နတ်ဆိုးငါးကောင်
Vol. 89 Ch. 1235
စစ်နတ်ဘုရားစိတ်ဝိညာဉ်က သူ့တိုက်ကွက်ကို ရုတ်တရက် တားဆီးသည့်သူကို ကြည့်လိုက်သည်။
အနီရောင်အရေပြားလား…
ထိုအရာက အသစ်ရောက်ရှိလာသည့်သူအကြောင်း ပထမဆုံးသတိထားမိသည့်အရာ ဖြစ်၏။ ထို့နောက် ထိုလူ၏ အသက်ဓာတ်စွမ်းအားက မည်မျှထူးဆန်းသလဲဟူ၍ ဖြစ်သည်။ အကောင်းဆုံးခန္ဓာကိုယ် လေ့ကျင့်သူမှန်း သိသာစေသော်လည်း ဆိုးယုတ်ကာ ပျက်ယွင်းသည့် ခံစားချက်က အထွတ်အထိပ်တွင် ရှိနေသည်။
“အစ်ကိုကြီး” ရုပ်သေးရုပ်နတ်ဆိုးက ပြောလိုက်သည်။
“ရောက်လာတာ တော်သေးတာပေါ့”
“မင်း အလကား သေသွားမှာကို ထိုင်မကြည့်နိုင်ဘူးလေ”
“ခန္ဓာနတ်ဆိုး” တုကွန်းက ပြောလိုက်၏။
“နင်တို့နှစ်ယောက်က ဆက်နွယ်နေတယ်ဆိုတဲ့ ကောလဟာလတွေရှိတာ အမှန်ဖြစ်နေတဲ့ပုံပဲ”
“မင်း စည်းကျော်သွားပြီ” ခန္ဓာနတ်ဆိုးက ပြောလိုက်သည်။ သူ့အနက်ရောင်အဝတ်အစားများက သူ့ကြွက်သားများဖြင့် ပြီးပြည့်စုံစွာ သင့်တော်နေလေ၏။ သူက ထူးဆန်းသည့် အနီရောင်အရေပြားရှိသော်လည်း ရုပ်ချောချော လူလတ်အရွယ်အမျိုးသားတစ်ဦး ဖြစ်ပေသည်။ သို့သော်လည်း သူ့ဝန်းကျင်တွင် ရှိနေသည့် ဆိုးယုတ်သည့် အငွေ့အသက်များက လူများကို ထိတ်လန့်စေသည်။
“စည်းကျော်သွားတယ်တဲ့လား။ တခြားသူခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ယူတဲ့သူက ပြောတာတဲ့လား” တုကွန်းက လှောင်ပြောင်လိုက်သည်။
“အရင်တုန်းက ငါ့ယောက်ျားကိုတောင် နင့်ရဲ့ ခန္ဓာကိုယ်စုစည်းမှုထဲ ပြောင်းပစ်မယ်ဆိုပြီး ပြောခဲ့တယ်မဟုတ်ဘူးလား။ ဒါက နင့်ရဲ့ အခွင့်အရေးပဲ”
ခန္ဓာနတ်ဆိုးက တိတ်တဆိတ် သူမကို ကြည့်လိုက်သည်။
“သခင်က မင်းနဲ့ ရက်စက်ခြင်းဘုရင်ကို တစ်ခါမှ မယုံကြည်ခဲ့ဖူးဘူး။ မင်းတို့ရဲ့ နောက်ခံက ငါတို့ထဲက တစ်ယောက် မဟုတ်ဘူးဆိုတာ ပြသနေတာပဲ။ မင်းရဲ့ အပြုအမူတွေက သူ မှန်ကန်တယ်ဆိုတာကို သက်သေပြသွားခဲ့ပြီ”
“ငါတို့ကို ခြောက်လှန့်ဖို့ သူ့ကို အသုံးချနေစရာ မလိုဘူး။ ငါတို့ လှုပ်ရှားပြီးပြီဆိုမှတော့ သူနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီပဲ”
ခန္ဓာနတ်ဆိုးက မျက်မှောင်ကြုတ်လိုက်ပြီး လူရိုင်းဘုရင်၏ ယုံကြည်ချက်က ဘယ်နေရာက ရောက်လာတာလဲဟု စဉ်းစားနေမိသည်။ သူက ကျင့်ကြံရေးတွင် အောင်မြင်မှုရရှိထားလျှင်ပင် တခြားသောအင်အားစုများကို တိုက်ခိုက်ပြီး စည်းမျဉ်းမဲ့ဇုန်တစ်ခုလုံးကို ရန်သူလုပ်ဖို့ရာ ဉာဏ်မရှိကြောင်း သိလေသည်။
“မင်းက ဒီလမ်းစဉ်ကို ရွေးချယ်ခဲ့တဲ့သူဆိုတာ မှတ်ထား” ခန္ဓာနတ်ဆိုးက ပြောလိုက်သည်။ ထို့နောက် သူက သူ့သွေးသောက်ညီအစ်ကိုကို ကြည့်ရင်း မေးလိုက်သည်။
“မင်း တိုက်နိုင်သေးလား”
“တိုက်နိုင်သေးတယ်။ ဒါပေမဲ့ လက်တစ်ဖက်ထဲဆိုတော့ စွမ်းအားက သိသိသာသာတော့ လျော့ကျသွားမှာ”
ခန္ဓာနတ်ဆိုးက သူ့လက်ဖျံရိုးကို ထုတ်ပြီးပေးလိုက်သည်။
“အဲဒါဆို အလုပ်ဖြစ်လား”
“ဒါပေါ့”
ရုပ်သေးရုပ်နတ်ဆိုးက အရိုးကို သူ့လက်ထဲထည့်လိုက်သည့်အချိန် ရုပ်သေးရုပ် လက်မောင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုသူက လှုပ်ရှားရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
“မင်း တိုက်ခိုက်နိုင်အောင် ငါ နောက်ကနေ ထောက်ပံ့ပေးမယ်” ခန္ဓာနတ်ဆိုးက ကျောရိုးကိုပါ ထုတ်လိုက်သည့်အချိန် သူ့ခန္ဓာကိုယ်က ကုန်းသွားလေသည်။ ထို့နောက် သူက သူ့ပေါင်မှ ကြွက်သားမျှင်များကို လေးကြိုးမျှင်အဖြစ် အသုံးပြုလိုက်၏။ သူက ထိုအရာကို ဆွဲထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ အငြိုးတရားများကို လေးကိုင်းအသွင် ဖွဲ့စည်းလိုက်သည်။
သူက မြားကို စစ်နတ်ဘုရားစိတ်ဝိညာဉ်ရှိရာဆီ ချိန်ရွယ်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိ ပစ်ခတ်လိုက်သည်။ စိတ်ဝိညာဉ်က ခေါင်းလှည့်ကာ မျှားကို ရှောင်ရှားနိုင်သော်လည်း ထိုအရာက အရှိန်အဟုန် မလွတ်ဘဲ တစ်ဖက်လူဆီ ပြေးဝင်လာသည်။ ပြောရလျှင် မြားက ပိုမိုမြန်ဆန်နိုင်သေး၏။ စိတ်ဝိညာဉ်က ပုဆိန်ကို ဝှေ့ကာ ဖျက်ဆီးပစ်နိုင်သော်လည်း လမ်းတစ်ဝက်၌ မျက်မှောင်ကြုတ်လိုက်သည်။
စစ်နတ်ဘုရားစိတ်ဝိညာဉ်က လက်ထဲမှ အနက်ရောင်အစက်အပြောက်ကို သတိထားမိသွား၏။
ကျိန်စာလား…
ဒါက အငြိုးတရားအပေါ်မှာ အခြေခံထားတဲ့ အလားအလာကောင်းတဲ့ ကျိန်စာပဲ…
ထို့နောက် ကောင်းကင်မှ ရွှေရောင်အလင်းတန်း ဆင်းသက်လာကာ သူ့အား ကျိန်စာမှ ကုစားပေးလိုက်သည်။ သို့သော်လည်း ထိုအရာက အစမျှသာ ရှိသေး၏။
ခန္ဓာနတ်ဆိုးက မြားထောင်ချီကို ထပ်မံပစ်ခတ်လာကာ မယုံကြည်နိုင်လောက်ဖွယ် အလျှင်များဖြင့် လှုပ်ရှားပြီး သက်ရှိအားလုံးကို ကိုယ်စားပြုသည့် ကြောက်မက်ဖွယ်ကျိန်စာတို့ ပါဝင်နေသည်။
စစ်နတ်ဘုရားစိတ်ဝိညာဉ်က သူ့အခွဲသည် မည်မျှအားနည်းကြောင်း ညည်းတွားရင်းဖြင့်သာ ရှောင်ရှားလိုက်၏။ ထိုစဉ် တုကွန်း ခေါ်လာသည့် တခြားသောသူများကလည်း ထိုမြားများဖြင့် ထိပ်တိုက်ရင်ဆိုင်နေရသည်။
သူမ၏ အကူအညီဖြင့် သူတို့က ထိုအားကောင်းသည့် မြားများမှ အသက်ရှင်နိုင်၏။ သို့သော်လည်း သူတို့က အသုံးမဝင်ခြင်း မဟုတ်ပေ။ ရုပ်သေးရုပ်နတ်ဆိုးအား ပြင်ဆင်ချိန်ချန်ထားပေးပြီးသည့်နောက်တွင် လှုပ်ရှားလိုက်သည်။ သူက အမြုတေနှင့် အသက်သွင်းပြီး သူမနှင့်ဝေးရာ မီတာအနည်းငယ်ထိ ရွှေ့ပြောင်းလိုက်၏။
ရုပ်သေးရုပ်နတ်ဆိုးက သူမအား အမုန်းတရားဖြင့် ကြည့်လိုက်သည်။
“မင်းကို ငါ့ရဲ့ စုဆောင်းမှုထဲ ထည့်ပစ်မယ်။ မင်းယောက်ျားရဲ့ ခန္ဓာကိုယ်ကိုတော့ ငါ့အစ်ကိုကြီးရဲ့ ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ဖို့ အနေနဲ့ သုံးရတာပေါ့”
“ကြည့်ရတာ ဒီလိုခက်ခက်ခဲခဲ လုပ်ရတော့မဲ့ပုံပဲ” တုကွန်းက ပြောလိုက်စဉ် သူမ၏ တုတ်ကောက်မှ အလင်းတန်းများစွာ ထွက်ပေါ်လာပြီးသည့်နောက်တွင် သူမ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားလေ၏။ ရုပ်သေးရုပ်နတ်ဆိုး၏ အမူအရာက ပြောင်းလဲသွားပြီး တစ်ဖက်လူဆီ သတ်ဖြတ်ဖို့ ပြေးဝင်သွားလိုက်သော်လည်း သူမက တုတ်ကောက်ကို ဝှေ့ယမ်းကာ ရောက်ရှိလာသည့် ဓားအား ရင်ဆိုင်လိုက်သည်။
ရုပ်သေးရုပ်နတ်ဆိုးက ဆက်လက် တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သော်လည်း တစ်ဖက်သူကို လွှမ်းမိုးနိုင်ဖို့အတွက် အရှိန်သင်္ကေတကို အသက်သွင်းလိုက်သည်။ သို့သော်လည်း သူ့ဓားက ထိုတုတ်ကောက်နှင့် ထိတွေ့ပြီးသည့်နောက်တွင် ပျက်ယွင်းလာကြောင်း သတိထားမိသွား၏။
တုကွန်းက ထိုအခွင့်အရေးကိုယူကာ တိုက်ခိုက်လာသည်။ ဓားက တစ်ဖက်လူဆီ ပြေးဝင်လာပြီး လက်သီးဖြင့် ထိုးချလိုက်သည်။ သို့သော်လည်း နတ်ဆိုးက မြန်ဆန်လွန်းသည့်အတွက် နောက်ဆုတ်လိုက်ရသည်။ တုကွန်းက တုတ်ကောက်ဖြင့် ဝှေ့ယမ်းကာ နတ်ဆိုးကို စုပ်ယူနိုင်သည့် စွမ်းအားပြင်းပြင်းတစ်ခုကို ထုတ်လွှတ်လာပြီးသည့်နောက်တွင် သူ့အား လက်သီးဖြင့် ထိုးခွင်းလိုက်သည်။
ဒီအရူးက အမြုတေကို သူ့နှလုံးသားနေရာမှာပဲ ထားထားတုန်းလား…
သူမက ထိုအမြုတေအပေါ် ချိတ်ပိတ်မှု မထားခင် တွေးလိုက်သည်။ ထို့နောက် သူ့ရုပ်သေးရုပ် ခန္ဓာကို အပြီးတိုင် ပိတ်ချလိုက်၏။
ရုပ်သေးရုပ်ခန္ဓာက ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ခန္ဓာကိုယ်ကို စွန့်ပယ်ခဲ့သည်။ သူ့ဝိညာဉ်က ထွက်လာပြီး ထွက်ပြေးဖို့ ကြံလိုက်၏။ သို့သော်လည်း ထိုခန္ဓာက သူ၏ အကြီးမားဆုံးလက်ရာ ဖြစ်နေသည်။ သူသာ အသက်ရှင်နေကာ လွတ်မြောက်နေသရွေ့ နောက်ထပ်တစ်ခုကို ထပ်မံ ဆောက်လုပ်နိုင်၏။
တုကွန်းက ထိုလှုပ်ရှားမှုကို ခန့်မှန်းထားဟန်ဖြင့် လှုပ်ရှားလိုက်သည်။ သူမ၏ တုတ်ကောက်မှ အပြာရောင်အလင်းတန်း ထုတ်လွှတ်လာကာ ရုပ်သေးရုပ်နတ်ဆိုး၏ ဝိညာဉ်အား ရုပ်သေးရုပ်ထဲ ပြန်လည်ဆွဲသွင်းလိုက်သည်။ ဆက်တိုက်ဆိုသလို သူမက ကျောဘက်မှ ရောက်ရှိလာသည့် ကြောက်မက်ဖွယ်ကောင်းသည့် မြားငါးချက်ကို ခံစားမိလိုက်စဉ် အံကြိတ်ကာ တောင့်ခံလိုက်သည်။
ဘုန်း
သူမက ဝိညာဉ်ကို ရုပ်သေးရုပ်ထဲ ပြန်ထည့်လိုက်သည့်အချိန် မြားက ထိမှန်လာခဲ့၏။ သူမ၏ ခုခံမှုက ပျက်ယွင်းသွားကာ ထိမှန်သွားသည်။ တုကွန်း၏ ပါးစပ်မှ အနက်ရောင်သွေးများ စီးကျလာလေ၏။ သို့သော် သူမက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူမက မွေးကင်းစက မကောင်းဆိုးဝါးနတ်ဘုရားအဆင့်တွင် ရှိနေသည့်အတွက် ထိုတိုက်ကွက်မှ အသက်ရှင်နိုင်ဖို့ ခန္ဓာကိုယ်ကောင်းကောင်းဖြင့် ကောင်းချီးပေးခံထားရသည်။
ငတုံးပဲ…
ခန္ဓာနတ်ဆိုးက တွေးလိုက်၏။
ငါ ပြေးရမဲ့ပုံပဲ။ ဒီလိုဆိုရင် အာရုံလွှဲဖို့ လိုတယ်…
သူ့အရေပြားမှ သွေးများ စီးကျလာကာ ဧရာမအနီရောင်ပင့်ကူများအသွင် ပြောင်းလဲသွားခဲ့သည်။
ဒီခန္ဓာရုပ်သေးရုပ်တွေက အလုပ်ဖြစ်လောက်တယ်…
သူက တွေးလိုက်၏။ သို့သော်လည်း သူက ထိုအတွေးကို တွေးမိသည့်အချိန် အန္တရာယ်ခံစားနှုန်းက ရုတ်ချည်းအသက်ဝင်လာသည်။ ခန္ဓာနတ်ဆိုးက ပါရမီရှင်တစ်ယောက်၏ ဦးနှောက်ကို သူ့ခန္ဓာကိုယ်အတွင်း ပေါင်းစည်းပြီးသည့်နောက်တွင် ထိုအလိုလိုသိစိတ်ကို ယုံကြည်လာခဲ့သည်။ သူက အဝေးတစ်နေရာကို ကြည့်လိုက်သည့်အချိန် မျက်နှာက ဖြူဖျော့သွားလေ၏။ သူက ရုပ်သေးရုပ်များအား တိုက်ခိုက်ဖို့ ချက်ချင်းအမိန့်ပေးလိုက်စဉ် သူ့မြားကို ကန့်သတ်ချက်ထိ ရောက်အောင် အသုံးပြုခဲ့သည်။
နှမြောစရာကောင်းလှစွာဖြင့် တစ်ဖက်သူများကလည်း သူတို့၏ အသက်ကို စွန့်စားကာ သူ့အား တားဆီးလာလေ၏။ ဤတစ်ကြိမ် တုကွန်းက တုတ်ကောက်ကို မြှောက်ကာ ရေရွတ်လိုက်သည်။
“အလင်းရဲ့ စိတ်ဝိညာဉ် … ဒီကမ္ဘာရဲ့ မကောင်းမှုတွေအားလုံးကို ရှင်းထုတ်ပစ်လိုပါတယ်။ ကျေးဇူးပြုပြီး ကောင်းချီးပေးပါ”
ဤသို့ဖြင့် ကောင်းကင်ယံမှ ရွှေရောင်အလင်းတန်း ဆင်းသက်လာကာ တုကွန်းအား လွှမ်းခြုံသွားလေ၏။ ထို့နောက် သူမက တုတ်ကောက်ကို ဝှေ့ယမ်းလိုက်သည့်အချိန် အလင်းတန်းက တိုက်ခိုက်ရေးကွင်းပြင်အနှံ့ ပျံ့နှံ့သွားခဲ့သည်။ ခန္ဓာနတ်ဆိုးက ထွက်ပြေးဖို့ ကြိုးစားလိုက်သော်လည်း အသုံးမဝင်ခဲ့ပေ။ ထိုအလင်းတန်းက မြန်ဆန်လွန်းသည့်အတွက် သူ့ခန္ဓာကိုယ်ထဲမှ အငြိုးတရားအားလုံးကို အတင်းအကြပ် သန့်စင်ပစ်နေသည်။
“မဟုတ်ဘူး” သူက အော်ပြောလိုက်၏။ သူ့ခန္ဓာကိုယ် ဖွဲ့စည်းခြင်းပညာရပ်က သူ့ခန္ဓာကိုယ် အကောင်းအတိုင်း ထိန်းထားနိုင်ဖို့က အငြိုးတရားများ လိုအပ်ပေသည်။ သူက နာကျင်မှုကို တွေ့ကြုံစရာမလိုဘဲ၊ ခန္ဓာကိုယ်လေ့ကျင့်ဖို့ရာ ရုန်းကန်စရာမလိုဘဲ … မဖျက်ဆီးနိုင်ဖွယ် ထာဝရအရှင်များဖြင့် ယှဉ်နိုင်သည့် ခန္ဓာကိုယ်ကို ရှေ့ထားရသည့် သော့ချက်တစ်ခုလည်း ဖြစ်ပေသည်။
ခန္ဓာနတ်ဆိုး၏ ခန္ဓာကိုယ်က အနီရောင်အကျိအချွဲအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုဖြစ်စဉ်က အကြိမ်အနည်းငယ် ဆက်တိုက် ဖြစ်ပေါ်နေလေ၏။ တုကွန်းက ထိုအရာကို မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။ ထို့နောက် သူမက အငြိုးတရားတချို့ဖြင့် ထောက်ပံ့ပေးပြီး သူ အပြီးတိုင်ပြိုလဲသွားခြင်းမှ ကာကွယ်ပေးလိုက်သည်။ သူမက သူ့ကို ချိတ်ပိတ်ပြီးသည့်နောက်တွင် သိမ်းဆည်းလိုက်သည်။
ခန္ဓာနတ်ဆိုးက ယောက်ျားရဲ့ ပစ်မှတ်ဆိုတော့ သူတို့ရဲ့ တည်ရှိမှုက ငါတို့ကို အချိန်ကုန်သက်သာစေမှာပဲ…
တုကွန်းက တွေးလိုက်သည်။ ထို့နောက် သူမ၏ ခင်ပွန်းထံ သတင်းစကား ပို့ဆောင်လိုက်ပြီးသည့်နောက်တွင် သူမနှင့် အပေါင်းအပါများကို ကုစားပေးလိုက်သည်။ ထို့နောက် နောက်ထပ် ပစ်မှတ်ဖြစ်သည့် တစ္ဆေနတ်ဆိုးမဆီ ဦးတည်လိုက်၏။ ထိုသူ၏ တိုက်ခိုက်ရေးက ရုပ်သေးရုပ်နတ်ဆိုးနှင့် တူလေသည်။ သူမက တစ္ဆေတပ်ဖွဲ့အပေါ် မှီခိုလွန်း အားကြီး၏။ ထို့ကြောင့် ဤသို့သော ရန်သူမျိုးကို ရင်ဆိုင်ဖို့ရာအတွက် သူမက အကောင်းဆုံး တန်ပြန်တိုက်ခိုက်သူ ဖြစ်ပေသည်။
………………………………..
အဆိပ်နတ်ဆိုးမ၏ ဥယျာဉ်အတွင်း
“နင် ပြောလိုက်တာကို ထပ်ပြောစမ်းပါဦး” သူမက ကြားလိုက်ရသည့် စကားကြောင့် မယုံနိုင်ဖြစ်သွားဟန်ပေါ်သည်။
“မင်း ကြားတဲ့အတိုင်းပဲ” မုန့်ခယ်က ပြောလိုက်သည်။
“နင်တို့ယောက်ျားတွေအားလုံးက အတူတူပဲဆိုတာ သိတယ်”
“ငါ့သွေးကနေ လုပ်နိုင်တဲ့ အဆိပ်အကြောင်းကို တွေးလိုက်ဦး” မုန့်ခယ်က ဖျောင်းဖျ၏။
“မရဘူးပဲ” အဆိပ်နတ်ဆိုးမက လှောင်ပြောင်ကာ ပြောလိုက်သည်။
“အဲဒါဆိုရင်တော့ နှမြောစရာပဲ” မုန့်ခယ်က သက်ပြင်းချလိုက်၏။ ကြည့်ရသည်မှာ သူက နောက်ထပ် အဆိပ်ဇနီးသည်တစ်ယောက်ကို ထပ်မံရှာဖွေဖို့ လိုအပ်နေသည်။
“ဘာပဲဖြစ်ဖြစ် မင်း ငါ့ခေါင်းဆောင်နဲ့ သွားတွေ့ရမယ်”
သူက လက်ချောင်းဖြင့်ညွှန်ကာ အာကာပြင်မုခ်ဝတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် နတ်ဆိုးမနှင့် သူမ၏ ဥယျာဉ်အား အထဲဆီ ပို့ဆောင်လိုက်သည်။
“ကောင်းပြီ။ ကျိန်စာနတ်ဆိုး ငါလာပြီ” မုန့်ခယ်က ရေရွတ်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ၏။ ကြယ်တာရာနတ်ဆိုးနှင့် တိုက်ပွဲက အဆိပ်နတ်ဆိုးကဲ့သို့ ဖြစ်လိမ့်မည်။ သို့သော်လည်း သူက ခန္ဓာနတ်ဆိုးနှင့် တိုက်ခိုက်ဖို့ရာ စိတ်အားတက်ကြွနေမိ၏။ ထိုသူက အတော်လေး အောင်မြင်ထားသည့် ခန္ဓာကိုယ်လေ့ကျင့်သူဟု ကြားထားဖူးသည်။
………………
အမှောင်တိမ်တိုက် မျှော်နန်းဆောင်အတွင်း
ဝမ်ဝေ့က သူ့ရှေ့ ပေါ်ထွက်လာသည့် အမျိုးသမီးကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီး မုန့်ခယ် ပို့လွှတ်လိုက်သည့် သတင်းအချက်အလက်ကို သုံးသပ်နေသည်။
စံပြအဆင့်အဆိပ်က ပျောက်ဆုံးသွားတာတဲ့လား။ ဒါက အဖိုးတန်တဲ့ သတင်းပဲ…