← Chapters

ကုံတာအိုမြင့်တက်လာမှု

Vol. 89 Ch. 1246

ကုံတာအိုမြင့်တက်လာမှု

Vol. 89 Ch. 1246

တာအိုစွန့်ပယ်ခြင်းကမ္ဘာ၊ အမည်မသိ ကျင့်ကြံရေး ဂူတစ်ခု၌

အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တောက်ပနေသည့် အနက်ရောင် ဆံကေသာ၊ ချောမွေ့သော အရေပြား၊ လှပကောင်းမွန်သည့် မေးရိုး၊ ချွန်ထက်ထက် မျက်ခုံးများနှင့် သူ့လည်ပင်း ညာဖက်အခြမ်းတွင် လောင်ကျွမ်းရာတချို့ရှိနေသည့် လူငယ်လေးက မျက်လုံးဖွင့်လာပြီး အပြာရောင်မျက်လုံးကို ထုတ်ဖော်ပြသလာ၏။

“တစ်ခုခုဖြစ်နေတာလား” ရုပ်ချောချောအမျိုးသားက လက်ချောင်းများကို အသုံးပြုကာ တွက်ချက်ရင်း ရေရွတ်လိုက်သည်။ ရလဒ်က ဝေဝါးနေသည့်အတွက် သူ့ကို မျက်မှောင်ကြုတ်သွားစေ၏။ ထိုအစား သူက အဖြူရောင်အရိုးများကို ဆင့်ခေါ်ကာ သူ့ရှေ့ ပစ်လွှတ်လိုက်သည်။

သူ့အပြာရောင်မျက်ဝန်းက ဖျတ်ခနဲတောက်ပသွားပြီး သူတို့ ကျဆင်းလာသည့် ပုံသဏ္ဌာန်ကို ကြည့်လိုက်၏။

“ငါ့ ပထမတပည့် … ပြီးတော့ ငါ့ရဲ့ ကံဆက်နွယ်မှု ဖြစ်ရပ်တဲ့လား”

ထိုလူငယ်လေးက သူ့ကံကြမ္မာကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည့်အခါ သူ့အနေဖြင့် ထိုဖြစ်ရပ်ကို တွေ့ကြုံခံစားဖို့ အချိန်ကျလာလေပြီ။

ငါ နောက်ဆုံးတော့ ဒီဝန်ထုပ်ဖြစ်နေတဲ့ ကြမ္မာကို ဖယ်ထုတ်နိုင်တော့မယ်…

ဟန်ဖာဟု ခေါ်သည့် လူငယ်လေးက စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။ သို့သော်လည်း သူက အလျင်အမြန် စိတ်ထိန်းလိုက်၏။

ဒါပေမဲ့ အဲဒီအရူးတပည့်နဲ့ ဘာများ သက်ဆိုင်နေတာတုန်း။ ငါ ဘာလို့ ဘာမှတွက်ချက်လို့မရတာလဲ…

ထိုအတွေးများက သူ့အား သတိကြီးကြီးထားသွားစေ၏။

သူက ကပ်အန္တရာယ်မျက်လုံးကို အသက်သွင်းလိုက်သည်။ ထိုအရာက သူသည် ကမ္ဘာ၏ အထွတ်အထိပ်သို့ ရောက်ရှိပြီးသည့်နောက်တွင် ဖန်တီးယူထားသည့် ရုပ်ခန္ဓာတစ်ခု ဖြစ်၏။

အဲဒီကောင်စုတ်လေးက ဘာများလုပ်လိုက်တာပါလိမ့်…

ဟန်ဖာက တွေးလိုက်သည်။ သူက သူသာ ဂရုမစိုက်ပါက ထိုငတုံးသည် သူ့အား ကပ်အန္တရာယ်၊ ရောဂါကပ်ဘေးနှင့် စစ်ဆေးမှုစမ်းသပ်ချက်များ ပြည့်နှက်နေသည့် ဖြစ်ရပ်အတွင်း ဆွဲခေါ်လိမ့်မည်ဟု ခန့်မှန်းမိသည်။

အဲဒီငတုံးက တစ်ရက်ကျ ငါ့ရဲ့ ကျဆုံးမှုဖြစ်လာမယ်ဆိုတာကို သိနေတယ်…

ဟန်ဖာက တွေးလိုက်၏။ ဒုတိယတပည့်နှင့် ယှဉ်လိုက်ပါက ပထမတပည့်သည် သူ့သတိကြီးကြီးထားတတ်သည့် သဘာဝကို အလုံအလောက် အမွေရမထားပေ။

“အဆိုးဆုံးက သူ့ဆီမှာ ဘာဖြစ်နေလဲဆိုတာကို သိဖို့ လိုအပ်နေတာပဲ” ဟန်ဖာက ညည်းတွားလိုက်သည်။ သူက ကံဆက်နွယ်မှုကို ဖြေရှင်းဖို့ လိုအပ်နေလေသည်။ ထိုအခါမှသာ ကံကြမ္မာက သူ့ကို အာရုံစိုက်မှု လျော့ပါးသွားမည် ဖြစ်ကာ သူ့အနေဖြင့် အေးအေးချမ်းချမ်း နေနိုင်လိမ့်မည်။ တခြားအနေဖြင့် ပြောရမည်ဆိုလျှင် ကံဆက်နွယ်မှု ဖြစ်ရပ် ရှိနေဆဲဆိုပါက သူ့အနေဖြင့် အေးအေးချမ်းချမ်း အိပ်စက်နိုင်မည် မဟုတ်ပေ။

ငါ့အနေနဲ့ စွန့်စားမှုတချို့ယူရမယ် ထင်တယ်…

ဟန်ဖာက ဂူအပြင်ဘက်ကို ကြည့်ကာ တွေးလိုက်သည်။ အကယ်၍ တခြားတစ်ယောက်သာ ရှိနေပါက သူတို့သည် ဤလျှို့ဝှက်ဂူ၏ ကာကွယ်ရေး အထပ်ထပ်ကြောင့် အံ့အားသင့်သွားလိမ့်မည်။

ပထမဦးစွာ ဂူက ကံတရားမဲ့ သလင်းကျောက်မှ ဆောက်လုပ်ထားသည့် ဒိုင်မေးရှင်းအတွင်းတွင်ရှိပြီး ကံဆက်နွယ်မှုအားလုံးမှ ပိုင်းခြားထားသည့် နေရာကောင်းတစ်ခု ဖြစ်၏။ ဒုတိယအနေဖြင့် ထိုဂူဝန်းကျင်တွင် အင်မော်တယ်စွမ်းအားပင်လယ် ရှိနေပြီး ထာဝရဘုရင် ဒါဇင်ချီကို လေ့ကျင့်ပေးဖို့ လုံလောက်အောင် သိပ်သည်းလှသည်။ သို့သော်လည်း ဟန်ဖာက ထိုစွမ်းအင်ကို အာရုံခံနည်းစနစ်အမျိုးမျိုးဖြင့် ရောစပ်ဖို့ အသုံးပြုထားလေ၏။

တတိယကာကွယ်ရေးအလွှာကမူ ဘေးပတ်ဝန်းကျင်တွင်ရှိနေသည့် အစီအရင်အမြောက်အများ ဖြစ်၏။ သူတို့က သန်းချီ၍ ရှိနေကာ ဆန့်ကျင်ဂမ္ဘီရ၊ ဆန့်ကျင်တွက်ချက်ရေး၊ ဆန့်ကျင် ကံအာရုံခံမှု၊ ဆန့်ကျင်အချိန်နည်းစနစ်များ၊ သတင်းအချက်အလက်ထိန်းချုပ်ရေးနှင့် တခြားအရာများ ပါဝင်နေလေသည်။ နောက်ဆုံးအနေဖြင့် လျှို့ဝှက်ဂူကို အရေးပေါ်အခြေအနေကျလျှင် တခြားကွဲပြားသည့် နေရာများဆီ ကူးသန်းပို့ဆောင်ပေးနိုင်သည့် လျှို့ဝှက်ကူးသန်းရေးအစီအရင်ပါ ရှိလေ၏။ ထိုနေရာများက တခြားအရင်းအမြစ်ကမ္ဘာဖြစ်နိုင်သလို အချိန်မြစ်ကြောင်းလည်း ဖြစ်နိုင်ပြီး အရင်းအမြစ်ချီ နေရာလွတ်ထဲအထိ ဖြစ်နေနိုင်သည်။

သို့သော်လည်း ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။ စတုတ္ထအလွှာကမူ တာအိုစွန့်ပယ်ခြင်းကမ္ဘာဟုခေါ်ဆိုသည့် ဟွင်သွမ်းကမ္ဘာ ဖြစ်၏။ ထိုနေရာက ထိုနာမည်ရှိရခြင်း အကြောင်းအရင်းတစ်ခု ရှိလေသည်။ ကောင်းကင်တာအိုက ထိုနေရာကို စွန့်ပယ်ထား၍ လွှမ်းမိုးမှု သို့မဟုတ် ထိန်းချုပ်မှုတို့ ကန့်သတ်ခံထားရသည်။

ထိုကမ္ဘာ၏ အခြေအနေက နည်းစနစ် အသုံးပြုမှုကို များစွာ ကန့်သတ်ထားသည့်အတွက် ပြီးပြည့်စုံသည့် ပုန်းအောင်းရေးနေရာတစ်ခု ဖြစ်လာစေသည်။

ထိုနေရာ၏ ပဉ္စမမြောက်နှင့် နောက်ဆုံးသော ကာကွယ်ရေးအလွှာကမူ ဟန်ဖာကလည်း ကံကြမ္မာမဲ့တစ်ယောက် ဖြစ်၏။ သူ့ဘဝ၌ သူက စွန့်စားမှုတချို့ကို ယူခဲ့ဖူးသည်။ တစ်ခုကမူ ဝမ်ဝေ့ကဲ့သို့ အဆင့်အတန်းကိုရဖို့ ကံကြမ္မာမဲ့ကို သတ်ပစ်ခဲံ့ခြင်း ဖြစ်၏။

ဟန်ဖာက သူ့လက်ထဲတွင် ဆက်သွယ်ရေးအဆောင်ကို ကိုင်ဆောင်ထားပြီး အမူအရာ ပျက်ယွင်းနေသည်။ သူက သူ့ငတုံးတပည့်သည် သူ့အား အန္တရာယ်ကျရောက်စေသည့်အတွက် ဒေါသထွက်နေလေ၏။ သူက သူတို့ကို လေ့ကျင့်ပေးခဲ့သည်မှာ သူတို့က တစ်ရက်တွင် အကူအညီပေးနိုင်ကြောင်း သိ၍ ဖြစ်သည်။ သူက တစ်ယောက်တည်းဖြစ်သည့်အတွက် ရံဖန်ရံခါတွင် အားကောင်းသည့် မဟာမိတ်များ ရှိထားခြင်းက သူ့အသက်ရှင်မှုအတွက် အကျိုးရှိလေသည်။ တပည့်များ ခေါ်ဆောင်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကမူ သူ့ကံဆက်နွယ်မှု ဖြစ်ရပ်ကို ရှင်းထုတ်ပစ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်နေကြောင်း ကောက်ချက်ချမိခဲ့၍ ဖြစ်သည်။

ဟန်ဖာက အဆောင်ကို ပို့လွှတ်ပြီးသည့်နောက်တွင် ကမ္ဘာဦးဟွင်သွမ်းက သေးငယ်သော်လည်း တုန်လှုပ်နိုင်ဖွယ် တုန်ခါမှုတစ်ခုကို တွေ့ကြုံခံစားလာရသည်။ တစ်စုံတစ်ယောက်က ရေကန်ကြီးထဲ ကျောက်တုံးပစ်ချလိုက်သလိုမျိုး ဖြစ်၏။ သို့သော် မည်သူကမှ အတက်အကျလှိုင်းကို အာရုံမခံမိခဲ့ပေ။ အဆောင်က ဟွင်သွမ်းကမ္ဘာတစ်ခုဆီ ဦးတည်သွားပြီး မတည်ရှိဖူးသကဲ့သို့ ပျောက်ကွယ်သွားလေ၏။ သို့သော် သတင်းစကားကမူ  ဟွင်သွမ်းကမ္ဘာထောင်ချီကို ဖြတ်ကျော်ကာ အရင်းမြစ်ချီနေရာလွတ်ကို ရှေ့နောက်ဖြတ်သန်းပြီး အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာဆီ ရောက်ရှိလာသည်။

သတင်းစကားက ကမ္ဘာများစွာကို ဖြတ်သန်းလာရင်း ကွဲပြားသည့် မျိုးနွယ်၊ လိင်အမျိုးအစားနှင့် ကျင့်ကြံဆင့် အမျိုးမျိုးရှိသည့် လူများစွာလည်း ပါဝင်နေသည်။

ထိုလူများစွာက တစ်ယောက်နှင့်တစ်ယောက် မတွေ့ဖူးသလို ဆက်နွယ်မှုလည်း မရှိပေ။ ဟန်ဖာကမူ ခြွင်းချက် ဖြစ်၏။ သို့သော်လည်း သူတို့ကို ကြည့်လိုက်ပါက သူတို့သည် ထိုအရာကို သိမည် မဟုတ်ပေ။ အကြောင်းအရင်းကမူ ဟန်ဖာက ထိုသူများနှင့် ကံဆက်နွယ်မှုကို ဖြတ်တောက်ထား၍ဖြစ်သည်။

သူတို့က ဟန်ဖာကို သိလည်းမသိသလို နာမည်လည်း ကြားဖူးခြင်း မရှိပေ။ သို့သော်လည်း သူက သူတို့အား တိတ်တဆိတ် ကူညီပေးကာ စာချုပ် ချုပ်ဆိုထားလေသည်။

သတင်းစကား ရောက်ရှိလာသည့်အခါ ထိုသူများက သက်ဆိုင်ရာနည်းလမ်းများအလိုက် သတင်းစကားကို သက်ဆိုင်ရာနေရာ၌ ပို့ဆောင်ပေးလိုက်သည်။ ထို့နောက် သူတို့က သတင်းစကား လက်ခံရရှိဖူးသည့်အချက်ကို စိတ်ထဲမှ ပယ်ဖျက်လိုက်၏။ တချို့သူများကမူ ပိုမိုတင်းကြပ်သည့် စာချုပ်မျိုးရှိသည့်အတွက် သတင်းစကားကို မပေါက်ကြားစေဖို့အတွက် ပြန်လည်ဝင်စားခြင်းသို့ ဝင်ရောက်သွားသည်။ ကျန်သူများကမူ သူတို့ဆီမှ သတင်းစကားရဖို့ ကြိုးစားတိုင်း ကြောက်မက်ဖွယ်ကျိန်စာနှင့် သေသွားအောင် လွှမ်းခြုံခံထားရလေသည်။

မည်သူမှ သူ့ထံ သတင်းစကားမပို့နိုင်အောင် လုပ်ဆောင်ထားခြင်း ဖြစ်၏။ သူက သတိကြီးကြီးထားထားခြင်းမှာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ဟု ခေါ်ဆိုနိုင်သည့် မကောင်းဆိုးဝါးများရှိနေ၍ ဖြစ်သည်။ ထိုနှစ်ယောက်ကသာ သူ့သတင်းစကားကို ဖမ်းဆုပ်မိပြီး နောက်ယောင်ခံခဲ့ပါက ပြဿနာများ ဖြစ်လာနိုင်ကြောင်း သိထားလေ၏။ ထိုသို့မဟုတ်ပါက သူ့အနေဖြင့် ကပ်အန္တရာယ်မျက်လုံးကို အသက်သွင်းပြီး ထွက်ပြေးဖို့ လုံလောက်ပေသည်။

ဟန်ဖာ၏ သတင်းစကားက လူအိုကြီးသိုက်ဆီ ဝမ်ဝေ့နှင့် နှစ်ရာချီတိုက်ခိုက်ပြီးသည့်နောက်တွင်ပင် ရောက်မလာခဲ့သေးပေ။ သို့သော်လည်း အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာနှင့် သက်ဆိုင်နေလေ၏။ ထိုသတင်းစကားက ကွဲပြားသည့် ဟွင်သွမ်းကမ္ဘာများကို ဖြတ်သန်းခဲ့ရသည့်အတွက် ဟန်ဖာအတွက် အချိန်မည်မျှကြာမြင့်ကြောင်း တွက်ချက်ဖို့ ခက်ခဲနေသည်။ သို့သော်လည်း တချို့သောနေရာများ၌ သတင်းစကားက ဦးတည်ရာနေရာသို့ မပို့ဆောင်ခင် နှစ်တစ်သန်းကြာမြင့်သွားလေသည်။

သတင်းစကားက တိတ်တဆိတ်ဖြင့် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာဆီ ရောက်ရှိလာသည်။ အန္တိမသဟဇာတနှင့် မေတ္တယျတို့က အကြောင်းအရင်းကို သတိမထားမိခဲ့ပေ။ ပထမတွင် သူတို့က တိုက်ခိုက်နေပြီး ဒုတိယတစ်ခုကမူ ထိပ်သီးအင်အားစုများစွာက တခြားသောဟွင်သွမ်းကမ္ဘာများဖြင့် အဆက်အသွယ်ရှိကြ၍ ဖြစ်သည်။ ထိုသူများက အကြွင်းမဲ့တားမြစ်ချက်အပြီးတွင် ရပ်တန့်လိုက်သော်လည်း သို့မဟုတ် လျော့ချလိုက်ကြသော်လည်း ကပ်ပါးများက ကျူးကျော်မှုကို တိုက်ခိုက်ဖို့ ရပ်သွားကတည်းက အရေအတွက် တဖြည်းဖြည်း တိုးပွားလာလေ၏။ ထို့ကြောင့် ဟန်ဖာ၏ သတင်းစကားက ဆက်သွယ်မှုများကြားတွင် သတိမထားမိနိုင်ဖွယ် အနေအထားသို့ ရောက်ရှိသွားလေသည်။

 လူအိုကြီးသိုက်က သူ့ဆရာဆီမှ သတင်းစကား ရရှိသည့်အတွက် ပျော်ရွှင်နေလေ၏။ သတင်းကို စကားဝှက်ဖြင့် ရေးသားထားသည့်အတွက် သူ့အနေဖြင့် သူတို့ဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ စကားဝှက်ကို ဖြည်ဖို့ လိုအပ်နေသည်။ ထို့နောက် သူက သူ့ဆရာ၏ ပါဝင်အကြောင်းအရာများကြောင့် အံ့အားသင့်သွားလေ၏။ ထို့နောက် သတင်းစကား ပြန်ပို့လိုက်သည်။ ဤတစ်ကြိမ် ထိုလူများက ပထမဦးဆုံးအကြိမ်နှင့် မသက်ဆိုင်ပေ။

……………………………………………….

တာအိုစွန့်ပယ်ခြင်းကမ္ဘာ

“ကုံတာအိုလား” ဟန်ဖာက ရေရွတ်လိုက်သည်။

“အဲဒါဆိုတော့ ငါ့ကံကြမ္မာက အတွေးအခေါ်သဘောတရားအသစ်ကို တည်ဆောက်ဖို့အတွက်ပေါ့”

အကယ်၍ တခြားတစ်ယောက်ဖြစ်နေပါက သူတို့သည် စိတ်လှုပ်ရှားနေကြလိမ့်မည်။ လူတချို့ကသာ ထိုကံကြမ္မာမျိုးကို ရှိပြီး အကျော်ကြားဆုံးကမူ တာအိုဘာသာဖန်တီးရှင်၊ ဗုဒ္ဓဘာသာဖန်တီးရှင်နှင့် ကျောင်းတော် သို့မဟုတ် စာပေသဘောတရားဟုခေါ်ဆိုသည့် သူတော်ကောင်းတရားကို ဖန်တီးခဲ့သူ ဖြစ်၏။

“အခု ငါက အဲဒီမသိတတ်တဲ့ ကောင်စုတ်လေးက ငါနဲ့ဆက်နွယ်နေတဲ့ အကြောင်းအရင်းကို နားလည်သွားခဲ့ပြီ” ဟန်ဖာက ရေရွတ်လိုက်သည်။ သူက သူ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှ ထွက်လာပြီးသည့်နောက်တွင် တတိယတပည့် ရလာလေ၏။ ထိုတပည့်က ပါရမီအထူးကဲဆုံး ဖြစ်၏။ သူက အံ့မခန်းအလျင်နှုန်းဖြင့် ထိပ်သီးကောင်းကင်ဘုံအဆင့် ဖြစ်လာလေသည်။ ဟန်ဖာက ထိုသူသည် သူတို့အင်အားစုထဲ ဒုတိယမြောက် အဆုံးစွန်မဲ့စံပြဖြစ်လာလိမ့်မည်ဟု ယုံကြည်ချက် ရှိနေလေ၏။

သို့သော်လည်း တတိယတပည့်က သူ့အတွေးအခေါ်သဘောတရား၏ တစိတ်တပိုင်းမျှသာ စုပ်ယူထားသည်။ တတိယလေးက ပိုမိုကြီးမားသည့်အင်အားစုကို ဖန်တီးလိုပြီး ဖရိုဖရဲမဖြစ်ဘဲ အေးချမ်းစွာ ကျင့်ကြံနိုင်သည့်သူများကို စုဝေးလိုသည်။ သို့သော်လည်း ဟန်ဖာက ထိုအတွေးကို သဘောမတူပေ။ အကယ်၍ လျှို့ဝှက်အင်အားစုဖြစ်လာသည်က ကိစ္စတစ်ခု ဖြစ်သော်လည်း သူ့တပည့်ကမူ သေချာကောင်းမွန်သည့် ဂိုဏ်းတစ်ခုကို လိုချင်နေခြင်း ဖြစ်သည်။

“သူက ထင်ပေါ်ရတာ ဒီလောက်ကြိုက်နေမှတော့ ယူလိုက်ပေါ့” ဟန်ဖာက ရေရွတ်လိုက်သည်။

“သူက ကုံတာအိုစာသင်ကျောင်းရဲ့ ကြမ္မာကို အမွေဆက်ခံပြီးတော့ ငါကတော့ ကံကြမ္မာရဲ့ မြင်ကွင်းကနေ ထွက်ခွာလို့ရပြီ”

ဟန်ဖာက သူ့တတိယတပည့်ဆီ သတင်းစကားပို့ဆောင်ရင်း ရေရွတ်လိုက်သည်။ သူက ပထမတပည့်ဆီ ဆက်သွယ်သလိုမျိုး ဝိရောဓိဖြစ်နေခြင်း မရှိတော့ပေ။ သို့သော်လည်း လျှို့ဝှက်ထားဆဲသာ ဖြစ်၏။ ဟန်ဖာက အသက်ပြင်းပြင်းရှူကာ သူ့စိတ်ထဲမှ ဝန်ထုပ်ကြီး ပေါ့သွားသည်ကို ခံစားမိလိုက်သည်။ သူက အဝေးတစ်နေရာကို ကြည့်ရင်း စိတ်အနေအထားက ပိုမိုကောင်းမွန်လာ၏။

ငါ အခု ဘာလုပ်ရမလဲ…

ဟန်ဖာက အကြွင်းမဲ့တားမြစ်ချက် မတိုင်ခင်ကတည်းက အဆုံးစွန်မဲ့စံပြတစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူ မည်မျှပင် ကြိုးစားစေကာမူ တိုးတက်မှုဟူ၍ မရှိပေ။ ကျရှုံးမှုများစွာပြီးသည့်နောက်တွင် သူက ခန္ဓာကိုယ်ကို လေ့ကျင့်ရင်း ခွန်အားဂိတ်ပေါက်ကို လတ်တလောလေးမှ ဖွင့်လှစ်ထား၏။ ဟန်ဖာက ထိုလမ်းစဉ်သည် သူ့အသက်ရှင်နိုင်ချေနှင့် စွမ်းအားကို မြှင့်တင်ပေးနိုင်ကြောင်း သိထားသော်လည်း နောက်အဆင့်ရောက်အောင် ကူညီမပေးနိုင်ကြောင်း ကောင်းကောင်းသိထားသည်။

ငါ့အနေနဲ့ စွန့်စားမှုယူပြီးတော့ ဉာဏ်အလင်းပွင့်မှုရအောင် ရောက်ရှိလာမဲ့ စမ်းသပ်ချက်မှာ ဝင်ရောက်ဆင်နွှဲလိုက်ရမလား…

All Chapters