အရှိန်တက်လာသောလီခိုင်! အထူးဖရဲသီး? ၂
Vol. 29 Ch. 424
ဝန်ကြီးလုကပြုံးပြီးခေါင်းညိမ့်လိုက်သည်_ ''မြို့ထဲမှာ ရှေးဟောင်းအရိပ်ရပင်တစ်ပင်ရှိတယ်... သူ့ရဲ့ထူးထူးခြားခြားတည်ရှိပုံကြောင့် အပြင်လောကက ဒီအပင်အကြောင်းမသိကြဘူး... ဒါပေမဲ့ အဲဒီအရိပ်ရပင်ရဲ့အသံကသာယာတယ်ဆိုပေမဲ့ မင်းစံအိမ်ထဲကရှေးဟောင်းဂင်ဂိုပင်နှစ်ပင်လောက်တော့ အံ့ဩစရာမကောင်းဘူး... သူဌေးချင် ဒီထူးဆန်းတဲ့သစ်ပင်နှစ်ပင်ကို တို့အတွက်ကျန်အောင်လုပ်ပေးခဲ့တဲ့ဆရာလင်းကို ငါကျေးဇူးတင်ရဦးမယ်... ဒါကလည်း လူသားဆန်ဆန်အမွေဆက်ခံမှုပဲ''
ချင်လင်လည်း ဆရာလင်းအတွက်ထိုက်တန်သည်ဟုခံစားမိသည်။ ဆရာလင်းက ဆယ်လီဖြစ်လာရုံသာမက အထက်ကလူတွေတောင် သူ့အကြောင်းသိကုန်ပြီ။
သူတို့အုပ်စုက ဖရဲခင်းမြေဧက ၁၀၀ ဆီမြန်မြန်ဆန်ဆန်ရောက်သွားကြသည်။
စိုက်ခင်းထဲမှဖရဲသီးများမှည့်နေလေပြီ။ နောက်ပြီး မျိုးစေ့များဖြည်းဖြည်းချင်းရိတ်သိမ်းနေသည်။ ပထမအသုတ်မျိုးစေ့ကို ရွာအသီးသီးဆီဖြန့်ဝေပေးမည်။
ဝန်ကြီးလုက အဆုံးမရှိစိမ်းစိုနေသောစိုက်ခင်းဧက ၁၀၀ ကိုကြည့်ပြီး အံ့ဩသံနှင့်_
''သူဌေးချင်ရဲ့စံအိမ်က ဖရဲသီးစိုက်တာလား? ဒါသာမန်ဖရဲသီးမဖြစ်နိုင်ဘူးမလား?''
ဒါကလည်း တွေးကြည့်ရုံနှင့်ပုံဖော်နိုင်သောအရာပင်။
ချင်းလင်စံအိမ်ရဲ့အတိုင်းအတာနဲ့ သူတို့ဘာသာဖရဲသီးစိုက်စရာမလို။ သာမန်ဖရဲသီးနဲ့ဒိုနာစီမြက်ရင်းစိုက်ဖို့ဆိုမပြောနှင့်တော့။
ချင်လင်ကရှင်းပြသည်_
''ဝန်ကြီးလု... ဒါဖရဲမျိုးအသစ်ပါ... ဒါကလည်း ချင်းလင်ဓာတ်ခွဲခန်းကဖွံ့ဖြိုးအောင်လုပ်နေတဲ့ထုတ်ကုန်ပါ''
ဘာပဲဖြစ်ဖြစ် အခုချင်းလင်ဓာတ်ခွဲခန်းကိုအားလုံးပုံချလိုက်ရုံပင်။
ပါမောက္ခရန်မှာ ဒီနေ့ဆယ်လီရောင်းကုန်အဖြစ် လုံးဝပုံပြောင်းသွားသလိုပင်။ သူကသူဌေးချင်ကို ချီးကျူးပြန်သည်_
''ဝန်ကြီးလု... သူဌေးချင်ရဲ့ဖရဲမျိုးအသစ်က လုံးဝသာမန်မဟုတ်ဘူး... စိုက်ပျိုးချိန်တဝက်လျော့တဲ့အပြင် ရာသီမရွေးစိုက်ပျိုးနိုင်တယ်... ဆောင်းတွင်းမှာတောင် အစိမ်းရောင်မှန်လုံအိမ်မလိုဘဲစိုက်နိုင်တယ်''
''အထင်ကြီးစရာပဲ'' ဝန်ကြီးလုမှာ ပါမောက္ခရန်၏စကားကြားပြီး အံ့ဩသွားသည်။


စိုက်ပျိုးချိန်တဝက်လျော့သည်ဖြစ်စေ၊ ရာသီမရွေးစိုက်ပျိုးနိုင်သည်ဖြစ်စေ သီးနှံများအတွက်ကောင်းချီးမင်္ဂလာပင်။
သီးနှံအားလုံးမှာသာ ဒီလိုအာနိသင်မျိုးရှိရင် ချင်းလင်ဓာတ်ခွဲခန်းက ဒီနည်းပညာကိုမြှင့်တင်တဲ့အခါ နေထိုင်မှုကုန်ကျစရိတ်ကိုအတော်အတန်လျှော့ချနိုင်ပြီး အရည်အသွေးရှိသောဘဝကိုပေးနိုင်မည်။
ဆောင်းတွင်းမှာ ရာသီမဟုတ်သောသီးနှံများကိုဝယ်ရန်ပိုက်ဆံပိုပေးစရာမလိုဘဲ စားချင်တာကိုရာသီမရွေးစားနိုင်လိမ့်မည်။
ပါမောက္ခရန်က အခိုင်အမာပြောလိုက်သည်_ ''အင်း... ဒိုနာစီမြက်ရင်းကိုပျိုးထောင်ခဲ့တဲ့ပါမောက္ခလီခိုင်ကလည်း ဒီအပူချိန်နိမ့်မျိုးစိတ်စမ်းသပ်မှုကိုလေ့လာနေတယ်... အတိုင်းအတာတစ်ခုအထိရောက်နေပြီဆိုတော့ သူ့သုတေသနပြီးတာနဲ့ ဒီလုပ်ဆောင်ချက်က SMA ရောဂါကိုဖြေရှင်းနိုင်တာထက်မလျော့လောက်ဘူး''
ဝန်ကြီးလုကထိုစကားကြားလျှင် စိတ်ရင်းနှင့်_ ''ပါမောက္ခလီခိုင်က အံ့ဩစရာပဲ... ဒီမတိုင်ခင်က နိုင်ငံထဲကမှာ ဒီလောက်အားကောင်းတဲ့သုတေသနသမားရှိမှန်း ဌာနကတကယ်မသိဘူး... ငါတို့လျစ်လျူရှုမိတာ''
သို့သော် ပါမောက္ခရန်က ကူရှင်းပြသည်_
''ရှောင်လီရဲ့ ID ကထူးခြားတယ်... သူက ဒုတိယမျိုးဆက်အမွေခံလေ... သိုသိုသိပ်သိပ်ပဲနေတယ်... အရင်က မင်မြို့တော်ရဲ့တရားဝင်ဓာတ်ခွဲခန်းမှာ... သူ့မိသားစုအဆက်အသွယ်အားကိုးနဲ့လို့ဝေဖန်ခံရမှာစိုးတယ်ထင်တယ်... အဲဒါကြောင့် ဓာတ်ခွဲခန်းကသုတေသနအရင်းအမြစ်တွေအများကြီးကို စမလျှောက်ခဲ့ဘူး''
''အခုတော့ သူ့အဖေပင်စင်ယူထားတာကြာပြီ... ကန့်သတ်ချက်တွေက အဲလောက်မတင်းကြပ်တော့ဘူး... အခုသူဌေးချင်ဆီကိုရောက်လာပြီးတော့ သူဌေးချင်က သူ့သုတေသနကိုထောက်ပံ့ပေးတယ်... သူ့စွမ်းရည်တွေလျှံထွက်လာတာပေါ့''
ဝန်ကြီးလုက ထိုစကားကြားပြီးနည်းနည်းစိတ်ရှုပ်သွားကာ_
''စာအုပ်ကြီးအတိုင်းပဲ... ဘာလို့ဒီလောက်တင်းကြပ်ရတာလဲ? ပါမောက္ခလီခိုင်က သူ့မှာအရည်အချင်းရှိရင်ပြသင့်တာပေါ့... သူကသုတေသနဌာနမှာ... ဘာလို့ဒီလောက်ထည့်စဉ်းစားနေတာလဲ?''
''သုတေသနသမားတွေက ဒါမျိုးနဲ့ကင်းကင်းနေသင့်တယ်... ဒါကိုပြောရဲတဲ့သူက လူကောင်းမဟုတ်တာသေချာတယ်... ဒါအရည်အချင်းရှိသူရဲ့အချိန်တွေဖြုန်းရာမကျဘူးလား?''
ချင်လင်က သူတို့စကားကြားပြီး စိတ်ထဲမှပြုံးမိသည်။ ဒါတွေအားလုံးက ပါမောက္ခရန်ရဲ့ထင်မြင်ယူဆချက်ဖြစ်ပြီး ကျိုးကြောင်းသင့်သည်။
ဒါပေမဲ့ တကယ်တော့ဒီလိုမဟုတ်။
သို့သော် ဝန်ကြီးလုက ပါမောက္ခရန်၏ယူဆချက်ကိုသေချာပေါက်ယုံလိမ့်မည်။
ဒါကြောင့် အစ်ကိုလီလုံးဝနာမည်ကြီးတော့မည်။
ဒါကလည်း ကောင်းတဲ့ကိစ္စပဲ။


အစ်ကိုနာမည်ကြီးလေလေ ခုတုံးလုပ်လို့ကောင်းလေလေ။
ထိုအတွေးနှင့် ချင်လင်က သူ့ဘေးတွင်ရှိသောစိုက်ခင်းထဲမှဝန်ထမ်းကိုလက်ယမ်းပြလိုက်သည်။
ဝန်ထမ်းကချက်ချင်းပြေးလာပြီး မေး၏_
''သူဌေး... ဘာလုပ်ပေးရမလဲ?''
ချင်လင်ကတန်းပြောလိုက်သည်_ ''ထူးရှယ်ချင်းလင်ဖရဲသီးခွဲခဲ့... ဧည့်သည်တွေကိုဧည့်ခံရအောင်''
ဒီထူးရှယ်ချင်းလင်ဖရဲသီးက အရည်အသွေး ၂ ဖြစ်သည်။
အနောက်ဘက်ခြံဝင်းအစိမ်းရောင်မှန်လုံအိမ်ထဲပျိုးထောင်ထားသော အရည်အသွေး ၂ မျိုးစေ့ကိုမျိုးပြောင်းပြီး တကယ့်မြေပတ်ဝန်းကျင်နှင့်အလိုက်သင့်ဖြစ်အောင်လုပ်ထားသည်။ သူတို့ကိုထပ်စိုက်ရင် အရည်အသွေး ၂ ဖရဲသီးဖြစ်လိမ့်မည်။
ဒီဧက ၁၀၀ တွင်လည်း အရည်အသွေး ၂ မျိုးစေ့များကို အထူးခွဲခြားထားသည်။ အများစုကိုမျိုးစေ့ပျိုးထောင်ရန် ဆက်လက်အသုံးချပြီး တချို့ကိုတိုက်ရိုက်စိုက်ပျိုးမည်။
နောက်ပြီး ဒီအရည်အသွေး ၂ ဖရဲသီးကို အရည်အသွေး ၁ ဖရဲသီးလိုကျယ်ကျယ်ပြန့်ပြန့်တိုးမြှင့်ဖို့စီစဉ်မထားချေ။
နောင်မှာ အရည်အသွေး ၁ မျိုးစေ့ပျိုးထောင်ခြင်းကို ချင်းလင်ဓာတ်ခွဲခန်းကလက်လွှဲယူလိမ့်မည်။ အရည်အသွေး ၂ ဖရဲသီးများကို ဒီဧက ၁၀၀ တွင်သီးခြားစိုက်ပျိုးမည်။ ဒါတွေကို စံအိမ် ဒါမှမဟုတ် နေရာသေးသေးအတွက်သာဖြည့်ဆည်းပေးမည်။
ချင်လင်၏ညွှန်ကြားချက်ကြောင့် ဝန်ထမ်းမှာအချိန်မဆိုင်းရဲ၊ ချက်ချင်းသွားပြီးပြင်ဆင်လိုက်သည်။
ချင်လင်က ဝန်ကြီးလုတို့ကို ဒိုနာစီမြက်ရင်း ၁၂ ပင်စိုက်ထားသောစိုက်ခင်းထဲခေါ်သွားလိုက်သည်။ ခပ်ဝေးဝေးမှ စိုက်ခင်းထဲတွင်လီခိုင်အလုပ်ရှုပ်နေသည်ကိုလှမ်းမြင်ရ၏။
ပါမောက္ခရန်က မိတ်ဆက်ပေးဖို့မမေ့_
''ဝန်ကြီးလု... ဒါကရှောင်လီပါ''
...
စိုက်ခင်းထဲ၌_
လီခိုင်မှာ ဒိုနာစီမြက်ရင်းပင်ရှေ့ဒူးထောက်ပြီး မျိုးစေ့ကြီးထွားမှုကိုသေချာလေ့လာနေသည်။
သဲကြီးမဲကြီးနှင့် သူ့ဒူးတောင်ရွှံ့ထဲမြှုပ်နေသည်။ သူ့ခြေထောက်များမှာ ရွှံ့အလိမ်းလိမ်းနှင့်၊ အနည်းနှင့်အများညစ်ပတ်နေ၏။
ဒီဒိုနာစီမြက်ရင်းကို အောင်အောင်မြင်မြင်ပျိုးထောင်ပြီးပြီ။ ပါမောက္ခရန်ရဲ့ဌာနက SMA အနာကျက်ဆေးထုတ်ရင် ရှိုးဝမ်ရဲ့သမီးကိုကယ်နိုင်တော့မည်။
ဒီအကြောင်းပြောမှ အခုတလော ရှိုးဝမ်ကသူ့အပေါ်အများကြီးနူးညံ့လာသည်။ ဒီအံ့ဩစရာအကြောင်းပြောပြလိုက်ရင် သေချာပေါက်အရမ်းဝမ်းသာသွားပြီး သူမကိုထပ်ဖက်နိုင်လိမ့်မည်။