← Chapters

အရှိန်တက်လာသောလီခိုင်! အထူးဖရဲသီး? ၃

Vol. 29 Ch. 425

အရှိန်တက်လာသောလီခိုင်! အထူးဖရဲသီး? ၃

Vol. 29 Ch. 425

အရင်တစ်ခေါက်ဆေးရုံမှာ သူမကိုဖက်ထားပုံကိုတွေးမိပြီးပြုံးရွှင်၍ သူ့နှုတ်ခမ်းများကွေးတက်လာသည်။

ချင်လင်က ဝန်ကြီးလုနှင့်ပါမောက္ခရန်ကိုခေါ်ပြီးအနားရောက်လာသောအခါ အစ်ကိုလီ၏ပေါတောတောအပြုံးကိုတွေ့လိုက်ရသည်။

ပြီးတော့ ဒီလိုညစ်ကျယ်ကျယ်အပြုံးနဲ့ဆို အစ်ကိုလီက ဒေါက်တာထန်အကြောင်းစိတ်ကူးယဉ်နေတာဖြစ်မည်ဟု သူတွေးမိသည်။

ဝန်ကြီးလုက မတူ။ သူ့ပုံကိုမြင်လျှင် သက်ပြင်းချပြီး_

''ပါမောက္ခလီခိုင်က တကယ်သုတေသနကိုသဘောကျတဲ့လူပဲ... သိပ္ပံသုတေသနကိုတကယ်သဘောကျတဲ့သူမှ သူ့ရလဒ်ကိုမြင်ရင် ဒီလောက်ပျော်ပျော်ရွှင်ရွှင်ပြုံးနိုင်တာ''

“...” ချင်လင်ကြောင်သွားသည်။

ဝန်ကြီးလုမှားနေပြီ။ အစ်ကိုလီရဲ့အပြုံးက တဏှာရူးအပြုံး။

သို့သော် ဝန်ကြီးလု၏အသံကြောင့် လီခိုင်လည်းအသိပြန်ဝင်လာသည်_

''ညီလေးချင်... အကြီးအကဲရန်... ဒီရောက်လာတယ်... သူက?''

ပါမောက္ခရန်က မြန်မြန်မိတ်ဆက်ပေးလိုက်သည်_ ''ရှောင်လီ... ဒါကဝန်ကြီးလု... ဒိုနာစီမြက်ရင်းအတွက်ရောက်လာတာ''

ဝန်ကြီးက ချက်ချင်းစိုက်ခင်းထဲမှထွက်လာပြီး လီခိုင်နှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်_

''ပါမောက္ခလီ... ခင်ဗျားရဲ့သိပ္ပံဆိုင်ရာသဘောထားက တကယ်လူတိုင်းအတွက်စံပြပါပဲ''

သူက လီခိုင်၏ရွှံ့ပေနေသောခြေထောက်များကိုကြည့်ပြီး ပိုတောင်စိတ်လှုပ်ရှားသွားသည်။ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံထဲမှာဘယ်ဒုတိယမျိုးဆက်အမွေခံက သုတေသနမှာစိတ်နှစ်ချင်လို့လဲ? ပါမောက္ခလီလိုလူမျိုးဆိုမပြောနှင့်တော့။ သုတေသနမှာတာဝန်ခံလုပ်လာတာ ဒီလောက်ကြာပြီ။ ဒါပေမဲ့ သူလိုလူမျိုးတစ်ခါမှမတွေ့ခဲ့ဖူး။

လီခိုင်မှာ ဝန်ကြီးလု၏စိတ်အားထက်သန်မှုကြောင့် လုံးဝကြောင်သွားသည်။





သူကဘယ်လိုလုပ်ပြီး စံပြဖြစ်သွားတာလဲ?

ချင်လင်က ထိုမြင်ကွင်းကိုကြည့်ရင်းပြုံးမိသည်။ အစ်ကိုလီက သူ့ကိုထောက်ပံ့ပေးတဲ့အတွက် ပါမောက္ခရန်ကိုတကယ်ကျေးဇူးတင်ရတော့မည်။

ဝန်ကြီးလုပြန်ပြီးအစီရင်ခံရင် အဲဒီမှာ အစ်ကိုလီရဲ့နာမည်ကိုထည့်ကောင်းထည့်လိမ့်မည်။

ပါမောက္ခရန်လည်း စိုက်ခင်းထဲဝင်လာပြီး_

''ဝန်ကြီးလု... ဒါဒိုနာစီမြက်ရင်းတွေပါ... မျိုးစေ့စဖွဲ့နေပါပြီ... ပြီးတော့ အများကြီးရှိတယ်... အားလုံးကလုံးဝပြည့်တယ်... မျိုးစေ့ကြီးလာရင် အောက်ကအမြစ်ကို ဆေးရည်ထုတ်ဖို့သုံးလို့ရပါပြီ''

ဝန်ကြီးလုကထိုစကားကြားလျှင် မေးလိုက်သည်_

''ပါမောက္ခရန်... ဒိုနာစီမြက်ရင်းကိုအမြန်ဆုံးဆေးရည်ထုတ်ဖို့ ဌာနကိုပြန်ယူသွားရမယ်... ကျန်းမာရေးအာမခံဌာနက သတင်းစောင့်နေတာ... မျိုးစေ့ကြီးထွားတာကိုမထိခိုက်ဘဲနဲ့ ဖြတ်ထုတ်လို့ရမယ့်နည်းရှိလား?''

ကျန်းမာရေးအာမခံဌာနက ရလဒ်စောင့်ပြီးလောနေသည်ဆိုသော်လည်း ဒီပစ္စည်းကတန်ဖိုးရှိသည်။ ဒီအတွက်နဲ့ တစ်ပင်မဆုံးရှုံးချင်။

ပါမောက္ခရန်ကရှင်းပြသည်_

''ဒါကပြဿနာမဟုတ်ပါဘူး... ပြီးခဲ့တဲ့ရက်ပိုင်းက ရှောင်လီနဲ့ကျုပ်အဆစ်တွေအများကြီးထွက်နေတာတွေ့ခဲ့တယ်... ပြီးရင် ဒါတွေကိုဘယ်လိုလုပ်မလဲ ရှောင်လီနဲ့ကျုပ်နဲ့ဆွေးနွေးမယ်''

ဝန်ကြီးလုခေါင်းညိမ့်လိုက်သည်_ ''ကျေးဇူးပါပဲ''

ပါမောက္ခရန်ကအချိန်ဆွဲမနေ။ သူကလီခိုင်ကို ဒိုနာစီမြက်ရင်းအားလေ့လာရန်ခေါ်လိုက်သည်။ ဒိုနာစီမြက်ရင်းပင်တစ်ပင်ကိုသူမဆုံးရှုံးချင်။

ပြီးတော့ အရင်သူတို့အပင်ဖြတ်ပြီးရွှေ့စိုက်တဲ့အတွေ့အကြုံအရ ကိုင်တွယ်ရမယ့်နည်းလမ်းကို သူတို့နှစ်ယောက်မြန်မြန်ဆန်ဆန်တွေ့ရှိသွားသည်။ အပိုင်းတစ်ပိုင်းဖြတ်ပြီး ဝန်ကြီးလုအချိန်မရွေးယူသွားနိုင်သည်။

ခဏအကြာ ဝန်ထမ်းက ခွဲထားသောဖရဲသီးနှစ်ဗန်းနှင့်ပြန်ရောက်လာ၏။

ချင်လင်မြင်လျှင်တစ်စိတ်ယူပြီး ဝန်ကြီးလုဆီပေးကာ_

''ဝန်ကြီးလု... ကျွန်တော်တို့ချင်းလင်ဓာတ်ခွဲခန်းရဲ့ထူးရှယ်ဖရဲသီးကိုမြည်းကြည့်ပါဦး''

''ဒါဆို တကယ်မြည်းရတော့မှာပေါ့'' ဝန်ကြီးလုက ဖရဲသီးယူပြီး အပြုံးနှင့်မြည်းကြည့်လိုက်သည်။

ဝန်ထမ်းနှစ်ယောက်လည်း တခြားဖရဲသီးများကို ညှိနှိုင်းသူများအားဝေပေးလိုက်သည်။





ဖရဲသီး၏စားကောင်းခြင်း +၂၊ အရသာ +၂၊ ချိုမြိန်မှု +၂၊ လျှာပေါ်စွဲခြင်း +၂ က ထိုလူများကိုမယုံနိုင်အောင်ဖြစ်စေသည်။

''ဒီဖရဲသီးက အရသာရှိလိုက်တာ''

''အင်း... ဒီလိုအရသာရှိတဲ့ဖရဲသီးမျိုး လုံးဝမစားဖူးဘူး''

''ပြောရဦးမယ်... ချင်းလင်ဓာတ်ခွဲခန်းက လုံးဝအထင်ကြီးစရာပဲ... ဒီလောက်အရသာရှိတဲ့ဖရဲသီးလုပ်နိုင်တယ်''

“...”

ဝန်ကြီးလုလည်း ထိုထူးရှယ်ချင်းလင်ဖရဲသီး၏စားကောင်းပုံကြောင့် စိတ်ဝင်စားသွားသည်။ အစက ချင်းလင်ဓာတ်ခွဲခန်းရဲ့ဖရဲသီးကို မင်းနန်မှမျိုးအသစ်နှင့်တူမည်ဟုထင်ခဲ့သည်။

ကွာခြားချက်ဒီလောက်ကြီးမယ်လို့ ဘယ်သိမှာလဲ?

ဒါနိုင်ငံထဲမှာအကောင်းဆုံးဖရဲသီးဖြစ်သင့်သည်။ အနည်းဆုံးတော့ ဒီလောက်အရသာရှိတဲ့ဖရဲသီးမျိုး သူမစားခဲ့ဖူးပေ။

သို့သော် ပြန်တွေးကြည့်သောအခါ ချင်းလင်ဓာတ်ခွဲခန်းကထုတ်တဲ့ဖရဲသီးက ပါမောက္ခလီခိုင်ထုတ်တာထက်ပိုအရသာရှိတာပုံမှန်ပင်။

ပါမောက္ခရန်ကပြုံးပြီးမေးလိုက်သည်_

''ဝန်ကြီးလု... ချင်းလင်ဓာတ်ခွဲခန်းရဲ့ဖရဲသီးကမဆိုးဘူးမလား?''

ဝန်ကြီးလုကခေါင်းညိမ့်ပြီး_ ''အင်း... ဒီလိုအရသာရှိတဲ့ဖရဲသီးမျိုးတကယ်မစားဖူးဘူး... ချင်းလင်ဓာတ်ခွဲခန်းက အံ့ဩစရာပဲ''

ပါမောက္ခရန်က တစ်ခုခုရည်ရွယ်သလိုနှင့်_

''ဝန်ကြီးလု... ခင်ဗျားသူဌေးချင်ကိုနည်းနည်းထုပ်ခိုင်းလို့ရတယ်... အထက်ကလူတွေမြည်းဖို့ ပြန်ယူသွားပေါ့''

ဝန်ကြီးလုကထိုစကားကြားလျှင် သူ့မျက်လုံးများဝင်းလက်သွားသည်။ ပါမောက္ခရန်ဆိုလိုသည်ကိုသူသဘောပေါက်သည်။ အထက်ကလူတွေမြည်းကြည့်ပြီးရင် ချင်းလင်ဓာတ်ခွဲခန်းအတွက်အော်ဒါလာပေးမယ့်သီးသန့်ဌာနတစ်ခုသေချာပေါက်ရှိလာလိမ့်မည်။

သူ့ရဲ့လှူဒါန်းမှုနဲ့စာရင် ဒီကိစ္စကပမွှားလေး။

ပါမောက္ခရန်၏စကားကြားလျှင် ချင်လင်၏မျက်လုံးများအရောင်တောက်သွားသည်။ ပါမောက္ခရန်၏သဘောကို သူနားလည်သည်။

သူတို့မှာ ရှန်းရွှေလက်ဆောင်ဆန်ရှိပြီးပြီ။

ချင်းလင်လက်ဆောင်ဖရဲသီးမရှိနိုင်ဘူးလို့ ဘယ်သူပြောလဲ?

ဒါဆိုရင် ကြော်ငြာစရာမလိုတော့။ အထက်တန်းစားထုတ်ကုန်အဖြစ်ရောင်းချနိုင်ပြီဖြစ်လေသည်။





All Chapters