ဒုတိယမင်းသား
Vol. 89 Ch. 1240
“ကျုပ်တို့ကြားမှာ ဘာရန်ကြွေး၊ ဆက်ဆံရေးမှ မရှိဘူး” ဝမ်ဝေ့က ရက်စက်ခြင်းဘုရင်အား စကားဝိုင်းကို ထိန်းချုပ်ဖို့ အခွင့်အရေး မပေးဘဲ ပြောလိုက်သည်။
“ကျုပ်က အပြင်ဘက်က အခြေအနေကို အဆုံးသတ်ပစ်ဖို့ အင်အားစု လိုအပ်တယ်။ စည်းမျဉ်းမဲ့ဇုန်က လူစုဆောင်းဖို့ အကောင်းဆုံးနေရာပဲ။”
ရက်စက်ခြင်းဘုရင်က မျက်မှောင်ကြုတ်လိုက်၏။
“အဲဒါဆိုတော့ မင်းက…”
“ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“အဲဒါဆို ဘယ်လိုလဲ။ တကယ်လို့ ခင်ဗျားသာ ကျုပ်ဆီ အေးအေးချမ်းချမ်း ပူးပေါင်းမယ်ဆိုရင် မဟာမိတ်ဖွဲ့ပေးဖို့ ကတိပေးတယ်။ ကျုပ်တို့ ရည်မှန်းချက်တွေ ပြီးမြောက်သွားတာနဲ့ ကိုယ့်လမ်းကိုယ်သွားကြမယ်”
“အဲ့လိုဖြစ်လာမှာမဟုတ်ဘူး” ရက်စက်ခြင်းဘုရင်က ဆုံးဖြတ်ချက်ပြတ်သားစွာ ပြောလာခဲ့သည်။
“အဲ့လိုထင်ထားပြီးသားပါ” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။
“ခင်ဗျား ဘာလို့ ဒီလိုအခြေအနေမျိုးမှာ ရောက်နေတယ်ဆိုတာကို နားလည်သွားပြီ”
“မင်းက ငါ့အကြောင်း ဘာမှမသိဘူး။ သိသလို ဟန်ဆောင်မနေနဲ့”
“ကျုပ် မသိဘူးဆိုပေမဲ့ ကောက်ချက်ချကြည့်ဖို့ မခက်ခဲဘူး” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“ခင်ဗျားက စံပြတွေရှိထားတဲ့ ထိပ်တန်းတိုင်းပြည်တစ်ခုကပေါ့။ ဒါပေမဲ့ သူတို့က အကြွင်းမဲ့တားမြစ်ချက် ဒါမှမဟုတ်ဘူးဆိုရင် နောက်ဆက်တွဲ ရှင်းလင်းရေးကြောင့် သေဆုံးသွားလောက်တယ်။ အဲဒီအခြေအနေတွေ ရှိနေတယ်ဆိုပေမဲ့ ခင်ဗျားရဲ့ တိုင်းပြည်က ရှိနေတုန်းပဲ။ သူတို့က ရှက်ရွံ့ဖွယ်အနေအထားနဲ့တော့ ရှင်သန်နေရတာပေါ့။
ကံဆိုးစွာနဲ့ ခင်ဗျားရဲ့ အတ္တနဲ့ တိုင်းပြည်တစ်ခုလုံးကို ထိခိုက်သွားစေတယ်။ ခင်ဗျားက အဲဒီကပ်ပါးတွေကို ရန်စဖို့ တစ်ခုခုလုပ်တာမျိုး ဒါမှမဟုတ်ဘူးဆိုရင် သူတို့က ခင်ဗျားကို သူတို့ရဲ့ နယ်ရုပ်တစ်ခုအဖြစ် အသုံးချဖို့ ကြိုးစားတဲ့အချိန်မှာ ခင်ဗျားမာနက သူတို့ကို ငြင်းဆန်ခဲ့မှာပေါ့။ အဲဒါကြောင့် ခင်ဗျားရဲ့ တိုင်းပြည်ကို သူတို့က ရှင်းထုတ်ပစ်လိုက်တာပဲ။
အဆုံးသတ်မှာတော့ ခင်ဗျားက အမြီးကုပ်ပြီးတော့ ဒီနေရာအထိ ထွက်ပြေးလာနေတုန်းပဲလေ။ အဲ့လောက်ဆိုရင်တော့ သိသင့်ပါတယ်။ ကျုပ်ပြောတာ တစ်ခုခုများ လိုအပ်သွားသေးလား”
ရက်စက်ခြင်းဘုရင်က သူ့အား သတ်ဖြတ်ငွေ့အပြည့်ဖြင့် ကြည့်လိုက်သည်။
“ထူးဆန်းတာက ခင်ဗျားက အဲဒီအတွေ့အကြုံကနေ ဘာမှတောင် မသင်ခဲ့ဘူးပဲ” ဝမ်ဝေ့က ဆက်ပြောလိုက်၏။
“ခင်ဗျားရဲ့ ဘိုးဘေးက မပြီးမပြတ်အခြေအနေကနေ ကုန်းထလာလောက်ပြီ။ ခင်ဗျားက ဒီနေရာကို ကပ်ပါးတွေဆီကနေ ပုန်းအောင်းဖို့ သက်သက်တင်မဟုတ်ဘဲနဲ့ ခင်ဗျားအပြုအမူတွေရဲ့ အကျိုးဆက်ကနေ ရှောင်ရှားချင်နေတာပဲ။
ခင်ဗျားရဲ့ ဘိုးဘေးတွေသာ အသက်ပြန်ရှင်လာရင် သူတို့က ခင်ဗျားကို နန်းချပြီးတော့ သုတ်သင်ပစ်လောက်တယ်။ ဒီတင်းကြပ်ထားတဲ့ နေရာမျိုးက သူတို့၏ အမျက်ဒေါသကို ရှောင်ပြီး အသက်ရှင်သန်နိုင်မဲ့ အကောင်းဆုံးနေရာပဲ”
“မင်းက စကားပြောကောင်းတာပဲ” ရက်စက်ခြင်းဘုရင်က မှတ်ချက်ပေးလိုက်ပြီး တိတ်တဆိတ် လက်သီးဆုပ်ထားလိုက်သည်။
“မင်းက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာတော့ နှမြောစရာပဲ”
ဝမ်ဝေ့က တစ်ဖက်သူ၏ တုံ့ပြန်မှုကိုလျစ်လျူရှုထားပြီး နောက်မှ တပ်ဖွဲ့ကို ကြည့်လိုက်သည်။
“ကြည့်ရတာ ခင်ဗျားက လုံးဝ အသုံးမကျတာမျိုးတော့လည်း မဟုတ်သေးတဲ့ပုံပဲ။ ခင်ဗျားလူတွေရဲ့ စိတ်ဓာတ်နဲ့ ကျင့်ဝတ်က ကျုပ်စကားအနည်းငယ်နဲ့တောင် ယိမ်းယိုင်သွားစေတာ မရှိဘူး။ အဲဒါဆိုတော့ ခင်ဗျားရဲ့ အားသာချက်က တပ်မဟာလေ့ကျင့်ပေးတာလား။ ခင်ဗျားက ဆိုးရွားတဲ့အကျင့်စရိုက်ရှိနေပြီးတော့ အုပ်ချုပ်သူတစ်ယောက်အတွက် မသင့်တော်တဲ့ စိတ်ထားမျိုးရှိနေပေမဲ့ ဆက်ခံသူဖြစ်လာတဲ့ အကြောင်းအရင်းနေမှာပေါ့”
ဝမ်ဝေ့က ရက်စက်ခြင်းဘုရင်နောက်မှ မင်းသားများကို ကြည့်လိုက်သည်။
“မင်းတို့အဖေရဲ့ ကံကြမ္မာက ဆုံးဖြတ်ပြီးသွားပြီ။ တကယ်လို့ မင်းတို့သာ သူ့တပ်ဖွဲ့ကို ထိန်းချုပ်နိုင်တယ်ဆိုရင် ငါက သူ့အစား မင်းတို့နဲ့ တွဲပြီး လုပ်နိုင်တယ်။ တကယ်လို့ မင်းတို့က သားသမီးဝတ် သိတတ်ချင်တယ်ဆိုရင်လည်း မင်းသာ သူ့ကို ကောင်းကောင်းထိန်းချုပ်ထားနိုင်သရွေ့ သူ့အသက်ကို သက်ညှာပေးနိုင်တယ်”
“အဓိပ္ပာယ်မရှိ လျှောက်ပြောမနေနဲ့” မင်းသားတစ်က အော်ပြောလိုက်သည်။
“ငါတို့က အဖေ့ကို သစ္စာဖောက်လိမ့်မယ်လို့ ထင်နေတာက ခင်ဗျား တုံးအတာပဲ”
“ငါသိပြီ” ဝမ်ဝေ့က လှောင်ပြုံးဖြင့် ပြန်ဖြေလိုက်သည်။
သူ့အာရုံက ဒုတိယမင်းသားအပေါ်ဖြစ်၏။ ထိုသူက သဘောတူစွာ ခေါင်းညိတ်လိုက်သော်လည်း ဝမ်ဝေ့က သူ့တုံ့ဆိုင်းမှုကို အာရုံခံမိခဲ့သည်။
“နှမြောစရာပဲ” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်လူတွေက ဘယ်မှာလဲ”
ခန္ဓာနတ်ဆိုးနှင့် အဆိပ်နတ်ဆိုးတို့ကို ဖမ်းဆီးသွားလေရာ သူက သူတို့၏ နေရာကို သိချင်နေမိသည်။
“သူတို့ကို သေချာဖမ်းထားတယ်” ရက်စက်ခြင်းဘုရင်က အခြေအနေကို ထိန်းချုပ်မှုရလာဟန်ဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့ ဘယ်လို…”
“သူတို့ရဲ့ ဘေးကင်းမှုနဲ့ ပတ်သက်ပြီး ခင်ဗျားနဲ့ ဘာမှညှိနှိုင်းနေမှာ မဟုတ်ဘူး” ဝမ်ဝေ့က သူ့ကို ဖြတ်ပြောလိုက်သည်။
“တကယ်လို့ သူသာ သူတို့ကို အသက်ရှင်လျက် ထားမယ်ဆိုရင် ကျုပ်က ခင်ဗျားရဲ့ မိသားစုမျိုးနွယ်ကို ထိမှာမဟုတ်ဘူး။ တကယ်လို့ ခင်ဗျားပျောက်ကွယ်သွားတယ်ဆိုရင်တောင် ခင်ဗျားရဲ့ မျိုးဆက်က တည်ရှိနေသေးတဲ့အချက်ကြောင့် စိတ်အေးသွားမှာပါ”
ထိုစဉ် ရက်စက်ခြင်းဘုရင်၏ လည်ပင်းအထက် သွေးကြောများ ထောင်ထွက်နေသည်။
“ကိစ္စတွေက အဲ့လိုရှင်းရတာ မဟုတ်ဘူး။ နားလည်လား”
“ခင်ဗျားက အခြေအနေရော နားလည်လား” ဝမ်ဝေ့က ပြန်လည်ချေပလိုက်သည်။
“ခင်ဗျားက ဒီအခြေအနေမှာ အနိုင်ရမယ်လို့ ထင်နေတာလား”
“ငါက တိုက်ပွဲပေါင်းသန်းချီ အတွေ့အကြုံ ရှိတယ်။ ငါ သင်ယူခဲ့ရတဲ့ အရာတစ်ခုက အခြေအနေဘယ်လောက်ပဲ ဆိုးရွားနေပါစေ လွတ်လမ်းတစ်ခု ရှိတယ်ဆိုတာပဲ” ရက်စက်ခြင်းဘုရင်က ပြောလိုက်သည်။
ဝမ်ဝေ့က သက်ပြင်းအသာချလိုက်၏။
“ခင်ဗျားတစ်ယောက်တည်းကပဲ စစ်ဗျူဟာတွေကို ကျွမ်းကျင်နေတဲ့သူလို့ ထင်နေတာလား” ဝမ်ဝေ့က မေးလိုက်သည်။
“ခင်ဗျားရဲ့ လက်ရှိအခြေအနေမှာဆိုရင် တစ်ခုတည်းသော ထွက်လမ်းက လျှို့ဝှက်သခင် ဒီအနှောင့်အယှက်ကို ကြားရတဲ့အထိ အချိန်ဆွဲထားဖို့ပဲ။ နှမြောဖို့ကောင်းတာက သူ့တည်ရှိမှုက အခြေအနေကို ဘာမှပြောင်းလဲသွားစေမှာ မဟုတ်ဘူး”
ရက်စက်ခြင်းဘုရင်က နှလုံးခုန်တစ်ချက် မြန်သွားမိသည်။ တစ်ဖက်သူပြောသည်က မှန်ကန်နေလေ၏။ သူက ခေါင်းဆောင်အားလုံးကို ပေါ်ထွက်လာသည်နှင့် ဤနည်းလမ်းကသာ သူနှင့် သူ့လူများအတွက် အသက်ရှင်ဖို့ နည်းလမ်းဖြစ်ကြောင်း သိထားသည်။
“အခု အားလုံးစီစဉ်ပြီးသွားပြီဆိုတော့ နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်။ ငြိမ်းငြိမ်းချမ်းချမ်း အညံ့ခံမလား။ ဒါမှမဟုတ်ဘူးဆိုရင် ခင်ဗျားလူတွေ သွေးထွက်သံယို ဖြစ်စေချင်လား”
အဖေ သူ့ကမ်းလှမ်းမှုကို လက်ခံလိုက်ပါ…
ဒုတိယမင်းသားက သူ့ဘာသာ တွေးလိုက်မိသည်။ ထိုအရာက သူ့ဖခင်၏ မာနနှင့် ခေါင်းကြောမာမှုတို့ကြောင့် အသုံးမဝင်မှန်း သိနေလေ၏။ သူက ထိုအဖွဲ့သည် မည်မျှကြောက်ဖို့ကောင်းကြောင်း သိထားသည်။ အထူးသဖြင့် လူရိုင်းဘုရင်နှင့် ထိုကောင်းကင်ဘုံအရှင်ဝမ်တို့ ဖြစ်၏။
သူ့မျက်လုံးမှ စွမ်းရည်တစ်ခုက လူများ၏ ပါရမီကို ဆုံးဖြတ်ပေးနိုင်သည်။ လမ်းတစ်လျှောက် သူက ကိုယ်ပိုင်စနစ်တစ်ခု ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့ပြီး တစ်ယောက်ချင်းစီ၏ ပါရမီကို အကဲဖြတ်နိုင်ခဲ့သည်။ တန်ဖိုးမဲ့၊ ပါရမီရှင်၊ ကောင်းကင်ရွေးချယ်ခံ အစသဖြင့် အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ ထိပ်တန်းအဆင့်နှင့် မကောင်းဆိုးဝါးအဆင့်ဟူ၍ ခွဲခြားထားလေ၏။ မကောင်းဆိုးဝါးအဆင့်ဟူသည်မှာ တစ်စုံတစ်ယောက်က မွေးဖွားလာနိုင်သည့် အမြင့်ဆုံးအဆင့်ဖြစ်သော်လည်း အမြင့်ဆုံးအဆင့်တော့ မဟုတ်သေးပေ။
ထိုအထက်တွင် တစ်မျိုးဆက်လျှင် တစ်ယောက် ပါရမီ၊ တစ်ခေတ်ကာလလျှင် တစ်ယောက် ပါရမီရှင်နှင့် မူမမှန်မှုပင် ရှိလေသည်။ သို့သော်လည်း ထိုအဆင့်များကို ရရှိဖို့ရာအတွက် ပင်ကိုပါရမီနှင့် မလုံလောက်ပေ။ ကျင့်ကြံသူများက သေမျိုးနှင့် မသေမျိုးကြားမှ အတားအဆီးကို ချိုးဖောက်ခြင်း သို့မဟုတ် နဝမအဆုံးစွန်အုတ်မြစ်ကဲ့သို့ ရည်မှန်းချက်များကို ရယူနိုင်မှသာ မကောင်းဆိုးဝါးအဆင့်ထက် ကျော်လွန်သွားလိမ့်မည်။ ထို့နောက် ထိုအဆင့်ထိပ်ဆုံးတွင် မူမမှန်မှုဟူ၍ ရှိ၏။
ဒုတိယမင်းသားက ထိုအဆင့် တည်ရှိသည်ကို အဝေးမှ ဧကရီဝူ မမြင်ခင်အထိ မသိခဲ့ပေ။ သူက ထို့သို့သော ပါရမီမျိုးကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးကြောင်း ခံစားမိခဲ့၏။ မင်းသားနှစ်က သူ့မျက်လုံးက အမြင်မှားသည်ကို ထင်ထားခဲ့မိသော်လည်း နှစ်များစွာကြာမြင့်ပြီးသည့်နောက်တွင် လူရိုင်းဘုရင်နှင့် တွေ့ပြီး သေချာသွားခဲ့သည်။
ထိုသူက မူမမှန်မှုအဆင့်နှင့် နီးကပ်နေသည့် တစ်ဦးတည်းသောသူ ဖြစ်၏။ ကြည့်ရသည်မှာ အင်မတန် နီးကပ်နေသော်လည်း အချက်တချို့ ကင်းမဲ့နေသေးသည်။ ထို့ကြောင့် လူရိုင်းဘုရင်အား အတုအယောင်မူမမှန်မှုအဖြစ်သာ မှတ်ယူနိုင်သည်။ ယနေ့တွင် မင်းသားနှစ်က ဒုတိယမြောက်အစစ်အမှန် မူမမှန်မှုပါရမီရှင်ကို တွေ့ဆုံလိုက်ရသည်။ ထိုသူက ကောင်းကင်ဘုံအရှင်ဝမ် ဖြစ်၏။
ဒုတိယမင်းသားက ထိုမူမမှန်မှု ပါရမီရှင်များသည် အဘယ်ကြောင့် ကြောက်ဖို့ကောင်းကြောင်း မသိထားသော်လည်း သူတို့က ထူးကဲသည့်စွမ်းအားနှင့် အောင်မြင်မှုများကို ပြသထား၏။ သူက ထိုပါရမီသည် အင်အားနှင့် အမြဲတမ်း ထပ်တူညီနေခြင်း မဟုတ်ကြောင်း ကိုယ့်ကိုယ်ကို ဖျောင်းဖျလျှင်ပင် သူ့အဖေက အခွင့်အရေးတစ်ခုမှ မရှိကြောင်း သိထားသည်။
…………………………………………………….
“အဖြေက အတူတူပဲ” ရက်စက်ခြင်းဘုရင်က ပြောလိုက်သည်။
“အမျိုးသားတွေက ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူး”
“အဖေ့ရဲ့ ခေါင်းကြောမာမှုက ကျွန်တော်တို့ကို ထပ်ပြီးတော့ အဆုံးသတ်စေတော့မှာပဲ။ တစ်ခုခုလုပ်မှဖြစ်မယ်”
ဒုတိယမင်းသားက သက်ပြင်းချလိုက်သည်။
“ကျင့်ကြံသူတစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ ရွေးချယ်မှုနဲ့ စိတ်သဘောထားကို လေးစားပါတယ်။ ဒါပေမဲ့ အုပ်ချုပ်သူ တစ်ယောက်အနေနဲ့တော့ မသင့်တော်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“ဒါပေမဲ့ ခင်ဗျားအပေါ် ကျုပ်အမြင်က အရေးမကြီးဘူး။ ရွေးချယ်ပြီးပြီဆိုမှတော့ ဖြေရှင်းလိုက်ကြတာပေါ့”
ဝမ်ဝေ့၏ အမိန့်အောက်တွင် ရုပ်သေးရုပ်နတ်ဆိုးနှင့် တစ္ဆေနတ်ဆိုးများက သူတို့၏ တပ်ဖွဲ့များကို ဆင့်ခေါ်လိုက်ကြသည်။ သူက ယင်ယန်တာအိုကို အသုံးပြုကာ ထိုတပ်ဖွဲ့များ၏ အောက်ခြေတွင် သင်္ကေတတစ်ခုကို ထုတ်ဖော်လိုက်သည်။ ထို့နောက် တစ္ဆေများက ရုပ်သေးရုပ်များဖြင့် စတင်ပေါင်းစည်းသွားပြီး သူတို့၏ မျက်ဆံက ဝိညာဉ်မီးတောက်ဖြင့် ပြောင်းလဲသွားသည်။
ဝမ်ဝေ့က ထိုအရာကို ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူ့အပြုအမူဖြင့် ထိုအားကောင်းသည့် ရုပ်သေးရုပ်များက စိတ်ဝိညာဉ် သို့မဟုတ် စိတ်ဝိညာဉ်ဆိုင်ရာ တိုက်ခိုက်မှုရှိလာလေသည်။ ထို့အပြင် သူတို့က တစ္ဆေအနေအထားသို့ ပြောင်းလဲနိုင်ပြီး ကိုယ်ထည်မဲ့ အနေအထားတချို့သို့ ဝင်ရောက်နိုင်သည်။ ဤသို့သောရထားမျိုးက ရုပ်သေးရုပ်အမြုတေကို ကာကွယ်ဖို့ရာအတွက် အကောင်းအဆုံးနည်းလမ်းဖြစ်၏။
ဝမ်ဝေ့က သူ့နိုးထအသက်ဝင်ခြင်းကို အသက်သွင်းလိုက်ပြီး ကံကြမ္မာနန်းဆောင် ၁၁ခုကို ဆင့်ခေါ်လိုက်သည်။ သူက အားလုံးကို ထူးဆန်းသည့်အနေအထားအဖြစ် စုဝေးလိုက်ပြီးသည့်နောက်တွင် သူတို့က မှော်စက်ဝန်းတစ်ခု ဆက်နွယ်သွားလေသည်။ နန်းဆောင်က ဒီဟာတစ်ခုလုံးအပေါ် သက်ရောက်မှုရှိသည့် ထူးကဲသော အတက်အကျလှိုင်းတစ်ခု ထုတ်လွှတ်လာ၏။
အဖြစ်အပျက်ကို သတိထားမိသည့်သူက ကောင်းကင်ဘုံအဆင့်များ ဖြစ်၏။ သူတို့၏ မဟာမြူကမ္ဘာမှ ဖန်ဆင်းမှုသက်ရှိများကို မဆင့်ခေါ်နိုင်တော့ပေ။ ဝမ်ဝေ့က သူ့အားနည်းချက်သည် ငယ်ရွယ်မှုဖြစ်ကြောင်း သိထားလေ၏။ ထို့ကြောင့် သူက ဖန်ဆင်းမှုသက်ရှိ လုံလုံလောက်လောက်ကို မပြုစု မပျိုးထောင်ရသေးပေ။ ထို့ကြောင့် သူက ဤတိုက်ပွဲအတွင်း ထိုအရာများကို တားမြစ်ခြင်း ဖြစ်၏။
“အဆင်သင့်ပြင်ကြ” ရက်စက်ခြင်းဘုရင်က အမူအရာပျက်ယွင်းလျက် အမိန့်ပေးလိုက်သည်။ သူ့တပ်ဖွဲ့က ပြိုင်တူတုံ့ပြန်လာကြ၏။ အမျိုးသားနှစ်ယောက်ကလည်း ဆေးလုံးတစ်လုံးစီ သောက်သုံးကာ သူတို့၏ စွမ်းအားက ကောင်းကင်ဘုံအဆင့်သို့ ချက်ချင်းတိုးမြှင့်သွားသည်။
ထို့နောက် သူတို့၏ တိုင်းပြည်မှ ချီကံကောင်းမှုနဂါးက လေဟာနယ်ထဲ ပုံပေါ်လာကာ ထိုသူတို့နှင့် ပေါင်းစည်းသွားပြီး ကောင်းချီးပေးလာသည်။
သတိထားကြ…
ဝမ်ဝေ့က အဖွဲ့အား သတိပေးလိုက်သည်။
အဲဒီအကြည့်ကို သတိထားမိလား။
မုန့်ခယ်က မေးလိုက်သည်။
ကျုပ်က အတွေးလွန်နေတယ်လို့ ထင်နေတာ။
မဟုတ်ဘူး အဲဒီမှာရှိတယ်။ မင်းက လျှို့ဝှက်သခင်နဲ့ ရင်းနှီးတယ်ဆိုတော့ သူလို့ထင်လား…
ဝမ်ဝေ့က မေးလိုက်သည်။
အရမ်းမြန်လွန်းတော့ မပြောနိုင်ဘူး…
မုန့်ခယ်က ပြန်ဖြေလိုက်၏။
ဒါပေမဲ့ တကယ်လို့ အာရုံမခံမိစေဘဲ စောင့်ကြည့်နိုင်မဲ့သူ ရှိမယ်ဆိုရင်တော့ သူပဲဖြစ်လိမ့်မယ်…
ဝမ်ဝေ့က သက်ပြင်းအသာချလိုက်သည်။
ဘာပဲဖြစ်ဖြစ် ကြားဖြတ် အနှောင့်အယှက်အတွက် အဆင်သင့်ပြင်ထား။ ခိုးကြောင်ခိုးဝှက်တိုက်ကွက်အထိ ဖြစ်လာနိုင်တယ်…