← Chapters

လီခိုင်ရဲ့ဆက်ဆံရေးအကြံပေးပုံစံ! ဘုရင်!

Vol. 29 Ch. 430

လီခိုင်ရဲ့ဆက်ဆံရေးအကြံပေးပုံစံ! ဘုရင်!

Vol. 29 Ch. 430

ချင်းလင်စံအိမ်_

သုံးပွင့်ဆိုင်ဇီးပန်းစိုက်ခင်းအနီးအနားကိုတောင် ခေါင်းဆောင်ဟုန်၊ ရှုမျှော်ခင်းပတ္တရောင်အဖွဲ့နှင့် စီရင်စုကလွှတ်ထားသောလူများစောင့်ကြပ်နေသည်။

ခရီးသည်များမှာစုရုံးစုရုံးနှင့် အိုးစိုက်ဥယျာဉ်ဘက်သို့ စပ်စပ်စုစုကြည့်နေကြ၏။

အခုယာဉ်တန်းရောက်လာခြင်း၏အကြောင်းရင်းကို အားလုံးခန့်မှန်းမိကြသည်။

''ခေါင်းဆောင်ဟုန်... အလုပ်ကြိုးစားတဲ့အတွက် ကျေးဇူးပါကွာ... ငါအထဲဝင်ပြီး တစ်ချက်ကြည့်လိုက်ဦးမယ်''

ချန်လီက ခေါင်းဆောင်ဟုန်ကိုမှာပြီး လျှောက်ဝင်လာသည်။

တစ်ပတ်ရှိပြီဖြစ်သော်လည်း သူနဲ့စီရင်စုကလူများမှာ ဇဝေဇဝါဖြစ်နေကြဆဲ။

ချင်းလင်စံအိမ်ရဲ့အားဖြည့်ဖျော်ရည်ကို နင်းမြို့တော်ကလုယူသွားပြီးနောက်ပိုင်း ချင်းလင်ဓာတ်ခွဲခန်းကိုအလွန်အာရုံစိုက်ထားပြီး ဓာတ်ခွဲခန်းမှာ သူတို့၏အနီးကပ်အာရုံစိုက်မှုအောက်တွင်ရှိနေသည်။

သို့သော် ဟာကွက်မရှိဟုသူတို့တွေးနေတုန်း သူတို့မျက်စိအောက်မှာတင် ချင်းလင်ဓာတ်ခွဲခန်းက ဒီလိုကိစ္စကြီးကိုလုပ်လိုက်မည်ဟု ဘယ်သူမှမထင်မိပေ။

ချင်းလင်ဓာတ်ခွဲခန်းက ဒီလိုဖြစ်ရပ်ကြီးကိုဖြစ်စေသည်ဟုသိရပြီး သတင်းများထွက်လာသည့်တိုင်အောင် အံ့ဩမိသည်။

ဒါစောင့်ကြည့်ဖို့လုံးဝမဖြစ်နိုင်။

ဒီနေ့အထက်ကလူတွေက စီရင်စုကိုဖုန်းဆက်ပြီး အစောင့်အကြပ်များနှင့်ပူးပေါင်းဆောင်ရွက်ခိုင်းသောအခါ သူနှင့်စွန်းရှန်မှာ လုံးဝနှမြောတသဖြစ်မိသည်။ ဒီတစ်ခေါက် ရုံချန်းစီရင်စုက ဘာအကျိုးအမြတ်မှမရချေ။

သတင်းမှာ ချင်းလင်ဓာတ်ခွဲခန်းအတွက် တို့မြို့တော်ကထောက်ပံ့ပေးတယ်လို့ဖြည့်လိုက်ရင် ဘယ်လောက်ကောင်းမလဲ?

...

ဝန်ကြီးလုရဲ့လူတွေက ဒိုနာစီမြက်ရင်းစိုက်ခင်းထဲတွင် သတိကြီးကြီးထားနေကြသည်။





စိုက်ခင်းထဲ၌_

ပါမောက္ခရန်က သူ့လူများနှင့် ဒိုနာစီမြက်ရင်းကိုသေချာရွှေ့စိုက်နေသည်။

စိုက်ပျိုးရေးလိုအပ်ချက်ကြောင့် ပါမောက္ခရန်၏ဌာနမှာ ဒိုနာစီမြက်ရင်း ၁၂ ပင်ကို ပေကျင်းသို့ရွှေ့ပြီး အထူးဆေးဥယျာဉ်နှင့်စိုက်ရန်လိုသည်။

ဒါက နောင်မှာမျိုးစေ့စုဆောင်းရေးနှင့်စိုက်ပျိုးရေးအတွက် ပိုပြီးအကျိုးရှိစေလိမ့်မည်။

ဒီအကြောင်းရင်းကြောင့် ပါမောက္ခရန်တို့က အထူးရွှေ့ပြောင်းသေတ္တာယူလာပြီး ထိုအပေါ်မှမျိုးစေ့များကိုထိခိုက်မှာစိုးသဖြင့် အလွန်ဂရုတစိုက်ရွှေ့ကြသည်။

တစ်ဖက်တွင်_

ချင်လင်နှင့်ရှန်လီလည်း ဝန်ကြီးလုကိုအဖော်ပြုပေးနေသည်။

''သူဌေးချင်... မင်းရဲ့ချင်းလင်ဓာတ်ခွဲခန်းက ပါဝင်ဆောင်ရွက်မှုကို ထိပ်ပိုင်းမှာမှတ်ထားမယ်'' ဝန်ကြီးလုကပြောပြောဆိုဆို သူ့လက်ထောက်လက်ထဲမှစာဖိုင်နှစ်ဖိုင်ကိုယူပြီး ချင်လင်ဆီပေးလိုက်သည်။

ချင်းလင်ဓာတ်ခွဲခန်းရဲ့ပါဝင်လုပ်ဆောင်မှုအတွက် အထက်ကလူတွေကပြန်ပေးဆပ်ရလိမ့်မည်။ ဒီစာဖိုင်နှစ်ဖိုင်က ဆုထဲကတစ်ခုပင်။

ချင်လင်ကစာဖိုင်နှစ်ဖိုင်ကိုယူပြီး အကြောင်းအရာကိုကြည့်လိုက်ရာ သူ့မျက်လုံးများအရောင်တောက်သွားသည်။

တစ်ခုက ထူးရှယ်ဖရဲသီးအော်ဒါဖြစ်ပြီး ရောင်းဝယ်ရေးဌာနမှအော်ဒါတင်ထားခြင်းဖြစ်သည်။ ဒါကတကယ့်လက်ဆောင်။

နောက်တစ်ဖိုင်မှာ 'တရုတ်သိပ္ပံအကယ်ဒမီလုပ်ငန်းတွဲဖက်' ဟူသော ခေါင်းစဉ်နှင့်။

ဒါကဂုဏ်ပြုမှတ်တမ်းသက်သက်ဆိုသော်လည်း ချင်းလင်ဓာတ်ခွဲခန်းမှာ တရုတ်သိပ္ပံအကယ်ဒမီနှင့်လုံးဝအဆက်အစပ်မရှိ၍ အလွန်ကောင်းသောအကာအကွယ်တစ်ခုဖြစ်ပြီး ဓာတ်ခွဲခန်းကိုဒုက္ခအတော်များများမှကယ်တင်နိုင်သည့်အချက်ပြတစ်ခုဖြစ်သည်။

သူ့အတွက်တော့ ဒါပစ္စည်းကောင်းပင်။

ပေါ်သွားနိုင်တဲ့အန္တရာယ် နည်းသွားပြီ။

ချင်လင်ကစာဖိုင်ကိုဖတ်ပြီး ရှန်လီဆီပေးလိုက်သည်။

ရှန်လီကစာဖိုင်ကိုယူပြီး အကြောင်းအရာများကိုကြည့်လိုက်သည်။ သူ့မျက်နှာမှာလည်း ဝမ်းသာသွားပုံနှင့်။ ဒီစာဖိုင်နှစ်ခုက မမြင်ရတဲ့အကျိုးအမြတ်တွေယူလာမယ်ဆိုတာ သူသိထားသည်။

ပါမောက္ခရန်ကအချိန်ယူပြီး သူ့လူများနှင့် ဒိုနာစီမြက်ရင်း ၁၂ ပင်ကို ရွှေ့ပြောင်းသေတ္တာထဲတစ်ပင်ချင်းထည့်လိုက်သည်။ ထို့နောက် အစောင့်များကို ရွှေ့ပြောင်းသေတ္တာအား ဂရုတစိုက်သယ်ခိုင်းလိုက်သည်။





ဒါကိုမြင်မှ လီခိုင်လုံးဝစိတ်သက်သာရာရသွားသည်။ သူ့တာဝန်အောင်အောင်မြင်မြင်ပြီးဆုံးသွားပြီဖြစ်ပြီး နောက်လုပ်ရမှာက ပါမောက္ခရန်ရဲ့ဌာနကိုလက်လွှဲပေးရမည်ဟူ၍သူသိသည်။

ပါမောက္ခရန်တို့မြှင့်တင်တဲ့ SMA ကုထုံးဆေးဝါးကိုထုတ်ရင် ရှိုးဝမ်ရဲ့သမီးက ကုသမှုကုန်ကျစရိတ်ကိုစိုးရိမ်စရာမလိုတော့။ ရှိုးဝမ်သေချာပေါက်ဝမ်းသာသွားလိမ့်မည်။

ဒီရက်ပိုင်း ရှိုးဝမ်ကသူ့အပေါ်နူးညံ့လာပုံကိုတွေးမိပြီး လီခိုင်မပြုံးဘဲမနေနိုင်။

ကင်မရာရိုက်လိုက်သောအသံကိုကြားရသည်။ ပါမောက္ခလီ၏အပြုံးကိုအမိအရရိုက်ယူလိုက်သော မှတ်တမ်းတင်ဝန်ထမ်းတစ်ဦးပင်။

သူက ခေါင်းစဉ်ပါစဉ်းစားထားသည်:

''အာရုံကြောရောဂါခံစားနေရသူများကိုကယ်တင်နိုင်မည့် သူ့ဒိုနာစီမြက်ရင်းပင်များကို ပါမောက္ခလီခိုင်ကြည့်နေပုံ''။

သူကကျေနပ်အားရစွာပြုံးနေသည်။

လီခိုင်မှာ ပါမောက္ခရန်ရောက်လာပြီး သူ့ပခုံးကိုမပုတ်ခင်အထိ ထိုအမှတ်တမဲ့လူ၏လုပ်ဆောင်ချက်များကို လုံးဝသတိမထားမိပေ။

''ပါမောက္ခရန်'' လီခိုင်ကချက်ချင်းနှုတ်ဆက်လိုက်သည်။

ပါမောက္ခရန်က လီခိုင်ကိုတန်ဖိုးထားပုံနှင့်ကြည့်ပြီးမေးလိုက်၏_

''ရှောင်လီ... မင်းကရှားပါးဉာဏ်ကြီးရှင်ပဲ... မင်းကိုအရင်ကပြောထားတာ စဉ်းစားပြီးပြီလား? မင်းငါ့အဖွဲ့ထဲလာချင်လား?''

လီခိုင်ကဒီအကြောင်းလုံးဝစိတ်မဝင်စားသဖြင့်ချက်ချင်းအမှန်အတိုင်းပြောလိုက်သည်_

''ပါမောက္ခရန်... ကျွန်တော့်ရဲ့လုပ်နိုင်စွမ်းကို ကျွန်တော်သေသေချာချာသိပါတယ်... ဒီတစ်ခေါက် ဒိုနာစီမြက်ရင်းကိုပျိုးထောင်နိုင်တာ ကံကောင်းရုံသက်သက်ပါ''

''မင်းကနှိမ့်ချလွန်းတာပဲ'' လီခိုင်ကငြင်းပယ်နေသောကြောင့် ပါမောက္ခရန်မှာသက်ပြင်းသာချမိသည်။ သူပြန်လှည့်လာသောအခါ ချင်လင်စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရ၏။

ပါမောက္ခရန်မှာ ရုတ်တရက်အိုးတိုးအန်းတန်းဖြစ်သွားသည်။ သူ့ကိုဆွဲခေါ်ဖို့ကြိုးစားနေတာ လက်ပူးလက်ကြပ်မိသွားပြီ_

''သူဌေးချင်... တစ်ခုခုလိုရင် ရန်ရန်ကိုဖုန်းဆက်ဖို့မမေ့နဲ့နော်!''

''ရန်ရန်'' ချင်လင်၏မျက်နှာမှာ မကျေမချမ်းနှင့်။

ပြီးတော့ ဖုန်းဆက်ခေါ်ခိုင်းပြီး သူ့ကိုဆွဲခေါ်ဦးမယ်ပေါ့?

မကြာမီ_

ဝန်ကြီးလုနှင့်ပါမောက္ခရန်က ဒိုနာစီမြက်ရင်း ၁၂ ပင်နှင့်ထွက်သွားသည်။

သို့ရာတွင် ဝန်ကြီးလုဦးဆောင်သောလူများက ဒိုနာစီမြက်ရင်းကိုစောင့်ကြပ်ပြီးယူသွားသောဗီဒီယိုမှာ ရေပန်းစားရှာဖွေမှုထဲရောက်လာပြန်သည်။ ချင်းလင်ဓာတ်ခွဲခန်းနှင့်လီခိုင်၏ကျော်ကြားမှုမှာ အေးစက်စပြုချိန်တွင် ထပ်ပေါက်သွားပြန်သည်။

...

ချင်းလင်ဖရဲသီးကို ရောင်းဝယ်ရေးဌာနမှအော်ဒါတင်သည်ဖြစ်စေ၊ ချင်းလင်ဓာတ်ခွဲခန်းက 'တရုတ်သိပ္ပံအကယ်ဒမီလုပ်ငန်းတွဲဖက်' ဟူသော ခေါင်းစဉ်ရသည်ဖြစ်စေ နှစ်ခုလုံးကဝမ်းသာစရာပင်။

ထို့ကြောင့် လီခိုင်၏တောင်းဆိုချက်အရ ချင်လင်ကိုယ်တိုင် အရည်အသွေး ၃ ဘဲဥထမင်းကြော်နှင့်အရည်အသွေး ၃ ငါးစားသောက်ပွဲချက်ပြီး အောင်ပွဲခံရန်သဘောတူလိုက်သည်။

မူလခန်းမမှာ ငါးပြတိုက်ဖြစ်သွားပြီဖြစ်၍ စားသောက်ပွဲကို ဝန်ထမ်းစားသောက်ခန်းတွင်သာကျင်းပရသည်။

သို့သော် လီခိုင်အတွက်တော့ ညီလေးချင်ချက်ကျွေးတာစားရရင် ဘယ်နေရာမှာစားရစားရ ကိစ္စမရှိ။ သန့်စင်ခန်းထဲမှာဆိုရင်တောင် အားရပါးရစားပြလိုက်ဦးမည်။





All Chapters