← Chapters

အစိမ်းရောင်မြေကမ္ဘာ

Vol. 89 Ch. 1236

အစိမ်းရောင်မြေကမ္ဘာ

Vol. 89 Ch. 1236

မျှော်နန်းဆောင်

ဝမ်ဝေ့က ထိုအမျိုးသမီး၏ နဖူးကို လက်ညိုး ညွှန်လိုက်သည့်အချိန် သူမ၏ အမူအရာက ပျက်ယွင်းသွားလေသည်။ စည်းတံဆိပ်တစ်ခုက သူမ၏ အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်ကာ သူမ၏ ဝိညာဉ်ကို ပစ်မှတ်ထားလာလေ၏။

အဆိပ်နတ်ဆိုးမ၏ စိတ်ထဲမှ ကြောက်မက်ဖို့ကောင်းသည့် ဝိညာဉ်အဆိပ်တစ်ခု ထွက်ပေါ်လာကာ ထိုသူကို ပစ်မှတ်ထားလိုက်သည်။ သူမက လက်လျှော့ဟန် ထင်ရသော်လည်း အမှန်တရားနှင့် အလှမ်းဝေးနေလေ၏။

သူမကဲ့သို့ ကျင့်ကြံဆင့်မျိုးနှင့် အဆင့်အတန်းရှိထားသည့်သူက တတ်နိုင်သမျှ နည်းလမ်းအားလုံးကို ကြိုးစားမကြည့်မချင်း လွတ်လပ်ခွင့်ကို အလျော့ပေးမည် မဟုတ်ပေ။ ထို့ကြောင့် မုန့်ခယ်က သူမကို ချက်ချင်းမသတ်သည့်အခါ ထိုနတ်ဆိုးမက လွတ်မြောက်ဖို့ ကြံစည်ထားလေ၏။ သူမအတွက် နှမြောဖို့ကောင်းသည်က သူမသည် မွန်းစတားတစ်ယောက်ဆီမှ နောက်ထပ်တစ်ယောက်ဆီ ရောက်ရှိသွားခြင်းသာ ဖြစ်၏။ ကံဆိုးစွာဖြင့် သူမက သက်ပြင်းချကာ သူမ၏ ကံကြမ္မာကိုသာ လက်ခံလိုက်ရသည်။

“မရဏအမြစ်အဆိပ်အကြောင်း ဘာပြောနိုင်လဲ” ဝမ်ဝေ့က မေးလိုက်၏။

“ဘာများ ပြောဖို့လိုဦးမှာလဲ။ ဒါကို ပြုစုပျိုးထောင်ဖို့ အချိန်အကြာကြီး အားစိုက်ထုတ်ခဲ့ရပေမဲ့ တခြားတစ်ယောက်က ခိုးသွားခဲ့တာ”

“ဘယ်သူခိုးသွားတာလဲ”

“တပည့်တစ်ယောက်ပဲ။ ပြောရရင် တပည့်တစ်ယောက်တောင် မဟုတ်ဘူး။ ကျွန်မ ဝယ်ထားတဲ့ ဆေးကျွန်ပဲ” အဆိပ်နတ်ဆိုးမက ချက်ချင်းပြန်ဖြေလိုက်သည်။

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ သူ့အလိုလိုသိစိတ်က ထိုသတင်းသည် အရေးပါကြောင်း ပြောပြနေသော်လည်း ယခုအခါ ကောက်ချက်မချနိုင်သေးပေ။ သူ့မျက်ဝန်းက ခဲဖြူရောင် ပြောင်းလဲသွားပြီး သတင်းအချက်အလက်တချို့ကို ကောက်ချက်ချကြည့်လိုက်၏။ သို့သော် ရင်းနှီးပြီးသား မှုန်ဝါးဝါးမြူခိုးက သူ့မြင်ကွင်းကို ပိတ်ဆို့ထားသည်။ သူကသော တခြားသော ဂမ္ဘီရနည်းလမ်းများကို ကြိုးစားကြည့်သော်လည်း သဲလွန်စတစ်ခုသာ ရှာတွေ့ခဲ့၏။

“မင်း အဲဒီကျွန်ကို ဘယ်ကနေရလာတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ကံအပြောင်းအလဲ အခွင့်အရေးကနေလေ”

“ဒီနေရာလား အပြင်ဘက်ကလား”

“ဒီနေရာကပေါ့။ ပြင်ပကမ္ဘာနဲ့ ကျွန်မနဲ့ မဆိုင်ဘူး”

ဝမ်ဝေ့က မျက်မှောင်ကြုတ်ပြီး စည်းမျဉ်းမဲ့ဇုန်သည် ဤသို့သော အနေအထားရောက်အောင် ကံအပြောင်းအလဲ အခွင့်အရေးများကို ပေးနိုင်သည်လားဟု စဉ်းစားနေမိသည်။ ထိုအရာက ရှားပါးသော်လည်း ဤနေရာကို ပုန်းအောင်းဖို့ ရောက်လာသည့်သူတစ်ယောက်က အဆိပ်ကို ယူဆောင်လာနိုင်ချေရှိကာ ကံအပြောင်းအလဲ အခွင့်အရေးအဖြစ် ချန်ထားခဲ့နိုင်ကြောင်း သိထားသည်။

“မင်းက ‌‌ဆေးကျွန်ဝယ်လာတယ်လို့ ပြောလိုက်တယ်မလား။ ဘယ်သူ့ဆီကလဲ” သူက မေးလိုက်သည်။

“အစိမ်းရောင်မြေကမ္ဘာ မျှော်နန်းဆောင်” နတ်ဆိုးမက ပြန်ဖြေလိုက်၏။

“သူတို့လား။ သူတို့က လူတွေကိုတောင် ရောင်းတယ်လား”

“အစိမ်းရောင်မြေကမ္ဘာနဲ့ နဂါးပြာမျှော်နန်းဆောင်တို့ရဲ့ အကြီးမားဆုံးချမ်းသာကြွယ်ဝမှု အရင်းအမြစ်က ကျွန်တွေကို ရောင်းချတာပဲ” အဆိပ်နတ်ဆိုးမက တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

“သူတို့က ကူညီဖို့ အဖွဲ့လေးခုတောင်ရှိတယ်။ အထူးသဖြင့် အရူးသူခိုးအဖွဲ့ပေါ့”

ဒါက မုန့်ခယ်ရဲ့ တိုက်ခိုက်ရေးကွင်းထဲမှာ သာမန်လူတွေ ရှိနေရတဲ့ အကြောင်းအရင်းကို ရှင်းပြပြီးသား ဖြစ်သွားပြီ…

ဝမ်ဝေ့က အတွေးနက်နေမိသည်။

“အဲဒီဆေးကျွန်က မင်းဆီကနေ ထွက်သွားပြီးတဲ့နောက်မှာ အစိမ်းရောင်မြေကမ္ဘာမျှော်နန်းဆောင်ကိုသွားပြီး ပြဿနာမရှာဘူးလား”

“လုပ်ခဲ့တာပေါ့” နတ်ဆိုးမက ပြန်ဖြေလေသည်။

“ဒါပေမဲ့ သူတို့က ကျွန်မ သူ့ကို ဝယ်ယူထားတဲ့ တန်ကြေးနှစ်ဆကိုပဲ ပေးတာ။ အဲဒါက အဆိပ်ရဲ့ တန်ဖိုးနဲ့ ဘာမှမယှဉ်နိုင်ဘူး”

“ကြည့်ရတာ မင်းက ချက်ချင်း အသုံးဝင်တဲ့ပုံပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက သူမအား တစ်စုံတစ်ခု ညွှန်ကြားပြီးသည့်နောက်တွင် နတ်ဆိုးမ၏ ကြိုးမျှင်တစ်ချောင်းအဖြစ် ပြောင်းလဲကာ ကပ်ညိလိုက်သည်။

………………………………………………………..

အစိမ်းရောင်မြေကမ္ဘာ မျှော်နန်းဆောင်

အဆိပ်နတ်ဆိုးမက အထူးဧည့်သည်များသာ လက်ခံတွေ့ဆုံသည့် အခန်းအတွင်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလေ၏။ သူမက သူတို့၏ မျှော်နန်းဆောင်မှ မျှော်နန်းသခင်နှင့် တွေ့ဆုံဖို့ ပြဿနာရှာခဲ့ပြီး သူတို့၏ စီမံခန့်ခွဲသူဆီမှ ဖြေရှင်းနည်းကို ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ထိုသူများက သူတို့၏ ခေါင်းဆောင်ကို ဆက်သွယ်ရုံမှအပ ရွေးချယ်စရာ မရှိပေ။

မိနစ်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် အစိမ်းရောင်မြေကမ္ဘာ မျှော်နန်းသခင်က အစောင့်နှစ်ယောက်နှင့်အတူ အခန်းအတွင်း ရောက်ရှိလာသည်။ သူက ခပ်ဝဝအမျိုးသား တစ်ယောက်ဖြစ်ကာ တန်ဖိုးကြီးရွှေရောင်နှင့် အဖြူရောင်ရောစပ်ထားသည့် ဝတ်ရုံနှင့်အတူ ကျောက်စိမ်းနှင့် ရွှေရတနာများကို အဆင်တန်ဆာအနေဖြင့် ဝတ်ဆင်ထားလေသည်။ သူက ကျင့်ကြံဆင့် ၅၉ ရာခိုင်နှုန်းရှိသည့် မဟာဧကရာဇ်တစ်ယောက် ဖြစ်၏။ သူ့အငွေ့အသက်က အပျော်ကြူးသူတစ်ယောက်၏ အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေသည်။

ထိုအမျိုးသား၏ ကျင့်ကြံရေး အောင်မြင်မှုများက ချမ်းသာကြွယ်ဝမှုများဖြစ်ကြောင်း သိသာလှ၏။ သူ၏ မသေနိုင်စွမ်းကြောင့်သာ မဟုတ်လျှင် အစားအစာ၊ အရက်သေစာ၊ ဆေးနှင့် လိင်အပျော်အပါးကိစ္စများကြောင့် ခန္ဓာကိုယ်က အားနည်းနေလောက်လေပြီ။ သို့သော်လည်း သူက သူ့စွမ်းအားတချို့ကို အသုံးပြုနိုင်သေးသည့်အတွက် တချို့တလေတော့ ချီးကျူးရလိမ့်မည်။ ဆိုလိုသည်မှာ သူ့တာအိုနှလုံးသားက အကောင်းအတိုင်းရှိနေဆဲ ဖြစ်ကာ သူ့စိတ်အခြေအနေက မည်မျှပင် သွေဖယ်နေစေကာမူ ရည်ရွယ်ချက်နှင့် ဦးတည်ချက်တို့ ရှိနေလေသည်။

အဆိပ်နတ်ဆိုးမ၏ မျက်ဝန်းအထက် သဘောမကျသည့် အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သို့သော် သူမက မျှော်နန်းသခင်ကို လေးစားသမှု ပြလိုက်ရသည်။ အထူးသဖြင့် သူ့နောက်တွင် လိုက်ပါလာသည့် အမွှာသက်တော်စောင့် နှစ်ယောက်ကြောင့် ဖြစ်၏။ ထိုစဉ် မျှော်နန်းသခင်က သူ့ကိုယ်သူ ထိန်းချုပ်ကာ သူမအား တဏှာအတွေးဖြင့် မကြည့်မိအောင် ထိန်းချုပ်ထားရသည်။ အနှစ်ချုပ်အားဖြင့် သူသည် သူမမျက်ဝန်းမှ သဘောမကျမှုများကို ခံစားပြီးသည့်နောက်တွင်ပင် လေးစားသမှုကို ပြသလာဆဲ ဖြစ်၏။

“အဆိပ်သခင် ဘာကြောင့်များ ပြဿနာရှာနေရတာလဲ” မျှော်နန်းသခင်က စီးပွားရေးဆန်ဆန် အပြုံးမျိုးဖြင့် မေးလာသည်။ နတ်ဆိုးမက ဖွင့်ဟကာ ပြောတော့မည့်ဆဲဆဲတွင် ဝမ်ဝေ့က သူမ သို့မဟုတ် တခြားသူများကို တုံ့ပြန်ဖို့ အချိန်မပေးနိုင်ပေ။

ထို့နောက် ကြိုးမျှင်တစ်ခုက ရုတ်ချည်းပေါ်ထွက်လာကာ မျှော်နန်းသခင်ကို ဖမ်းဆီးလိုက်၏။ အမွှာနှစ်ယောက်က တုံ့ပြန်ကာ ကာကွယ်ဖို့ ကြိုးစားခဲ့သော်လည်း အရာအားလုံးက ရုတ်ချည်းဆန်ကာ မြန်ဆန်လွန်းလှသည့်အတွက် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။

အဆိပ်သခင်မ၏ ကိုယ်တိုင်တွေ့ဆုံဖို့ တောင်းဆိုမှုကြောင့် မျှော်နန်းသခင်က အဆိပ်ခံနိုင်ရည်ရှိသည့် ဆေးလုံးများစွာနှင့် အဆောင်များစွာကို ကြိုတင်ပြင်ဆင်ထားခဲ့၏။ သို့သော်လည်း သူက လိုအပ်လာသည့်အခါ ထွက်ပြေးဖို့ရာအတွက် ပြင်ဆင်ထားခဲ့သည်။ ထို့ကြောင့် သူ့အဆောင်က သူ့အား ထိုအခြေအနေမှ ကယ်ထုတ်နိုင်လိမ့်မည်။ သို့သော် သူ့အတွက် နှမြောဖို့ကောင်းသည်က ထိုကြိုးမျှင်များသည် ကံကြမ္မာစွမ်းအား ပါဝင်နေသည့်အတွက် လွတ်မြောက်နိုင်ချေ နည်းလမ်းအားလုံးကို ပိတ်ဆို့ထားလေသည်။ ထို့နောက် ဝမ်ဝေ့က အခန်းအတွင်း ပေါ်ထွက်လာလေ၏။

“ငါတို့ရဲ့ ခုခံမှုကို ဘယ်လိုကျော်ဖြတ်လာတာလဲ” ခပ်ဝဝ စီးပွားရေးသမားက မေးလိုက်သည်။

“ခင်ဗျား တွေးကြည့်လောက်အောင် မခက်ခဲပါဘူး” ဝမ်ဝေ့က ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။

“မျှော်နန်းသခင်ကို ချလိုက်” မီးတောက်ရေခဲအမွှာကောင်းကင်ဘုံအရှင် တစ်ယောက်က ပြောလိုက်သည်။

“အဲဒါမှ အခန်းကနေ အသက်ရှင်လျက် ထွက်သွားနိုင်လိမ့်မယ်” တစ်ယောက်က စကားကို အဆုံးသတ်လိုက်၏။

ဝမ်ဝေ့က သူတို့ကို အာရုံစိုက်ကာ “အတုအယောင်ထာဝရ ကောင်းကင်ဘုံအဆင့်လား။ နှစ်ယောက်လုံးကလေ”

ထိုနှစ်ယောက်က ထာဝရဧကရာဇ်အဆင့် ဖြစ်ခဲ့ဖူးသော်လည်း ထာဝရကောင်းကင်ဘုံအဆင့် ဖြစ်ဖို့ ကျရှုံးခဲ့သည်။ သို့သော်လည်း သူတို့က တာအိုဆန္ဒနှင့် လျှို့ဝှက်လုံခြုံရေးသေတ္တာများ ရှိကြ၏။

“အဲဒီခွေးကောင်ကို သတ်” မျှော်နန်းသခင်က အော်ပြောလိုက်သည်။ အမွှာနှစ်ယောက်က တုံ့ဆိုင်းသွားလေ၏။ သူတို့က ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံနိုင်သည်မှာ မျှော်နန်းသခင်သည် စီးပွားရေးလုပ်ရာတွင် ကျွမ်းကျင်၍ ဖြစ်၏။ အကယ်၍ သူတို့သာ သူ့ကို ဆုံးရှုံးလိုက်ရပါက အစိမ်းရောင်မြေကမ္ဘာ မျှော်နန်းဆောင်သည် အားအကောင်းဆုံးအင်အားစုတစ်ခု ဖြစ်နေသော်လည်း ကြာရှည်ခံမည် မဟုတ်ပေ။

“တုံ့ဆိုင်းမနေနဲ့” ခပ်ဝဝအမျိုးသားက ဆက်ပြောလိုက်၏။

“တကယ်လို့ သူ့ကို အလျင်အမြန် သတ်နိုင်တယ်ဆိုရင် သူက ငါ့ကို သတ်သတ် ကိစ္စမရှိဘူး။ မင်းတို့တွေက ငါ့ကို အသက်ပြန်သွင်းလို့ရတယ်”

မျှော်နန်းသခင်က ဧကရာဇ်အဆင့်ဖြစ်သည့်အတွက် သူ အသက်ပြန်ရှင်လာဖို့အတွက် အရင်းအမြစ်မြောက်များစွာ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်၏။

“စာအုပ်ကို အဖုံးကြည့်ပြီး မဆုံးဖြတ်ရဘူးဆိုတာ ဟုတ်လိမ့်မယ်” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်ပြီး သူ၏ ရဲတင်းမှုနှင့် အလျင်အမြန်တွေးခေါ်မှုကို ချီးကျူးလိုက်သည်။ သူ့လက်အောက်မှ ထိုသို့စွမ်းဆောင်ရည်ကောင်းသည့် ပုံစံတစ်ယောက်ကို ထားရှိခြင်းက သိပ်မဆိုးလှပေ။

အမွှာနှစ်ယောက်က ကြည့်ပြီးသည့်နောက်တွင် စတင်လှုပ်ရှားလာကြသည်။ သူတို့၏ ကျင့်ကြံဆင့်က မဟာတာအိုအရင်းအမြစ် ၈၄ ရာခိုင်နှုန်းရှိသော်လည်း သူတို့က အားဖြည့်ရေးနည်းစနစ်ကို အသုံးပြုခဲ့သည်။ ပထမတစ်ယောက်က သူတို့၏ ကောင်းကင်ဘုံ လက်နက်ကို အသုံးပြုလာသည်။ ထိုအရာက အနီနှင့် အပြာစက်ဝန်းပြားများ ဖြစ်၏။ ထိုလက်နက်များက သူတို့အား နောက်ထပ် နှစ်ရာခိုင်နှုန်း တိုးမြှင့်မှုကို ပေးသည်။

သူတို့က ဝိညာဉ်ပဲ့တင်ရေးစနစ်ကို အသုံးပြုကြ၏။ သူတို့က အမွှာဖြစ်သည့်အတွက် မွေးဖွားလာကတည်းက အတူတကွလုပ်ခဲ့ကာ တာအိုကိုပင် အတူတကွ သက်သေပြသည့်အတွက် နောက်ထပ်နှစ်ရာခိုင်နှုန်း တိုးမြှင့်မှု ရှိလာသည်။

နောက်ဆုံးတွင် သူတို့က အကောင်းဆုံး အရည်အချင်းဖြစ်သည့် တာအိုဆန္ဒပေါင်းစည်းမှုကို အသုံးပြု၍ ၈၉.၉၉ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့သည်။

အမွှာတစ်ယောက်က ကြောက်မက်ဖွယ် အပူချိန်ကို ထုတ်လွှတ်ကာ ကျန်တစ်ယောက်က ရေခဲမုန်တိုင်းကို ဖန်တီးလာသည်။ သူတို့က လက်နက်များကို ချက်ချင်း မပစ်ခတ်သေးဘဲ အချင်းချင်း လက်ချင်းကိုင်ထားပြီး ပူးပေါင်းတိုက်ခိုက်လိုက်ကြသည်။

ဒီလိုတာအိုဆန္ဒပူးပေါင်းရေးနည်းစနစ်က တကယ်ကို ထူးချွန်တာပဲ။ မုန့်ခယ် သုံးခဲ့တာထပ်တောင် ပိုပြီးကောင်းသေးတယ်…

ဝမ်ဝေ့က ပိုပြီး သုံးသပ်လိုက်သည်။ သူက အမွှာနှစ်ယောက်ဆီ လက်ညှိုးထိုးပြီး ယင်ယန်သင်္ကေတကို ထုတ်လွှတ်လာသည်။

ထိုအမွှာနှစ်ယောက်က မတုံ့ပြန်နိုင်ခင် တာအိုဆန္ဒက ကွဲထွက်သွားပြီး သူတို့၏ ဝိညာဉ်ပဲ့တင်ထွက်မှုကလည်း ကွဲထွက်သွားလေသည်။ သူတို့၏ လက်နက်များကပင် မျှခြေလွတ်သွားဟန်ပေါ်၏။ ထို့နောက် သူတို့က နောက်ထပ် ဖြေရှင်းနည်းကို မတွေးတောနိုင်ခင် ယင်ယန်သင်္ကေတက စည်းတံဆိပ်အသွင် ပြောင်းလဲသွားပြီး သူတို့ကို ဖမ်းဆီးလိုက်သည်။

အဆုံးသတ်သွားပြီ…

မျှော်နန်းသခင်က တွေးလိုက်မိသည်။ ဤနှစ်များစွာတိုင် တိုက်ပွဲနှင့် ကပ်ဘေးများစွာ တွေ့ကြုံပြီးသည့်နောက်တွင် ဘဝက ယနေ့ အဆုံးသတ်သွားခဲ့သည်။ သူက ဝမ်းနည်းသလို ခံစားရသော်လည်း သူ့တစ်စိတ်တစ်ပိုင်းကမူ ဤနေ့ရက် ရောက်ရှိလာသည်မှန်း သိထားလေ၏။ ဤနေရာရှိ အင်အားစုများက အမြဲတမ်း ကြာရှည်မခံပေ။ နှမြောဖို့ကောင်းသည်က ဤသည်က ခေတ်သစ်အတွက် အချိန်ဖြစ်ဟန်ပေါ်သည်။

အစိမ်းရောင်မြေကမ္ဘာမျှော်နန်းဆောင်၏ အထက်ပိုင်း ထိန်းချုပ်ပြီးသည့်နောက်တွင် ဝမ်ဝေ့အတွက် ကျန်အရာအားလုံးကို တိတ်တဆိတ် ထိန်းချုပ်ဖို့ရာအတွက် အင်မတန် လွယ်ကူလှသည်။ သူက ဤနေရာတွင် အချိန်ကြာစွာ မဖြုန်းတီးဘဲ ကောင်းကင်ပြာမျှော်နန်းဆောင်ဆီ ဦးတည်လိုက်၏။ သူက လျှို့ဝှက်သခင် မလှုပ်ရှားလာခင် ထိုအင်အားစုကို တိတ်တဆိတ် ထိန်းချုပ်ထားဖို့ လိုအပ်သည့်အတွက် အချိန်က အသက်ဖြစ်နေသည်။ သူက သူ့ကိုယ်သူ ယုံကြည်ချက်ရှိသော်လည်း ဤသို့သော အခြေအနေမျိုးအောက်တွင် တစ်ဖက်သူကို ရင်ဆိုင်ဖို့ရာ  အနိုင်ရပါ့မလား မသေချာပေ။

ဝမ်ဝေ့က မရဏအမြစ်ကို ခိုးယူသွားသည့် ဆေးကျွန်အကြောင်း သတင်းအချက်အလက်များကို ရှာဖွေဖို့ ကြိုးစားသည်။ သို့သော်လည်း မျှော်နန်းဆောင်၏ မှတ်တမ်းကမူ ထိုသူက အမျိုးသမီးတစ်ယောက် ဖြစ်ပြီး နောက်ခံနှင့် မိသားစုမရှိသည့် လေလွင့်ကျင့်ကြံသူဟု ဖော်ညွှန်းခံထားရသည်။ ထို့ကြောင့်သာ သူမက ပစ်မှတ်ထားခံရခြင်း ဖြစ်၏။

သတင်းအချက်အလက်များစွာ မရှိဘဲ ကောက်ချက်ချဖို့ဆိုတာ မဖြစ်နိုင်ပေ။ ဝမ်ဝေ့က ကောင်းကင်ပြာမျှော်နန်းဆောင်ဆီ ဦးတည်လိုက်၏။ သူက သူတို့အတွက် အစီအစဉ်ကမူ အနည်းငယ် ကွဲပြားနေသည်။ သူက အစိမ်းရောင်မြေကမ္ဘာ မျှော်နန်းဆောင်ထဲတွင် သူတို့၏ သူလျှိုတစ်ယောက်ကို အာရုံခံမိသည့်အတွက် သူသည် စည်းမျဉ်းမဲ့ဇုန်အတွင်း အသစ်ရောက်လာသူ ဖြစ်ကာ ကောင်းကင်ပြာမျှော်နန်းဆောင်အကြောင်း ပါဝင်နေသည့် အရေးကြီးအချက်အလက်ကို ရောင်းချနေခြင်း ဖြစ်သည်ဟု သတင်းထုတ်လွှတ်လိုက်သည်။

ထိုသတင်းအချက်အလက်ကမူ ပြင်ပမှ အရင်းအမြစ်များ ရယူဖို့ သူတို့အသုံးပြုသည့် လျှို့ဝှက်လမ်းကြောင်း ပါဝင်နေ၏။ ထိုသတင်းက တကယ်တော့ အမှန် ဖြစ်ပေသည်။ ဝမ်ဝေ့က ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များ မတော်တဆ ကယ်တင်မိသည့် ကုန်သည်ဆီမှ ရယူခဲ့ခြင်း ဖြစ်၏။ ငါးစာချပြီးသည့်နောက်တွင် ဝမ်ဝေ့က စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။

All Chapters