာပဲလေ။” မုန့်ခယ်က ပြန်ပြောလိုက်၏။
လူရိုင်းမျိုးနွယ်က အဆိပ်သခင်များကို အကြောင်းအရင်းများစွာအတွက် ပြုစုပျိုးထောင်ခဲ့ဖူးသည်။ အဆိပ်စိတ်ဝိညာဉ်ဗိမာန် ရှိသည့် မျိုးနွယ်တချို့ပင် ရှိလေ၏။ ထို့အပြင် မုန့်ခယ်၏ ဇနီးတစ်ယောက်က အဆိပ်တာအိုကို ကျင့်ကြံနေသည်။ သို့သော်လည်း သူမက ဤနတ်ဆိုးမနှင့် ယှဉ်လိုက်ပါက ဘာမှမဟုတ်ပေ။ ထို့ကြောင့် သူက သူမဆီမှ အဆိပ်ကို ဝယ်ယူနေရခြင်း ဖြစ်၏။
“ရှင် … ”
“တကယ်လို့ ငါ့အဖြေကို လက်ခံမယ်ဆိုရင် ခေါင်းဆောင်အသစ်ဆီမှာ မင်းကို ကောင်းကောင်းဆက်ဆံဖို့ ပြောပေးနိုင်တယ်” မုန့်ခယ်က ပြုံးကာ ပြောလိုက်၏။