← Chapters

ကျေးဇူးပါ ချင်းလင်ဓာတ်ခွဲခန်း! ကျေးဇူးပါ ပါမောက္ခလီခိုင်! ၂

Vol. 29 Ch. 428

ကျေးဇူးပါ ချင်းလင်ဓာတ်ခွဲခန်း! ကျေးဇူးပါ ပါမောက္ခလီခိုင်! ၂

Vol. 29 Ch. 428

''အမှန်ပဲလား? ချင်းလင်ဓာတ်ခွဲခန်းက လှူလိုက်တာလား?''

''နောက်ကျရင် ဆေးတစ်ခါထိုး ယွမ်ထောင်ဂဏန်းတဲ့လား?''

''ဟုတ်လောက်တယ်... တရားဝင်သတင်းထွက်ထားတာ... မြတ်စွာဘုရား ကျေးဇူးပါ... ကျေးဇူးပါ ပါမောက္ခလီခိုင်... ကျေးဇူးပါ ချင်းလင်ဓာတ်ခွဲခန်း''

''ကလေး မင်းကိုကယ်လိုက်ပြီ... အားလုံးပါမောက္ခလီခိုင်နဲ့ချင်းလင်ဓာတ်ခွဲခန်းရဲ့ကျေးဇူးပဲ''

“...”

ထိုလူနာမိသားစုများမှာသတင်းတွေ့ပြီး ဒီသတင်းကောင်းကိုမျှဝေရန် လူနာမိသားစုဝင်များ Wechat အဖွဲ့ဖွဲ့လိုက်ကြသည်။

ဒီအိပ်မက်ဆိုးလိုရောဂါကြောင့် မိသားစုဝင်အတော်များများမှာ အဖွဲ့ထဲပူပူနွေးနွေးအဆက်မပြတ်ဝင်လာကြပြီး ဒီရောဂါအကြောင်းစုံစမ်းရန် အချက်အလက်များမျှဝေကြသည်။

တစ်နေ့မှာ ''ငါကဇီဝကမဟုတ်'' ဆိုတဲ့လူမျိုးက အားလုံးနဲ့မျှဝေဖို့ သတင်းလွှင့်ချန်နယ်တစ်ခုလုပ်လာလေမလား?

သို့သော် သူတို့အဖွဲ့ဖွဲ့လိုက်သောအခါ ရုတ်ရုတ်သဲသဲဖြစ်နေပြီမှန်းသိလိုက်ရသည်။

''သတင်းကမှန်တယ်... ငါပေကျင်းတတိယဆေးရုံရောက်နေတာ... ဆရာဝန်ကလည်း လက်တွေ့စမ်းသပ်ကုသမှုခံယူချင်လားလို့မေးတယ်''

''ဓာတုဌာနကလုပ်ခဲ့တာ... အဲဒါကြောင့် အတုမဖြစ်နိုင်ဘူး... မျှော်လင့်ချက်ရှိတယ်''

''အင်း... ပါမောက္ခလီခိုင်ကိုအရမ်းကျေးဇူးတင်တာပဲ''

''ချင်းလင်ဓာတ်ခွဲခန်းကိုလည်း ကျေးဇူးတင်ရမယ်... ပါမောက္ခလီခိုင်ရဲ့သုတေသနကိုထောက်ပံ့ပေးတဲ့သူတွေရှိတယ်လေ... နောက်ဆုံး ချင်းလင်ဓာတ်ခွဲခန်းက ရလဒ်ကိုလှူတောင်လှူလိုက်သေးတယ်''

''ဟုတ်တယ်... ကျေးဇူးပါ ချင်းလင်ဓာတ်ခွဲခန်းနဲ့ပါမောက္ခလီခိုင်''





''ကလေးတွေပြန်ကောင်းရင် ကလေးတွေကိုချင်းလင်စံအိမ်ခေါ်ပြီး သွားလည်ရအောင်!''

''သဘောတူတယ်... ငါ့ကလေးအသက်ကိုကယ်လို့ ချင်းလင်ဓာတ်ခွဲခန်းနဲ့ပါမောက္ခလီခိုင်ကိုကျေးဇူးတင်ရမယ်''

“...”

ဆေးကိုမြှင့်တင်ရေးမလုပ်ရသေး၊ သူတို့ကလေးကိုမကယ်ရသေးသော်လည်း ထိုသတင်းကြောင့် အဖွဲ့ထဲတွင်စိတ်ပျက်အားငယ်ခြင်းမှာ အချိန်တိုအတွင်းလုံးဝပျောက်ကွယ်သွားသည်။

မျှော်လင့်ချက်ကိုတွေ့ရသောကြောင့် ဒီမျှော်လင့်ချက်ကအစစ်အမှန်ဟု ခိုင်မြဲစွာယုံကြည်ကြသည်။

သတင်းကြည့်ပြီးနောက် လူကြီးမင်းချူက ဆရာဝန်များကိုအထင်လွဲမိသည်ဟုသဘောပေါက်သွားပြီး မြန်မြန်တောင်းပန်လိုက်၏_ ''ဒေါက်တာပေါင်... စောစောကပြောမိတာ တောင်းပန်ပါတယ်... စိတ်လိုက်မာန်ပါလုပ်မိသွားတယ်... ခင်ဗျားပြောတာအမှန်ပဲလား? ဒီလက်တွေ့စမ်းသပ်ချက်မှာ အန္တရာယ်ရှိလား?''

''ရှိပါတယ်... ဒါပေမဲ့ အရမ်းနည်းပါတယ်... ဒီလိုဆိုတော့ သာမန်ကုသမှုမှာလည်း အန္တရာယ်တွေရှိတာပါပဲ... ဒီကိစ္စကိုခင်ဗျားဘာသာစဉ်းစားပါ... ဆန္ဒရှိရင် ကျွန်တော်အချက်အလက်ဖြည့်ကူပါမယ်''

ဒေါက်တာပေါင်ကပြုံးပြီးရှင်းပြလိုက်သည်။

တကယ်တော့ ဒီဆေးရည်ရဲ့အတွင်းဇာတ်လမ်းအကြောင်း အချက်အလက်တချို့သူရထားသည်။

ဒီဆေးရည်က နိုင်ငံခြားအနာကျက်ဆေးရည်ကိုဖော်ဖို့သုံးထားသည်။ အထူးသဖြင့် ပါဝင်ဆေးပစ္စည်းများမှာ တစ်ခုချင်းအစားထိုးဆေးပစ္စည်းများဖြစ်သည်။ အာနိသင်နှင့်လုပ်ဆောင်ချက်က ထိုဆေးနှင့်ထပ်တူကျလုနီးနီးပင်။

တရုတ်သိပ္ပံအကယ်ဒမီကဦးဆောင်မှုကြောင့် အန္တရာယ်ကို အခြေခံကျကျထိန်းချုပ်နိုင်သည်။

သို့သော် သူဒါကိုထုတ်ပြောလို့မဖြစ်။ မည်သို့ဆိုစေ အထက်ကဌာနကလည်း နိုင်ငံတကာမူပိုင်ခွင့်ဥပဒေထဲကကယ်ပေါက်ကိုအမြတ်ထုတ်ထားသည်လေ။

...

မင်မြို့တော်_

အရင်တစ်ခါခွဲစိတ်မှုအပြီး သခင်ကြီးလီမှာ အလွန်မြန်မြန်ဆန်ဆန်ပြန်ကောင်းလာပြီး ကြည့်ကောင်းရှုကောင်းဖြစ်လာသည်။

လီမိသားစုဝင်တိုင်းက ဒါသူဌေးချင်ရဲ့သက်လုံအားဖြည့်ဝိုင်ကြောင့်ဖြစ်ရမည်ဟုသိထားကြသည်။ မဟုတ်ရင် အဘိုးကြီးက ကြီးကြီးမားမားခွဲစိတ်ပြီးတော့ဝိဉာဉ်လွင့်တာ နှစ်ဝက်လောက်ရှိရောပေါ့?

လူကြီးအတော်များများကခွဲစိတ်ပြီးရင် ကုသသော်ကုသငြားလည်း ခန္ဓာကိုယ်အခြေအနေကပိုဆိုးလာတတ်သည်။

ခါတိုင်းလို သခင်ကြီးလီက ချင်းလင်ဆေးဖက်ဝင်ဝိုင်ငွေပုလင်းနှင့်ဝိုင်ခွက်လေးတစ်ခွက်ထုတ်လာသည်။





နေ့တိုင်းချင်းလင်ဆေးဖက်ဝင်ဝိုင်ခွက်လေးတစ်ခွက်သောက်ရခြင်းကလည်း သူသဘောကျသောအလုပ်တစ်ခုပင်။

ချင်းလင်ဆေးဖက်ဝင်ဝိုင်သောက်ပြီးတိုင်း နွေးထွေးပြီးအလွန်သက်သောင့်သက်သာခံစားရသည်။ နောက်ပြီး နှစ်ကြာသည်နှင့် ချင်းလင်ဆေးဖက်ဝင်ဝိုင်က တရုတ်ဆေးပညာဆက်ခံသောမိသားစုနှစ်စု၏ဆေးဖက်ဝင်ဝိုင်ထက်ပိုထိရောက်ကြောင်း သူခံစားမိသည်။

ထိုအချိန်တွင် လီကျန်းကဖုန်းနှင့်ခပ်သုတ်သုတ်ဝင်လာသည်။ သူကအဘိုးကြီးဘေးနားသွားပြီး ဖုန်းပေးကာ_

''အဖေ... ဒီနေ့သတင်းကိုကြည့်လိုက်... SMA လိုရှားပါးရောဂါကိုဖြေရှင်းလိုက်ပြီ... ဗဟို TV သတင်းချန်နယ်နဲ့ လူထုနေ့စဉ်မှာတင်ထားတာ''

အဘိုးကြီးကခေါင်းညိမ့်ပြီး_ ''သိပ္ပံပညာကတိုးတက်နေတာ... ဒီလိုရောဂါမျိုးကိုတစ်ဆင့်ချင်းဖြေရှင်းရတာပဲ... ဒါကိစ္စကောင်းပဲ... မင်းကဒီသတင်းကြည့်ခိုင်းတာ တို့လီမိသားစုနဲ့ဆက်စပ်နေလို့လား?''

လီကျန်းကချက်ချင်းရှင်းပြသည်_

''ဒီကိစ္စကိုဖြေရှင်းတာ ကျွန်တော့်ညီလေ... ချင်းလင်ဓာတ်ခွဲခန်းက ဒီနည်းပညာကိုလှူဒါန်းပြီး အခုသတင်းမှာပါလာပြီ... ပြီးတော့ အင်တာနက်တစ်ခုလုံး ဒီအကြောင်းသိနေပြီ''

အဘိုးကြီးမှာထိုသတင်းကြားပြီး ချက်ချင်းအံ့ဩသွားသည်။ သူကဖုန်းကိုမြန်မြန်ယူပြီး ကြည့်လိုက်၏။

SMA ရောဂါကိုဖြေရှင်းလိုက်ရုံသက်သက်က ကိစ္စမရှိ၊ ဒါပေမဲ့ သူ့သားအငယ်ဆုံးလီခိုင်ကဖြေရှင်းလိုက်တာဆိုရင် တစ်မျိုးဖြစ်သွားပြီလေ။

အရေးကြီးသတင်းချန်နယ်နှစ်ခုလုံးက တပြိုင်တည်းထုတ်လွှင့်ထားသည်။ သဘောက တချို့မမြင်နိုင်တဲ့အချက်တွေရှိနေသည်။ သူ့သားအတွက်ကောင်းရုံသာမက သူတို့လီမိသားစုအတွက်ပါကောင်းသည်။

လီခိုင်က သူ့လီမိသားစုဝင်ဖြစ်သောကြောင့်ပင်။

သတင်းကြည့်ပြီး အဘိုးကြီးကအံ့ဩသံနှင့်_

''ဒီကလေးက ချင်းလင်စံအိမ်သွားပြီး သူ့နာမည်သူလုပ်နိုင်မယ်မထင်မိဘူး... ဒါကိစ္စကောင်းပဲ... ပြီးတော့ တို့သူဌေးချင်ကိုလျှော့တွက်မိတယ်... အထက်ကလူတွေက သူ့လှူဒါန်းမှုကိုအမှတ်ရနေမှာစိုးတယ်... အရင်တို့လှည့်ကွက်တွေမပါတာတောင် တချို့လူတွေဒုက္ခရောက်မှာစိုးရတယ်''

အဘိုးကြီးဆိုလိုရင်းကို လီကျန်းသဘောပေါက်သည်။

သူဌေးချင်ရဲ့နည်းက ချင်းလင်ဓာတ်ခွဲခန်းကိုဆုံးရှုံးစေသည်ဟုထင်ရသော်လည်း တကယ်တော့ အလွန်အဓိပ္ပါယ်ရှိသည်။ နောင်မှာ အကျိုးတွေအများကြီးရလာလိမ့်မည်။

ဒီလှူဒါန်းမှုက လူငယ်တစ်ယောက်မှာ လုံးဝရှိတတ်တာမျိုးမဟုတ်။ ဘယ်သူမှမလုပ်နိုင်ချေ။

သို့သော် ဒီကိစ္စကိုချင်လင်ကလုံးဝဂရုမစိုက်ကြောင်း သူသေချာမသိ။ ၁၀ ယွမ်သာရှိတဲ့သူက တစ်ယွမ်ကိုလှူချင်စိတ်ရှိမည်မဟုတ်။

ဒါပေမဲ့ ယွမ်သန်း ၁၀၀ ရှိတဲ့သူဆိုရင်ရော? တစ်ယွမ်ကိုဂရုစိုက်နေဦးမလား?

...

ချင်းလင်စံအိမ်_

ထန်ရှိုးဝမ်မှာ သူ့ကောင်လေးနှင့်ရွက်လွှင့်ရင်းခြေထောက်ခေါက်သွားသောမိန်းကလေးတစ်ယောက်ကို ဆေးစည်းပေးနေသည်။

''ရပြီ... ပြန်ရောက်ရင် ဆေးလိမ်းလိုက်ရုံပဲ... ကြီးကြီးမားမားမဟုတ်ပါဘူး''

ထန်ရှိုးဝမ်က မိန်းကလေးကိုဆေးစည်းပေးပြီး နူးညံ့စွာပြောလိုက်သည်။

''ကျေးဇူးပါ ဒေါက်တာ'' မိန်းကလေးကကျေးဇူးတင်ပြီး သူ့ကောင်လေးအကူအညီနှင့် ဆေးခန်းထဲမှထွက်သွားသည်။

ထန်ရှိုးဝမ်ကထိုင်ပြီးစာရင်းသွင်းမည်အပြု သူနာပြုကအပြေးဝင်လာသည်ကိုတွေ့ရသည်။ သူမကချက်ချင်းဖုန်းပေးပြီး_

''ဒေါက်တာထန်... လူကြီးမင်းလီခိုင်သတင်းမှာပါလာတယ်... သူ့ကိုပါမောက္ခလို့မထင်မိဘူး... ပြီးတော့ အရမ်းတော်တာပဲ''





All Chapters