← Chapters

ကျေးဇူးပါ ချင်းလင်ဓာတ်ခွဲခန်း! ကျေးဇူးပါ ပါမောက္ခလီခိုင်! ၃

Vol. 29 Ch. 429

ကျေးဇူးပါ ချင်းလင်ဓာတ်ခွဲခန်း! ကျေးဇူးပါ ပါမောက္ခလီခိုင်! ၃

Vol. 29 Ch. 429

''???'' ထန်ရှိုးဝမ်က ဖုန်းကိုဇဝေဇဝါနှင့်ယူလိုက်သည်။ သတင်းဗီဒီယိုတစ်ပုဒ်ဖွင့်ထား၏။

သူမကနှိပ်လိုက်ပြီး သတင်းဗီဒီယိုကိုဖွင့်လိုက်သည်။

''ဒါက XX သတင်းချန်နယ်ပါ... တက္ကသိုလ်အတွက်သတင်းကောင်းရှိပါတယ်... ချင်းလင်ဓာတ်ခွဲခန်းရဲ့ပါမောက္ခလီခိုင်က SMA အနာကျက်ဆေးရည်ထုတ်နိုင်တဲ့ ဒိုနာစီမြက်ရင်းကုန်ကြမ်းကိုပျိုးထောင်ထားပါတယ်... လက်ရှိမှာ...''

ထန်ရှိုးဝမ်ကထိုဗီဒီယိုမြင်သောအခါ သူမမျက်နှာမှာ မယုံနိုင်ပုံ၊ အံ့ဩပုံဖြစ်သွားသည်။

နိုင်ငံထဲမှာ SMA ကုထုံးအသစ် မကြာခင်ထွက်တော့မှာလား? ပြီးတော့ ထိုးဆေးကို ယွမ်ထောင်ချီပဲကျတော့မယ်တဲ့။ ဒါသူမအတွက် လုံးဝသတင်းကောင်းပင်။

သို့သော် သူမပိုအံ့ဩရသည်မှာ ဒီပစ္စည်းကိုတကယ် စီနီယာအစ်ကိုလီကပျိုးထောင်ခဲ့သည်တဲ့။

ဒါကြောင့်လည်း စီနီယာအစ်ကိုလီက ရှောင်နန်ဘာမှမဖြစ်စေရဘူးဟု သူမအားသုံးလေးကြိမ်နှစ်သိမ့်ခဲ့သည်ကိုသတိရမိသည်။

ဘာမှန်းမသိ ရုတ်တရက် သူမရင်အခုန်မြန်သွားသည်။

စီနီယာအစ်ကိုလီက ဒီသုတေသနကိုသူမအတွက်လုပ်ခဲ့တာလား?

သို့သော် သူမခေါင်းခါမိသည်။

နိုင်ငံထဲမှာ ဒီရောဂါကိုဖြေရှင်းနိုင်တဲ့သိပ္ပံသုတေသနတက္ကသိုလ်မရှိသေးမှန်း သူမကောင်းကောင်းသိသည်။

စီနီယာအစ်ကိုလီက ဒီလောက်အချိန်တိုအတွင်းမှာ ဘယ်လိုလုပ်ပြီးတော့ သူမအတွက်လေ့လာပြီး ဖွံ့ဖြိုးအောင်လုပ်နိုင်မှာတဲ့လဲ?





ဒီလိုသာဆိုရင် စီနီယာအစ်ကိုလီက ဘယ်လောက်စွမ်းလိုက်လဲ?

ထန်ရှိုးဝမ်က တိတ်တိတ်လေးသက်ပြင်းချလိုက်သည်။ သူမကကောင်မလေးအရွယ်လည်းမဟုတ်တော့။ ဘာလို့ဒီလောက်တောင် နုံချာရတာလဲ?

နောက်တစ်ပတ်အထိ နေ့တိုင်းလိုလို ဗီဒီယိုအတိုပလက်ဖောင်းတွင် ချင်းလင်ဓာတ်ခွဲခန်းနှင့်လီခိုင်အကြောင်းဗီဒီယိုများပြည့်နေသည်။ သတင်းကလည်း မရပ်မနားဗီဒီယိုများတင်ထားသည်။

ဒါကသတင်းပြန့်စေဖို့ပင်။ ဒီလိုအပြုသဘောဆောင်သောလူမှုရေးတာဝန်ခံလုပ်ဆောင်ချက်များကိုမြှင့်တင်ဖို့က အထက်လူများ၏ရည်ရွယ်ချက်လည်းဖြစ်သည်။

ထို့ကြောင့် ဗီဒီယိုအတိုပလက်ဖောင်းမှာ ဒီအတောအတွင်း လူဝင်စီးဆင်းမှုအားလုံးကို လီခိုင်နှင့်ချင်းလင်ဓာတ်ခွဲခန်းဆီအလိုက်တသိပေးထားသည်။

ထို့အတူပင် တရားဝင်ညနေခင်းသတင်းက ထိုသတင်းကိုအဆက်မပြတ်ထုတ်လွှင့်ထားသည်။ 'ပါမောက္ခလီခိုင်မြင်ကွင်းလေ့လာခြင်း'ဓာတ်ပုံမှာ အတော်များများ၏အာရုံကိုဆွဲဆောင်ထားသည်။

ဓာတ်ပုံမှာ ပါမောက္ခလီခိုင်ကဒူးထောက်ပြီး ဒိုနာစီမြက်ရင်းလေ့လာနေသောပုံဖြစ်သည်။ သူ့ခြေထောက်များမှာ ရွှံ့ထဲဆောင့်ကြောင့်ထိုင်နေ၍ရွှံ့ပေနေပြီး ဒိုနာစီမြက်ရင်းကိုပြုံးပြုံးကြီးကြည့်နေသည်။

ဒါပါမောက္ခလီခိုင်က သိပ္ပံသုတေသနကိုဘယ်လောက်သဘောကျကြောင်း အပြည့်အဝဖော်ပြနေသည်။

ချင်လင်တစ်ယောက်ပဲ ဒီဓာတ်ပုံကိုကြည့်ပြီး အစ်ကိုလီရဲ့အပြုံးကပေါတောတောဟုခံစားရ၏။ ဒီဓာတ်ပုံကို ဝန်ကြီးလုနဲ့ဘယ်သူရိုက်သွားလဲ သူသိချင်မိသည်။

သို့သော် အစ်ကိုလီရဲ့ပေါတောတောအပြုံးကို သူမှတ်ချက်မပေးရဲ။ ဒီလိုအချိန်မျိုးမှာ ပြည်သူတွေရဲ့အဆဲခံရမှာကြောက်သည်လေ။

အမှန်တရားက လူနည်းစုလက်ထဲမှာဟူ၍ သက်ပြင်းသာချလိုက်ရသည်။

ဒီလောက်ပဲဆိုရင် အားလုံးက ပါမောက္ခလီခိုင်ကိုသိပ္ပံသုတေသနမှာပါဝင်ဆောင်ရွက်တဲ့အတွက်လေးစားရုံလောက်သာရှိမည်။ သို့သော် လီခိုင်၏နောက်ကြောင်းပေါ်သွားသောအခါ လီခိုင်၏မြင့်မြတ်သောရပ်တည်ချက်နှင့်ကိုယ်ကျင့်တရားကို အတော်များများကလေးစားကုန်ကြသည်။





''အားလုံးက ပါမောက္ခလီခိုင်ရဲ့ SMA ရောဂါမှာပါဝင်ဆောင်ရွက်မှုကိုအာရုံစိုက်နေကြတယ်ထင်ပါတယ်... သူ့မိသားစုနောက်ခံကို ဘယ်သူမှသတိထားမိပုံမရဘူး... ကျွန်တော်စုံစမ်းရသလောက်တော့ သူကမင်မြို့တော်ကလီမိသားစုရဲ့ဒုတိယမျိုးဆက်...''

''ပါမောက္ခလီခိုင်က မိဘတွေခင်းပေးတဲ့ပန်းခင်းလမ်းကိုမလျှောက်ခဲ့ဘူး... ကားကောင်းမစီးသလို အများကြီး​မသုံးဖြုန်းဘူး... ခက်ခဲတဲ့သိပ္ပံသုတေသနလမ်းကြောင်းကို ပြတ်ပြတ်သားသားရွေးချယ်ပြီး ရသင့်ရထိုက်တဲ့စည်းစိမ်တွေစွန့်လွှတ်ခဲ့တယ်... ခင်ဗျားက ကျွန်တော်မေ့နေပြီဖြစ်တဲ့စကားတစ်လုံးကိုသတိပေးလိုက်တာပဲ:

မင်းမျိုးမင်းနွယ်ရဲ့မြင့်မြတ်တဲ့သားတော်!''

''မြေတစ်လက်မ၊ သွေးတစ်လက်မ၊ လူငယ် ၁၀၀၀၀၀၊ စစ်သည် ၁၀၀၀၀၀... တိုင်းပြည်အတွက်အကြောက်တရားမရှိဘဲ သူတို့ဘဝတွေကိုပေးဆပ်ခဲ့တယ်... သူတို့က မဟာမျိုးမဟာနွယ်ဝင်တွေ''

''ပါမောက္ခလီခိုင်က ဒီဒုတိယမျိုးဆက်အမွေခံတွေအတွက် တကယ်စံပြပဲ... လီမိသားစုရဲ့သွန်သင်ဆုံးမပုံတွေကို မလေးစားဘဲမနေနိုင်တော့ဘူး''

လီခိုင်အကြောင်းပေါ်သွားသည်နှင့် သူကိုယ်တိုင်ချီးကျူးခံရရုံသာမက လီမိသားစုလည်း မှတ်ချက်ကောင်းတွေအများကြီးရလိုက်သည်။

လီခိုင်ကိုကောင်းကောင်းသွန်သင်ဆုံးမထားသည်ဟူသောစကားမှာ လီမိသားစုအတွက်ချီးကျူးလောက်စရာ။

''ညီလေးချင်... ငါကတကယ် သူတို့ပြောသလောက်ကောင်းလို့လား? ငါဘာလို့မသိတာလဲ?''

လီခိုင်က အွန်လိုင်းပေါ်မှသူ့အကြောင်းမှတ်ချက်များကိုကြည့်ရင်း ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ အစက မျက်နှာတောင်ရဲသည်။

သူကမ္ဘာကြီးကိုလှည့်စားနေသလို ခံစားနေရသည်။

''အစ်ကိုလီ... ခင်ဗျားရဲ့ကိုယ့်ကိုယ်ကိုယ်သတိပြုနိုင်စွမ်းက အရမ်းနက်နဲတာပဲ''

ချင်လင်ကအပြုံးနှင့်ပြောလိုက်သည်။ သို့သော် လီမိသားစုက လီခိုင်အကြောင်းရုတ်တရက်ပေါ်သွားခြင်းအတွက်တာဝန်ယူရတော့မည်ဟု သူခံစားမိသည်။

မဟုတ်ရင် ဒီလောက်မြန်မြန်မဖြစ်သင့်။

တစ်ပတ်ကြာပြီးနောက် ချင်းလင်ဓာတ်ခွဲခန်းနှင့်လီခိုင်၏နာမည်မှာ ကျဆင်းလာသည်။

နောက်တစ်ပတ်မတိုင်ခင် ချင်းလင်စံအိမ်ကားပါကင်တွင် ယာဉ်တန်းတစ်ခုပေါ်လာပြီး အားလုံး၏အာရုံကိုဆွဲဆောင်လိုက်သည်။

ဒီယာဉ်တန်းက သာမန်ကားမဟုတ်။ အားလုံးမြို့တော်မှဘရန်းများဖြစ်သည်။

နောက်ပြီး အလယ်မှကားသုံးစီးမှာ ကိုယ်ရံတော်ယာဉ်များဖြစ်သည်။ ထိုအပေါ်တွင် ''သိပ္ပံသုတေသနအစောင့်အကြပ်။ အနားမကပ်ရ။'' ဟူသောစာလုံးများရှိသည်။ ကားထဲမှထွက်လာသောအစောင့်များတောင်ရှိသည်။

ထိုမြင်ကွင်းကိုမြင်သောခရီးသည်များမှာ ရုတ်တရက်အကြောင်းရင်းကိုသဘောပေါက်သွားသည်။

ချင်းလင်ဓာတ်ခွဲခန်းက SMA ရောဂါဆေးထုတ်နိုင်တဲ့ဒိုနာစီမြက်ရင်းကိုလှူထားသည်။ ဒီကားတွေက ဒါကိုစောင့်ကြပ်ဖို့ရောက်လာခြင်းပင်။





All Chapters