← Chapters

ဆေးရုံပို့! ခဏကြောင်သွားပြီ! ၂

Vol. 29 Ch. 421

ဆေးရုံပို့! ခဏကြောင်သွားပြီ! ၂

Vol. 29 Ch. 421

အိမ်နိမ့်ရွာသားများမှာ သူတို့စိုးရိမ်နေသောမြေက ငွေဘယ်လောက်ဝင်နိုင်ကြောင်းတွေးမိသောအခါ ကောကွမ်းတို့သားအဖကိုအူလှိုက်သည်းလှိုက်မုန်းကြသည်။

ထို့ကြောင့် မကြာမီ အိမ်နိမ့်ရွာတွင်ပြည်သူအိမ်တစ်အိမ်ကိုဖျက်ဆီးခံရသည်ဟု ရှီထိုက်မြို့ရဲစခန်း၌ ရဲအစီရင်ခံစာတစ်စောင်ရလိုက်သည်။ ရဲများရောက်သွားသောအခါ ကောကွမ်း၏အိမ်ကိုဖျက်ဆီးခံထားရသည်။ သူကြီးကတော်မှာ ခြေထောက်ခိုက်မိသွား၍ ဆေးရုံတင်ထားရသည်။

တစ်ရွာလုံးက သူတို့မကျေနပ်ချက်များကို ကောကွမ်းတို့သားအဖအပေါ်ပုံချထားပုံရသည်။ သူတို့ဒေါသအလျောက် လွန်လွန်ကျူးကျူးများတောင်လုပ်ကြသည်။ သို့သော် ဘယ်သူမှလုံးဝမသုံးသပ်ကြချေ။ သူတို့သာလောဘမကြီးရင် ဒီသားအဖကိုထောက်ခံမလား?

ဒီသားအဖကြောင့်ပဲ ကိစ္စတွေကဒီလိုအဆုံးသတ်ရတာလား?

လူတွေက သူများအမှားဆိုရှာဖို့လွယ်သည်။ သူများကိုအပြစ်တင်ပြီး ကိုယ့်တာဝန်ကိုလျစ်လျူရှုတာပိုတော်ကြသည်။

ရေခဲတောင်ပြိုကျတာ ဘယ်နှင်းပွင့်မှအပြစ်မကင်း။

ချင်လင်က ရွာအကြောင်းလုံးဝဂရုမစိုက်တော့ချေ။

ရှန်လီက ဖရဲသီးတိုးမြှင့်ဖို့တာဝန်ယူထားသည်။

သို့ရာတွင် ပါမောက္ခရန်၏သတင်းက ချန်ရှန်းဖေ၊ မာလဲ့ဝမ်နှင့် ရှန်လီတို့ကိုလှမ်းခေါ်ဖို့ဖြစ်လာသည်။

သူတို့သုံးယောက်ကို ဒီအကြောင်းပြောပြမှဖြစ်မည်။

ကိစ္စက ဒိုနာစီမြက်ရင်းအကြောင်းပဲပေါ့။

ချန်ရှန်းဖေတို့က ဒီအကြောင်းအခုထိမသိသေး။





ဒီတစ်ကြိမ် လီခိုင်က ဒိုနာစီမြက်ရင်း ၁၂ ပင်ကိုပျိုးထောင်ထားကြောင်း ပါမောက္ခရန်အစီရင်ခံလိုက်သည်။ ယွမ် ၇၀၀၀၀၀ တန်ထိုးဆေးမှာ လူများအတွက်တကယ့်ပြဿနာကြီးပင်။

SMA ရောဂါပြဿနာကိုဖြေရှင်းရန် ပါမောက္ခရန်၏ဌာနကကြိုးစားနေသော်လည်း မအောင်မြင်ခဲ့။

ထို့ကြောင့် ပါမောက္ခရန်၏ဌာနကြီးကြပ်သူမှာ လီခိုင်ကဒိုနာစီမြက်ရင်း ၁၂ ပင်ပျိုးထောင်ထားကြောင်းသိရလျှင် အံ့ဩသွားသည်။

ပါမောက္ခရန်၏အကြံပြုချက်ကြောင့် ဌာနတစ်ခုလုံးက SMA အနာကျက်ဆေးရည်ဖော်ရန် တခြားအစားထိုးနည်းများကို ချက်ချင်းစတင်ပြင်ဆင်ကြသည်။

မဟုတ်ရင် အထက်ကလူတွေက ပါမောက္ခရန်လိုအဆင့်အတန်းနဲ့လူကို ဘယ်လိုလုပ်ပြီး ချင်းလင်စံအိမ်မှာဒီလောက်ကြာအောင်နေခွင့်ပေးမှာလဲ?

လက်ရှိသူတို့ရဲ့ဦးစားပေးက SMA ရောဂါကုသဆေးရည်ပြဿနာကိုဖြေရှင်းဖို့။

အခုဒိုနာစီမြက်ရင်း ၁၂ ပင်က မျိုးစေ့စဖွဲ့နေပြီ။ တစ်ယောက်ယောက်ကိုစေလွှတ်တော့မည်။

ဒီဒိုနာစီမြက်ရင်း ၁၂ ပင်က ချင်းလင်ဓာတ်ခွဲခန်းအမည်ခံနှင့်ဖြစ်၍ အထက်လူများမှာ ချင်းလင်ဓာတ်ခွဲခန်းနှင့်စကားပြောရမည်။

ချန်ရှန်းဖေ၊မာလဲ့ဝမ်နှင့်ရှန်လီကို ရုံးခန်းထဲခေါ်လိုက်ရာ ချင်လင်ကိုဇဝေဇဝါနှင့်ကြည့်နေကြသည်။

ရှန်လီကမေးသည်_ ''ဥက္ကဌချင်... ရုတ်တရက်ကြီး ကျုပ်ရယ် ဥက္ကဌချန်နဲ့ဥက္ကဌမာကိုခေါ်လိုက်တာ... အရေးတကြီးပြောစရာရှိတယ်မလား?''

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်လည်း ချင်လင်ကိုကြည့်လိုက်သည်။

''ကျွန်တော်ပြောစရာရှိတယ်... မကြာသေးခင်က အစ်ကိုလီဖွံ့ဖြိုးအောင်လုပ်ခဲ့တာရှိတယ်''

ချင်လင်ကပြောရင်းဆိုရင်း စာဖိုင်သုံးခုကို သူတို့သုံးယောက်လက်ထဲထည့်ပေးလိုက်သည်။

ထိုစာဖိုင်မှာ SMA ရောဂါဆေးဝါးအတွက် ကုန်ကြမ်းဒိုနာစီမြက်ရင်းအပေါ် လီခိုင်၏လေ့လာတင်ပြချက်ဖြစ်သည်။ သူက လီခိုင်ကိုရေးခိုင်းထားခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အစ်ကိုလီအပေါ်ပုံချပြီးရင် ပွဲပြီးအောင်ကရလိမ့်မည်။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က လီခိုင်အကြောင်းသိသည်။ လီမိသားစုက လီခိုင်ကိုချင်းလင်ဓာတ်ခွဲခန်းလာခိုင်းထားပြီး တချို့အတွင်းသတင်းကို သူတို့နှစ်ဦးလုံးဝခန့်မှန်းမိထားသည်။

ရှန်လီ၏အတွေးက ပိုရှင်းသည်။ သူကလီခိုင်၏နောက်ခံကိုမသိ၊ ပါမောက္ခလီခိုင်ကို ဓာတ်ခွဲခန်းတာဝန်ခံပုဂ္ဂိုလ်အဖြစ်သာသိသည်။ သို့သော် သူကဓာတ်ခွဲခန်းအကြောင်း လုံးဝမမေးဖူး။





ဒီလိုဓာတ်ခွဲခန်းသုတေသနကုမ္ပဏီတွေမှာ သုတေသနနှင့်ဖွံ့ဖြိုးမှုဟူ၍ ခွဲခြားလေ့ရှိကြသည်။

သူကဖွံ့ဖြိုးရေးနှင့်လုပ်ဆောင်ရေးအပိုင်းအပြည့်အဝတာဝန်ယူထားပြီး ဓာတ်ခွဲခန်းအကြောင်းကို ဥက္ကဌချင်မပါဘဲ မေးခွင့်မရှိပေ။

တစ်နေ့မှာ ရှယ်ယာတန်ဖိုးခံစားခွင့်ရပြီး ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ယောက်ဖြစ်မလာသေးခင်အထိပေါ့။

ဖရဲမျိုးအသစ်ကိုစပြီးမြှင့်တင်နေတဲ့အချိန်မှာ ပါမောက္ခလီခိုင်က ရလဒ်အသစ်တွေရှိနေမယ်လို့ သူမထင်မိ။

သူကစာဖိုင်ကိုချက်ချင်းကြည့်ပြီး SMA ရောဂါအတွက် ကုန်ကြမ်းဒိုနာစီမြက်ရင်းအပေါ်လေ့လာတင်ပြချက်ကိုမြင်လျှင်အံ့ဩသွားသည်။

ပါမောက္ခလီခိုင်က ဒီလိုဟာပျိုးထောင်လိုက်တာလား?

အထင်ကြီးစရာမကောင်းလွန်းဘူးလား?

အဓိကအချက်မှာ တင်ပြချက်တွင် ပါမောက္ခလီခိုင်ကိုဒိုနာစီမြက်ရင်းရွှေ့စိုက်ကူဖို့ ပါမောက္ခရန်လာခဲ့သည်ဟုလည်းဖော်ပြထားသည်။

ဒါကပိုပြီးတော့ လန့်လောက်စရာ။

ပါမောက္ခရန်က ဘယ်လိုလူမျိုးလဲ သူသိသည်။

ဒီလိုလူမျိုးက ပါမောက္ခလီခိုင်ပျိုးထောင်စမ်းသပ်မှုကိုလာကူညီခဲ့သည်တဲ့။ ဒါနဲ့တင် ပါမောက္ခလီခိုင်ကဘယ်လောက်အံ့ဩဖို့ကောင်းလဲ သိနိုင်ပြီ။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က ဒီအကြောင်းသိလျှင် သူတို့လည်းအံ့ဩသွားသည်။ လီရှင်းရဲ့ဦးလေးက အရင်ကမင်မြို့တော်သုတေသနတက္ကသိုလ်မှာ သုတေသနလုပ်ခဲ့မှန်းသိသော်လည်း ဒီလိုမျိုးဖန်တီးနိုင်လောက်အောင်အံ့ဩစရာကောင်းသောသူမှန်း လုံးဝမထင်မိပေ။

သူတို့သုံးယောက်က စာဖိုင်ဖတ်ပြီးသောအခါ ချင်လင်လည်း_ ''အခု အထက်ကလူတွေက ဒီဒိုနာစီမြက်ရင်း ၁၂ ပင်အကြောင်းဆွေးနွေးဖို့ ဓာတ်ခွဲခန်းကိုလာနေပြီ... ကျွန်တော်တို့ဘယ်လိုလုပ်သင့်တယ်ထင်လဲ?''

သူတို့သုံးယောက်ကထိုစကားကြားလျှင် ခဏတွေးဆလိုက်ကြသည်။ ထို့နောက် ချန်ရှန်းဖေက_ ''ချင်လင်... ဒီ SMA ရောဂါက အထက်ကလူတွေအတွက် အမြဲတမ်းပြဿနာဖြစ်ခဲ့တယ်မလား? ဘာပဲဖြစ်ဖြစ် ယွမ် ၇၀၀၀၀၀ တန်ထိုးဆေးက မိသားစု ၉၉% အတွက် အိပ်မက်ဆိုးပဲလေ''

ရှန်လီက_ ''ဒါပေမဲ့ SMA ရောဂါက အရမ်းရှားတယ်... ဒီဒိုနာစီမြက်ရင်းကိုအသုတ်ခွဲပြီး ပျိုးထောင်ရင်တောင် စျေးသက်သက်သာသာနဲ့ရောင်းရင် ကျုပ်တို့သိပ်ရမှာမဟုတ်ဘူး... စျေးအများကြီးတင်ဖို့လည်း မသင့်တော်ဘူး''

''ဒါဆိုရင် မရောင်းဘူး... ဒီအတိုင်းလှူလိုက်တာပေါ့''

မာလဲ့ဝမ်က ရုတ်တရက်ပြောလိုက်သည်။

''အခုဓာတ်ခွဲခန်းမှာ ဖရဲမျိုးအသစ်ရှိနေတာ... ဒီကနေပိုက်ဆံရဖို့မလိုဘူး... ဒါကိုအထက်ကလူတွေဆီတိုက်ရိုက်လှူလိုက်ရင် ဓာတ်ခွဲခန်းနဲ့မျက်နှာရနိုင်တယ်''

ချန်ရှန်းဖေကခေါင်းညိမ့်ပြီး_ ''အမှန်ပဲ... ဒီလိုမျက်နှာသာရတာမျိုးက အကျိုးမရှိဘူးထင်ရတယ်... ဒါပေမဲ့ မမြင်ရတဲ့အကျိုးအမြတ်တွေက ပိုက်ဆံနည်းနည်းလေးနဲ့ယှဉ်နိုင်တာမျိုးမဟုတ်ဘူး''

ရှန်လီကလည်း သံယောင်လိုက်သည်_ ''ဥက္ကဌချင်... ဥက္ကဌချန်နဲ့ဥက္ကဌမာပြောတာ သဘာဝကျပါတယ်... တချို့အရာတွေက အနာခံမှအသာစံရတာ''

''ခင်ဗျားတို့က ဒီလိုဆိုမှတော့ ဒီအတိုင်းပဲဆုံးဖြတ်လိုက်တာပေါ့... လှူမယ်''

ချင်လင်ခေါင်းညိမ့်လိုက်သည်။ တကယ်တော့ အစကတည်းကသူလှူချင်သည်။ ဒီလိုပိုက်ဆံမျိုးရဖို့မလိုပါချေ။





All Chapters