← Chapters

ဘဲမွေးမြူရန် ရောင်ခြည်ခိုးယူခြင်း! အလှလေးကို အစ်ကိုလီပြန်ရပြီ! ၃

Vol. 29 Ch. 435

ဘဲမွေးမြူရန် ရောင်ခြည်ခိုးယူခြင်း! အလှလေးကို အစ်ကိုလီပြန်ရပြီ! ၃

Vol. 29 Ch. 435

ဒီမထင်ထားသောပြဿနာကြောင့် သူအလွန်ဒေါသထွက်သွားသည်။ သူကကားထဲမှထွက်လိုက်သောအခါ ရွှေအချိုးအစားခန္ဓာကိုယ်ကောက်ကြောင်း၊ ကိုယ်လုံးကိုယ်ပေါက်ကောင်းကောင်းနှင့် သေချာဝတ်စားထားသောအလှလေးတစ်ယောက်က လန်ဘော်ဂီနီအပြင်ထွက်လာသည်ကိုတွေ့လိုက်ရလေသည်။

ထိုအလှလေးမှာ ပုရိသများ၏နှလုံးသားကိုလှုပ်ခါနိုင်သော ရင့်ကျက်သည့်အလှလည်းရှိသည်။ အဓိကအချက်မှာ ဆွဲဆောင်မှုရှိခြင်းပင်။

ထိုအချိန်တွင် ချန်ချွမ်းရုံ၏မျက်လုံးများအရောင်တောက်သွားသည်။ ဒီအမျိုးသမီးက ထန်ရှိုးဝမ်ထက်ပိုပြီးဆွဲဆောင်မှုရှိသည်ဟုခံစားလိုက်ရ၏။ ဒါကလည်း ယောက်ျားတွေရဲ့အမှတ်တမဲ့စိတ်ပိုင်းဆိုင်ရာအရ အလှတရားကိုနှိုင်းယှဉ်မိခြင်းပင်။

ဆွဲဆောင်မှုရှိခြင်းမှာ အမြဲတမ်းသရော်ခံရပြီး ဝေဖန်ခံရလွယ်သည်ဆိုသော်လည်း သေချာပေါက်ယောက်ျားများစိတ်အဝင်စားဆုံးအရာဖြစ်သည်။ မဟုတ်ရင် ချစ်စရာကောင်းတာက ဆွဲဆောင်မှုရှိတာရဲ့ရှေ့မှာမပြောပလောက်ဟူသောစကားရှိမည်မဟုတ်ပေ။

''လူကြီးမင်း... sorry... sorry... ကျွန်မဒီနေ့စိတ်ခံစားချက်မကောင်းလို့ စိတ်ရှုပ်နေတာနဲ့''

ကျန်းလင်းလင်းက ကားထဲမှထွက်ပြီး အလောတကြီးတောင်းပန်လိုက်သည်။

သူမအသံက အလွန်နားဝင်ချိုပြီး စိတ်ထွေစေသည်ဟုပြောရမည်။

ချန်ချွမ်းရုံက သူမစိုးရိမ်နေပုံကိုကြည့်ရင်း သတိလက်လွတ်ခေါင်းခါလိုက်၏_

''ရတယ်... ရတယ်... နည်းနည်းဆေးမှုတ်လိုက်ရုံပဲ''

''ကျေးဇူးတင်ပါတယ် လူကြီးမင်း... ရှင်ကလူကောင်းပဲ... ကျွန်မနာမည် ကျောက်ယာပါ''

ကျန်းလင်းလင်းက ချက်ချင်းကျေးဇူးတင်လိုက်သည်။ ဘာရယ်မဟုတ် သူမအကြည့်ကို ချန်ချွမ်းရုံမျက်နှာပေါ်ခဏကစားလိုက်ပြီး ခံ့ညားသောသူ့မျက်နှာကြောင့်ဆွဲဆောင်ခံလိုက်ရသလိုလို၊ နည်းနည်းတောင်ရှက်သွားသည်။

ချန်ချွမ်းရုံမှာ လူယုတ်မာဆိုသော်လည်း ဒီလိုအဖြစ်မျိုးတစ်ခါမှမကြုံဖူး။ သူရင်တွေဗြောင်းဆန်သွားသည်။

...

နောက်တစ်နေ့ နေ့လယ်_

ချင်လင်ထံ ဝမ်ရန်ဆီမှဖုန်းဝင်လာပြီး ပွဲကြီးပွဲကောင်းရှိသည်ဟုဆိုသည်။

သူကဖုန်းချ၍ စံအိမ်ဝင်ပေါက်ဆီလျှောက်သွားလိုက်၏။ ဝမ်ရန်သူ့ကိုစောင့်နေသည်ကိုတွေ့ရသည်။





''ဘာပွဲလဲ?'' ချင်လင်က ဇဝေဇဝါနှင့်မေးလိုက်သည်။

ဝမ်ရန်က ရွက်လွှင့်လုပ်ငန်းထွက်ပေါက်နား လက်ညိုးထိုးပြလိုက်ပြီး_ ''ဥက္ကဌချင်... ပွဲကအဲဒီမှာ''

အထဲမှ အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်​ယောက် လမ်းလျှောက်ထွက်လာသည်။ အမျိုးသမီးက ကိုယ်လုံးကိုယ်ပေါက်လှလှနှင့်၊ တစ်ချက်ကြည့်ပြီး နတ်ဘုရားမဟုပြောရလောက်သည်။ အမျိုးသားကလည်း ခံ့ခံ့ညားညားနှင့် လိုက်ဖက်ပုံရသည်။ ပြီးပြည့်စုံသောစုံတွဲပင်။

ချန်ချွမ်းရုံလည်း ဒီလိုခံစားရသည်။

မနေ့က ရပ်ကွက်ထဲမှထန်ရှိုးဝမ်ဆီအလာတွင် ဒီလိုကြုံရမည်မထင်မိ။

အမှန်ပင်။ မနေ့က သူတို့တွေ့ဆုံမှုမှတဆင့် ကျောက်ယာမှာ မင်စီရင်စုကုမ္ပဏီတစ်ခုမှ CEO ၏သမီးမှန်း သိလိုက်ရသည်။ ဒါကြောင့်လည်း အတော်အတန်ချမ်းသာပြီး လန်ဘော်ဂီနီမောင်းနိုင်သော မိန်းမလှတစ်ဦးဖြစ်နေသည်။

အဲဒီအပြင် ဒီငယ်ငယ်ရွယ်ရွယ်ချမ်းသာတဲ့အမျိုးသမီးက သူ့ကိုစိတ်ဝင်စားနေမှန်းသိလိုက်ရပြီး မနေ့ညကညစာတောင်လိုက်ကျွေးခဲ့သေးသည်။

သူမမှားနိုင်။

သူ့ကိုကြည့်တဲ့အကြည့်က အချစ်တွေအပြည့်။ ထန်ရှိုးဝမ်ကျောင်းမှာတုန်းက သူ့ကိုဒီလိုကြည့်လေ့ရှိခဲ့သည်။

အဓိကအကျဆုံးက သူ့ပုံစံကိုသူယုံကြည်မှုရှိသည်။ သူပုံစံကြောင့်ပဲ တခြားပြိုင်ဘက်တွေအားလုံးကိုအနိုင်ယူပြီး ထန်ရှိုးဝမ်ရဲ့အချစ်ကိုရခဲ့သည်လေ။

ဒါကြောင့်သာမဟုတ်ရင် ဒီနေ့ချင်းလင်စံအိမ်မှာလျှောက်လည်ဖို့ အပြောခံရမှာမဟုတ်။

အဲဒါကြောင့် မနေ့ညကအိမ်ပြန်ရောက်ပြီး နည်းနည်းအိပ်မပျော်ဖြစ်သွား၏။

''အိုက်ယား!'' ကျန်းလင်းလင်းက ရုတ်တရက်နာပြီးအော်လိုက်သည်။ အမှတ်တမဲ့ သူမကိုယ်သူမ ချန်ချွမ်းရုံပေါ်လှဲချပြီး သူ့ကိုကျောက်စိမ်းတုံးလိုဖက်ထား၏။

ချန်ချွမ်းရုံမှာ ကျန်းလင်းလင်းကိုဖက်ရင်း ရင်အခုန်မြန်သွားသည်။ သူကအလောတကြီးမေးလိုက်၏_ ''ဘာဖြစ်လို့လဲ?''

''ကျွန်မ... ကျွန်မခြေထောက်ခေါက်သွားလို့... ဆေးခန်းထဲပို့ပေးပါလား''

ကျန်းလင်းလင်းက မှုန်တေတေနှင့်ပြောလိုက်သည်။

ချန်ချွမ်းရုံမျက်မှောင်ကြုတ်သွား၏။



ထန်ရှိုးဝမ်က ဆေးခန်းထဲမှာ။ တခြားမိန်းမတစ်ယောက်ကိုအဖော်လုပ်ပြီး ချင်းလင်စံအိမ်လာတာသိသွားရင် သူတို့ပြန်အဆင်ပြေဖို့မဖြစ်နိုင်။

ဒါပေမဲ့ တစ်ဖက်ကကြည့်ပြန်တော့ ဒီငယ်ငယ်ရွယ်ရွယ်သူဌေးသမီးကိုလက်ထပ်နိုင်ရင် ထန်ရှိုးဝမ်ထက်မသာဘူးလား? သူ့အဖေရဲ့ကုမ္ပဏီကိုဝင်ပြီး သူ့ဘဝအထွဋ်အထိပ်ရောက်ဖို့အခွင့်အရေးတောင်ရနိုင်သည်။

ထိုအတွေးနှင့် ချန်ချွမ်းရုံကဂရုမစိုက်တော့ဘဲ ကျန်းလင်းလင်းကိုဆေးခန်းထဲပို့ပေးလိုက်သည်။

ကျန်းလင်းလင်းက ထူးထူးဆန်းဆန်းပြုံးနေ၏။ အမှန်အတိုင်းပြောရရင် ဝမ်ရန်ပေးတဲ့တာဝန်က လုံးဝရင်ခုန်စရာမကောင်း။

အရင်နိုက်ကလပ်ကအတွေ့အကြုံအရ ဒီလိုလူမျိုးကလုပ်နိုင်စွမ်းသိပ်မရှိဘဲ ယုံကြည်မှုလွန်ကဲနေတဲ့အရှုံးသမားမျိုး။

သူတို့ကိုယ်သူတို့ အာရုံစိုက်မှုအလယ်မှာထား၊ သူတို့ကိုယ်သူတို့ သူတို့ဘဝရဲ့ဇာတ်ဆောင်နေရာထားပြီး လေထဲတိုက်အိမ်ဆောက်တဲ့ဒီလိုလူမျိုးက ထူးထူးခြားခြားမဟုတ်။

တစ်လတစ်လငွေသိပ်မရှာနိုင်ဘဲ သူများ BMW ကအဆင့်နိမ့်လွန်းကြောင်း၊ သူတို့ Panamera က ဒေါ်လာနည်းနည်းသာကျကြောင်း အမြဲမှတ်ချက်ပေးတတ်သည်။ ငါသာဆိုရင် သေချာပေါက် Ferrari ဝယ်မှာဟူ၍။

ဆေးခန်းထဲ၌_

ထန်ရှိုးဝမ်မှာ စံအိမ်ကိုမနက်အစောကြီးရောက်နေသည်။ ဆေးခန်းတွင် ဆရာဝန်သုံးဦးရှိပြီး သူမကနေ့ပိုင်းတာဝန်ခံဖြစ်သည်။ ဆရာဝန်နှစ်ဦးကြားနေ့ဆိုင်းတာဝန်ကို သူမယူရသည်။

ဆေးပစ္စည်းတချို့ကိုစီစဉ်နေရင်း ချန်ချွမ်းရုံမှာ မိန်းမလှတစ်ဦးကိုတွဲပြီး လျှောက်ဝင်လာသည်ကိုတွေ့လိုက်ရသည်။

ထိုအခိုက်တွင် သရော်ချင်သလိုလိုဖြစ်သွား၏။

မနေ့ကပဲ သူမကိုလက်ထပ်ချင်လှချည်ရဲ့ဆိုတဲ့ယောက်ျားက ဒီနေ့ကျတခြားမိန်းမတစ်ယောက်နဲ့တဲ့။ ဒါကြောင့် မနေ့က ဆက်မနှောင့်ယှက်တော့တာကိုး။

သို့သော် ဘာကြောင့်မှန်းမသိသော်လည်း ထိုအချိန်တွင် သူမစိတ်မှာထူးထူးခြားခြားတည်ငြိမ်နေသည်။ သူမစိတ်ထဲမှအရိပ်မှာ ပိုပိုပြီးပြတ်သားလာသည်။ လူယုတ်မာနဲ့ယှဉ်ရင် လူကောင်းကိုပိုပြီးတန်ဖိုးထားဖို့ တကယ်လိုတာပဲ။

ချန်ချွမ်းရုံမှာ ထန်ရှိုးဝမ်ကိုမကြည့်ဝံ့။ ထိုအချိန်တွင် ထန်ရှိုးဝမ်ကိုမသိသလိုဟန်ဆောင်နေပြီး သူ့ကံကိုသူမကြောင့်မပျက်စီးစေချင်။

ကျန်းလင်းလင်းက ထန်ရှိုးဝမ်ကိုပြုံးပြီးပြောလိုက်သည်_ ''ဒေါက်တာ... ကျွန်မခြေထောက်ကိုတစ်ချက်ကြည့်ပေးပါဦး... ကျွန်မတို့အလည်လွန်ပြီး သတိမထားမိလို့ ခြေထောက်ခေါက်သွားတာ''

ခပ်လှမ်းလှမ်းမှ_

သို့ရာတွင် ဝမ်ရန်မှာ ချင်လင်ရှေ့တင် စကားပြောစက်ထုတ်လိုက်ပြီး_ ''ပါမောက္ခလီခိုင်... အခုခင်ဗျားအလှည့်... ခင်ဗျားရဲ့အချစ်က အဲဒီလူယုတ်မာကို ခါးခါးသီးသီးဖြစ်နေလောက်ပြီ''

ချင်လင်ကထိုမြင်ကွင်းကိုကြည့်ရင်း သက်ပြင်းမချဘဲမနေနိုင်။ ပညာရှင်က တကယ်ပညာရှင်ပါပဲ။

လီခိုင်ကအချက်ပေးသံကြားလျှင် သတ္တိမွေးပြီး ဆေးခန်းထဲလျှောက်သွားလိုက်သည်။ သူကနားကြပ်တပ်ထားပြီး ဝမ်ရန်ညွှန်ကြားသမျှနားထောင်နေ၏။

ဆေးခန်းရောက်သောအခါ ချန်ချွမ်းရုံနှင့်ကျန်းလင်းလင်းထွက်လာသည်ကိုတွေ့လိုက်ရလေသည်။





All Chapters