← Chapters

အရှိန်တက်လာသောလီခိုင်! အထူးဖရဲသီး?

Vol. 29 Ch. 423

အရှိန်တက်လာသောလီခိုင်! အထူးဖရဲသီး?

Vol. 29 Ch. 423

ဝန်ကြီးလုမှာ ချင်လင်၏စကားကြောင့် လုံးဝကြောင်အမ်းအမ်းဖြစ်သွားသည်။

သူ့ကိုမလွှတ်ခင်က သူလည်းတစ်ဖက်လူနှင့်အမျိုးမျိုးညှိနှိုင်းရမည်ဟုထင်ထားခဲ့သည်။

ဒါပေမဲ့ တန်းလှူလိုက်မည်ဟု လုံးဝမထင်မိပေ။

''သူဌေးချင်... မင်းတကယ် ငါတို့ကိုလှူတာလား?'' ဝန်ကြီးလုက မယုံနိုင်ပုံနှင့်မေးသည်။

ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလိုကိစ္စမျိုးသူတာဝန်ခံလုပ်လာတာ ပထမဆုံးအကြိမ်မဟုတ်၍ လုပ်ဆောင်သူအမျိုးစုံတွေ့ခဲ့ဖူးသည်။ တချို့က စကားစပြောတဲ့အခါ လုပ်ငန်းကခက်ခဲကြောင်း၊ တချို့က သုတေသနရံပုံငွေအလွန်စျေးကြီးကြောင်းညည်းတွားကြပြီး တချို့ကတန်ဖိုးနည်းနည်းနှင့်ထောက်ပံ့နိုင်ကြောင်းတိုက်ရိုက်ပြောကြသည်။ လှူမည်ဟုတန်းပြောသူမျိုး တစ်ခါမှမတွေ့ခဲ့ဖူး။

SMA မှာ ဝေဒနာရှင်အုပ်စုငယ်လေးဖြစ်သော်လည်း တစ်ဖက်လူကပိုက်ဆံလိုချင်ရင် အများကြီးရနိုင်သေးသည်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာမှာ SMA ဝေဒနာရှင်တွေအများကြီးရှိသည်။

လူငယ်၏စကားကြောင့် သူ့ကိုလေးစားမိသည်။

''ဟုတ်ကဲ့... ဝန်ကြီးလုမလာခင် ဓာတ်ခွဲခန်းရဲ့ရှယ်ယာရှင်တွေ အစည်းအဝေးလုပ်ပြီး အတည်ပြုပြီးပါပြီ''

ချင်လင်က အားတက်သရောခေါင်းညိမ့်ပြလိုက်သည်။

ဝန်ကြီးလုက ချင်လင်၏အတည်ပြုချက်ကိုထပ်ရသောအခါ သူ့မျက်နှာတွင်အပျော်ကိုဖုံးကွယ်မထားနိုင်တော့။





ချင်းလင်ဓာတ်ခွဲခန်းက လှူမည်ကိုရွေးချယ်လိုက်ရင် သုတေသနကုန်ကျစရိတ်မရှိတဲ့သဘောပင်။ SMA ကုထုံးတန်ဖိုးကို စျေးအနည်းဆုံးနှင့်ကြော်ငြာနိုင်ရုံသာမက တချို့နိုင်ငံခြားအထူးကဏ္ဍများတွင်လည်း ပါဝင်နိုင်မည်။

ဘာပဲဖြစ်ဖြစ် SMA ရောဂါကိုရင်ဆိုင်ရာတွင် ဘယ်နိုင်ငံကမိသားစုမှမတတ်နိုင်။ ဥပမာ ကိုရီးယားတွင် သူတို့နိုင်ငံထက် SMA ဝေဒနာရှင်ကပိုတောင်များသေးသည်။ နောက်ပြီး တန်ဖိုးကသူတို့ထက်ပိုမြင့်ပြီး မိသားစုများအခြေအနေပိုဆိုးသည်။

ဥပမာဆိုရသော် တရုတ်ပြည်တွင်လည်း SMA အနာကျက်ဆေးရည်တစ်ကြိမ်ကုသမှုကိုဖွံ့ဖြိုးအောင်လုပ်ထားသောဆေးအဖွဲ့ရှိသော်လည်း ဒီဆေးရည်တန်ဖိုးက အပ်တစ်ချောင်းစာ ၂.၁၅ မီလီယံဒေါ်လာရှိသည်။

နိုင်ငံထဲမှာ မိသားစုဘယ်လောက်များများက ၂.၁၅ မီလီယံဒေါ်လာထုတ်နိုင်ပါသလဲ? တစ်ဖက်နိုင်ငံ၏ SMA ကုသမှုပတ်ဝန်းကျင်က သူတို့ထက်ပိုတောင်ခက်ခဲသေးသည်။

ဒီလူတွေအတွက် နိုင်ငံထဲကဆေးအဖွဲ့က တန်ဖိုးချပေးဖို့လား? ဆေးအဖွဲ့ရဲ့အသိတရားကိုမသိရသေးခင် မဖြစ်နိုင်ချေ။

ဒါအများကြီးလုပ်နိုင်မည်။

ထိုအချိန်တွင် ချင်လင်က_ ''ဝန်ကြီးလု... ကျွန်တော်ပြီးရင် ဓာတ်ခွဲခန်းအထွေထွေမန်နေဂျာကို စာဖိုင်တွေပြင်ခိုင်းလိုက်ပါမယ်''

''သူဌေးချင်... မင်းရဲ့ပါဝင်အားဖြည့်မှုအတွက် ကျေးဇူးအများကြီးတင်တယ်ကွာ''

ဝန်ကြီးလုက စိတ်ရင်းနှင့်ကျေးဇူးတင်စကားဆိုလိုက်သည်။

ဒီလောက်ငယ်တဲ့လူငယ်နဲ့တွေ့ပြီး ရုံးစကားတွေအများကြီးပြောစရာမလို။ မဟုတ်ရင် အကျိုးမရှိဖြစ်လိမ့်မည်။

ပါမောက္ခရန်က ထိုရလဒ်ကိုမြင်သောအခါ သူလည်းပြုံးပြီး_ ''ဝန်ကြီးလု... ကျုပ်ပြောပါတယ် သူဌေးချင်ကလူကောင်းတစ်ယောက်ပါလို့ ဟုတ်တယ်မလား? ဒီဒိုနာစီမြက်ရင်းတင်မကဘူး... သူ့မှာ အထူးပုံပြောင်းဓာတ်ပစ္စည်းပါတဲ့ လိပ်ခေါင်းသက်သာစေတဲ့ဆေးဖက်ဝင်ဝိုင်လည်းရှိတယ်''

''အဲဒီပုံပြောင်းဓာတ်ပစ္စည်းက ဆေးသုတေသနအမျိုးမျိုးအတွက်အထောက်အကူဖြစ်တယ်... သူဌေးချင်က အဲဒါကိုလည်းသုတေသနလုပ်ဖို့လှူထားတာ... သူ့ဆေးဖက်ဝင်ဝိုင်က တစ်ပုလင်းယွမ် ၆၀၀၀၀ တန်တယ်... ဒါပေမဲ့ တို့သုတေသနက သူ့ဆေးဖက်ဝင်ဝိုင်ကိုအလဟဿလုပ်ပစ်တာ သူလုံးဝစိတ်ထဲမထားဘူး''

ဝန်ကြီးလုကခေါင်းညိမ့်သည်။ သူလည်း ပါမောက္ခရန်အဖွဲ့၏ပုံပြောင်းဓာတ်ပစ္စည်းသုတေသနကို တချို့တလေနားလည်ထားသည်။ ဒါကြောင့် ချင်လင်ကိုပိုပြီးအထင်ကြီးမိသည်။

သူပြန်ရောက်ရင် ချင်းလင်ဓာတ်ခွဲခန်းကိုဘယ်လိုပြန်ပေးဆပ်ရမလဲ စဉ်းစားရမည်။





သူကလှူသည်ဆိုသော်လည်း အထက်လူများက ဒီလိုကုမ္ပဏီမျိုးကိုကာကွယ်ပေးဖို့လိုသေးသည်။ သူလှူထားတာကို အလကားရသလိုယူလို့မဖြစ်၊ သူ့ကိုအစားပြန်ပေးရဦးမည်။

ချင်လင်ကဘယ်လိုအနေအထားဖြစ်ဖြစ် သက်သက်ကြီးမတောင်းနိုင်။ ဒါသာမန်ဆက်ဆံရေးမဟုတ်ပေ။

ရှေးရှေးတုန်းက ကျီကုန်းပြန်ပေးဆပ်တဲ့အကြောင်းဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ဖူးသည်။ လုပြည်သားတွေက သူတို့တစ်နယ်တည်းသားတွေကံကြမ္မာအလှည့်အပြောင်းကြုံပြီး တခြားပြည်မှာကျွန်ခံရတာမြင်တော့ သူတို့ကိုပြန်ရွေးပြီး သူတို့လွတ်လပ်ရေးကိုထိန်းသိမ်းထားနိုင်ရင် တိုင်းပြည်ရဲ့ဆုလဒ်တွေရနိုင်သည်ဟုဆိုသည်။

ကျီကုန်းက တိုင်းပြည်၏နစ်နာကြေးကိုငြင်းသောအခါ ကွန်ဖြူးရှပ်က_

''မင်းမှားတယ်... မင်းနစ်နာကြေးမယူရင် ဘယ်လုပြည်သားကမှ သူတို့ရဲ့သေနေတဲ့တစ်နယ်တည်းသားတွေကိုပြန်ရွေးမှာမဟုတ်ဘူး''

ဒီဇာတ်လမ်းက ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှုအကြောင်းပင်။ တကယ်တော့ တခြားမှာလည်းအတူတူဖြစ်သည်။ အခုချင်းလင်ဓာတ်ခွဲခန်းက ဒီပျိုးထောင်မှုရလဒ်ကိုလှူခဲ့သည်။ သူတို့ကဆုလဒ်မပေးရင် နောင်မှာဘယ်သူကပါဝင်ဆောင်ရွက်ချင်မှာလဲ?

ချင်လင်ကတုံ့ဆိုင်းမနေဘဲ ရှန်လီကိုတန်းဖုန်းဆက်ကာ လှူဒါန်းသည့်လုပ်ငန်းစဉ်ကိုပြင်ဆင်ဖို့ ချက်ချင်းမေးလိုက်သည်။

ဖုန်းချပြီးနောက် သူကဝန်ကြီးလုအား_ ''ဝန်ကြီးလု... မကြာခင် ဓာတ်ခွဲခန်းကအဆင်သင့်ဖြစ်ပါလိမ့်မယ်''

ဝန်ကြီးလုကခေါင်းညိမ့်ပြီး အလောတကြီးပြောလိုက်သည်_ ''သူဌေးချင်... အခုဒိုနာစီမြက်ရင်းကဘယ်မှာလဲ? အရင်ဆုံးတစ်ချက်သွားကြည့်ရင်ရော?''

ချင်လင်ကခေါင်းညိမ့်ပြီး ဝန်ကြီးလု၊ ပါမောက္ခရန်နှင့်အတူ ရုံးခန်းထဲမှထွက်လာသည်။ သူတို့က မြေဧက ၁၀၀ ဆီလျှောက်လာသည်။

ညှိနှိုင်းသူများမှာ ယောင်ချာချာနှင့်လိုက်လာရသည်။

အခုတော့ လုံးဝအသုံးမဝင်ဘဲ အဖော်သာဖြစ်နေတော့သည်။

ဝန်ကြီးလုက သူ့ရည်မှန်းချက်ပြည့်ပြီး သူမျှော်လင့်ထားသည်ထက်ကျော်လွန်နေပြီ။ သူကစိတ်ခံစားချက်ကောင်းနေပြီး စံအိမ်ကိုလျှောက်ကြည့်ချင်စိတ်တောင်ဖြစ်နေသည်_

''သူဌေးချင်... မင်းစံအိမ်ထဲမှာ ခရီးသည်တွေအများကြီးပဲ... ပတ်ဝန်းကျင်ကတကယ်ကောင်းတယ်''

ချင်လင်ကပြုံးပြီး_ ''ကျွန်တော်လျှောက်လုပ်ထားတာပါ... ခရီးသည်တွေသဘောကျမယ်လို့ ဘယ်သိမှာလဲ?''

သို့သော် ပါမောက္ခရန်ကချက်ချင်းဖော်ကောင်လုပ်လိုက်သည်_

''သူဌေးချင်... မင်းကလျှောက်လုပ်တာဆိုရင် နိုင်ငံထဲကရှုမျှော်ခင်းနေရာတွေ တကယ်အရှက်ရတော့မှာ... ဝန်ကြီးလု ကျုပ်ပြောမယ်နော်... သူဌေးချင်ရဲ့စံအိမ်က တကယ်အလုပ်ဖြစ်တာ... ပန်းပင်လယ်ဖြစ်ဖြစ် ရေပေါ်တံတားရှုခင်းကြည့်နေရာဖြစ်ဖြစ် လူတွေကိုပြန်ဖို့မေ့လောက်အောင်လုပ်နိုင်တယ်''

ဝန်ကြီးလုကပြုံးပြီး ခေါင်းညိမ့်လိုက်သည်_

''ယုံတယ်... ဒီမလာခင်က ချင်းလင်စံအိမ်ဗီဒီယိုတွေအများကြီးကြည့်ခဲ့တယ်... ဗီဒီယိုတွေနဲ့တင် စိတ်ဝင်စားသွားတာ... ဒါနဲ့ အခွင့်ရရင် အဲဒီရှေးဟောင်းဂင်ဂိုပင်နှစ်ပင်ကိုတစ်ချက်သွားကြည့်ဦးမယ်... ဒီလိုအသံထွက်နိုင်တဲ့ရှေးဟောင်းအပင်မျိုးမြင်ဖူးတာ ဒါဒုတိယအကြိမ်ပဲ''

ထိုစကားကြားလျှင် ချင်လင်အံ့ဩသွားသည်_ ''ဝန်ကြီးလုက အသံထွက်နိုင်တဲ့တခြားရှေးဟောင်းအပင်ကိုမြင်ဖူးတာလား?''





All Chapters