← Chapters

လီခိုင်ရဲ့ဆက်ဆံရေးအကြံပေးပုံစံ! ဘုရင်! ၃

Vol. 29 Ch. 432

လီခိုင်ရဲ့ဆက်ဆံရေးအကြံပေးပုံစံ! ဘုရင်! ၃

Vol. 29 Ch. 432

လီခိုင်လည်း အိပ်မပျော်။

တစ်နေ့ကမှ သူနဲ့ရှိုးဝမ်အတူတူနေနိုင်ပြီဟုခံစားမိသော်လည်း ချန်ချွမ်းရုံရုတ်တရက်ပြန်ပေါ်လာခြင်းကြောင့် သူ့ယုံကြည်ချက်တွေဘာရယ်မဟုတ်ဆုံးရှုံးသွားပြန်သည်။

သူကသတိလက်လွတ် ဆေးခန်းဘက်လျှောက်သွားလိုက်သည်။ အလုပ်လာနေသောထန်ရှိုးဝမ်ကိုမြင်သောအခါ သွားပြီးနှုတ်ဆက်ချင်သော်လည်း စိတ်ရှုပ်ထွေးနေ၏။ တစ်မနက်ခင်းလုံး သူ့စိတ်တွေရှုပ်ထွေးနေသည်။

ထို့နောက် သူ့သတ္တိကိုစုစည်းပြီး ဆေးခန်းဆီသွားမည်အပြု ချန်ချွမ်းရုံကိုတွေ့လိုက်ရလေသည်။

ချန်ချွမ်းရုံရောက်လာပြန်ပြီ။ သူ့ဇနီးဟောင်းက သူ့ကိုလုံးဝခွင့်မလွှတ်မှန်းကောင်းကောင်းသိထား၍ သူ့အရောင်အစစ်အမှန်ကိုပြရမည်။

မိန်းမကောင်းတွေက ယောက်ျားတွေကိုကြောက်သည်ဟု သူစွဲစွဲမြဲမြဲယုံကြည်ထားသည်။

လီခိုင်ဘာလုပ်ရမှန်းမသိ။ အရင်ကတစ်ခါမှမတွဲဖူး၍ ဒီလိုအခြေအနေမျိုးနှင့်ရင်မဆိုင်ခဲ့ဖူးပေ။ သူကချင်လင်၏ရုံးခန်းထဲ စိတ်ညစ်ညစ်နှင့်လျှောက်သွားလိုက်သည်။ အခုတော့ ညီလေးချင်ကိုသာ အကြံတောင်းရမည်။

ရုံးခန်းထဲ၌_

ချင်လင်က တစ်ယောက်ယောက်ကိုဧည့်ခံနေသည်။ မင်စီရင်စု၏ချင်းလင်လက်ဖက်ရည်ကိုယ်စားလှယ်ဝမ်ရန်ပင်။ သူကရုံချန်းကိုရောက်ရောက်ချင်း ချင်လင်ဆီလာခဲ့သည်။





''ဒီလက်ဖက်ရည်မြည်းကြည့်! လောင်တန့်ကနင်းမြို့တော်မှာ... နေ့လယ်လောက် ရောက်လာလိမ့်မယ်''

ချင်လင်လည်း အရည်အသွေး ၂ သဘာဝအူလုံလက်ဖက်ရည်တစ်အိုးဖျော်ပြီး တစ်ခွက်ငှဲ့ပေးလိုက်သည်။

ဝမ်ရန်ကို တန့်ကွမ်းကခေါ်ထားခြင်းဖြစ်သည်။

မင်စီရင်စု၏ပြည်နယ်မြို့တော်တွင် ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုကောင်းကောင်းကြော်ငြာနိုင်ခဲ့သည်။ နင်းမြို့တော်ရှိစက်ရုံ၏လက်ရှိထုတ်လုပ်နှုန်းအရ တန့်ကွမ်းကမင်စီရင်စုအတွင်းနောက်ထပ်မြို့သုံးမြို့တွင်ကြော်ငြာရန်စီစဉ်နေသည်။

ဒီမြို့သုံးမြို့မှာ ဝမ်ရန်ကိုစမ်းလုပ်ခွင့်ပေးမည်။ သူသာကောင်းကောင်းလုပ်နိုင်ရင် မင်စီရင်စုတစ်ခုလုံးရှိ စီရင်စုအဆင့်မြို့ ၁၃ မြို့၊ စီရင်စုပြည်နယ်အဆင့်မြို့ ၈ မြို့၏အထွေထွေကိုယ်စားလှယ်ဖြစ်လာလိမ့်မည်။

ဒါတန့်ကွမ်း၏စမ်းသပ်ချက်လည်းဖြစ်သည်။

''အဆင်ပြေပါတယ်... ဥက္ကဌတန့်ကိုစောင့်ရုံပေါ့''

ဝမ်ရန်ကလက်ဖက်ရည်ကိုချက်ချင်းကောက်ကိုင်ပြီး အရသာခံလိုက်သည်။ သူလက်ဖက်ရည်သောက်ရတာမကြိုက်၊ ဘာပဲဖြစ်ဖြစ် သူကဝိုင်သောက်ရတာအသားကျနေသူ။

သို့သော် ဒီလက်ဖက်ရည်တစ်ခွက် သူ့ဗိုက်ထဲရောက်သောအခါ သူအံ့ဩမိသည်။ ဒီလက်ဖက်ရည်ကအရမ်းကောင်းပြီး တစ်ငုံသောက်ပြီးလျှာပေါ်စွဲနေသည်ကမဆုံးနိုင်ပေ။

ဒါကြောင့် ဥက္ကဌချင်တို့က လက်ဖက်ရည်ကြိုက်တာကိုး။

ကြည့်ရတာ သူပြန်ရောက်ရင် လက်ဖက်ခြောက်တချို့ဝယ်ပြီး လက်ဖက်ရည်ဖျော်ကြည့်ရတော့မည်။

ရုတ်တရက်ရုံးခန်းတံခါးပွင့်လာပြီး လီခိုင်လျှောက်ဝင်လာ၏။ သူကစိတ်ဓာတ်ကျကျနှင့် လက်ဖက်ရည်စားပွဲတွင်ဝင်ထိုင်လိုက်သည်။

''ပါမောက္ခလီခိုင်... ထပ်ဆုံပြန်ပြီနော်''

ဝမ်ရန်က လီခိုင်ကိုချက်ချင်းနှုတ်ဆက်လိုက်သည်။

အရင်ကပါမောက္ခလီခိုင်နှင့်ဆုံဖူးပြီး အင်တာနက်ပေါ်တွင် သူကအလွန်နာမည်ကျော်နေသည်။





''အင်း!'' လီခိုင်ကနွမ်းလျစွာပြန်ဖြေလိုက်သည်။ သူ့စိတ်ထဲမှာ ချန်ချွမ်းရုံက ထန်ရှိုးဝမ်ကိုထပ်လာရှာသလားဟူ၍ ရှုပ်ထွေးနေ၏။

ချင်လင်ကသူ့ပုံစံကြောင့် တစ်ခုခုမှားနေပြီမှန်းသိပြီးမေးလိုက်သည်_ ''ဘာဖြစ်လို့လဲ အစ်ကိုလီ?''

လီခိုင်မှာအကူအညီလာတောင်းခြင်းဖြစ်၍ ချင်လင်ကိုဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။

''ယောက်ျားဖြစ်သူက မိန်းမနဲ့သမီးကို နေမကောင်းတုန်းပစ်ထားခဲ့ပြီး အခုဒေါက်တာထန်ကိုလာရှာနေတယ်ပေါ့... ဒီလိုလူယုတ်မာမျိုးတကယ်ရှိလား?''

ချင်လင်မှာမယုံနိုင်။ ဒီလိုသာဆိုရင် ဘာကြောင့်ဒီလောက်ရက်စက်ခဲ့တာလဲ?

ချင်လင်က ရုတ်တရက်တစ်ခုခုတွေးမိပြီး လီခိုင်ကိုတအံ့တဩမေးလိုက်သည်_

''အစ်ကိုလီ... သူက သူ့မိန်းမနဲ့ကလေးကိုထားခဲ့တာ သူ့သမီးမှာ SMA ရောဂါရှိလို့... ထိုးဆေးတစ်ချောင်းကို ယွမ် ၇၀၀၀၀၀ ကျလို့ပဲ... အခုပြန်လာရှာတယ်ဆိုတာက ခင်ဗျားကဒိုနာစီမြက်ရင်းကိုပျိုးထောင်ခဲ့ပြီးတော့ နောက်ကျရင်ထိုးဆေးက ယွမ်ထောင်ဂဏန်းပဲကျတော့မှာမလို့များလား?''

''ဘာ?'' လီခိုင်ကြောင်သွားသည်။ သူ့တစ်ကိုယ်လုံးချက်ချင်းထုံထိုင်းသွား၏။

ဒီလိုသာဆိုရင် ကောင်းကင်ဘုံကသူ့ကိုကျီစယ်နေတာမလား?

''ငါအခုဘာလုပ်ရမလဲ?'' လီခိုင်ကအကူအညီတောင်းလိုက်သည်။

''နောက်ပြန်မဆုတ်နဲ့... တိုက်သာတိုက်!''

ချင်လင်ကတန်းပြောလိုက်၏။ သူ့အချစ်ပြိုင်ဘက်ကပေါ်လာပြီ။ ပြီးတော့ သူ့အရင်ယောက်ျားတဲ့။ သူဘာလုပ်နိုင်ဦးမလဲ?

''ဘယ်လို?'' လီခိုင်ကထပ်မေးလိုက်သည်။ သူကဒါမျိုးနဲ့အစိမ်းသက်သက်။

''အာ!'' ချင်လင်ဘာပြောရမှန်းမသိ။

''အစ်ကိုလီ... မိုချင်းနဲ့ကျွန်တော်က အချစ်ဦးတွေ... ကျွန်တော်တို့မှာ ဒါမျိုးအတွေ့အကြုံမရှိဘူး''

ထိုအခိုက်_

ဝမ်ရန်အသံထွက်လာသည်_ ''အမ်... ပါမောက္ခလီက အချစ်ပြိုင်ဘက်နဲ့တွေ့နေတာလား? တစ်ဖက်လူက သူ့မိန်းမနဲ့သမီးကိုထားခဲ့တဲ့အရင်ယောက်ျားပေါ့? ကျွန်တော် ပါမောက္ခလီကိုကူညီပေးနိုင်မယ်ထင်တယ်''

ချင်လင်နှင့်လီခိုင်က ဝမ်ရန်ကိုအမှတ်တမဲ့ကြည့်လိုက်ကြသည်။

''ဝမ်ရန်... ခင်ဗျားမှာဘယ်လိုစိတ်ကူးရှိလဲ? အစ်ကိုလီကိုပြောပြလိုက်''

ချင်လင်ကချက်ချင်းမေးလိုက်သည်။

''တကယ်တော့ မိန်းမနဲ့သမီးကိုထားခဲ့တဲ့လူတွေကိုကိုင်တွယ်ရတာ အရမ်းလွယ်ပါတယ်''

ဝမ်ရန်ကယုံကြည်မှုအပြည့်နှင့်ပြောလိုက်လေသည်။





All Chapters