← Chapters

တုကွန်းနှင့် ရုပ်သေးရုပ်နတ်ဆိုးတို့ကြားမှ ယှဉ်ပြိုင်မှု

Vol. 89 Ch. 1234

တုကွန်းနှင့် ရုပ်သေးရုပ်နတ်ဆိုးတို့ကြားမှ ယှဉ်ပြိုင်မှု

Vol. 89 Ch. 1234

တုကွန်းက လေဟာနယ်ထဲတွင် မြောလွင့်နေသည့် ဧရာမအနက်ရောင်မီးပြင်းဖိုရှေ့ ရောက်ရှိလာသည်။ သူမ၏ နောက်တွင် ကွဲပြားသည့်လမ်းစဉ် အဆင့်(၁၁) လူတစ်ရာကျော် ပါဝင်၏။ သူမက တော်ဝင်ဆန်စွာ ဝတ်ဆင်ထားပြီး သူမ၏ လက်ထဲမှ မြွေပုံသဏ္ဍာန်တုတ်ကောက်က သူမ၏ အရှိန်အဝါကို ထင်းထွက်စေသည်။

“လူရိုင်းဘုရင်ရဲ့ ဇနီးလား” အေးစက်သော်လည်း ပင်ပန်းနေသည့် အသံတစ်သံက ပြောလာခဲ့၏။

“ဘာလို့ ဒီရောက်လာတာလဲ”

“ငါ့နာမည်က တုကွန်း။ နင်လည်း အဲ့တာကို သိပါတယ်” သူမက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“အညံ့ခံပြီး ငါ့နောက်ကို ငြိမ်းငြိမ်းချမ်းချမ်း လိုက်ခဲ့မလားဆိုတာ မေးဖို့ ရောက်လာတာ”

လေဟာနယ်ထဲ ခေတ္တမျှ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ပြောလာခဲ့သည်။

“ကြည့်ရတာ လူရိုင်းဘုရင်က မလာတဲ့ပုံပဲ။ ထွက်သွားစမ်း။ ငါ့ဆီမှာ မင်းအပေါ်ဖြုန်းဖို့ အချိန်မရှိဘူး”

တုကွန်းက တည်ငြိမ်နေလျက် ရှိ၏။ သူမက နောက်ထပ်ဘာမှမပြောပေ။ သူမ၏ တုတ်ကောက်ကို မြှောက်ကာ သူမ၏ နောက်မှလူအားလုံးကို လွှမ်းခြုံသွားသည့် အနီရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်၏။ ထိုအရာက စစ်နတ်ဘုရား၏ ကောင်းချီး ဖြစ်ပေသည်။ ထိုကျင့်ကြံသူများ၏ အရှိန်အဝါက ရုတ်ချည်းဆိုသလို တိုးမြင့်သွားပြီး သူတို့၏ စွမ်းအားက သုံးဆ ကြီးမားလာသည်။ ၇ဆနှင့်ပင် ယှဉ်နိုင်သည့် လူတချို့ ပါဝင်နေပြီး သူတို့က ထိပ်သီးကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိသွားကြသည်။

တုကွန်း၏ လူများက သူတို့သွေးကြောများမှ စီးဆင်းနေသည့် စွမ်းအားကို ခံစားမိကာ အော်ဟစ်လိုက်ကြ၏။ သူတို့က ဘုရင်မနှင့် တာဝန်များလုပ်ရသည်ကို အရမ်းသဘောကျကြသည်။ အကြောင်းအရင်းကမူ သူတို့က အသက်ကို စိုးရိမ်စရာမလိုဘဲ စိတ်တိုင်းကျ တိုက်ခိုက်နိုင်၍ ဖြစ်၏။ တုကွန်းက သူမ၏ တုတ်ကောက်ကို ဝှေ့ယမ်းလိုက်သည့်အချိန် ဤတစ်ကြိမ်၌ အဖြူရောင်အလင်းတန်း ထုတ်လွှတ်လာခဲ့သည်။ ဒုတိယမြောက် ကောင်းချီးအတွက်မူ သူမက သူ့လူများ၏ နာကျင်မှုကို ဖယ်ရှားပေးခဲ့ပြီး သူတို့အား အဟန့်အတားမရှိ တိုက်ခိုက်နိုင်ခွင့်ပြုခဲ့သည်။

အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အသက်ကြီးကြီးအမျိုးသားက အဖွဲ့ရှေ့တွင် ပေါ်ထွက်လာလေ၏။

“ဒါက ဘာအဓိပ္ပာယ်လဲ” ရုပ်သေးရုပ်နတ်ဆိုးက မေးလိုက်သည်။

“တိုက်ကြ” တုကွန်းက ရှင်းပြချက်အနေဖြင့် အမိန့်ပေးလိုက်သည်။ သူမ၏ လူများကလည်း တုံ့ဆိုင်းမနေကြပေ။ အမြန်ဆန်ဆုံးသူက သူ့လက်ထဲတွင် လျှပ်စီးကို ဖန်တီးပြီး ရုပ်သေးရုပ်နတ်ဆိုးဆီ ပစ်ခတ်လိုက်သည်။ အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် စစ်သည်တော်တစ်ယောက်က နတ်ဆိုးရှေ့ ပေါ်ထွက်လာကာ ဓားရှည်ဖြင့် ထိုလျှပ်စီးချက်ကို ခုတ်ချလိုက်သည်။

ရုပ်သေးရုပ် နတ်ဆိုးက ကျယ်လောင်ရှင်းလင်းသည့် သတင်းစကားကို လက်ခံရရှိလိုက်၏။ ထိုအတွေးဖြင့် သူက ရုပ်သေးရုပ် သန်းချီရှိသည့် တပ်မဟာကို ဆင့်ခေါ်လိုက်သည်။ ထိုအရာက ပထမစစ်သည်တော်နှင့် အတူတူသာ ဖြစ်၏။ ထိုရုပ်သေးရုပ်အဖွဲ့က ကောင်းမွန်စွာ လေ့ကျင့်ထားသည့် တပ်ဖွဲ့ကဲ့သို့ ဖြစ်သည်။ သူတို့ပေါ်ထွက်လာသည်နှင့် သူတို့စွမ်းအားကို ကောင်းချီးပေးနိုင်သည့် အစီအရင်ကို အသက်သွင်းကာ သူတို့သခင်ကို ကာကွယ်ပေးခဲ့သည့် ပထမဆုံးစစ်သည်တော်ကဲ့သို့ တူညီသည့် စွမ်းအားမျိုး ရှိလာကြသည်။

ခေါင်းဆောင်ရုပ်သေးရုပ်၏ ဓားရှည်က မဟူရာအလင်းတန်း ထုတ်လွှတ်လာခဲ့ပြီး တုကွန်းဆီ ဦးတည်လိုက်သည်။ သူမ၏ လူများက ရှေ့တွင် ဒိုင်းကာသဖွယ် ထမ်းဆောင်လိုက်သော်လည်း မထင်မှတ်ထားသည့် အရာတစ်ခု ဖြစ်ပျက်ခဲ့၏။ ထိုဓားချက်က ပျောက်ကွယ်သွားပြီး ပြန်လည်ပေါ်ထွက်လာသည့်အခါ မီးတောက်ပြာ ကောင်းကင်ဘုံအရှင်ဟု ခေါ်ဆိုသည့်သူတစ်ယောက်ကို ထိမှန်ခဲ့ပြီး သူမခန္ဓာကိုယ်နှင့် ဝိညာဉ်အား ရာနှုန်းပြည့် ဖြတ်တောက်လိုက်သည်။

သို့သော် မီးတောက်ပြာက နာကျင်သော အော်ဟစ်ခြင်း မရှိသလို ချက်ချင်းအသတ်ခံလိုက်ရသည့်အတွက် စိတ်ပျက်မှုလည်း မရှိပေ။ အနှစ်ချုပ်အားဖြင့် သူမ၏ မျက်ဝန်းက သိသာသည့် လှောင်ပြောင်မှုမျိုး ရှိနေလေ၏။ ထိုအရာက ရုပ်သေးရုပ်နတ်ဆိုးအတွက် အကြောင်းအရင်းကို သိဖို့ရာ သိပ်မကြာလိုက်ပေ။

ရှင်သန်မှုနတ်ဘုရားမ၏ ကောင်းချီး

တုကွန်းက သူမ၏ ကောင်းချီးတာအိုကို ထုတ်လွှတ်လိုက်သည့်အချိန် မီးတောက်ပြာ ကောင်းကင်ဘုံက သူမ၏ အထွတ်အထိပ်အခြေအနေဖြင့် ပြန်လည်ရောက်ရှိလာသည်။ ထိုအရာကို ကြည့်သည့်သူတိုင်းက သူမသည် လွန်ခဲ့သည့် စက္ကန့်ပိုင်းခန့်က သေဆုံးသွားကို ယုံကြမည် မဟုတ်ပေ။ သူမ၏ တပ်သားများက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး တစ်ဖက်လူဆီ ပြေးဝင်သွားလိုက်ကြသည်။

သူတို့က အရေအတွက် နည်းပါးနေသော်လည်း ထိုသူများက သူတို့မိဘကို ကာကွယ်နေသကဲ့သို့ ဘာမှဂရုမစိုက်ဘဲ တိုက်ခိုက်နေကြသည်။ သူတို့၏ အဘိဓာန်တွင် ခုခံမှုဆိုသည့် စကားလုံးက မတည်ရှိသကဲ့သို့ ဖြစ်၏။ သူတို့က အားကောင်းသည့် တိုက်ကွက်များကိုသာ တစ်ခုပြီးတစ်ခု ထုတ်လွှတ်နေကြသည်။ သူတို့ ဒဏ်ရာအပြင်းအထန် ရရှိသွားသည့်အချိန်တိုင်း ကောင်းကင်မှ အစိမ်းရောင်အလင်းတန်း ဆင်းသက်လာကာ သူတို့၏ နဂိုအထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေလိမ့်မည်။

လူရိုင်းဘုရင်ရဲ့ ဇနီးက သူ့အဖွဲ့နောက်ကွယ်မှာ ရှိတဲ့သူဆိုပြီး ကောလဟာလတွေရှိတယ်။ ဒါပေမဲ့ သူမက ဒီလောက်လုပ်ရည်ကိုင်ရည် ရှိလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမှာလဲ…

ရုပ်သေးရုပ်နတ်ဆိုးက တွေးလိုက်မိသည်။

သို့သော်လည်း သူ သိထားသလောက်က ထိုအတွေးများသည် မည်မျှ တုံးအသလဲဟူ၍ ဖြစ်သည်။ တုကွန်းက ထာဝရကောင်းကင်ဘုံအဆင့်တစ်ယောက် ဖြစ်ပြီး ထိုသို့အရာမျိုးကို အောင်မြင်မှုရရှိထားနိုင်သည့် ပါရမီထူးကဲသူ ဖြစ်ပေသည်။ ထို့ကြောင့် သူက သူမကို မြင်လိုက်သည်နှင့် သေချာအလေးအနက် မှတ်ယူသင့်၏။

ကြည့်ရတာ ငါ့အတွက် လူရိုင်းဘုရင်က ဒီနဲ့ သိပ်ဝေးမှာ မဟုတ်ဘူးဆိုတဲ့ ဖြစ်နိုင်ချေအရ ဒီတိုက်ပွဲကို တတ်နိုင်သမျှမြန်မြန် အဆုံးသတ်ပစ်တာ အကောင်းဆုံးပဲ…

သူက တွေးလိုက်သည်။ အကယ်၍ စည်းမျဉ်းမဲ့ဇုန်၏ ခေါင်းဆောင်များထဲ မတိုက်ချင်ဆုံးသူကို ပြောပါက လူရိုင်းဘုရင်သာ ဖြစ်လိမ့်မည်။ ထိုသူက အင်မတန် အားကောင်းသည့်အပြင် သတ်၍ပင်မရပေ။ မည်သည့်တိုက်ကွက်ကမှ သူ့အပေါ် အလုပ်မဖြစ်သလို အဆိပ်နှင့် လုပ်ကြံသတ်ဖြတ်မှုကဲ့သို့ နည်းလမ်းများကလည်း အသုံးမဝင်ပေ။

ရုပ်သေးရုပ်နတ်ဆိုးက နောက်ထပ်လှုပ်ရှားဖို့ ပြင်ဆင်လိုက်စဉ် တုကွန်းက သူမ၏ နောက်ထပ်လှုပ်ရှားမှုကို ရွေးချယ်ပြီးသား ဖြစ်၏။

ဒုက္ခဝေဒနာ - ခန္ဓာကိုယ်မဲ့ အသက်ဓာတ်ကျိန်စာ

သူမ၏ တာအိုက သူမ၏ လူများကို ကောင်းချီးပေးနိုင်ရုံသာမကဘဲ ဒုက္ခဝေဒနာ သို့မဟုတ် ကျိန်စာများကိုလည်း ပေးနိုင်သည်။ ဤတိုက်ပွဲအတွက် သူမက ရုပ်သေးရုပ်ကဲ့သို့ သက်မဲ့အရာများကို ပစ်မှတ်ထားသည့် ကျိန်စာကို သုံးခဲ့သည်။ သူမက တုတ်ကောက်မှ အညိုရောင်အလင်းတန်း ထွက်ပေါ်လာကာ လေဟာနယ်တစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။ ထိုအရာက ရုပ်သေးရုပ်များကို ဖြတ်သန်းသွားသည့်အချိန် သိသာသည့် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

ရုပ်သေးရုပ်အများစုက အရည်ပျော်ကျလာပြီး ပျက်စီးသည့် အနံ့အသက်များ ထွက်ပေါ်လာသည်။ တချို့က အသက်ရှင်သန်ကြ၏။ သို့သော် သူတို့၏ အရှိန်အဝါက သိသိသာသာ အားပျော့သွားကာ သူတို့၏ ခန္ဓာများကလည်း သံချေးတက်လာသည်။

ကျစ်…

ရုပ်သေးရုပ်နတ်ဆိုးက တစ်စုံတစ်ခုကို ပြင်ဆင်ရင်း ကျိန်ဆဲလိုက်သည်။ သို့သော်လည်း သူက တစ်ဖက်သူကို အထင်သေးမိကာ တိုက်ပွဲ၏ အရှိန်အဟုန်ကို ဆုံးရှုံးသွားလေသည်။ မီးတောက်ပြာ ကောင်းကင်ဘုံက မိုးကြိုးထိုးခွင်းရေး ကောင်းကင်ဘုံတို့က မိုးကြိုးမီးတောက် လေမုန်တိုင်း တိုက်ကွက်ကို အသုံးပြုလာကာ ကျန်ရှိနေသည့် ရုပ်သေးရုပ်အများစုကို သတ်ဖြတ်ပစ်ခဲ့သည်။

နတ်ဆိုးက သူ့ဖန်ဆင်းမှုများကို ဆင့်ခေါ်ဖို့ ကြိုးစားလိုက်သော်လည်း တုကွန်းက သူမ၏ တာအိုဆန္ဒဖြင့် ပတ်ဝန်းကျင်အာကာပြင်ကို ပိတ်ဆို့ထားကြောင်း သဘောပေါက်သွားသည့်အခါ အမူအရာ ပျက်ယွင်းသွားလေ၏။ ထို့နောက် နတ်ဆိုးက တိုက်ကွက်က သူ့ဆီ ကျရောက်လာသည်ကို ကြည့်နေလိုက်သည်။ ထိုတိုက်ကွက်များက သူ့ကို သတ်ဖို့ရာ မလုံလောက်သော်လည်း ဒဏ်ရာအပြင်းအထန် ရနိုင်ကြောင်း သိလေသည်။

ငါက ရုပ်သေးရုပ်တွေမရှိရင် ကူကယ်ရာမဲ့တယ်လို့များ ထင်နေလား…

သူက နှာခေါင်းရှုံ့ကာ တွေးလိုက်၏။ သူက ကံဆိုးစွာဖြင့် ထိုသူများက သူကိုယ်တိုင်သည် အကြွင်းမဲ့ရုပ်သေးရုပ်ဖြစ်ကြောင်း မသိကြပေ။

ရုပ်သေးရုပ်နတ်ဆိုးက ဘယ်ဖက်လက်ကို မြှောက်လိုက်သည့်အချိန် သူ့ခေါင်းအထက်ထိ ရောက်အောင် ရှည်လျားသည့် ဒိုင်းကာတစ်ခုအသွင် ပြောင်းလဲသွားသည်။ ထိုဒိုင်းကာက တိုက်ကွက်ရာချီကို ပိတ်ဆို့ပေးထားလေ၏။

ထို့နောက် သူက တိုက်ခိုက်လာသည်။

အသင်္ချေတာအိုအမြုတေ - အာကာပြင်

ရုပ်သေးရုပ်နတ်ဆိုး၏ နှလုံးသားက ထူးကဲသည့် ရုပ်သေးရုပ်အမြုတေဖြင့် အစားထိုးထားသည်။ ယခု ထိုအရာကို အသက်သွင်းလိုက်သည့်အခါ အမြုတေပေါ်တွင် အာကာပြင်သင်္ကေတက ဖျတ်ခနဲလက်သွားပြီး နတ်ဆိုး၏ ညာဖက်လက်က ဓားအသွင်ပြောင်းလဲသွားသည်။

ဒိုင်မေးရှင်းဓားချက်

နတ်ဆိုးက ဓားချက်နှစ်ချက်ကို ဖန်တီးခဲ့သည်။ ပထမနှစ်ခုက သူ့ရုပ်သေးရုပ်များကို ရယူဖို့ရာ တားဆီးထားသည့် အာကာပြင်ပိတ်ဆို့မှုကို ပစ်မှတ်ထားခြင်း ဖြစ်၏။ ဒုတိယတစ်ခုကမူ တုကွန်းကို ပစ်မှတ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း သူမက တိုက်ပွဲကို လျစ်လျူရှုထားပြီး တစ်ဖက်လူကိုသာ သီးသန့်ပိုင်းခြားနိုင်ဖို့သာ အာရုံစိုက်ထားလေသည်။

 ထိုစဉ် သူမ၏ လူနှစ်ယောက်က သူမရှေ့တွင်ပေါ်ထွက်လာပြီး သူတို့၏ ခန္ဓာကိုယ်မှ သွေးအားလုံးကို ထုတ်လွှတ်ကာ ပိုးအိမ်သဖွယ် ဖွဲ့စည်းပြီး ကာကွယ်ပေးလိုက်သည်။

ထိုသွေးအိမ်က သက်ရောက်မှု ရှိသည့်အတွက် တုကွန်းက သူ့ကို အာရုံအပြည့်အဝ စိုက်ထားနိုင်သည်။ သူမက ရုပ်သေးရုပ်များကို ပစ်မှတ်ထားသည့် နောက်ထပ် ဒုက္ခဝေဒနာ ကျိန်စာတစ်ခုကို ထပ်သုံးလိုက်သည်။ သို့သော် နတ်ဆိုးက အကြောင်းအရင်းနှစ်ခုကြောင့် သက်ရောက်မခံရပေ။ ပထမဦးစွာ သူသည် ကူးသန်းပြောင်းရွှေ့သွားပြီး သူ့အမြုတေမှ ကျိန်စာကို အသက်သွင်းခဲ့သည်။ တုကွန်းက ပိုင်နက်နည်းစနစ်တစ်ခုကို ပြန်လည်အသုံးပြုခြင်းဖြင့် ရင်ဆိုင်ခဲ့ကာ ပတ်ဝန်းကျင်အား ကျိန်စာများဖြင့် ဖွဲ့စည်းထားသည့် အမှောင်စကြဝဠာအသွင် ပြောင်းလဲလိုက်သည်။

ရုပ်သေးရုပ်နတ်ဆိုးက ပါးစပ်ဟကာ မီးတောက်ဖြင့် ပစ်ခတ်လာပြီး ပိုင်နက်တစ်ခုလုံးကို စက္ကန့်ပိုင်းလေးအတွင်း သန့်စင်ပစ်လိုက်သည်။ သို့သော်လည်း တုကွန်း၏ ယခင်တိုက်ကွက်က သူမ၏ တကယ့်ဝှက်ဖဲကို အသုံးပြုဖို့ရာအတွက် အချိန်ဆွဲရုံမျှသာ ဖြစ်၏။

စစ်နတ်ဘုရား သက်ဆင်းခြင်း

ခြိမ်းခြောက်ဖွယ်ကောင်းနိုင်သည့် စိတ်ဝိညာဉ်က အားလုံးရှေ့မှောက် ပေါ်ထွက်လာသည်။ သူက မုန့်ခယ်လောက် အရပ်မြင့်မားပြီး ကြွက်သားများ ရှိနေ၏။ သို့သော်လည်း သူက မုန့်ခယ်လောက် ကြီးမားခြင်း မရှိပေ။ သူ့ခန္ဓာကိုယ်က ပိုမိုကျစ်လစ်၏။ စိတ်ဝိညာဉ်က ဖိနပ်နှင့် ဘောင်းဘီဟူ၍ ရှိသော်လည်း အင်္ကျီအဝတ်အစားဟူ၍ မရှိပေ။ ထိုအရာက တုကွန်း၏ လူများကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။ သို့သော်လည်း အဆုံးသတ်၌ စိတ်ဝိညာဉ်က ရွေးချယ်ခံ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားခဲ့သည်။

စစ်နတ်ဘုရား၏ ခန္ဓာကိုယ်ပိုင်ရှင်က စစ်နတ်ဘုရားစိတ်ဝိညာဉ်၏ စွမ်းအားကို ရယူဖို့ရာ ပုံစံယူထားသည့် ထူးကဲသော အတွင်းကမ္ဘာကို ပိုင်ဆိုင်ထားသည့် တာအိုအုပ်ချုပ်သူတစ်ယောက် ဖြစ်ပေသည်။ ထိုစိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် ပေါင်းစည်းသွားသည်နှင့် သူ့မျက်ဝန်းက ရွှေရောင်ပြောင်းလဲသွားပြီး သူ့အရှိန်အဝါက ပိုမိုခက်ထန်လာသည်။

ထိုခန္ဓာက လက်ကိုမြှောက်ကာ ပုဆိန်တစ်လက်ကို ဖွဲ့စည်းလိုက်၏။ ထို့နောက် ရုပ်သေးရုပ်နတ်ဆိုး မခုခံနိုင်လောက်သည်အထိ မြန်မြန်ဆန်ဆန် လှုပ်ရှားခဲ့သည်။ ထိုခန္ဓာက ပုဆိန်ဖြင့် ရိုက်ချလိုက်၏။ နတ်ဆိုးက အလျင်အမြန်တုံ့ပြန်ကာ သူ့အမြုတေအား ရွှေရောင်သင်္ကေတနှင့် ခုခံရေးသင်္ကေတတို့ဖြင့် ပြောင်းလဲလိုက်သည်။

ရုပ်သေးရုပ်နတ်ဆိုး၏ လက်မောင်းက ရွှေအဖြစ် ပြောင်းလဲသွားစဉ် သေးငယ်သော်လည်း အလားအလာကောင်းသည့် ဒိုင်းကာက သူ့ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာ၏။ သို့သော်လည်း ထိုအရာက အသုံးမဝင်ပေ။ ပုဆိန်က သူ့ဘယ်ဖက်လက်ကို ကြေမွသွားစေပြီး တစ်ဖက်သူ၏ အားနည်းချက်ကို ပစ်မှတ်ထားသည့် တိုက်ကွက်မျိုး ကိန်းအောင်းနေဟန်ပေါ်သည်။

ရုပ်သေးရုပ်နတ်ဆိုးက သူအချိန်တော်ကြာ ကြိုးပမ်းခဲ့ရသည့် နှလုံးသားတစ်ဝက် မဖျက်ဆီးနိုင်ဖွယ်စွမ်းရည်ဖြင့် ညာဖက်လက်ကို ကယ်တင်လိုက်နိုင်သည်။ သို့သော်လည်း ထိုလက်မောင်းက အက်လာပြီး အသုံးမဝင်လုနီးပါးအထိ ဖြစ်သွားလေ၏။

“ဒီခန္ဓာကိုယ်က ငါ့စွမ်းအားကို တကယ်မထိန်းနိုင်ဘူးပဲ” စစ်နတ်ဘုရားစိတ်ဝိညာဉ်က ခပ်ဩဩဖြင့် ပြောလိုက်သည်။ ထို့နောက် သူက  လက်ကိုမြှောက်ကာ ဒုတိယအကြိမ် တိုက်ခိုက်လိုက်၏။ ရုပ်သေးရုပ်နတ်ဆိုးက အာကာပြင် သင်္ကေတကို အသက်သွင်းကာ သူ့ရုပ်သေးရုပ်နှင့် နေရာချင်းလဲပြီး အသက်ရှင်သန်ခဲ့သည်။ သို့သော်လည်း သူ ထိတ်လန့်သွားစေသည်က တစ်ဖက်သူသည် သူ့ရှေ့တွင် ရှိနေဆဲဖြစ်ကာ ပုဆိန်က သူ့အပေါ် ကျဆင်းလာဆဲသာ ဖြစ်၏။ ထို့နောက် သူ့အနေဖြင့် လှုပ်ရှားဖို့ရာအတွက် နောက်ကျလွန်းသွားခဲ့၍ မျှော်လင့်ချက်ကုန်ခမ်းမှုတို့က သူ့စိတ်ထဲ လွှမ်းခြုံသွားတော့သည်။

All Chapters