← Chapters

ဘဲမွေးမြူရန် ရောင်ခြည်ခိုးယူခြင်း! အလှလေးကို အစ်ကိုလီပြန်ရပြီ!

Vol. 29 Ch. 433

ဘဲမွေးမြူရန် ရောင်ခြည်ခိုးယူခြင်း! အလှလေးကို အစ်ကိုလီပြန်ရပြီ!

Vol. 29 Ch. 433

လီခိုင်မှာစိတ်ပူနေ၍ ဝမ်ရန်၏စကားကြားလျှင် ချက်ချင်းမေးလိုက်သည်_

''ညီလေးဝမ်... မင်းဘယ်လိုထင်လဲ?''

ဝမ်ရန်က သွက်သွက်လက်လက်ပင်_

''ပါမောက္ခလီခိုင်... သူ့အရင်ယောက်ျားက သူ့သမီးနေမကောင်းတုန်း မိန်းမနဲ့သမီးကိုထားခဲ့တယ်ဆိုမှတော့ အနာမခံဘဲအသာစံချင်တဲ့လူယုတ်မာမျိုးပေါ့... ပြီးတော့ ခင်ဗျားကဒိုနာစီမြက်ရင်းပျိုးထောင်ပြီးမှ ပြန်လာပြီးလက်ထပ်ဖို့ပြောတယ်... သူကမျက်နှာပြောင်တိုက်တဲ့အတ္တသမားလူယုတ်မာမျိုးပဲ''

''ဒီလိုလူမျိုးက ပြန်လာပြီးလက်ထပ်ဖို့ရွေးချယ်တာ ဒီအချိန်မှာ သူ့အတွက်အကောင်းဆုံးရွေးချယ်မှုထင်လို့ပဲ... မဟုတ်ရင် ပိုကောင်းတဲ့ရွေးချယ်စရာရှိရင်တောင် လူယုတ်မာကသူ့ချစ်သူဆီပြန်သွားမှာမဟုတ်ဘူး... ဒီတော့ သူ့ကိုဇာတ်ညွှန်းရေးပြီး သူ့ရဲ့တကယ့်သဘာဝကို ဒေါက်တာထန်ရှေ့မှာလုံးဝဖွင့်ချလိုက်''

လီခိုင်ကနည်းနည်းစိတ်ရှုပ်နေဆဲ_

''သူ့ကိုလူယုတ်မာလို့ပြောတာ လက်ခံပါတယ်... ဒါပေမဲ့ ဇာတ်ညွှန်းရေးရမှာက ဘာသဘောလဲ?''

''အင်း... ပုံမှန်လုပ်ရမှာလို့သဘောထားလိုက်!''

ဝမ်ရန်ဘယ်လိုရှင်းပြရမလဲမသိတော့။

ပြီးတော့ ဇာတ်ညွှန်းဆိုတာက နိုက်ကလပ်အတွက်ကြားကောင်းတဲ့နာမည်။ ဘာပဲဖြစ်ဖြစ် ယောက်ျား၊မိန်းမတွေကိုမျှားခေါ်တာမျိုး။ ဒီကိစ္စမျိုးအတွက်သုံးဖို့ နည်းနည်းပြုပြင်ရမည်။

သို့သော် ဥက္ကဌချင်နှင့်ပါမောက္ခလီခိုင်လို စီနီယာပညာတတ်များရှေ့မှာပြောဖို့ ရိုင်းလွန်းနေသည်။

''ကျွန်တော်ဖုန်းဆက်ပြီး အကူအညီတောင်းလိုက်မယ်'' သူကပြောလိုက်သည်။

သူကပြောပြောဆိုဆို သူ့ဖုန်းထုတ်ပြီး ကျန်းလင်းလင်းနံပါတ်ကိုဆက်လိုက်သည်။

ဒီလိုဇာတ်ညွှန်းမျိုးအတွက် အစ်မလင်းလင်းကအကောင်းဆုံးပင်။

အရင်က အစ်မလင်းလင်းမှာ နိုက်ကလပ်မှယောက်ျားများနှင့်အကွက်ရွှေ့ရုံသာမက သူတို့ကိုမတွေ့ရသေးခင်အထိ အမြတ်ထုတ်ခွင့်လည်းမပေးချေ။

ပွင့်ပွင့်လင်းလင်းပြောရရင် အရင်ကအစ်မလင်းလင်းလှည့်စားတာ သူခံရဖူးသည်။





အရင်က အစ်မလင်းလင်းနဲ့အကျယ်အကျယ်ဆွေးနွေးတိုင်း သူလှည့်စားခံနေရသည်ဟုခံစားမိသည်။ အဲဒီတုန်းက သူ့ထက်ပိုပြီး အစ်မလင်းလင်းကစိတ်အားတက်ကြွသူဖြစ်သည်။

မင်စီရင်စု ပြည်နယ်မြို့တော်_

အစည်းအဝေးခန်းထဲ၌_

ရင့်ကျက်သောအလှတရားနှင့်ကျန်းလင်းလင်းမှာ လုပ်ငန်းဝတ်စုံကိုဆွဲဆောင်မှုရှိရှိဝတ်စားထားသည်။ သူမရှေ့ရှိ ဆွဲဆောင်မှုရှိသောမိန်းကလေးများကို သူမကတာဝန်ခွဲဝေပေးနေသည်။ ထိုတာဝန်များမှာ ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုအရောင်းမြှင့်တင်ရန်ပင်။

အသက်မွေးဝမ်းကျောင်းရှိသောအမျိုးသမီးတစ်ဦးအနေနှင့် သူမ၏လက်ရှိဘဝကိုအလွန်ကျေနပ်နေသည်။ နိုက်ကလပ်များနှင့်မွေးစားအဖေဆီမှလည်းထွက်၍ ဝမ်ရန်၏အကြီးဆုံးလုပ်ငန်းအတွက် အတော်ဆုံးကိုယ်စားလှယ်အဖြစ် လတိုင်း ဒါမှမဟုတ် နှစ်လခြား အားဖြည့်ဖျော်ရည်ပုလင်း ၃၀၀၀၀၀ အော်ဒါရဖို့ သူမကိုယ်သူမအနစ်နာခံစရာမလိုတော့ချေ။ နောက်ပြီး တစ်ဖက်လူကအသက်ကြီးလွန်း၍ မတော်တဆသေသွားမလား စိုးရသည်။

ဝမ်ရန်ဆီမှဖုန်းဝင်လာသောအခါ မိန်းကလေးများကိုသူတို့အလုပ်မြန်မြန်လုပ်စေပြီး ချက်ချင်းဖုန်းကိုင်ကာ ချိုသာသောအသံနှင့်_

''သူဌေး... ဘာအမိန့်ပေးချင်ပါသလဲ?''

ဖုန်းထဲမှဝမ်ရန်၏အသံထွက်လာသည်_

''အစ်မလင်းလင်း... အခုချက်ချင်း ကုမ္ပဏီမှာကျွန်တော်ထားခဲ့တဲ့လန်ဘော်ဂီနီကိုမောင်းပြီး ချင်းလင်စံအိမ်ကိုလာခဲ့ပါ... အစ်မအကူအညီလိုတယ်''

''သူဌေး... ကျွန်မဆွဲဆောင်မှုရှိတဲ့အောက်ခံအဝတ်အစားနဲ့ လှုံ့ဆော်တဲ့ပစ္စည်းတွေယူလာရဦးမလား?''

ကျန်းလင်းလင်းကအပြုံးနှင့်မေးလိုက်သည်။

ဒီစကားတွေက အဓိပ္ပါယ်ပါပုံရသည်။

နိုက်ကလပ်တက်တဲ့သူတွေအတွက် ရည်ညွှန်းစကားဟုတောင်ဆိုနိုင်၏။

''အစ်မလင်းလင်း... ကျွန်တော်ကအိမ်ထောင်ကျပြီးသား''

နိုက်ကလပ်မင်းသားလေးဖြစ်သောဝမ်ရန်မှာ အစ်မလင်းလင်း၏စကားကိုအလိုအလျောက်သဘောပေါက်ပြီးဖြစ်၍ နည်းနည်းအိုးတိုးအန်းတန်းဖြစ်သွားသည်။

''ဒါပေမဲ့ စုကျွမ်ကကိုယ်ဝန်နဲ့... ရှင်လပိုင်းလောက်အထီးကျန်နေမှာမလား?''

ကျန်းလင်းလင်းက ဆက်စလိုက်သည်။

ဝမ်ရန်မှာ မတတ်သာတော့_ ''အစ်မလင်းလင်း... လျှောက်မပြောနဲ့တော့... အစ်မအကူအညီလိုတယ်... မြန်မြန်လာခဲ့!''

ကျန်းလင်းလင်းက မျက်နှာမှာအပြုံးနှင့်ဖုန်းချလိုက်သည်။

ရှုပ်ချင်တာလား?





ဖြစ်နိုင်တယ်။

နိုက်ကလပ်မှာပျော်ကြပါးကြတော့ သူကမင်းသားလေး၊ အလုပ်လုပ်တော့ သူဌေးကြီး။ ဒီလိုလူမျိုးက တကယ်ထူးချွန်သည်။

အခုသူမက သန်မာတဲ့အမျိုးသမီးတစ်ယောက်၊ မတူညီတဲ့အားထုတ်မှုရှိလိမ့်မည်။

သူတို့အားလုံးကနိုက်ကလပ်က၊ အတိတ်တွေတူကြသည်။

စုကျွမ်လုပ်နိုင်ရင် ဘာလို့မလုပ်တာလဲ?

ပြီးတော့ စာချုပ်ကိုသူမဂရုမစိုက်။

ဝမ်ရန်ကဖုန်းချပြီးနောက် သူပုံစံမှာနည်းနည်းအနေခက်သွားသည်။

အခုတလော အစ်မလင်းလင်းကအမြဲစနေသည်ဟုခံစားရသည်။ အဓိကအချက်မှာ စုကျွမ်ကကိုယ်ဝန်ရှိနေပြီး သူကအမြော်အမြင်ရှိရတော့မည်။ သူတကယ်လက်မခံနိုင်။ မှားသွားမှာစိုးရိမ်သည်။

အစ်မလင်းလင်းကို သူ့လန်ဘော်ဂီနီတမင်မောင်းခိုင်းခြင်းဖြစ်သည်။ အစ်မလင်းလင်းကို ရုပ်ချောရေလျှံပုံစံမျိုးဟန်ဆောင်ခိုင်းပြီး အရင်ယောက်ျားလူယုတ်မာနှင့်ဆုံအောင်လုပ်မည်။ အစ်မလင်းလင်းရဲ့အစွမ်းနဲ့ဆို မျက်လုံးတစ်ချက်ဝင့်လိုက်ရုံပင်။ ဒီလူယုတ်မာက သူကံကောင်းသည်ဟုတွေးပြီး ရောက်လာလိမ့်မည်။

အစ်မလင်းလင်းက အရင်ယောက်ျားကိုဒိတ်ဖို့တမင်သက်သက်အချက်ပြလိုက်ရင် အရင်ယောက်ျားက သူကဆွဲဆောင်မှုရှိတယ်၊ သူထီပေါက်တာပဲဟု ​တွေးလိမ့်မည်။

ပါမောက္ခလီခိုင်နဲ့ဥက္ကဌချင်တွေ့သွားရင် ဒီအရင်ယောက်ျားက အခြေအနေပျက်ပြီ။ အခုသူလုပ်ရမှာက ပါမောက္ခလီခိုင်ကိုကူပြီး ဒေါက်တာထန်ကိုလိုက်ပေးဖို့။

ပြီးတော့ သူလုပ်ဖို့လိုသေးတာက ပါမောက္ခလီခိုင်ရဲ့ပြိုင်ဘက်အကြောင်း ပိုသိအောင်လုပ်ဖို့ပင်။

အချစ်ပြိုင်ဖက်တွေ၊ မိန်းမလိုက်တာတွေနဲ့ပတ်သက်ပြီး ချင်လင်မှာအတွေ့အကြုံသိပ်မရှိသောကြောင့် လီခိုင်၏ကိစ္စကို ဝမ်ရန်ဆီသာအပ်ထားရသည်။

ဝမ်ရန်က ဒီအပိုင်းမှာအလွန်တော်မှန်းသိသာ၏။

လီခိုင်မှာစူးစမ်းချင်စိတ်အပြည့်နှင့် ရုံးခန်းအပြင်ထွက်ပြီး ဝမ်ရန်နောက်လိုက်သွားသည်။

သူကဂိမ်းဖန်သားပြင်ကိုကြည့်၍ သူ့ဂိမ်းဇာတ်ကောင်ကို မွေးမြူရေးခြံအတွင်းရှိဘဲခြံဆီသွားစေလိုက်သည်။

ဘဲခြံထဲဝင်ပြီးနောက် ဘဲဖြူကြီးများအပြင် ထောင့်ရှိသေတ္တာတစ်လုံးဆီလျှောက်သွားလိုက်သည်။

ဥဖောက်သောနေရာပင်။

စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ဂိမ်းထဲတွင် မွေးမြူရေးတိရစ္ဆာန်များမှာ သူတို့ကိုယ်ပိုင်ဥများကိုသားဖောက်ပြီး မျိုးပွားနိုင်သည်။

သားဖောက်ကိရိယာကို ဘဲဥဖောက်ရန်သုံးပြီး ဘဲခြံအတွက်လိုအပ်သောကိရိယာတစ်ခုလည်းဖြစ်သည်။ နောင်မှာ ကြက်ခြံ ဒါမှမဟုတ် ခိုအိမ်ဆောက်ရင် အထူးသားဖောက်ကိရိယာလည်းရှိလာမည်။

နောက်ပြီး သူအရင်ကစမ်းသပ်ဖူးသည်။ ဂိမ်းထဲမှဘဲခြံထဲတွင် အရည်အသွေး ၂ အလှအပဥမှပေါက်သောဘဲများက အရည်အသွေး ၂ ဘဲဖြူကြီးများဖြစ်ပြီး အရည်အသွေး ၁ အလှအပဥမှပေါက်သောဘဲများက အရည်အသွေး ၁ ဘဲဖြူကြီးများဖြစ်လာသည်။





All Chapters