← Chapters

အိုး ကံကြမ္မာ

Vol. 89 Ch. 1244

အိုး ကံကြမ္မာ

Vol. 89 Ch. 1244

လူအိုကြီးသိုက်က ခေတ္တမျှ စဉ်းစားလိုက်သည်။ ယခုအနေအထားတွင် လျှို့ဝှက်ထား၍ အကျိုးမရှိကြောင်း ခံစားမိ၏။ ပြောရလျှင် အချိန်လုံလုံလောက်လောက် ပေးလိုက်ပါက ထိုသူသည် အဖြေထုတ်နိုင်လိမ့်မည်။ ထို့အပြင် သတင်းကို ဖော်ထုတ်လိုက်ခြင်းက ဆိုးကျိုးမရှိဘဲ သူတို့အား ယုံကြည်မှုအနေအထားတစ်ခုကို ဆောက်တည်လာစေနိုင်သည်။

“ကပ်ဘေးက ပြောပြတာ”

“လျှို့ဝှက် ၈စင်းမြောက် လမင်းကို ပြောတာလား”

“ဟုတ်တယ်”

“ကျုပ် သိပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“မင်းကြည့်ရတာ အံ့အားသင့်သွားတဲ့ပုံ မပေါ်ဘူးပဲ” လူအိုကြီးသိုက်က မေးလိုက်သည်။

“သူက ကျုပ်စာရင်းထဲမှာ ရှိတယ်လေ။ ထိပ်ဆုံးမှာတော့ မဟုတ်ဘူးပေါ့” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“ပုံမှန်သဘောတရားအရ ပြောရမယ်ဆိုရင်တော့ ဒါက ကိစ္စတချို့ကို ရှင်းပြပြီးသား ဖြစ်သွားပြီ။ နမူနာအနေနဲ့ဆိုရင် ခင်ဗျားက ကပ်ပါးတွေ ဒီနေရာကို လာရှင်းတဲ့အခါမှာ ဘာကြောင့်ပုန်းနေတယ်ဆိုတာ အခုတော့ သိသွားပြီ။ တစ်ခု စဉ်းစားကြည့်မယ်ဆိုရင် ခင်ဗျားက ပုန်းကွယ်နိုင်တယ်ဆိုတော့ ကောင်းမွန်တဲ့ နည်းစနစ်ရှိတယ်လို့ ဆိုလိုနေတာပဲ။ ကပ်ဘေးဆီက ရောက်လာတာလား။ ကျုပ် သူ့အကြောင်းကို သိထားသလောက်တော့ သူက ပုန်းအောင်းရာမှာ အတော်လေး ထူးချွန်တယ်တဲ့။ ကမ္ဘာပေါ်မှာ လက်ရှိအကောင်းဆုံးလို့တောင် ပြောလို့ရတယ်”

“ဟုတ်တယ်။ ကပ်အန္တရာယ် ရှောင်ရှားတဲ့ နည်းစနစ်ကို သုံးပြီးတော့ ပုန်းအောင်းခဲ့တာ” လူအိုကြီးသိုက်က အသိအမှတ်ပြုလိုက်သည်။

“အဲဒါဆိုတော့ ခင်ဗျားတို့တွေက ရင်းနှီးတာပဲ” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။

“ဒါပေမဲ့ ဘယ်လိုလဲ။ ညီအစ်ကို၊ ဆရာတူတပည့်၊ ချစ်သူ ဘယ်ဟာလဲ”

လူအိုကြီးသိုက်က ရှုံ့မဲ့သွား၏။

“ခင်ဗျားတို့ အကျင့်စရိုက်က တူနေတာဆိုတော့ မှန်းဆဖို့ သိပ်မခက်ခဲပါဘူး” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ခင်ဗျားတို့နှစ်ယောက်လုံးက အသက်ကို ပဓာနထားပြီးတော့ လိုအပ်လာတဲ့အခါမှာ ပုန်းအောင်းပြီး ထွက်ပြေးဖို့ မျက်နှာမပူကြဘူး။ ဒါပေမဲ့ ကပ်ဘေးကတော့ ပိုပြီးအစွန်းရောက်တယ်ပြောရမယ်။ ခင်ဗျားက အခြေအနေမှန်အောက်မှာ ကပ်ပါးတွေနဲ့ တိုက်ခိုက်ချင်သေးတယ်လေ”

လူအိုကြီးသိုက်က ထိုစကားဝိုင်းသည် စိတ်တိုဖို့ကောင်းကြောင်း ခံစားမိ၏။

“ကျုပ်တို့က ဆရာတူ တပည့်တွေပဲ” သူက ပြန်ဖြေလိုက်သည်။

“ကျုပ်တို့ဂိုဏ်းမှာ ကျုပ်တို့သုံးယောက်ပဲ ရှိတာ။ ဆရာရဲ့ အတွေးအခေါ်သဘောတွေက သတိကြီးကြီးနဲ့ အသက်ရှည်ရှည်နေဖို့ပဲ။ သူက အမြဲတမ်း အဲဒီစကားတွေကို ပြောပြလေ့ရှိတယ်”

အဲဒါဆိုတော့ ငါ ပြောတာ မှန်နေတာပဲ။ ကပ်ဘေးစံပြက ကုံတာအိုနောက်ကို လိုက်တာပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။

“ခင်ဗျားရဲ့ ဆရာက သူ့ဂိုဏ်းထဲမှာ စံပြနှစ်ယောက်တောင် ပြုစုပျိုးထောင်နိုင်ခဲ့တယ်ဆိုတော့ အတော်လေး ပါရမီရှိတာ ဖြစ်ရမယ်”

“အဲ့လိုပဲ ထင်တယ်”

“သူက သေသွားပြီလား”

“မဟုတ်ပါဘူး။ သူက အသက်ရှင်ရက် ရှိသေးတယ်” လူအိုကြီးသိုက်က ယုံကြည်ချက်ရှိစွာ ပြန်ဖြေလိုက်သည်။

“သူက အကြွင်းမဲ့တားမြစ်ချက်မှာ ဝင်ရောက်မဆင်နွှဲခဲ့ဖူးလား”

“ဘယ်လုပ်ပါ့မလဲ” လူအိုကြီးသိုက်က ခေါင်းယမ်းလိုက်သည်။

“သူက အရာအားလုံး အဆုံးသတ်သွားတာနဲ့ ပါဝင်ယှဉ်ပြိုင်သူ ၉၉ရာခိုင်နှုန်းက ဒဏ်ရာရတာမျိုး ဒါမှမဟုတ်ဘူးဆိုရင် ကျရှုံးသွားတာမျိုး ဖြစ်နေနိုင်တယ်ဆိုတာကို ကြိုသိခဲ့တယ်။ အဲဒါကြောင့် သူက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကနေ ထွက်ပြေးခဲ့တာ။ ဘယ်နေရာမှာ ပုန်းနေတယ်ဆိုတာကိုတော့ မသိရသေးဘူး”

ဝမ်ဝေ့က ယာယီ တိတ်ဆိတ်သွားလေသည်။

“အဲဒီအမျိုးသားရဲ့ ဉာဏ်ရှိမှုကိုပဲ ချီးကျူးရမလားမသိတော့ဘူး။ ဘာပဲဖြစ်ဖြစ် အားလုံးက သူတို့ရဲ့ အသက်ရှင်ရေးနည်းလမ်းတွေ ရှိကြတာပဲလေ။ ကျုပ်က အကဲဖြတ်မှာ မဟုတ်ဘူး”

သူ့ခံစားချက်က မည်သို့ပင် ဖြစ်စေကာမူ တစ်ဖက်က စံပြသုံးယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့သည့်အချက်ကို ငြင်းဆန်နိုင်မည် မဟုတ်ပေ။ ထိုရလဒ်က သူတို့သည် ခိုင်မာသည့် အတွေးအခေါ်သဘောတရားရှိနေကြောင်း သက်သေပြနေပြီ ဖြစ်၏။

“ဉာဏ်ကြီးတဲ့ စကားတွေပဲ” လူအိုကြီးသိုက်က ပြောလိုက်သည်။ လူအများစုက သူတို့၏ အတွေးအခေါ်ကို သိသွားသည့်သူတိုင်းက သူတို့အား သူတို့၏ အောင်မြင်မှုများနှင့် မထိုက်တန်သည့် ငကြောက်ဟု ခေါ်ဆိုကြသည်။ တစ်စုံတစ်ယောက်က သူတို့၏ ဉာဏ်ပညာကို အသိအမှတ်ပြုဖို့ ရှားပါးလှ၏။

“ကျုပ် တစ်ခုကို အဖြေထုတ်နေတာ။ ခင်ဗျား ကူညီပေးနိုင်လောက်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ကပ်ဘေးက ဘယ်လိုလုပ် ကပ်ပါးတွေထဲ ရောက်သွားတာလဲ။ သူ့အကျင့်စရိုက်နဲ့ဆိုရင် ဒီပြဿနာတွေကနေ ထွက်ပြေးလောက်တယ်လေ”

“သူ့ဆီမှာ ရွေးချယ်စရာ မရှိဘူး” လူအိုကြီးသိုက်က ပြောလိုက်၏။

“မင်းလည်း ခန့်မှန်းမိတဲ့အတိုင်း လမင်းနဲ့ နေမင်းခုံရုံးရဲ့ အစစ်အမှန်ခေါင်းဆောင်က နေမင်းနှစ်စင်းပဲ။ ဆိုလိုတာက လမင်းအဖွဲ့အစည်းက ၅ယောက်ထဲပဲ ရှိတာလေ။ အဲဒါဆိုတော့ သူတို့တွေက မျှခြေ မညီဘူး။ အစကတည်းက သူတို့က အဖွဲ့ဝင် ၈ယောက်ရှိဖို့ စီစဉ်ထားခဲ့တာ”

“၈ယောက်မြောက်ကို ရွေးတဲ့အခါမှာ ကပ်ဘေးကို ရွေးချယ်ခဲ့တာက သူ့ရဲ့ အကျင့်စရိုက်ကြောင့်ပဲ။ သူက သူ့အသက်ကို အရာအားလုံးထက် တန်ဖိုးထားတော့ အဲဒီလူက အမြဲတမ်း ကြားနေ အနေနဲ့ပဲ နေမှာလေ  … အဲဆိုတော့ ဖရိုဖရဲခြေအနေကို ကာကွယ်ပေးနိုင်တယ်လေ”

လူအိုကြီးသိုက်က သက်ပြင်းချလိုက်သည်။

“သူတို့တွေ သူ့ရှေ့ပေါ်ထွက်လာတုန်းက အဲဒါက သူမရှောင်ရှားနိုင်တဲ့ ကပ်အန္တရာယ်မှန်း သူသိခဲ့တယ်။ အဲဒါကြောင့် အဲဒီအပေးအယူကို လက်ခံခဲ့တာ။ ဇစ်မြစ်ကိုတော့ လျှို့ဝှက်ထားရမယ်ဆိုတဲ့ အခြေအနေအောက်မှာပေါ့”

“သူက ကိစ္စတွေ ဆိုးရွားလာတဲ့အချိန်မှာ လွတ်မြောက်ဖို့ နည်းလမ်းကိုတောင် ပြင်ဆင်ပြီးလောက်ပြီ”

ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

“သူက အမြင်ကောင်းတဲ့သူဆိုတာတော့ ဝန်ခံရမယ်”

ကပ်ဘေးအနေဖြင့် ကပ်ပါး၏ခေတ်ကာလကို အဆုံးသတ်ဖို့ အချိန်ကို ခန့်မှန်းထားနိုင်သည်က ရိုးရှင်းသည့် အပြုအမူမျိုး မဟုတ်ပေ။ လမင်းတစ်စင်း ဖြစ်ခြင်းကြောင့် ရရှိလာသည့်အရာများကြောင့် စိတ်ဓာတ် မပျက်စီးသွားခြင်းက အင်မတန်အံ့ဩဖို့ကောင်းနေပြီ ဖြစ်၏။

“ဆရာကလည်း သူ့ကို အဲဒီအရည်အချင်းကြောင့် ချီးကျူးတယ်လေ”

“ဆရာဆိုတော့မှ သူက ခင်ဗျားတို့နှစ်ယောက်လုံးကို  သတိထားဖို့ မပြောခဲ့ဘူးလား” ဝမ်ဝေ့က မေးလိုက်သည်။

လူအိုကြီးသိုက်၏ အကြည့်များက ထိုအရာကို ကြားကာ တောက်ပလာ၏။

“သူ ပြောခဲ့တာပေါ့။ ဒါပေမဲ့ သူက ပြီးပြည့်စုံတဲ့ ပုန်းအောင်းဖို့ နေရာတစ်ခုကို တွေ့ပြီးတဲ့နောက်မှာပဲ။ နှမြောစရာကောင်းတာက ကပ်ဘေးအနေနဲ့ကျတော့ နောက်ကျလွန်းသွားခဲ့တယ်လေ။ ကံကောင်းသွားတာတစ်ခုက ကပ်ဘေးက ကျုပ်တို့ရဲ့ ညီအစ်ကို သံယောဇဉ်ကို မေ့မပစ်ဘူး။ အဲဒါကြောင့် ကျုပ်တို့ကြားက  ဆက်နွယ်မှုကို ဝှက်ထားပြီးတော့ အန္တရာယ်တွေအများကြီးကနေ ကြိုတင်သတိပေးခဲ့တာ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“နောက်တစ်ခု မေးစရာရှိသေးတယ်။ ကပ်ဘေးနဲ့ ဆက်သွယ်ပေးလို့ ရမလား”

“မင်းရဲ့ အဖွဲ့ထဲကို သူ့ကို ခေါ်ချင်တာလား”

“ဖြစ်နိုင်တယ်ဆိုရင်ပေါ့”

“အဲဒီအတွေးကို လက်လျှော့ဖို့ အကြံပေးချင်တယ်” လူအိုကြီးသိုက်က ပြောလိုက်သည်။

“ငါ့ရဲ့ ဆရာတူညီအကြောင်း ငါ အသိဆုံးပဲ။ သူက အခု ထွက်ပြေးပုန်းအောင်းဖို့ အကြောင်းအရင်းကောင်း ရှိနေမှတော့ ပေါ်လာမှာ မဟုတ်တော့ဘူး။”

“သူက အနည်းဆုံး သတင်းအချက်အလက်အကြောင်း ပေးလို့မရဘူးလား။ တခြားသူတွေအကြောင်း သိတာပဲလေ။ အဲဒါက ကျုပ်အတွက် လုံလောက်ပါပြီ”

“အဲဒါဆို သူ့အတွက်ကရော” လူအိုကြီးသိုက်က ပြန်ပြောလိုက်သည်။

“မင်းကပဲ နိုင်ပြီးတော့ ဒီကာလကိုပဲ အဆုံးသတ်သတ် ဒါမှမဟုတ် သူတို့ကပဲ နိုင်ပြီးတော့ အချိန်ပဲ ကြာကြာ ဒါမှမဟုတ်ဘူးဆိုရင် မင်းက တကယ့်ကို အဆုံးသတ်လိုက်ပြီးတော့ ကပ်ပါးတချို့က အောင်အောင်မြင်မြင် အသက်ရှင်နိုင်တယ်ဆိုရင် သူက မင်းနဲ့ ပတ်သက်နေသရွေ့ ပြဿနာတွေပဲ ဖြစ်လာမှာလေ။ ချမ်းသာကြွယ်ဝမှုတွေဆိုတာ သူ့အတွက် ဘာမှမဟုတ်ဘူး။ ငါတို့ဂိုဏ်းက အရင်းအမြစ်တွေ အများကြီးအပေါ်မှာ မှီခိုစရာမလိုဘူးလေ။

 သူက လမင်းတစ်စင်းအနေနဲ့ အုပ်စိုးခဲ့ကတည်းက အရင်းအမြစ်တွေအများကြီး စုဆောင်းပြီးလောက်ပြီ။ အဲဒါဆိုတော့ မင်းဘက်ကို ရွေးတာက သူ့ကို တစ်စုံတစ်ယောက် တုံ့ပြန်ဖို့ အခွင့်အရေးပေးလိုက်သလိုပဲ ဖြစ်သွားမှာ”

“ကုံတာအိုနဲ့ လူတွေကို ဖြေရှင်းဖို့က တကယ်ကို စိတ်တိုဖို့ကောင်းတာပဲ” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ သူက လူအများ၏ စိတ်ဆန္ဒကို အသုံးချကာ သူ လိုအပ်သလို လုပ်လေ့ရှိသည်။ နှမြောဖို့ကောင်းလှစွာဖြင့် ဤနည်းဗျူဟာက ထိုလူများအတွက် အသုံးမဝင်ခဲ့ပေ။

“ကုံတာအိုလား။ ဒီစကားက ကျုပ်တို့ရဲ့ အတွေးအခေါ်နဲ့ လုံးဝကိုက်ညီနေတာပဲ” လူအိုကြီးသိုက်က ရေရွတ်လိုက်ပြီး သူ့အကြည့်များက တောက်ပလာသည်။

“ကြည့်ရတာ ကျုပ်တို့က ဒီနာမည်ကို ရယူဖို့ ကံကြမ္မာဖန်နေတဲ့ပုံပဲ။ ဆရာလည်း ကြားရင် ဝမ်းသာမှာ”

ဤတစ်ခေါက် ဝမ်ဝေ့ ကြည့်ရမည့်အလှည့် ဖြစ်၏။ ကံကြမ္မာတာအိုကို ကျင့်ကြံသည့်သူတိုင်းက လောကမှာ တိုက်ဆိုင်မှုဟူ၍ မရှိကြောင်း နားလည်လေသည်။ ဝမ်ဝေ့က ကမ္ဘာမြေမှ သူ့အတွေ့အကြုံများကြောင့်သာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် ကုံတာအိုဟူသော သဘောကို တရားဝင်မွေးထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

အိုး ကံကြမ္မာ။ အခုလည်း မျက်နှာဖြတ်ရိုက်တုန်းလား…

ဝမ်ဝေ့က သူ့ဘာသာသူ ရေရွတ်လိုက်၏။

 “တစ်ခုခုဖြစ်လို့လား” လူအိုကြီးသိုက်က ဝမ်ဝေ့သည် စကားဝိုင်းတွင် အမြဲတမ်း ပဟေဠိဆန်ဆန် ဖြစ်ခဲ့ကြောင်း ခံစားမိသည်။ သို့သော်လည်း ယခု သူ့စိတ်အခြေအနေဆိုးရွားသွားသည်ကို ရုတ်တရက် ခံစားမိလိုက်၏။

“မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်တို့တွေ တိုက်ဖို့ လိုတယ်” ဝမ်ဝေ့က ပြောလိုက်သည်။ သူ့ထိုင်ခုံမှ ထရပ်ကာ မည်မျှလေးနက်နေကြောင်း ပြသလိုက်၏။

“ဘာကိုပြောတာလဲ။ ငါတို့က နားလည်သဘောတူမှု ရပြီးပြီလို့  ထင်နေတာ”

“ရပြီးပြီလေ”

“အဲဒါဆိုရင် ဘာလို့တိုက်မှာလဲ”

“အကြောင်းအရင်းသုံးခုကြောင့်ပေါ့” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“ပထမဦးဆုံး ခင်ဗျားနဲ့ တိုက်တာက သင်ယူဖို့ အခွင့်အရေးကောင်းပဲ။ ကျုပ် အဲဒါကို လက်လွှတ်မခံချင်ဘူး။ ဒုတိယအနေနဲ့က ခင်ဗျားရဲ့ တကယ့်သဘာဝက တိုက်ခိုက်နေတဲ့အတွင်းမှာ ပေါ်လာလိမ့်မယ်။ ကျုပ် အတွေ့အကြုံအရ တိုက်ပွဲက လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဆုံးဖြတ်ဖို့ အကောင်းဆုံးနည်းလမ်းပဲ။ နောက်ဆုံးအနေနဲ့ကတော့ ကျုပ်က စိတ်တိုနေတယ်ဆိုတော့ ဒေါသကို ဖြေရမယ်”

“ပထမအကြောင်းအရင်းနှစ်ခုကိုတော့ လက်ခံပါတယ်။ နောက်တစ်ခုက ဘာကြီးလဲ။ ငါ မင်းကို ရန်စမိတယ်လို့တော့ မထင်ပါဘူး”

“အတွေးလွန်မနေပါနဲ့” ဝမ်ဝေ့က ပြောလိုက်သည်။

“ဒီစကားဝိုင်းက ကျုပ်လိုမျိုး ခင်ဗျားအတွက်လည်း စိတ်တိုဖို့ကောင်းမှာပဲ။ လာပါ။ ဒီအခွင့်အရေးကိုသုံးပြီး ကျုပ်ကို သင်ခန်းစာတစ်ခု၊ နှစ်ခု သင်ပေးသွား”

“လာ နောက်ထပ် ပြောနေဖို့ မလိုတော့ဘူး” လူအိုကြီးသိုက်က ထရပ်လိုက်သည်။ သူက နေရာကို ကြည့်ကာ ပြောလိုက်၏။

“ဒီနေရာက တိုက်ခိုက်ဖို့ ကောင်းတဲ့နေရာလို့ ထင်လား။ ဒါမှမဟုတ် တခြားနေရာ သွားသင့်လား”

“ဒီနေရာက အဆင်ပြေပါတယ်”

ဝမ်ဝေ့က ပြန်ဖြေလိုက်စဉ် လူအိုကြီးငရဲက တိုက်ပွဲစတင်မှုကို အချက်ပြသည့်အနေဖြင့် အလင်းနှစ်ဆယ်ချီ နောက်ဆုတ်လိုက်သည်။ သူတို့က အချင်းချင်းကြည့်ပြီးသည့်နောက်တွင် တစ်ဖက်သူကို အဆုံးသတ်ဖို့ အရှိန်အဝါကို ထိပ်တိုက် တွေ့ဆုံလိုက်ကြ၏။

သူ့ကျင့်ကြံဆင့်က မဟာတာအိုအရင်းအမြစ် ၉၃ရာခိုင်နှုန်းလောက်ရှိပြီ…

ဝမ်ဝေ့က ကောက်ချက်ချလိုက်သည်။

သူ့ကျင့်ကြံဆင့်က လူရိုင်းဘုရင်ထက် အားနည်းသေးတယ်ဆိုပေမဲ့ ပိုပြီးကြီးမားတဲ့ အန္တရာယ်ဆိုတာကို ပြောပြနေတယ်…

လူအိုကြီးသိုက်က သုံးသပ်လိုက်၏။

ငါ ထင်ထားသလို လွယ်မှာတော့ မဟုတ်ဘူး…

သူ မည်သို့ခံစားစေကာမူ ယုံကြည်ချက်ရှိနေဆဲ ဖြစ်၏။ သူ့၏ အတွေးအခေါ်သဘောတရားအရ ကုံတာအိုကျောင်းတော်သားများက မည်သို့တိုက်ခိုက်ရမှန်း မသိပုံနှင့် တူသော်လည်း တကယ်တမ်းတော့ အမှန်တရားနှင့် အလှမ်းကွာနေသည်။

သူတို့၏ ပင်မသဘောတရားက အသက်ရှင်သန်ဖို့ ဖြစ်သည့်အတွက် တိုက်ခိုက်ရေးကောင်းမွန်ဖို့ လိုအပ်လေသည်။ အထူးသဖြင့် သူတို့ကိုယ် သူတို့ ထွက်ပြေးမလွတ်မြောက်နိုင်သည့် အခြေအနေမျိုးတွင် ဖြစ်သည်။ သူတို့၏ အဖွဲ့သားများက ကံဆက်နွယ်မှု နည်းပါးကာ ကံကောင်းမှုအပေါ် မှီခိုခြင်း မရှိပေ။ ထို့ကြောင့် မိုးမြေဆီမှ စမ်းသပ်ခံရခြင်း သို့မဟုတ် တန်ပြန်သက်ရောက်ခံရသည့် အခွင့်အရေး နည်းပါးလှသည်။ သို့သော်လည်း သူတို့က မိုးမြေ၏ စည်းမျဉ်းနှင့် ဝိညာဉ်ချီကို အသုံးပြုနေဆဲဖြစ်သည့်အတွက် သူတို့က ဆက်နွယ်မှုကို အပြည့်အဝ မရှောင်လွှဲနိုင်သေးပေ။ ထို့ကြောင့် သူတို့သည် ကပ်ဘေးထံ မဖြစ်ခဲ့သလိုမျိုး မရှောင်ရှားနိုင်သည့်  အန္တရာယ်ကပ်များကို တွေ့ကြုံခံစားရသည်။

All Chapters