← Chapters

ကျေးဇူးပါ ချင်းလင်ဓာတ်ခွဲခန်း! ကျေးဇူးပါ ပါမောက္ခလီခိုင်!

Vol. 29 Ch. 427

ကျေးဇူးပါ ချင်းလင်ဓာတ်ခွဲခန်း! ကျေးဇူးပါ ပါမောက္ခလီခိုင်!

Vol. 29 Ch. 427

မော်ဒန်ခေတ်သတင်းအချက်အလက်အဖွဲ့အစည်းတွင် လူမှုဖျော်ဖြေရေးဘဝမှာ ဆန်းပြားသော၊အမျိုးမျိုးသော ဗီဒီယိုအတိုများမပြတ်လပ်ပေ။

နေ့သစ်ရောက်သောအခါ ရေပန်းအစားဆုံးသတင်းနှစ်ခုကို ဆွေးနွေးမှုအများဆုံးဖြစ်နေသည်။

သတင်းတစ်ခုမှာ တောင်ပိုင်းရှိဒုကျောင်းအုပ်တစ်ယောက်က အရက်မူး၍ကားမောင်းပြီး ထိခိုက်ပျက်စီးမှုမရှိသောကြောင့် အပြစ်ကျေအေးခဲ့သည်တဲ့။

ဘုရားရေ... အရက်မူးပြီးကားမောင်းတာကို ဒဏ်ပေးမခံရ၊တရားစွဲမခံရဘဲ ရှောင်ရှားနိုင်တာ ဒါပထမဆုံးကြုံရခြင်းပင်။

သတင်းထွက်ထွက်ချင်း ကြီးကြီးမားမားအုံကြွခဲ့၏။ လူတိုင်းကပြောကြသည်: ကံကောင်းလိုက်တဲ့ကောင်။

အခြေအနေတွေထိန်းမနိုင်သိမ်းမရဖြစ်မှာမကြောက်ဘဲ လူတိုင်းကိုသောက်ဖို့၊ကားမောင်းဖို့ အသည်းအသန်ခေါ်နေသူတွေတောင်ရှိသည်။ သူတို့မှာစိတ်ကောင်းရှိနေသရွေ့ အရက်မူး၍ကားမောင်းပြီးထိခိုက်မှုမရှိသော်လည်း အပြစ်ပေးခံခဲ့ရသော၊ဝန်ခံခဲ့ဖူးသောမိသားစုဝင်များကိုတောင်ခေါ်ပြီး တောင်းပန်ဦးမည်။

တစ်ခုခုတော့ လုံးဝမှားနေပြီ။ ဒီကိစ္စကရေပန်းစားနေပြီး ဘယ်သူ့ကိုထိခိုက်မလဲ ဘယ်သူမှမသိချေ။

နောက်ရေပန်းစားသတင်းတစ်ခုက ပိုတောင်အံ့ဩဖို့ကောင်းသည်။ တရားဝင်သတင်းမီဒီယာနှင့်တရားဝင်နေ့စဉ်သတင်းစာမှထုတ်လွှင့်လိုက်ခြင်းဖြစ်သည်။

''ဒါက**သတင်းချန်နယ်ပါ... ကျွန်မမှာ အားလုံးအတွက် သိပ္ပံသတင်းကောင်းရှိပါတယ်... ချင်းလင်ဓာတ်ခွဲခန်းရဲ့ပါမောက္ခလီခိုင်က SMA အနာကျက်ဆေးရည်လုပ်နိုင်တဲ့ဒိုနာစီမြက်ရင်းကုန်ကြမ်းကိုပျိုးထောင်ထားပါတယ်... လက်ရှိမှာ...''

**သတင်းချန်နယ်က အတော်များများ၏အာရုံကိုဆွဲဆောင်နိုင်သော သတင်းတင်လိုက်သည်။

ပထမဆုံး ချင်းလင်ဓာတ်ခွဲခန်းကအာရုံအစိုက်ခံရသည်။

မည်သို့ဆိုစေ ချင်းလင်စံအိမ်နှင့်ချင်းလင်အစားအသောက်ကုမ္ပဏီက လိုင်းပေါ်မှာနာမည်ကြီးလွန်းသည်လေ။

အခုနောက်ထပ် ချင်းလင်ဓာတ်ခွဲခန်းရုတ်တရက်ပေါ်လာပြီး ချင်းလင်ကုမ္ပဏီကတော့မဟုတ်တာလုပ်ဦးမည်ဟု လူတိုင်းကအမှတ်တမဲ့တွေးမိကြသည်။





ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်နဲ့ချင်းလင်အစားအသောက်ကုမ္ပဏီက ရေပန်းစားသတင်းမှာပါတိုင်း ဒုက္ခမပေးတာရှိလို့လား?

ချင်းလင်လက်ဖက်ရည်က အလွန်နာမည်ကြီးနေဆဲဖြစ်ပြီး နေရာအတော်များများမှာ ဝယ်ချင်ရင်တောင်မဝယ်နိုင်ပေ။

သို့ရာတွင် SMA ရောဂါသတင်းနာမည်ကြီးလာပြီး ဒီရောဂါကုသမှုက ဆေးတစ်ကြိမ်ထိုးလျှင် ယွမ် ၇၀၀၀၀၀၊ လူနာအများစုက ရောဂါကိုအပြီးထိကုသဖို့ ယွမ် ၁၀ သန်းကျော်သုံးရလိမ့်မည်ဟုသိလာကြသည်။ ဒီတော့မှ ချင်းလင်ကုမ္ပဏီကဒုက္ခပေးဖို့မဟုတ်ကြောင်း အားလုံးသဘောပေါက်သွားကြ၏။ သူတို့ကကြီးကြီးမားမားဖြစ်စေခဲ့ပြီ။

SMA ကရှားပါးရောဂါဖြစ်သည်။ တကယ်တော့ လူအများစုကဒီအကြောင်းမသိကြပေ။ အခုဒီထိုးဆေးက ယွမ် ၇၀၀၀၀၀ မှန်းသိလိုက်ရတော့ မလန့်ဘဲနေမလား?

ဒါကင်ဆာထက်တောင်ကြောက်စရာကောင်းသေးသည်။

ချင်းလင်ဓာတ်ခွဲခန်းက SMA အနာကျက်ဆေးရည်ထုတ်နိုင်တဲ့ကုန်ကြမ်းကိုအမှန်တကယ်ပျိုးထောင်နိုင်ပြီမှန်းသိလိုက်ရတော့ မအံ့ဩဘဲနေမလား?

ပိုအံ့ဩဖို့ကောင်းတာက ချင်းလင်ဓာတ်ခွဲခန်းက ဒီပျိုးထောင်ရတဲ့ရလဒ်ကိုလုံးဝလှူလိုက်တာတဲ့။

ဘယ်လောက်လေးစားဖို့ကောင်းလဲ?

ဆေးထိုးအပ်တစ်ချောင်းကို ယွမ် ၇၀၀၀၀၀။ တခြားကုမ္ပဏီသာဆိုရင် တိုက်ရိုက်ကြီးမလှူလောက်ဘူးမလား?

အဓိကအကျဆုံးအချက်မှာ အရာရှိတွေက ဒီဒိုနာစီမြက်ရင်းနှင့်ခန့်မှန်းတွက်ချက်ထားသည်။ ဆေးစမ်းသပ်ထုတ်လုပ်မှုအောင်မြင်ပြီဆိုတာနဲ့ ယွမ် ၇၀၀၀၀၀ တန်ထိုးဆေးက ယွမ် ၁၀၀၀၀ လောက်အထိလျော့ကျသွားလိမ့်မည်။ ကျန်းမာရေးအာမခံဝင်ရင် ထောင်ဂဏန်းသာကျတော့မည်။

ထောင်ဂဏန်းနဲ့ ၇၀၀၀၀၀ ယှဉ်ကြည့်ရင် ဘယ်လောက်အံ့ဩဖို့ကောင်းလဲ?

ပါမောက္ခလီခိုင်ရဲ့သုတေသနက ကြီးကြီးမားမားအောင်မြင်မှူဆိုတာ သိပ်ပြောစရာမလိုတော့ဘူးမလား?

တရားဝင်သတင်းအကောင့်နှင့် XX နေ့စဉ်နှစ်ခုလုံးက ချင်းလင်ဓာတ်ခွဲခန်း၏ပါဝင်ဆောင်ရွက်မှုကိုသိသိသာသာဖော်ပြထားသော ဗီဒီယိုကိုလည်းတင်သည်။

ထို့ကြောင့် သတင်းကပေါက်သွား၏။

ချင်းလင်ဓာတ်ခွဲခန်းနှင့်လီခိုင်မှာ မယုံနိုင်သောအရှိန်နှင့်နာမည်ကြီးလာသည်။ တခဏအတွင်း သတင်းအကောင့်များစွာကပြန်တင်ပြီး အရှိန်အဟုန်နှင့်လွှမ်းမိုးသွား၏။

ဗီဒီယိုတိုင်း၏ဆွေးနွေးမှုမှာ ထူးထူးခြားခြားအသက်ဝင်နေသည်။





''ချင်းလင်ကုမ္ပဏီက တကယ်စိတ်မပျက်ရဘူး... သူတို့ဒုက္ခပေးတာနဲ့ အင်တာနက်တစ်ခုလုံးသိတာပဲ... နောက်ပြီး စမ်းသပ်ချက်ကတကယ်ကောင်းတယ်''

''ဒီတစ်ခါချင်းလင်ဓာတ်ခွဲခန်းကို တကယ်လေးစားရမယ်... ငါသာဆိုရင် ယွမ် ၇၀၀၀၀၀ တန်ထိုးဆေးကိုလုံးဝလှူမှာမဟုတ်ဘူး''

''SMA ရောဂါသည်တွေက သူတို့ရဲ့ကျန်တဲ့သက်တမ်းအတွက် ပါမောက္ခလီခိုင်နဲ့ချင်းလင်ဓာတ်ခွဲခန်းကို ကျေးဇူးကြွေးတင်သွားပြီပေါ့''

''တချို့ပါမောက္ခတွေက လူတွေကိုအကျိုးပြုဖို့လေ့လာတာကိုစိတ်စွဲနေတာ... တချို့ဒုကျောင်းအုပ်တွေကတော့ အရက်သောက်ပြီးကားမောင်းတာကိုအပြစ်ပေးမခံရဘူးလို့ လူတိုင်းကိုလိုက်ပြောနေတယ်!''

“...”

ဒီဗီဒီယိုက အွန်လိုင်းအုံကြွမှုဖြစ်စေရုံတင်ဘယ်ကမလဲ။

ပေကျင်း၌_

နိုင်ငံအတွင်း SMA ရောဂါသည်အများကြီးမှာ တတိယအဆင့်အာရုံကြောဆေးရုံတွင်စုနေကြသည်။

လူနာဆောင်တစ်ခုတွင် အုတ်အုတ်ကျက်ကျက်ဖြစ်နေ၏။ အမျိုးသားတစ်ယောက်က ဆရာဝန်ကိုစိုးရိမ်တကြီးမေးသည်_

''ဒေါက်တာပေါင်... ကျွန်တော့်သမီးရဲ့ကျောရိုးမဖောက်တဲ့စမ်းသပ်မှုကိုဘာလို့ဖျက်လိုက်တာလဲ? ခင်ဗျားသူများဆီကပိုက်ဆံယူပြီး သူတို့ကလေးကိုရှေ့ပို့လိုက်တာလား?''

ထိုစကားကြောင့် လူနာဆောင်ထဲမှတခြားမိသားစုဝင်များစိတ်ဝင်စားသွားသည်။ သူတို့အားလုံးက ဆရာဝန်ကိုဒေါသနှင့်ကြည့်လိုက်ကြ၏။

ကလေးများတွင် SMA ရောဂါရှိသောအခါ စျေးကြီးသောကုသစရိတ်ကြောင့် ဘဝဖိအားနှင့်မရှူနိုင်မကယ်နိုင်ဖြစ်​​နေပြီ။ ဒီလိုဆိုးရွားမှုမျိုးသာထပ်ကြုံရဦးမယ်ဆိုရင် တကယ်ပြိုလဲသွားနိုင်သည်။

ဒေါက်တာပေါင်က အောင့်သက်သက်နှင့်ရှင်းပြသည်_

''လူကြီးမင်းချူ... စိတ်လျှော့ပါ... ကျွန်တော်ကအဲဒါရှင်းပြမလို့''

''ဒီနေ့သတင်းတွေ့တယ်မလား? ပါမောက္ခလီခိုင်က SMA ကုတဲ့ဆေးအတွက်ကုန်ကြမ်းဒိုနာစီမြက်ရင်းကိုပျိုးထောင်ခဲ့တာလေ''

''အခုကျွန်တော်တို့ကိုယ်ပိုင် SMA အနာကျက်ဆေးရည်ကိုထုတ်နိုင်တော့မှာ... ပြီးတော့ အရမ်းစျေးသက်သာမယ်''

''လောလောဆယ် တရုတ်သိပ္ပံအကယ်ဒမီက လူနာတွေအတွက် ဆေးပညာစမ်းသပ်ချက်တွေလိုနေတယ်... ဓာတုဌာနရဲ့ကုသမှုကို ခင်ဗျားရဲ့ကလေးအတွက်လက်ခံချင်လားမေးမလို့ပါ... တစ်ပြားမှမကုန်ပါဘူး''

ထိုစကားကြောင့် လူကြီးမင်းချူခဏကြောင်သွားသည်။ သူ့မျက်နှာမှာမယုံနိုင်ပုံနှင့်။ သို့သော်သူကချက်ချင်းဖုန်းထုတ်ပြီး ဒီနေ့သတင်းကိုစစ်ဆေးကြည့်လိုက်သည်။

လူနာမိသားစုများမှာ ထိုသတင်းကြားပြီး အမှတ်တမဲ့သူတို့ဖုန်းများထုတ်လိုက်ကြသည်။

ဒီနေ့ဘာဖြစ်နေလဲသိဖို့နေနေသာသာ သူတို့ကလေးကြောင့် ဖုန်းကလိချင်စိတ်မရှိပေ။ သို့ရာတွင် ဒီသတင်းကြားပြီး အားလုံးလှုပ်ရှားလိုက်ကြသည်။

လိုင်းပေါ်ကြည့်ပြီးနောက် ထိုလူနာမိသားစုများမှာ ဝမ်းမသာဘဲမနေနိုင်။ ဘယ်သူမှမယုံနိုင်အောင်ဖြစ်သွားကြလေသည်။





All Chapters