← Chapters

လှုပ်ရှားမှု

Vol. 89 Ch. 1241

လှုပ်ရှားမှု

Vol. 89 Ch. 1241

ဝမ်ဝေ့က ဤတိုက်ပွဲ၌ အချိန်များစွာ မကုန်လိုပေ။ ထို့ကြောင့် သူက အစကတည်းက အားကုန်သုံး တိုက်ခိုက်ခဲ့၏။ သူ့ခန္ဓာကိုယ်ဆီမှ မှုန်မှိုင်းကာ ကြက်သီးထဖွယ် အငွေ့အသက်တို့က ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

ရက်စက်ခြင်းဘုရင်က သတိကြီးကြီး ထားထား၏။

အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် တစ္ဆေနှင့်တူသည့် ပုံရိပ်က သူ့အနောက်ဖက်တွင် ပေါ်ထွက်လာကာ လက်နက်ကို ဝှေ့ယမ်းလာသည်။

ရက်စက်ခြင်းဘုရင်က မရဏတံခါးသည် သူ့တံခါးဝသို့ ရောက်ရှိလာကြောင်း ခံစားမိလိုက်၏။ ထို့ကြောင့် သူ့အလိုလိုသိစိတ်က တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးဖို့ရာ  သတိပေးနေသည်။

သူ့ခြေထောက်က ရွှေရောင်ပြောင်းလဲသွားပြီး သူ့ဒူးခေါင်းဝန်းကျင်တွင် နဂါးငယ်က လှည့်ပတ်နေသည်။ ခြေလှမ်းတစ်လှမ်းဖြင့် ရက်စက်ခြင်းဘုရင်က ထိုသက်ရှိဆီကနေ အလင်းနှစ်ရာချီ ဝေးကွာသွားလေ၏။ သို့သော်လည်း ဝမ်ဝေ့က ထိုလှုပ်ရှားမှုကို ခန့်မှန်းထားဟန်ဖြင့် သူ့တည်ရှိမှုကြောင့် မျက်စိဖြင့် မြင်ရလာသည့်  ဧရာမတံခါးကြီးဆီ ရောက်ရှိလာသည်။

ထိုတံခါးကြီးကို ဖွင့်လိုက်သည့်အခါ စုပ်ယူအားတို့ ထုတ်လွှတ်လာပြီး ထိုလူကို ဖမ်းဆီးဖို့ ပြင်လိုက်သည်။ ရက်စက်ခြင်းဘုရင်က ဝိညာဉ်သန်းချီ၏ အော်ဟစ်သံကို ကြားလိုက်ရပြီး အများစုက သူတစ်ခါက သတ်ခဲ့သည့်သူများဟု ခံစားနေရ၏။ သူက စုပ်ယူမှုကို တောင့်ခံထားသော်လည်း ဝမ်ဝေ့က သူ့ရှေ့မှ ရုတ်ချည်းပေါ်ထွက်လာကာ တံခါးထဲ ထိုးချလိုက်သည်။

ဝမ်ဝေ့၏ လက်သီး ဆင်းသက်လာသည့်နေရာ၌ ရက်စက်ခြင်းဘုရင်၏ နဂါးကာကွယ်ရေးနည်းစနစ်ကြောင့် နဂါးဦးခေါင်းပေါ်ထွက်လာကာ သူ့အား တိုက်ကွက်မှ ကာကွယ်ပေးလိုက်သည်။ သို့သော်လည်း ထိုလက်သီးချက်နောက်ကွယ်မှ စွမ်းအားက တံခါးထဲ လွင့်စင်သွားစေဆဲသာ ဖြစ်၏။

ရက်စက်ခြင်းဘုရင်က မရဏတံခါးနှင့် ချဉ်းကပ်လာသည့်အခါ သူ့တာအိုဖြစ်သည့် သေခြင်းတရားကို ငြင်းဆန်ခြင်းဟူသော အရာကို ထုတ်သုံးလိုက်သည်။ သူက စိတ်ထဲတွင် အော်ဟစ်နေလေ၏။ သူ့ငြင်းဆန်မှုတာအိုက သူ့အား မရဏသဘောတရားကိုပင် ငြင်းဆန်နိုင်ခွင့်ပြုထားသည်။ တံခါးက ပျောက်ကွယ်သွားသော်လည်း ရက်စက်ခြင်းဘုရင်၏ ဒုက္ခဝေဒနာက ယခုမှစတင်ခြင်း ဖြစ်၏။

“အဲဒါဆိုရင် စိတ်ရဲ့ သေဆုံးမှုရော” ဝမ်ဝေ့၏ အသံက ပဲ့တင်ထွက်လာသည်။ ရက်စက်ခြင်းဘုရင်က သူသည် အသိစိတ်ပင်လယ်အတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။ စက္ကန့်ပိုင်းနှင့်အမျှ သူ့ဝန်းကျင်တွင် ရှိနေသည့်အရာများက ပိုမို မှုန်မှိုင်းလာသည်။ အရာအားလုံး မှုန်မှိုင်းသွားသည်နှင့် သူ့စိတ် သေဆုံးမှုဖြစ်ကြောင်း သိလိုက်သည်။

သူက သေဆုံးမှုကို ဒုတိယအကြိမ် ငြင်းဆန်ဖို့ ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ ရက်စက်ခြင်းဘုရင်က အလျင်အမြန် တုံ့ပြန်ကာ နည်းဗျူဟာ ပြောင်းလဲခဲ့၏။ သူက သူ့စိတ်၊ စိတ်ဝိညာဉ်၊ ဝိညာဉ်ကို သက်ရောက်မှုရှိစေသည့် အဆိုးခံစားချက်အားလုံးကို ငြင်းဆန်လိုက်သည်။ သူ့တုံ့ပြန်မှုက ရန်သူ၏ နည်းစနစ်အား ပိတ်ဆို့ခွင့်ပြုထားသော်လည်း သူ့ဝိညာဉ်က အနည်းငယ် ဒဏ်ရာရရှိသွားခဲ့သည်။

ဝုန်း

ရက်စက်ခြင်းဘုရင်၏ ရင်ဘတ်အထက် အားကောင်းသည့် စွမ်းအားတစ်ခု ကျရောက်လာကာ သူ့အား လွင့်စင်သွားစေသည်။ သူ့နဂါးကာကွယ်ရေးနည်းစနစ်က ထိုလက်သီးချက်၏ ခွန်အားအောက်တွင် ကြေမွသွားလေသည်။ သူ့အတွက် ကံကောင်းသွားသည်က သူ့တာအိုဆန္ဒက ကောင်းမွန်သည့်အတွက် သူ့ကိုယ်သူ ကာကွယ်လိုက်နိုင်၏။

ရက်စက်ခြင်းဘုရင်က စွမ်းအားအားလုံးကို ငြင်းဆန်ပြီး သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ခဲ့သည်။

သို့သော်လည်း သူက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည့် ကြောက်မက်ဖွယ် မျက်လုံးအစုံကို မြင်လိုက်ရ၏။ ထိုကြောက်မက်ဖွယ် နာကျင်မှုတို့က သူ့ခန္ဓာကိုယ်ထဲ စီးဝင်လာသည်။ နာကျင်မှုက ပြင်းထန်လွန်းသည့်အတွက် သူ့ဝိညာဉ် … မဟုတ်သေးဘူး သူ့တည်ရှိမှုကပင် ခံစားမိလေသည်။ သူက ခန္ဓာကိုယ်မှ နာကျင်မှုကို ငြင်းဆန်တော့မည့်ဆဲဆဲတွင် ဝမ်ဝေ့၏ လက်သီးချက်က သူ့ခေါင်းကို ပေါက်ကွဲထွက်သွားစေပြီး သူ့ဝိညာဉ်အား လက်သီးတစ်ချက်ဖြင့် အဆုံးသတ်လိုက်သည်။

ဤသို့လျင်မြန်သည့် အပြုအမူမျိုးက တိုက်ပွဲကို အဆုံးသတ်ပစ်သင့်လေသည်။ သို့သော်လည်း ဤသည်က အမှန်တရားနှင့် ကင်းဝေးနေသေး၏။ ရက်စက်ခြင်းဘုရင်၏ ဦးခေါင်းမဲ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပြီး ဝမ်ဝေ့က ခြေလှမ်းငါးလှမ်း နောက်ဆုတ်လိုက်ရသည်။

“အသက်ရှည် အရင်းအမြစ်လား”

သူက ရေရွတ်လိုက်၏။ တစ်ဖက်သူက မသေသေးကြောင်း ပြောနိုင်လေသည်။

“ဒါပေမဲ့ သူ့နောက်ခံနဲ့ဆိုရင် အဓိပ္ပာယ်တော့ ရှိပါတယ်”

သူက အဝေးတစ်နေရာကို ကြည့်လိုက်၏။ ထင်ထားသည့်အတိုင်း ရက်စက်ခြင်းဘုရင်က မှုန်မှိုင်းသည့်အရာဖြင့် အသက်ပြန်ရှင်လာသည်။ အခြေအနေက အတော်လေး ဆိုးရွားနေလေ၏။ သူက သေခြင်းတရားကို အယောင်ဆောင်ဖို့ အသက်ရှည်နည်းစနစ်ကိုပင် အသုံးမပြုနိုင်ပေ။

ဘာတွေ အဲ့လောက်ကြာနေတာလဲ…

ရက်စက်ခြင်းဘုရင်က လျှို့ဝှက်သခင်သည် ရောက်ရှိလာပြီး သူ့ကို ကယ်တင်လိမ့်မည်ဟု မျှော်လင့်ချက်ရှိနေဆဲ ဖြစ်၏။

အဖေ ကျေးဇူးပြုပြီး နောက်ဆုတ်လိုက်ပါတော့…

ဒုတိယမင်းသားက အံ့ဖွယ်အသိစိတ်မှတဆင့် စကားပို့ဆောင်ပြောလိုက်သည်။

မသိတတ်တဲ့သား ပါးစပ်ပိတ်ထား

ရက်စက်ခြင်းဘုရင်က ပြန်လည်ချေပလိုက်၏။

ဘေးပတ်လည်ကို ကြည့်လိုက်ဦး။ ကျွန်တော်တို့ဆီမှာ အခွင့်အရေးမရှိဘူး …

ရက်စက်ခြင်းဘုရင်က အခြေအနေကို မြင်လေ၏။ သူ့တပ်ဖွဲ့က အစပိုင်းတွင် အရေးသာချက်ရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုရုပ်သေးရုပ်များက အကြောက်တရားမရှိဘဲ တစ္ဆေများစွာ၏ ထောက်ပံ့မှုကြောင့် သူတို့သည် ဖြည်းဖြည်းချင်း လက်ဦးမှုရရှိလာသည်။ လူရိုင်းဘုရင်ကလည်း သူ့ပထမသားကို အောင်အောင်မြင်မြင် ဖမ်းဆီးထားလေ၏။ သူ့ဒုတိယသားကမူ သိုင်းပညာအဖွဲ့ခေါင်းဆောင်၏ အကူအညီကြောင့် တောင့်ခံရုံမျှသာ ဖြစ်သည်။

“ကျုပ်တို့ စွမ်းအားကြားက ကွာဟချက်ကို သတိထားမိပြီမလား” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲဒါဆိုရင် ဉာဏ်ရှိတဲ့ အရာကိုလုပ်ပြီး ဘာလို့ အညံ့မခံလိုက်တာလဲ။ ခင်ဗျားက တခြားသူဆီမှာ မခစားချင်ဘူးဆိုရင်လည်း ကိစ္စမရှိဘူး။ ခင်ဗျား အနားယူပြီးတော့ ခင်ဗျားသားတစ်ယောက်ကို ကျုပ်လက်အောက်ငယ်သားဖြစ်ဖို့ ရွေးချယ်လိုက်ပေါ့”

“လျှောက်ပြောမနေနဲ့” ရက်စက်ခြင်းဘုရင်က တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်သည့်အတွက် ဝမ်ဝေ့က အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။

“ကျုပ်က ခင်ဗျားလိုလူမျိုးတွေကို အမုန်းဆုံးပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ သူ့အပေးအယူက အင်မတန် ရက်ရောလှပြီး သူက ဤနေရာကို လွှမ်းမိုးဖို့ ကြိုးစားနေခြင်းဖြစ်ကာ ကစားနေခြင်း မဟုတ်ပေ။ သို့သော်လည်း ထိုသူက အရာအားလုံးကို ငြင်းဆန်နေလေ၏။ သူ့ခေါင်းမာမှုက သိုင်းပညာအုပ်စိုးသူကမ္ဘာမှ ထိုသူအား အမှတ်ရသွားစေသည်။

“ကောင်းပြီလေ။ ခင်ဗျားရွေးချယ်လိုက်တဲ့ ခင်ဗျားကံပဲ” ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ဒီတစ်ခါတော့ အတည်သေရစေမယ်”

ဝမ်ဝေ့က ဆက်လက် တိုက်ခိုက်လာစဉ် ရက်စက်ခြင်းဘုရင်က သူ့ခန္ဓာကိုယ်ကို တုံ့ပြန်လိုက်သည်။ သူ့ခန္ဓာကိုယ်က အားကောင်းသည့် အဝါရောင်မြူခိုးကဲ့သို့ စွမ်းအားများ ထုတ်လွှတ်လာလေ၏။ ထိုအရာက နောက်ဆုံးမဟာမြူ ဖြစ်ပေသည်။

ရက်စက်ခြင်းဘုရင်က ကောင်းကင်ဘုံများ၏ နောက်ဆုံးသောတစ်ခုကို ထုတ်သုံးလာခြင်း ဖြစ်သည်။ သူက မဟာမြူကမ္ဘာကို စတေးပြီး အထဲတွင်ရှိနေသည့် အရာအားလုံးကို ဖျက်ဆီးကာ သူတို့အား စကြဝဠာမဟာမြူချီ အဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် သူက မဟာမြူစက်ဝန်းကို စတေးပြီး ယန်မှ ယင်အဖြစ် ပြောင်းပြန်လှန်ကာ စကြဝဠာမဟာမြူခိုး နောက်ဆုံး မဟာမြူအဖြစ် ပြောင်းလဲခဲ့သည်။

ရက်စက်ခြင်းဘုရင်က ပြင်းထန်သည့် အဝါရောင်စွမ်းအားတို့ကို နဂါးအသွင် ပြောင်းလဲစေပြီး ဝမ်ဝေ့အား တိုက်ခိုက်လာသည်။

သူ့ခုခံမှုက ဘယ်လောက်ပဲကောင်းကောင်း၊ အစစ်အမှန်ဆန္ဒကို ဘယ်လောက်ပဲ ထိန်းချုပ်နိုင်နိုင် နောက်ဆုံးမဟာမြူရဲ့ သက်ရောက်မှုက သူ့ကို ဒဏ်ရာအပြင်းအထန်ရရှိသွားစေမှာပဲ။ အဲ့လိုဖြစ်လာတာနဲ့ ငါ့အတွက်တိုက်ပွဲကို အချိန်ဆွဲထားဖို့ ပိုပြီးလွယ်ကူသွားလိမ့်မယ်…

ရက်စက်ခြင်းဘုရင်က တွေးလိုက်၏။

နှမြောစရာကောင်းလှစွာဖြင့် ရက်စက်ခြင်းဘုရင်က အမှားနှစ်ခု လုပ်ထားခဲ့သည်။ ပထမဦးစွာ သူသည် အကန့်အသတ် မဖျက်ဆီးနိုင်စွမ်း၏ သက်ရောက်မှုကို လျှော့တွက်ထားလေ၏။ အထူးသဖြင့် ကောင်းကင်ဘုံအဆင့် ဖြစ်သည်။ ထို့ကြောင့် သူသည် မုန့်ခယ်နှင့် ရင်ဆိုင်နေရသည်ဆိုလျှင်ပင် ထိုတိုက်ကွက်က သူ့ကို ဒဏ်ရာအနည်းငယ်မျှသာ ရရှိစေလိမ့်မည်။

ဒုတိယအမှားအယွင်းကမူ တစ်ဖက်သူက ကောင်းကောင်းမသိခြင်း ဖြစ်၏။ မဟာမြူက ဟွင်သွမ်းစကြဝဠာ၏ ပထမဦးဆုံးချီအဖြစ် မှတ်ယူနိုင်သော်လည်း အမှန်တရား မဟုတ်ပေ။ ဗလာနတ္ထိကသာ ပထမ ဖြစ်၏။ ထိုအရာက ခေတ္တမျှသာ တည်ရှိခဲ့သော်လည်း ရှေးကျနေဆဲသာ ဖြစ်သည်။ ထို့ကြောင့် ဗလာနတ္ထိဖြင့် အားဖြည့်ထားသည့် ဝမ်ဝေ့၏ ခန္ဓာကိုယ်က နောက်ဆုံးမဟာမြူထံ ခံနိုင်ရည် ပိုမိုမြင့်မား၏။

သို့သော်လည်း သူက ထိုခုခံနိုင်စွမ်းကို ထိုတိုက်ကွက်အတွင်း အသုံးမပြုခဲ့ပေ။ ထိုအစား သူက စုပ်ယူရင်း မန္တန်တစ်ခုကို အသုံးပြုပြီး ရက်စက်ခြင်းဘုရင်၏ မဟာမြူချီကို စုပ်ယူပြီး ဗလာနတ္ထိစွမ်းအားအဖြစ် ပြောင်းလဲလိုက်သည်။ ထို့ကြောင့် ထိုတိုက်ကွက်၏ နောက်ဆုံးရလဒ်က ဝမ်ဝေ့သည် ရက်စက်ခြင်းဘုရင်၏ လည်ပင်းမှ မြှောက်ကိုင်ထားသည်ကို မြင်ရလိမ့်မည်။

“ခင်ဗျားက ကံကောင်းတာပဲ။ ကျုပ်ကို ဒီလောက်ထိ ခင်ဗျားကို အစစ်အမှန်သေဆုံးမှု ပေးအောင်ထိ လုပ်လောက်အောင် ထင်ရှားမှုမျိုးတော့ မဟုတ်ဘူး” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။

“ခင်ဗျားကိုယ်တိုင် အသက်ပြန်ရှင်လာတဲ့အချိန်ကျရင် ခင်ဗျားရဲ့ မပြီးပြည့်စုံမှုကို အကဲဖြတ်ဖို့ အချိန်ပဲ”

ရက်စက်ခြင်းဘုရင်၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားလေသည်။ သူ့မျက်ဝန်းက တည်ငြိမ်မှုနှင့် စိတ်သက်သာရာရမှုတို့ ပြသလာသည်။

တိုက်ပွဲက ဒီလိုအဆုံးသတ်သွားပြီလား…

မုန့်ခယ်က တွေးလိုက်သည်။

အဲဒါဆို ငါလည်း အဆုံးသတ်သင့်ပြီ…

လူ့ဘီလူး ဖိအား

သူက သူ့ခန္ဓာကိုယ်ထဲတွင် ပေါင်းစည်းထားသည့် လူ့ဘီလူး၏ အလေးချိန်များကို ဆင့်ခေါ်ပြီး မြေဆွဲအားအသွင်ပြောင်းလဲကာ တိုက်ပွဲအပေါ် သက်ရောက်မှု ရှိစေလိုက်သည်။ မဟာမိတ် မဟုတ်သည့်သူအားလုံးက ဒူးထောက်လိုက်ရပြီး ကြွက်သားတစ်ခုပင် မလှုပ်ရှားနိုင်တော့ပေ။

ဝမ်ဝေ့က တိတ်တဆိတ် ကျေနပ်စွာ ခေါင်းညိတ်ရင်း အဖွဲ့ဆီ ပြန်ရောက်လာ၏။ ဒုတိယမင်းသားကို ကြည့်ကာ ပြောလိုက်သည်။

“ငါက မင်းအဖေကို အစစ်အမှန်သေဆုံးမှု မပေးလိုက်ဘူး။ အဲဒါဆိုတော့ ငါ လိုချင်တာကို မင်းနားလည်မှာပါ”

“လူကြီးမင်း မစိုးရိမ်ပါနဲ့။ ကျုပ်က အညံ့ခံပြီးတော့ သစ္စာရှိမှုကို ပြသမယ်” ဒုတိယမင်းသားက ချက်ချင်း ပြောလိုက်သည်။

“ကောင်စုတ်။ ငါ့ကိုယ်စား ဘယ်သူက မင်းကို စကားပြောခွင့်ပေးလို့လဲ” ပထမမင်းသားက အော်ပြောလိုက်သည်။

ဒီအရူးကတော့…

ဒုတိယမင်းသားက တွေးလိုက်၏။ သူက သူ့အစ်ကို၏ ဝိညာဉ်ကို ချက်ချင်းသုတ်သင်ပစ်ဖို့ ဝိညာဉ်တိုက်ကွက်ကို အသုံးပြုဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။

“ကျုပ်အစ်ကိုအစား တောင်းပန်ပါတယ်။ သူက ထပ်ပြီး မနှောင့်ယှက်နိုင်တော့ပါဘူး”

“ဆုံးဖြတ်ချက်ပြတ်သားတယ်။ ငါ သဘောကျတယ်။ မင်းရဲ့ လူတွေကို ထိန်းချုပ်နိုင်လား” ဝမ်ဝေ့က မေးလိုက်သည်။

“တပ်ဖွဲ့တစ်ဝက်က ကျုပ်လူတွေပါ”

ဒုတိယမင်းသားက ထိုအမှန်တရားကို တည်ငြိမ်စွာ ကြေညာလိုက်သည်။

“ကျုပ်သာ စစ်သူကြီးလုံကို ဖျောင်းဖျနိုင်သရွေ့ ကျန်တစ်ဝက်ကလည်း ကျုပ်နောက်ကို လိုက်ပါလာနိုင်တယ်”

“ကောင်းပြီ။ မင်းကို နာရီဝက်ပေးမယ်”

မင်းသားက သိုင်းပညာအဖွဲ့ခေါင်းဆောင်နှင့် စကားပြောဆိုခဲ့သည်။ ထိုသူကို စစ်သူကြီးလုံဟု သိကြ၏။ ဆယ်မိနစ်ကြာမြင့်ပြီးသည့်နောက်တွင် စစ်သူကြီးက ကြေညာလိုက်သည်။

“ငါတို့တွေက ဒုတိယမင်းသားကို ခစားမယ်”

“ကောင်းပြီ” ဝမ်ဝေ့က ခေါင်းညိတ်ပြုံးလိုက်သည်။

“အဲဒါဆိုရင် ကောင်းကင်ပြာမျှော်နန်းဆောင်ဆီ ပြန်သွားကြတာပေါ့။ ဇာတ်ကြောင်းကို စိတ်ဝင်စားတယ်”

တုကွန်းက သူမ၏ တုတ်ကောက်ကို ဝှေ့ယမ်းပြီး အများအသုံးပြုနိုင်ဖို့ အာကာပြင်မုခ်ဝတစ်ခု ဖွင့်လှစ်လိုက်သည်။ တစ်ယောက်ပြီးတစ်ယောက်ဆိုသလို အားလုံးက တိုက်ခိုက်ရေးကွင်းမှ ထွက်ခွာသွားကြပြီး ဝမ်ဝေ့တစ်ယောက်တည်းသာ ကျန်ရှိလေ၏။ သူက အဝေးတစ်နေရာကို ကြည့်ကာ အတွေးနက်နေမိသည်။

ငါ ခံစားမိတာ တခြားတစ်ယောက်ရဲ့ အကြည့်လား ဒါမှမဟုတ်ဘူးဆိုရင် လျှို့ဝှက်သခင်လား။ ဒါမှမဟုတ်ဘူးဆိုရင် သူ တခြားတစ်ခုကို စီစဉ်နေတာလား…

ဝမ်ဝေ့က တီးတိုးရေရွတ်လိုက်သည်။ သူက မသေချာမှုကို သဘောမကျပေ။

All Chapters