လွင့်မြောနေသည့် ကျောက်တုံးကြီးပေါ်တွင် စကားပြောဆိုခြင်း
Vol. 89 Ch. 1243
မုန့်ခယ်က အစည်းအဝေးမှ ထွက်လာပြီးသည့်နောက်တွင် သူ့စိတ်က တခြားတစ်နေရာ ရောက်ရှိနေဟန်ပေါ်သည်။ သူက အိမ်ပြန်လာပြီးသည့်နောက် မုန့်ခယ်က စာရွက်နှင့် စုတ်တံကို ထုတ်ကာ စတင်ရေးသားလိုက်သည်။ စုတ်တံက မည်မျှပင် သေးငယ်စေကာမူ မုန့်ခယ်က သူ့ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်မှုကြောင့် လက်ရေးက ကြည့်ကောင်းလှသည်။
သူက ဝမ်ဝေ့အကြောင်း လေ့လာအကဲဖြတ်ချက်များကို ရေးသားနေခြင်း ဖြစ်၏။ ထိုသူ၏ အပြုအမူ၊ စိတ်နေသဘောထား၊ နည်းဗျူဟာဆန်ဆန် စွမ်းဆောင်ရည်များနှင့် အမူအရာကအစ ပါဝင်သည်။
မုန့်ခယ်က ဝမ်ဝေ့၏ ဟာကွက်များကိုပင် ရေးသားခဲ့၏။ နမူနာအနေဖြင့် ဝမ်ဝေ့၏ နဂိုစိတ်သဘောထားကို မုန့်ခယ်အနေဖြင့် ခေါင်းဆောင်တစ်ယောက်အတွက် မသင့်တော်ကြောင်း တွေးမြင်မိ၏။
အကယ်၍ လက်အောက်ငယ်သားက သက်တောင့်သက်သာ ဖြစ်လွန်းပါက အောက်ခြေစည်းမျဉ်းလွတ်ဖို့ ပိုမိုလွယ်ကူသွားလိမ့်မည်။
မုန့်ခယ်က ဝမ်ဝေ့သည် ပျော်ရွှင်တက်ကြွဖွယ် အခြေအနေမှ ခြိမ်းခြောက်နိုင်ဖွယ် လေထုမျိုးအဖြစ် ချက်ချင်းပြောင်းလဲနိုင်ကြောင်း သတိထားမိခဲ့၏။ သူ့အကျင့်စရိုက်က ထိုသို့မလုပ်နိုင်သည့်အတွက် မုန့်ခယ်က ထိုအရာမှ မသင်ယူဖို့ ရွေးချယ်လိုက်သည်။ နောက်ထပ်ကမူ ဝမ်ဝေ့ကမူ လုံလုံလောက်လောက် မရက်စက်ဘူးဟု ခံစားမိနေခြင်း ဖြစ်၏။
သူ့အနေနှင့် ဝမ်ဝေ့က နတ်ဆိုးမအပေါ် အနည်းငယ် တင်းကြပ်သင့်သည်ဟု ယုံကြည်ထားသည်။ အထူးသဖြင့် အဆိပ်နတ်ဆိုးမ ဖြစ်၏။ သူမ၏ အမုန်းတရားက မြင်တွေ့နိုင်သည့်အတွက် သူသာ ထိုသို့နေရာတွင်ရှိပါက သူမကို ပိုမိုအပြစ်ပေးမိလိမ့်မည်။
အဖွဲ့က အခုမှစပြီး ဖွဲ့စည်းကာစဆိုတော့ ဒါက ပိုပြီး ဉာဏ်ရှိတာလည်း ဖြစ်နေနိုင်ပါတယ်…
မုန့်ခယ်က နောက်ဆုံးသောအကြောင်းကို စဉ်းစားလိုက်သည်။
ကြင်နာမှုဆိုတာက ထိန်းချုပ်ရာမှာ အသုံးပြုနိုင်တဲ့ လက်နက်တစ်ခုပဲ။ ငါ ဒီဟာကနေ သင်ယူရမယ်…
မုန့်ခယ်က ဝမ်ဝေ့နှင့် ပတ်သက်ပြီး သုံးသပ်ချက်များကို ဆက်လက် ရေးသားနေသည်။ သူက သူ့ကိုယ်သူ ကျင့်ကြံသူတစ်ယောက်နှင့် ခေါင်းဆောင်တစ်ယောက်အနေဖြင့် တိုးတက်လိုသည့် လိုအင်ဆန္ဒများဖြင့် ပြည့်နှက်နေလေ၏။
သူ့ပထမဆုံးကိစ္စက သိပ်မကြမ်းတမ်းတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ဖို့ပဲ။ ငါက ဒီဟာကို သင်ယူခဲ့ဖူးတယ်။ ဒါပေမဲ့ သူကတော့ ပိုပြီး အစွန်းရောက်တယ်။ ညှိနှိုင်းမှုက ပထမဦးဆုံး ဖြေရှင်းနည်း။ သူက အများဆုံး အကျိုးအမြတ်ရပေမဲ့ အားလုံးကိုလည်း အကျိုးအမြတ်ရမယ်လို့ အာမခံပေးနိုင်တယ်။ ဒါက ကောင်းမွန်တဲ့ ချဉ်းကပ်မှုတစ်ခုပဲ…
မုန့်ခယ်က နောက်ဆုံးအတွေးကို ရေးသားလိုက်သည်။
“ငါ အများကြီး တိုးတက်စရာ လိုသေးတယ်။ ဒီလိုအနေအထားရောက်ဖို့က အတော်လေးကို မလွယ်ကူဘူးပဲ” သူက ရေရွတ်လိုက်သည်။
“ကျွန်မတို့ဆီမှာ အချိန်တွေအများကြီး ရှိပါတယ်” သူ့ဘေးနားတွင် ရှိသည့် တုကွန်းက ဖျောင်းဖျလိုက်၏။
“ဉာဏ်ပညာဆိုတာက တစ်ရက်တည်းနဲ့ ရလာနိုင်တဲ့ အရာမျိုး မဟုတ်ဘူး”
“ဟုတ်တယ်” မုန့်ခယ်က ခေါင်းညိတ်လိုက်သည်။
“အဲဒါဆိုရင်…”
သူက ရုတ်ချည်းဆိုသလို စကားတစ်ဝက်တွင် ရပ်တန့်လိုက်ပြီးမျက်မှောင်ကြုတ်လိုက်သည်။ တုကွန်းက ဆယ်မိနစ်ကြာ စောင့်ဆိုင်းနေပြီးသည့်နောက်တွင် မေးလိုက်၏။
“ တစ်ခုခုဖြစ်လို့လား”
“ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုကို ခံစားမိလိုက်တာ။ ဒါပေမဲ့ မဖမ်းဆုပ်မိလိုက်ဘူး”
“အိုး ဘယ်လိုအတွေးမျိုးလဲ”
“အခြေအနေကို ချိုးဖောက်ပြီးတော့ အခုရင်ဆိုင်နေရတဲ့ အနှောင်အဖွဲ့တွေအားလုံးကို ချိုးဖောက်နိုင်မဲ့ နည်းလမ်းတစ်ခုပေါ့”
“အဲဒါက အတော်လေး ကောင်းမွန်တဲ့ အတွေးပဲ။ ဖမ်းဆုပ်မိလား”
“ဟင့်အင်း” မုန့်ခယ်က ပြန်ဖြေလိုက်သည်။ သူက မှတ်ဉာဏ်၊ စိတ်နှင့် ဝိညာဉ်ဆိုင်ရာ နည်းစနစ်များကို အသုံးပြုခဲ့သော်လည်း ထိုအတွေးကို မဖမ်းဆုပ်နိုင်ခဲ့ပေ။
“အဲဒါဆိုရင် အဲဒီအတွေးအတွက် အချိန်မှန် မဟုတ်လို့ နေမှာပါ” တုကွန်းက ဖျောင်းဖျလိုက်၏။
“မင်း ပြောတာ ဟုတ်နိုင်ပါတယ်” မုန့်ခယ်က သက်ပြင်းချလိုက်သည်။
“ဟမ်”
သူက အဝေးတစ်နေရာကို လှမ်းကြည့်ပြီး တစ်စုံတစ်ခုကို ခံစားမိလိုက်ကာ မတ်တတ်ထရပ်မိလိုက်သည်။
ငါ အထောက်အပံ့ပေးသင့်လား၊ မဟုတ်သေးပါဘူး။ သူ လိုအပ်လာရင် တောင်းဆိုလာလိမ့်မယ်။ စောင့်ကြည့်ရအောင်…
……………………………………………………………….
ဝမ်ဝေ့က အစည်းအဝေးမှ ထွက်ခွာပြီးသည့်နောက်တွင် တစ်ယောက်တည်းသာ ကျန်ရှိခဲ့၏။ သူက အဖွဲ့၏ နောက်ကိစ္စရပ်များကို သေချာဆွေးနွေးပြီးပြီ ဖြစ်၏။ ယခု သူ့အနေနှင့် ပြီးမြောက်ဖို့ရာ ကိစ္စနှစ်ခုသာ ကျန်ရှိတော့သည်။ တစ်ခုက ကုရွှမ်၏ လျှို့ဝှက်အရင်းအမြစ်များ ဖြစ်ကာ နောက်တစ်ခုကမူ နှလုံးသားနက်ကောင်းကင်ဘုံအရှင်ကို ပြန်လည်ပေးဆပ်ခိုင်းဖို့ ဖြစ်၏။
အဖွဲ့အတွက်မူ သူတို့၏ အုပ်စိုးမှုက မပြီးမြောက်သေးသည့်အတွက် ကိုယ်ပိုင်တာဝန်များ ချမှတ်ပေးထားပြီးပြီ ဖြစ်၏။
ဤနေရာ၌ အဆင့်၁၁ ဆန့်ကျင့်ကျင့်ကြံသူ သို့မဟုတ် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများစွာ ရှိလေသည်။ သူတို့က မည်သည့်အင်အားစုမှ ဝင်ရောက်ထားခြင်း မရှိသော်လည်း သူတို့က ကြားနေနေဖို့အတွက် အင်မတန်အားကောင်းလွန်းလှပြီ ဖြစ်၏။ အဖွဲ့၏ တာဝန်များက ထိုသူအား သူ့လက်အောက်သို့ ခေါ်ဆောင်ဖို့ ဖြစ်သည်။
ဘာကို အရင်လုပ်ရမလဲ…
ဝမ်ဝေ့က စဉ်းစားနေသည်။ ကုရွှမ်၏ ရတနာက သိပ်မကြာခင် ပျောက်ကွယ်သွားမည် မဟုတ်သော်လည်း နှလုံးသားနက်ဧကရာဇ်ကိုလည်း ရိုက်နှက်ဖို့ အလျင်လိုနေခြင်း မရှိပေ။ အကြောင်းအရင်းကမူ သူက ထိုသူကို စောင့်ကြည့်ဖို့ တာဝန်ပေးထားပြီးပြီ ဖြစ်၏။
အရင်ဆုံး ငါ…
ဝမ်ဝေ့က တစ်စုံတစ်ခုကို ခံစားရပြီး ရုတ်ချည်းဆိုသလို ထရပ်လိုက်သည်။
နောက်ဆုံးတော့ သူ ပေါ်ထွက်လာပြီပဲ…
သူက စည်းမျဉ်းမဲ့ဇုန်ထဲတွင် အပြိုအပျက်များဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခုဆီ ကူးသန်းသွားလိုက်သည်။ ထို့နောက် အနက်ရောင်ဝတ်ရုံနှင့် ရွှေရောင်ဝတ်ရုံကို ရောစပ်ကာ ဝတ်ဆင်ထားသည့် အသက်ကြီးကြီးအမျိုးသားက ကျောက်တုံးပေါ်တွင် ထိုင်ကာ စောင့်နေလေ၏။
“လာထိုင်ပါ” ထိုအမျိုးသားက ပြုံးကာ ပြောလိုက်၏။
ဝမ်ဝေ့က ထိုလူကို ကြည့်လိုက်သည်။ သူက ဘာမှသတိမထားမိပေ။ မည်သည့်နည်းလမ်းအသုံးပြုစေကာမူ သူ့ရှေ့တွင် သေမျိုးတစ်ယောက် ရှိနေသကဲ့သို့ ဖြစ်၏။ သို့သော်လည်း သူက သေမျိုးတစ်ယောက်ဆီမှ အရာအားလုံးကို မြင်နိုင်သည့်အတွက် ထိုအရာက အဓိပ္ပာယ်မရှိပေ။ သူက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ကမ်းလှမ်းမှုကို လက်ခံလိုက်သည်။
“ကျုပ်ကို လူအိုကြီးသိုက် ဒါမှမဟုတ်ဘူးဆိုလည်း တခြားသူတွေလိုမျိုး လျှို့ဝှက်သခင်လို့ ခေါ်လို့ရတယ်”
“ဝမ်ဝေ့”
“ကျုပ်က မင်းထင်ထားတာထက် ပိုပြီးသိတယ်” လူအိုကြီးသိုက်က ပြောရင်း အဖန်ရည် လောင်းထည့်ပေးလာသည်။
ဝမ်ဝေ့က ဂရုတစိုက် သောက်သုံးလိုက်၏။ ထိုအဖန်ရည်က စံပြတစ်ယောက်ဆီမှ ဧည့်ခံမှုရရှိဖို့ ညံ့ဖျင်းနေသော်လည်း နားလည်၍ရပေသည်။ ထိုသူက ဤငရဲတွင်းတွင် နေထိုင်နေရသည် မဟုတ်ပါလော။
“သိပ်ကြီးမကောင်းဘူးဆိုပေမဲ့လည်း ဒါက အကောင်းဆုံး ပေးနိုင်တဲ့ အရာပဲ”
“ဒီတွေ့ဆုံမှုက ဘာအတွက်လဲ” ဝမ်ဝေ့က တဲ့တိုးသာ မေးလိုက်သည်။
“ဒီကိုလာပြီးတော့ ကိုယ်ထင်လာပြတာလား ဒါမှမဟုတ်ဘူးဆိုရင်…”
“မဟုတ်ဘူး။ သေချာအောင် လုပ်ချင်လို့ ရောက်လာတာပါ” လူအိုကြီးသိုက်က ပြောလိုက်သည်။
“ပထမဦးဆုံးအနေနဲ့ ကျုပ်တို့က ရန်သူတွေ မဟုတ်ဘူး”
“အိုး ဘယ်လိုတုန်း”
“မင်းနဲ့ မင်းကြမ္မာကို သတိထားမိတာနဲ့ မင်းရဲ့ ကိစ္စတွေမှာ ဝင်ရောက်မစွက်ဖက်ဖို့ ရွေးချယ်ခဲ့တာလေ။ တကယ်တော့ အကူအညီတောင် ဖြစ်ချင်ပါတယ်”
နောက်ဆုံးတွင် ဝမ်ဝေ့က လျှို့ဝှက်သခင်၏ စိတ်သဘောထားကို နားလည်သွားခဲ့သည်။ ထိုအရာက သူသည် အမှန်အတိုင်းပြောကာ လျှို့ဝှက်ကြံစည်သည်ကို ကောက်ချက်ချမထားသည့်အခါတွင် ဖြစ်၏။
“ဘာလို့ ကူညီမပေးနိုင်တာလဲ”
“ငါက ငါ့ဘဝကို အရမ်းချစ်မြတ်နိုးတယ်လေ” လူအိုကြီးသိုက်က ပြန်ဖြေလိုက်သည်။
“ဒီနေရာကို ထွက်သွားတာက သေဆုံးဖို့ ရာနှုန်းပြည့်ပဲ။ ငါက ငယ်တော့တာလည်း မဟုတ်ဘူးလေ။ အဲဒါကြောင့် တိုက်ပွဲကို အငယ်တွေဆီ အပ်ထားလိုက်တာ အကောင်းဆုံးပဲလေ။”
ငယ်ရွယ်မှုက ကျင့်ကြံသူတစ်ယောက်၏ စိတ်သဘောထားမျိုး ပိုမိုရှိနေသည့်အတွက် ဝမ်ဝေ့က လူအိုကြီးသိုက်၏ နောက်ဆုံးစကားနှင့် ပတ်သက်ပြီး မှတ်ချက်မပေးပေ။
“နေမင်းနှစ်စင်းဒီရောက်လာတယ်ဆိုရင် ခင်ဗျားအနေနဲ့ အသက်ရှင်ဖို့ အခွင့်အရေးမရှိဘူးဆိုတာ သိတယ်မလား”
“သူတို့က တစ်ယောက်နဲ့တစ်ယောက် မျှခြေညီအောင်ထိန်းရင်း အလုပ်ရှုပ်နေတာဆိုတော့ ဒီလူအိုကြီးကို ဂရုမစိုက်နိုင်ပါဘူး” လူအိုကြီးသိုက်က ရယ်မောလိုက်၏။
“ပြီးတော့ ကျုပ်ဆီမှာ အခွင့်အရေး မရှိတာမျိုးတော့လည်း မဟုတ်ဘူးလေ”
“ဒါက ရဲတင်းတဲ့ စကားတွေပဲ” ဝမ်ဝေ့က ရုတ်တရက် ပြောလိုက်သည်။
“ဒီနေရာက ဘယ်လိုဖြစ်လာလဲဆိုတဲ့ နာမည်ကျော်ကြားဆုံး ကောက်ချက်ချမှုနှစ်ခုကို ကြားဖူးတယ်မလား”
“ကြားဖူးပါတယ်”
“သူတို့နှစ်ခုလုံးက အမှန်ပဲ” လူအိုကြီးသိုက်က ပြောလိုက်သည်။
“ဟိုးရှေးတုန်းက ဒီနေရာကို အမုန်းတရားတွေ၊ စွဲလမ်းမှုတွေ အမြောက်အများရှိတဲ့ လူတစ်ယောက်က ဖန်ဆင်းခဲ့တာလေ။ သူက ဒီနေရာကို ပြုလုပ်ဖို့ သူ့အသက်ကိုတောင် စတေးခဲ့တာ။ ဒါပေမဲ့ သူက အဲဒါကို မတားဆီးနိုင်ခဲ့ဘူး။ ဒါပေမဲ့ သူက တစ်နည်းနည်းနဲ့ အစစ်အမှန်ကောင်းကင်တာအိုကို အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ ဘေးကင်းဇုန်အဖြစ် လုပ်နိုင်ဖို့ ဖျောင်းဖျနိုင်ခဲ့တယ်။ ကုသိုလ်ဘာညာ သုံးပြီးတော့ နေမှာပေါ့လေ။ သူ့ကိုယ်သူ စတေးပြီးတော့ သူ့စွဲလမ်းမှုတွေနဲ့ ပေါင်းစည်းခဲ့တယ်”
အန္တိမသဟဇာတက အစစ်အမှန်ကောင်းကင်တာအိုကို ထိန်းချုပ်လိုက်တာမျိုး ဒါမှမဟုတ် မေတ္တယျက အစွန်းရောက်လမ်းကြောင်းကို လျှောက်လှမ်းပြီး အစစ်အမှန်ကောင်းကင်တာအိုရဲ့ စွမ်းအားကို သုတ်သင်ပစ်လိုက်တာ ဆိုရင်တောင် အဲဒီစွဲလမ်းမှုက ကျုပ်အတွက် အရင်းအမြစ်ချီနေရာလွတ်ထဲကို ထွက်ပြေးဖို့ အချိန် လုံလောက်လိမ့်မယ်”
“သေသေချာချာ တွေးထားတာပဲ”
“ဒီလူအိုကြီးက ညဘက် အိပ်ပျော်နိုင်တဲ့ အကြောင်းအရင်းက ဒါပဲလေ” လူအိုကြီးသိုက်က ရယ်မောလိုက်၏။
“ဟုတ်ပါပြီ” ဝမ်ဝေ့က ရေရွတ်လိုက်၏။
“ခင်ဗျားကြည့်ရတာ လျှို့ဝှက်ချက်တွေ အများကြီးကို သိတဲ့ပုံပဲ”
“ကျုပ် ပြောတယ်မလား၊ မင်း ထင်ထားတာထက်ပိုပြီး သိတယ်လို့လေ”
“အဲဒါဆို ဘယ်လိုမျိုးလဲ” ဝမ်ဝေ့က ထပ်မေးလိုက်သည်။
“ဒါကတော့ လျှို့ဝှက်ချက်ပဲ” လူအိုကြီးသိုက်က ပြုံးလိုက်၏။
“ရှင်းပြဖို့ နည်းလမ်းလေးခု ရှိတယ်။ ပထမတစ်ခုက ခင်ဗျားက ကျုပ်လိုမျိုး သတင်းအချက်အလက်ကနေပြီးတော့ ကောက်ချက်ချနိုင်တဲ့ ပြိုင်ဖက်ကင်းပါရမီရှင် တစ်ယောက်။ ဒုတိယတစ်ခုက ခင်ဗျားက ကမ္ဘာမှာ မမြင်တွေ့ဖူးတဲ့ ဂမ္ဘီရပညာရှင်တစ်ယောက်။ တတိယတစ်ခုက ဒီကမ္ဘာမှာ အကောင်းဆုံး သတင်းအချက်အလက်အဖွဲ့အစည်းကို ပိုင်ဆိုင်ထားတယ်။ စတုတ္ထအနေနဲ့က ခင်ဗျားက အတွင်းကနေ သတင်းအချက်အလက်တွေ တိုက်ရိုက်ရနေတာ။ ဘယ်တစ်ခုက အမှန်လဲ”
လူအိုကြီးငရဲက သူ့ကိုယ်သူ ကျိန်ဆဲမိသည်။ သူက လျှို့ဝှက်ဆန်းကြယ်ပေါ်ထွက်လာပြီး သတင်းအချက်အလက်အမြောက်အများကို ဖော်ထုတ်မိလိုက်သည်။
“မင်းအတွေးလွန်နေတယ်လို့ထင်တယ်” သူက ပြန်လည်တုံ့ပြန်လိုက်၏။
“ကြည့်ရအောင်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“ခင်ဗျားက ကျုပ်အကြောင်းကို အများကြီးသိတယ်ဆိုပေမဲ့ ဒါက ကျုပ်တို့ရဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်ပဲ။ အဲဒီသတင်းအချက်အလက်က ဘယ်ကရောက်လာတာလဲ။ ခင်ဗျားက ပြိုင်ဘက်ကင်း ဂမ္ဘီရပညာရှင်ဆိုတဲ့ အချက်ကိုတော့ ရှင်းထုတ်လို့ရပြီ”
ဝမ်ဝေ့က ကံကြမ္မာဆရာသခင် တစ်ယောက် ဖြစ်သည့်အတွက် လူအိုကြီးသိုက်က သူ့ကို သတိမထားမိစေဘဲ သတင်းအချက်အလက် သုံးသပ်ဖို့ရာ သုံးသပ်နိုင်လိမ့်မည်မဟုတ်ကြောင်း ထင်မိသည်။ လူအိုကြီးသိုက်က ထိပ်တန်းစံပြတစ်ယောက် ဖြစ်နိုင်ချေ ရှိ၏။ သို့သော် ထိုသို့ဆိုလျှင်ပင် နေမင်းနှစ်စင်းက တန်ကြေးမည်မျှပင်ဖြစ်စေကာမူ သူ့ကို သုတ်သင်ပစ်ဖို့ ကြိုးစားလိမ့်မည်။
“ဒုတိယတစ်ခုကတော့ အကောင်းဆုံး သတင်းအချက်အလက် အဖွဲ့အစည်းကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့အချက်ကို ဖယ်ရှားပစ်ရမယ်။ အဲ့လိုအရာမျိုးကို တည်ဆောက်ဖို့ အရင်းအမြစ်နဲ့ ပိုက်ဆံအများကြီးလိုတယ်။ တကယ်လို့ အောင်မြင်တယ်ဆိုရင် စည်းမျဉ်းမဲ့ဇုန်ထဲက ခင်ဗျားနဲ့ ဘဝက အပြင်ဘက်နဲ့ သိပ်ကြီး ကွာခြားမှာမဟုတ်ဘူး။
ပြီးတော့ အဲဒီကပ်ပါးတွေက ခင်ဗျားကို သုတ်သင်ပစ်ဖို့ ပိုပြီး ကြိုးစားကြလိမ့်မယ်။ တတိယအချက်အနေနဲ့ကတော့ ဉာဏ်ပညာပေါ့။ ခင်ဗျားက အဲ့လိုလုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါ ခင်ဗျားရဲ့ ဉာဏ်ပညာကို လျစ်လျူရှုနိုင်မဲ့ အကြောင်းအရင်းတော့ မဟုတ်သေးဘူးပေါ့။
ခင်ဗျားက ဟန်ဆောင်နေတာမျိုးလည်း ဖြစ်နိုင်တယ်။ မဟုတ်သေးဘူး။ သတင်းအချက်အလက်တွေ လိုအပ်လို့ အဲ့ဟာကို ဖယ်ရှားပစ်ရမှာ။ ခင်ဗျားက အခြေခံသတင်းအျက်အလက်တချို့ မရှိဘဲနဲ့ လျှို့ဝှက်ချက်တွေကို ကောက်ချက်မချနိုင်ဘူးလေ။
ခင်ဗျားက ကျုပ်ကို မသိဘူး။ ကျုပ်တို့တွေ တစ်ခါမှ မတွေ့ဖူးဘူး။ အဲဒါကို ကျုပ်အကြောင်း ဘယ်လိုသိတာလဲ။ ပြီးတော့ ခင်ဗျားက မေတ္တယျနဲ့ အန္တိမသဟဇာတတို့အကြောင်းကိုလည်း ဘယ်လိုသိတာလဲ။ ခင်ဗျားဆီမှာ အကောင်းဆုံးလျှို့ဝှက်သတင်းအဖွဲ့အစည်း မရှိဘူးဆိုတာ သုံးသပ်ပြီးပြီဆိုတော့ ခင်ဗျားရဲ့ သတင်းအချက်အလက်တွေက ဘယ်ကရောက်လာတာလဲ” ဝမ်ဝေ့က သူ့ကို တိုက်ရိုက်ကြည့်ရင်း မေးလိုက်သည်။ သူက သတိကြီးကြီး ထားထားလေ၏။
လူအိုကြီးသိုက်က သက်ပြင်းချလိုက်သည်။
“သူက မင်းနဲ့ ရင်ဆိုင်တဲ့အခါမှာ ဂရုစိုက်ဖို့ ပြောလိုက်တယ်။ ငါ သူ့စကားကို နားထောင်သင့်တာ”
“ဘယ်သူလဲ”