← Chapters

မျက်ဆံနှစ်ခု

Vol. 89 Ch. 1242

မျက်ဆံနှစ်ခု

Vol. 89 Ch. 1242

သိုင်းပညာတားမြစ်အဖွဲ့ကို ဖြေရှင်းပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့လက်အောက်ငယ်သားများအား ဆင့်ခေါ်ခဲ့သည်။ သူက အခန်းအလယ်ရှိ ပလ္လင်ပေါ်တွင် ထိုင်နေရင်း ညာဖက်တွင် မုန့်ခယ်နှင့် သူ့ဇနီးဖြစ်သူ ရှိကာ ဘယ်ဖက်တွင်မူ မီးတောက်ပန်းပဲဆရာ ရှိ၏။ သူက အားလုံးကို ကြည့်လိုက်သော်လည်း သူ့အကြည့်က ဒုတိယမင်းသားအပေါ် မရှိဘဲ အဆိပ်နတ်ဆိုးမနှင့် ခန္ဓာနတ်ဆိုးတို့အပေါ် ကျရောက်နေသည်။

“မင်းတို့ကို ပေးလိုက်တဲ့ ပထမဦးဆုံးတာဝန်မှာ အဖမ်းခံရတာတော့ သိပ်မကောင်းဘူးဆိုတာ မင်းတို့လည်း နားလည်မှာပါ”

“ကျုပ်တို့ နားလည်ပါတယ်” ခန္ဓာနတ်ဆိုးက ဦးညွှတ်လိုက်ပြီး ထိုအကြောင်းအရာကို လက်ခံလေ၏။ ထိုစဉ် အဆိပ်နတ်ဆိုးမကမူ ထိုအခြေအနေသည် မမျှတကြောင်း ခံစားမိသော်လည်း တောင်းပန်လိုက်သည်။

“ဒါက မင်းတို့ရဲ့ ပထမဦးဆုံး ရှုံးနိမ့်မှုပဲ။ ဒီတစ်ခါတော့ စကားနဲ့ပဲ သတိပေးလိုက်မယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ မင်းတို့အားလုံးက အဖြစ်အပျက်ကို နားလည်ထားသင့်တယ်။ ငါတို့တိုက်ရမှာက ခေတ်ကာလကိုအဆုံးသတ်ရမဲ့ စစ်ပွဲတစ်ခု။ အဲဒါဆိုတော့ ရှုံးနိမ့်မှုက ငါတို့နဲ့ ငါတို့ ဂရုစိုက်တဲ့သူတွေအတွက် ဘယ်လိုအဓိပ္ပာယ်လဲဆိုတာကို အသိပေးနေဖို့ လိုမယ်မထင်ဘူး”

ဝမ်ဝေ့က ခေတ္တမျှ ရပ်လိုက်ပြီးသည့်နောက်တွင် ဒုတိယမင်းသားအား ကြည့်လိုက်သည်။

“မင်းနာမည်က ဘယ်သူလဲ”

“ကျွန်တော်က မဟာထန်အံ့ဖွယ်ခုံရုံးရဲ့ ဒုတိယမင်းသား ကျားဖျင်ပါ”

“မဟာထန်လား။ မင်းတို့တွေက တိုင်းပြည်အစုအဝေးရဲ့ ထိပ်သီးအဖွဲ့ဝင်တွေပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ ထိုအဖွဲ့အစည်းက အာဏာရှင် ၁၃ယောက်ကြား မရှိပေ။ အကြောင်းအရ်ငးကမူ မဟာချင်သူတော်စင်ခုံရုံးက ထို၁၃ယောက်ထဲတွင် တစ်ခုတည်းသော တိုင်းပြည်ဖြစ်နေ၍ ဖြစ်၏။ သို့သော်လည်း မဟာချင်သူတော်စင်ခုံရုံးက ရည်မှန်းချက်ကြီးလွန်းပြီး တခြားသောတိုင်းပြည်များအား သူတို့နှင့် ပေါင်းစည်းဖို့ သို့မဟုတ် ဦးညွှတ်ဖို့ ဖိအားပေးခဲ့သည်။ ထို့ကြောင့် ၁၃ ယောက်ထဲမှ တခြားလူများက သူတို့၏ ရည်မှန်းချက်များအား ပျောက်ကွယ်ကာ မျှခြေညီစေဖို့အတွက် တိုင်းပြည်အစုအဝေးကို တည်ထောင်ဖို့ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

“အဲဒါက အတိတ်တုန်းကပါ” ကျားဖျင်က ပြောလိုက်သည်။

“ကျုပ်တို့တိုင်းပြည်က ဖျက်ဆီးခံလိုက်ရပြီး အခု အတိတ်ရဲ့ အခွံပဲ ကျန်တော့တယ်”

“ဘယ်လိုတွေဖြစ်ခဲ့တာလဲ”

“ဝူယွီဇာမဏီက မြေကမ္ဘာဧကရာဇ်ကို ဆန့်ကျင်ဖို့ ကျုပ်တို့ကို နယ်ရုပ်အနေနဲ့ အသုံးချချင်ခဲ့တာ။ အဲဒီမြေကမ္ဘာဧကရာဇ်က လူသားဧကရာဇ်နဲ့ မဟာချင်သူတော်စင်ခုံရုံးလိုမျိုး ပြုမူနေတာမျိုးပေါ့။ အမတ်တွေက ကျုပ်အဖေကို သံတမန်ရေးရာနည်းလမ်း သုံးပြီး ကြားနေနေဖို့ သတိပေးခဲ့ပေမဲ့ သူက နားမထောင်ခဲ့ဘူး” ကျားဖျင်က သက်ပြင်းချလိုက်သည်။

“သံတမန်အပေါ် ပထမဦးဆုံး ရိုင်းတာလည်း သူပဲ။ အဲ့နောက် သူက ဝူယွီဇာမဏီကို သုတ်သင်ဖို့ ထာဝရဇာမဏီနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်။ သူက သူမကို နှင်ထုတ်ပြီး သူ့နေရာမှာ ဝင်နိုင်မယ်လို့ ထင်နေတာ။ ထင်ထားတဲ့အတိုင်း သူ့အပြုအမူက ပျက်စီးသွားပြီးတော့ တခြားသူတွေက အခွင့်အရေးကို သုံးပြီး  တိုင်းပြည်ကို ဖျက်ဆီးခဲ့တာပဲ”

“ကြည့်ရတာ မင်းအဖေက အကောင်းဆုံးအုပ်ချုပ်သူ မဟုတ်ဘဲနဲ့ ဘယ်လိုမျိုး ပလ္လင်ရလာပါလိမ့်” တုကွန်းက မေးလိုက်သည်။

“သူက သူ့မောင်နှမတွေနဲ့ ယှဉ်လိုက်ရင် အုပ်ချုပ်ရေးပိုင်းမှာ နိမ့်ကျနေတာတော့ အမှန်ပဲ” ကျားဖျင်က ဝန်ခံလိုက်သည်။

“ဒါပေမဲ့ သူက အကောင်းဆုံးတပ်ဖွဲ့ခေါင်းဆောင်ပဲ။ ကျုပ် သိထားသလောက်ကတော့ အကြီးအကဲတွေနဲ့ ဘိုးဘေးတွေက သူ့ကို ဆက်ခံသူအနေနဲ့ ရွေးချယ်ခဲ့တာက သူ့ရဲ့ အုပ်ချုပ်ရေးလိုအပ်နေမှုကို သူတို့ရဲ့ တည်ရှိမှုနဲ့ ဖြည့်စည်းနိုင်လိမ့်မယ်လို့ ထင်ထားခဲ့တာနေမယ်။ ကံဆိုးတာက သူတို့က သေဆုံးသွားပြီးတော့ သူတို့ရဲ့ တည်ရှိမှု မရှိဘဲနဲ့ အဖေက ဘယ်သူ့စကားကို နားမထောင်ဘဲ စိတ်လိုက်မာန်ပါ လုပ်လာတော့တာပဲ”

“တကယ်ကို ကံကြမ္မာအလှည့်အပြောင်းပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

“အဲဒါဆို မင်းရဲ့ အခြေအနေကရော ဘယ်လိုလဲ။ မင်းက ကောင်းကင်ဘုံအဆင့်ရောက်နေတယ်ဆိုပေမဲ့ မင်းရဲ့ ကျင့်ကြံဆင့်ကို ဝှက်ထားတယ်။ မင်းက မင်းအဖေရဲ့ တပ်ဖွဲ့ကို တိတ်တဆိတ်ထိန်းချုပ်ထားသေးတယ်”

“ကျုပ်ဆီမှာ ရွေးချယ်စရာ မရှိဘူးလေ။ ကျားဖျင်က မလုံမလဲ ပြုံးကာ ပြောလိုက်သည်။

“ကျုပ် ငယ်ငယ်ကတည်းက ကျုပ်က အစ်ကိုကြီးထက် ပိုပြီး စွမ်းဆောင်ရည်ရှိတယ်ဆိုတော့ ပလ္လင်က ကျုပ်အပိုင် ဖြစ်သင့်တယ်လေ။ ဒါပေမဲ့ ကျုပ်အဖေက ကျုပ်ကို အကြောင်းအရင်းတချို့ကြောင့် တိတ်တဆိတ် ရွံရှာပြီးတော့ အစ်ကိုကြီးကိုပဲ ကောင်းကောင်းဆက်ဆံခဲ့တာ။ ကျုပ်တို့က တစ်မအေတည်းပဲ။ အတိတ်တုန်းက သူ့မောင်နှမနဲ့ အဖြစ်အပျက်တွေကို မြင်ပြီးတော့ သူ့ရဲ့ စိတ်မလုံမခြုံမှုတွေကို ကျုပ်အပေါ် ပုံချလိုက်တာလို့ ထင်တယ်။

ကျုပ်အမေ အသက်ရှင်နေတုန်းကတော့ ကျုပ်တို့ကို ညီတူညီမျှ ဆက်ဆံချင်ယောင်ဆောင်ခဲ့တာပေါ့။ ဒါပေမဲ့ သူမက စံပြစမ်းသပ်ချက် ခံယူရင်းနဲ့ ကျရှုံးသွားတဲ့နောက်မှာ သူက ဟန်ဆောင်မနေတော့ဘူး။ အဲဒါကြောင့် သူမရဲ့ ပြန်လည်ဝင်စားမှုကို လိုက်မရှာတဲ့ အကြောင်းအရင်းကလည်း အဲ့တာပဲ ထင်တယ်”

ကျားဖျင်က လှောင်ပြောင်သည့် အမူအရာမျိုး ရှိနေလေ၏။

“အမေက ဒီလိုအခြေအနေမျိုးကို မှန်းဆမိပြီးတော့ ကျုပ်ကို ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ သတိပေးခဲ့တယ်လေ”

“မင်းအမေက ဒီလိုမျိုးအခြေအနေမျိုးမှာ စစ်ဆေးဖို့ ကြိုးစားခဲ့တာလား။ တကယ်ကို ရဲတင်းတဲ့ အမျိုးသမီးပဲ” ဝမ်ဝေ့က ချီးကျူးလိုက်သည်။

“ဟုတ်တယ်” အကြီးအကဲများက သူ့အဖေအား ပလ္လင် တက်လှမ်းခွင့်ပြုသည့် အဓိကအကြောင်းအရင်းတစ်ခုကမူ ကျားဖျင်၏ မိခင်နှင့် လက်ထပ်ထားမှုကြောင့် ဖြစ်၏။ သူမက သူ၏ ကျောက်ဆူးသဖွယ် ဖြစ်ကာ သူ့မာနနှင့် မောက်မာမှုတို့ကို ထိန်းချုပ်ထားနိုင်သည်။

“အဲဒါဆိုတော့ မင်းရဲ့ ကျင့်ကြံဆင့်ကို ဝှက်ထားဖို့ ဘယ်လိုနည်းလမ်းကို သုံးထားတာလဲ” ဝမ်ဝေ့က သူ့ဆီက ဖုံးကွယ်နိုင်သည့် နည်းလမ်းကို သိချင်နေမိသည်။

“အဲဒါက ဘာမှအံ့ဩစရာတော့ မရှိပါဘူး။ အဆင့် ၁၂ အဆောင်တစ်ခုပါပဲ” ကျားဖျင်က ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ပြရင်း ပြောလိုက်သည်။

“ကျုပ်အမေက သူမ၏ စမ်းသပ်ချက်အတွက် အရင်းအမြစ်ချီ နေရာလွတ်ထဲ မဝင်ရောက်ခင် ပေးခဲ့တာလေ။ ဒါက သူမ ကျန်ခဲ့တဲ့ ပစ္စည်းတွေထဲက တစ်ခုပဲ”

ကျားဖျင်က အဆောင်ကို ချစ်မြတ်နိုးစွာ ကြည့်လိုက်သည်။

“ဒါပေမဲ့ အရှင် သဘောကျတယ်ဆိုရင် ယူလို့ရပါတယ်။ ဒါပေမဲ့ ဒါက ကျင့်ကြံဆင့်ကို ဝှက်ထားဖို့ပဲ အသုံးဝင်တယ်ဆိုပေမဲ့ မှန်ကန်တဲ့ အခွင့်အရေးအတွက်တော့ ကောင်းမွန်တဲ့ အရင်းအမြစ်တစ်ခု ဖြစ်မှာပါ”

“ဒီလိုအဖိုးတန်အရာမျိုးကို အကြောင်းပြချက် မရှိဘဲ မယူပါဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“ဒါပေမဲ့ အခြေအနေ လိုအပ်လာတယ်ဆိုရင်တော့ မင်းဆီက ငှားယူရလိမ့်မယ်”

သူက ရောက်ရှိလာမည့် တိုက်ပွဲအတွက် အရင်းအမြစ်အားလုံးကို လိုအပ်နေကြောင်း သိထားသော်လည်း သူ့လက်အောက်ငယ်သားဆီမှ ပစ္စည်းကို ယူမည်မဟုတ်ပေ။ ထိုသို့သော အပြုအမူမျိုးက တပ်ဖွဲ့ကို ပျက်ပြားသွားစေနိုင်သည်။

“ကိစ္စမရှိပါဘူး” ကျားဖျင်က ခေါင်းညိတ်လိုက်၏။

“ငါ့ဆီမှာ မေးခွန်းနှစ်ခု ရှိတယ်။” ဝမ်ဝေ့က ပြောလိုက်သည်။

“ငါတို့တွေ တိုက်ပွဲကွင်းပြင်မှာ ထွက်ပေါ်လာတုန်းက မင်းရဲ့ တုံ့ပြန်မှုက ဘာလဲ။ မင်းမျက်လုံးက တစ်ခုခုကို မြင်လိုက်တယ်မလား”

ကျားဖျင်က တုံ့ဆိုင်းသွားပြီးသည့်နောက်တွင် သူ့ပါရမီအဆင့်များအကြောင်း ပြောပြလိုက်သည်။

“မူမမှန်မှုတဲ့လား” ဝမ်ဝေ့က ရေရွတ်လိုက်၏။ သူက သူ့အနာဂတ်ဇနီးနှင့် ဒုတိယမင်းသားက ဆက်နွယ်မှုတချို့ရှိကြောင်း အံ့အားသင့်မိသွားသည်။ သို့သော်လည်း ထိုသို့သော ပါရမီအဆင့်အတွက်မူ ဝမ်ဝေ့က အကြမ်းဖျင်းသာ သိလေ၏။ ဤသည်က သူ့အနေဖြင့် ဝူဟုန်နှင့် သူ့အား မူမမှန်မှုဖြစ်စေသည့် အချက်ကို ကောက်ချက်ချဖို့ရာ သတင်းအချက်အလက် နည်းပါးလွန်းနေသည်။

နမူနာအနေဖြင့် သူ့ဘိုးဘေး ဓားဧကရီက သူမ၏ ပြိုင်ဖက်ကင်းပါရမီကြောင့် မူမမှန်မှု ဖြစ်သင့်သော်လည်း မုန့်ခယ်ကဲ့သို့သာ မူမမှန်မှုတစ်ပိုင်းအဆင့်သာ ဖြစ်နေလေ၏။

ဒါက နဝမအဆုံးစွန် အုတ်မြစ်ကို ရယူထားတာနဲ့ ပတ်သက်နေတာလား။ ဒါမှမဟုတ်ဘူးဆိုရင် တခြားအချက်တွေလည်း ပါနေသေးတာလား…

မေးခွန်းများစွာ ရှိနေသော်လည်း အဖြေ မရှိပေ။

“အရှင် ကျုပ် ဘာလိုအပ်နေတယ်လို့ ထင်လဲ” မုန့်ခယ်က မေးလိုက်သည်။ သူက ထိုမေးခွန်းသည် သူ့အနာဂတ်အတွက် အင်မတန် အရေးကြီးကြောင်း ခံစားမိလိုက်၏။

“သတင်းအချက်အလက်နည်းသေးတော့ အတိအကျတော့ မပြောနိုင်သေးဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“ကြည့်ရတာ တာအိုနှစ်ခု ကျင့်ကြံရမယ် ထင်တယ်”

“ဒါပေမဲ့ ကျုပ်က ခန္ဓာကိုယ်လေ့ကျင့်သူလေ။ အဲဒါဆိုတော့ လမ်းစဉ်တစ်ခုတည်းသမားက မူမမှန်မှု ဖြစ်မလာနိုင်ဘူးလို့ ပြောတာလား”

“ငါ ပြောတဲ့အတိုင်းပဲ။ ကောက်ချက်ချဖို့ သတင်းအချက်အလက်က နည်းလွန်းသေးတယ်” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

“နောက်ထပ် ဖြစ်နိုင်ချေတစ်ခုက မင်းက တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ရောက်ဖို့ လိုအပ်တာလည်း ဖြစ်နေနိုင်တယ်။ ငါက ဧကရာဇ်အဆင့်မှာ တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ရောက်ခဲ့တယ်လေ။ အဲဒါက မင်း လိုအပ်တာ ဖြစ်နေနိုင်တယ်”

ဝမ်ဝေ့က သူ့အနာဂတ်ဇနီးသည် ကောင်းကင်ဘုံအဆင့် သို့မဟုတ် စံပြအဆင့်တွင် တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ရောက်ရှိခဲ့ကြောင်း ကောက်ချက်ချလိုက်သည်။ သို့သော်လည်း ဤသည်က သုံးသပ်ချက်မျှသာ ရှိသေး၏။

“တားမြစ်တိုက်ခိုက်ရေးအဆင့်လား” မုန့်ခယ်က ရေရွတ်လိုက်သည်။

“ရှင် ဒီကိစ္စကို အများကြီး အာရုံမစိုက်သင့်ဘူး” တုကွန်းက သတိပေးလိုက်သည်။

“ဒီအချက်အလက်က ဒီကောင်လေးရဲ့ အမြင်စွမ်းအားနဲ့ ကိုယ်ပိုင်သုံးသပ်ချက်အပေါ်မှာပဲ အခြေခံတယ်။ အရှင် ပြောတဲ့အတိုင်း ကောက်ချက်ချတဲ့ သတင်းအချက်အလက်က နည်းလွန်းသေးတယ်။ အဲဒါဆိုတော့ ရှင့်ရဲ့ လမ်းစကို မပျောက်စေနဲ့”

တုကွန်းက သူမ၏ ခင်ပွန်းဖြစ်သူသည် စွမ်းအားနှင့် ပတ်သက်လာသည့်အခါ် အစွဲအလမ်းကြီးကြောင်း သိထားလေ၏။ ထို့ကြောင့် သူမက သူ့အား ထိုအဆင့်များအပေါ် အာရုံများစွာ မစိုက်ဖို့ သတိပေးလိုက်ခြင်း ဖြစ်သည်။

“ဒုတိယမေးခွန်း” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“မင်းရဲ့ မျက်လုံးက နိုးထလာတာလား”

“ဟုတ်ပါတယ်” ကျားဖျင်က ဂုဏ်ယူစွာ တုံ့ပြန်လိုက်သည်။

“မျက်ဆံနှစ်ခုက ထိပ်တန်းရုပ်ခန္ဓာတစ်ခု ဖြစ်သော်လည်း သူကိုယ်တိုင် နိုးထလာပါက တန်ဖိုးသည် ထိပ်တန်း ကောင်းကင်ရုပ်ခန္ဓာငါးခုနှင့်ပင် ယှဉ်နိုင်လေ၏။ အကြောင်းအရင်းကမူ ထိုအရာသည် ပုံတူပွားခြင်းဟူသော စွမ်းရည်တစ်ခုရရှိလာ၍ ဖြစ်သည်။

နာမည်အတိုင်း ထိုစွမ်းရည်က မျက်ဆံနှစ်ခု၏ ပိုင်ရှင်အား တခြားတစ်ယောက်၏ ကျင့်ကြံဆင့်နှင့် တာအိုကို ကူးယူခွင့်ပြုထားလေသည်။ တခြားနည်းဖြင့် ပြောရလျှင် ကျားဖျင်က ဝမ်ဝေ့၏ ကံကြမ္မာတာအိုကို ကူးယူပြီး ဝမ်ဝေ့နှင့် တူညီသည့် ၇၇ ရာခိုင်နှုန်းအထိ ရောက်ရှိလာနိုင်သည်။ ထို့နောက် ကျားဖျင်က သူ ရရှိထားသည့် ကံကြမ္မာတာအိုကို သူ့ပင်မ သို့မဟုတ် အရန်တာအိုအဖြစ် ရွေးချယ်နိုင်၏။

“ဘယ်အဆင့် ရောက်ပြီလဲ” ဝမ်ဝေ့က ပြုံးကာ မေးလိုက်သည်။

“အမြင့်ဆုံးအဆင့်ပါ”

ဝမ်ဝေ့၏ အကြည့်များက တောက်ပလာလေ၏။

“အဲဒါဆိုတော့ မင်းက စံပြတာအိုကိုပါ ကူးယူနိုင်တာပဲ”

မျက်ဆံနှစ်ခုအတွက် ကန့်သတ်ချက်က ၉၀ရာခိုင်နှုန်းဖြစ်သော်လည်း ကျားဖျင်က စံပြဖြစ်လာပြီးသည့်နောက်တွင် ထိုအရာကို အသုံးပြုနိုင်လိမ့်မည်။ ထိုအရာက ကြောက်မက်ဖို့ကောင်းသည့် စွမ်းရည်တစ်ခု ဖြစ်နေဆဲသာ ဖြစ်၏။ စံပြအဆင့်ကို ရောက်နိုင်မည့် အလကားရသည့် တာအိုကို မည်သူက မလိုချင်ဘဲ နေမည်နည်း။

အကယ်၍ ဝမ်ဝေ့သာ ထိုမျက်လုံးများ ရှိထားပါက သူသည် ကျွမ်းကျင်အတတ်ပညာတစ်ခုကို စံပြအဆင့်ထိ ရောက်အောင် အသုံးပြုလိမ့်မည်။

“မင်းက ငါ ထင်ထားတာထက်ပိုပြီး ပါရမီရှိတယ်” ဝမ်ဝေ့က ချီးကျူးလိုက်သည်။ မျက်ဆံနှစ်ခု နိုးထလာခြင်းက နှေးကွေးကာ စိန်ခေါ်မှု များပြားလှသည်။ ထို့အပြင် တာအိုကို သက်သေမပြခင်သာ ပြီးမြောက်နိုင်လေ၏။

ဝမ်ဝေ့က ရုတ်ချည်း သက်ပြင်းချလိုက်၏။

“မင်းအဖေက တကယ့်ကို သတ္တိကြောင်တာပဲ”

ကျားဖျင်က မင်းသားတစ်ယောက် ဖြစ်သည့်အတွက် မိုးမြေက ကျားဖျင်ကို ပြီးပြည့်စုံသည့် အုပ်ချုပ်သူအဖြစ် ဖြည်းဖြည်းချင်း ပြုစုပျိုးထောင်မည်ဖြစ်ကာ သူ့မျက်ဆံနှစ်ခုက ဖြည်းဖြည်းချင်း ဆင့်ကဲပြောင်းလဲလာလိမ့်မည်။ သူ့မျက်ဝန်းက ထိုအနေအထားထိ ဖွံ့ဖြိုးတိုးတက်လာသည့် အချက််အရ သူ့ပါရမီကို သက်သေပြနေခြင်း ဖြစ်၏။ သို့သော် ထိုအရာအားလုံးကို သိထားသော်လည်း ရက်စက်ခြင်းဘုရင်က ထိုပါရမီရှိသည့် အမွေဆက်ခံသူကို ပစ်ပယ်ထားခဲ့လေသည်။

All Chapters