← Chapters

တိုက်ပွဲရလဒ်ကိုဆုံးဖြတ်ပေးသည့် သိုင်းကွက်(၇)ကွက်

Vol. 92 Ch. 1282

တိုက်ပွဲရလဒ်ကိုဆုံးဖြတ်ပေးသည့် သိုင်းကွက်(၇)ကွက်

Vol. 92 Ch. 1282

အခန်း (၁၂၈၂) တိုက်ပွဲရလဒ်ကိုဆုံးဖြတ်ပေးသည့် သိုင်းကွက်(၇)ကွက်

ထိုခဏတွင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် အပြည့်အဝ မလှုပ်ရှားနိုင်တော့သည့်ပမာ ခံစားလိုက်ရသည်။

သူ၏ အမတစွမ်းအားရောင်ဝါကို ကောင်းစွာမလှည့်ပတ်နိုင်တော့ရုံသာမက သူ၏အတွေးများသည်လည်း ကြေမွတိတ်ဆိတ်သွားခဲ့သည်။

ကံကောင်းသည်မှာ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ က အနိုင်ရရှိရန်အတွက်သာမက အရှုံးအတွက်ပါ တွေးတောထားခဲ့သည်။

ရေခဲသုံးပေသိုင်းပညာကြောင့် သူ ဒဏ်ရာပြင်းထန်စွာရရှိနိုင်သော ဖြစ်နိုင်ခြေကို ကြိုတင်မှန်းဆထားခဲ့သည်။

ထို့ကြောင့် သတိလစ်နေသူတစ်ယောက်ပမာ သူ၏စိတ်အစဉ်က ဗလာကျင်းနေသည့်တိုင် သူ၏ခန္ဓာကိုယ်တွင် ပြင်ဆင်ထားသော ရတနာပစ္စည်းတစ်ခုက အလိုအလျောက် စတင်လှုပ်ရှားသွားသည်။

ပြင်းထန်သည့် နေစွမ်းအားမီးတောက်က ယန်ချဲ့၏ ယင်စွမ်းအားဗဟိုချက်မှ ပေါက်ကွဲထွက်လာပြီး သူ၏စိတ်ကို အေးခဲနေသော အခြေအနေမှ ပထမဆုံးအကြိမ် နိုးထလာစေခဲ့သည်။

ရေခဲနှင့်မီး ပေါင်းစပ်မှုအောက်တွင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် မူးဝေနေပြီး သူ၏ဝိညာဉ် အက်ကွဲသွားသည့်ပမာ ခံစားနေရသည်။

သို့သော် သူ၏စိတ်အာရုံ ပြန်လည်သတိဝင်လာပြီးနောက် သူ၏ခန္ဓကိုယ်တစ်ခုလုံးတွင် မှေးမှိန်သည့်အလင်းတန်းများ စုရုံးလာပြီး ခန္ဓာကိုယ်ထဲမှာအေးခဲသောအအေးဓာတ်ကိုဖိနှိပ်လိုက်ကာ လျှင်မြန်စွာ ဆုတ်ခွာသွားစေခဲ့သည်။

နက္ခတ်ဧကရာဇ်၏ ရေခဲသိုင်းပညာ (၇)ရပ်ဖြင့် တိုက်ခိုက်မှု ပြီးဆုံးသွားပြီ ဖြစ်သည်။

နက္ခတ်ဧကရာဇ် ‘ချန်ရွှမ်ကျုန်း’ ၏ နဖူးထက်တွင် အက်ကွဲကြောင်းတစ်ခု ထင်ဟပ်လာပြီး ရေခဲပြာရောင် နတ်ဆိုးအလင်းတန်း ထွက်ပေါ်လာသည်။

ချန်ရွှမ်ကျုန်းက သူ၏စိတ် တည်ငြိမ်စေရန် အတင်းအကျပ် ဖိနှိပ်ထားရသည့်တိုင် နောက်ထပ်ဓားချက်တစ်ချက်ဖြင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ အား တိုက်ခိုက်လိုက်သည်။

ထိုဓားချက်က ရေခဲသိုင်းပညာ(၇)ရပ်လောက် ပြင်းထန်ခြင်းမရှိသော်လည်း ထူးခြားသော ဓားချက်တစ်ချက် ဖြစ်နေဆဲပင်။ ယန်ချဲ့သာ အေးခဲပြီး သတိလွတ်နေသော အနေအထားတွင်ရှိနေပါက ဤဓားချက် သေချာပေါက် ထိမှန်ခံရပေမည်။

သို့သော် ယခု သူ ပြန်လည်ကောင်းမွန်နေပြီဖြစ်ရာ အေးခဲမှုကို အချိန်မီသက်သာစေပြီး မဆိုင်းမတွ နောက်ဆုတ်သွားကာ ချန်ရွှမ်ကျုန်း၏ဓားချက်မှ ကပ်သီလေး ရှောင်တိမ်းသွားနိုင်ခဲ့သည်။

သို့ပေသိ ယန်ချဲ့၏ဒဏ်ရာက သူမျှော်လင့်ထားသည်ထက် ပိုမိုပြင်းထန်သည်။

ချန်ရွှမ်ကျုန်းက ရုပ်ပိုင်းဆိုင်ရာ ပြဿနာအချို့ရှိသော်လည်း သူ့ထက်သန်မာသည်။

ဤတိုက်ပွဲတစ်ပွဲတည်းဖြင့် အဆုံးအဖြတ်ပေးလိုက်ပြီ ဖြစ်၏။

တိုက်ပွဲတွင် နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ အနိုင်ရသွားပြီ ဖြစ်သည်။

“နှစ်ပေါင်းထောင်နဲ့ချီကြာအောင် ရေခဲထဲမှာပိတ်မိပြီး ရေပလ္လင်နတ်ဆိုးနဲ့တိုက်ခိုက်နေခဲ့တယ် ၊ မင်းက တခြားသူတွေနဲ့ တကယ်တိုက်ခိုက်တာမဟုတ်ပေမယ့် ဒီလိုတိုက်ခိုက်တာက မင်းရဲ့ဓားကို ပိုပြီးထက်မြက်လာစေတယ်”

ယန်ချဲ့ ရေရွတ်လိုက်သည်။

ယန်ချဲ့၏ရုပ်ခန္ဓာက နက်ရှိုင်းနတ်ဘုရားခန္ဓာဖြစ်ပြီး လူသားတစ်ယောက်၏ ရုပ်ခန္ဓာ မဟုတ်ပေ။ သို့တိုင် ယခုတော့ နှင်းခဲအလွှာများဖြင့်ဖုံးလွှမ်းထားသည့်ပမာ အလွန်တရာ ဖြူဖပ်ဖြူလျော်ဖြစ်လျှက် ရှိသည်။

သူက ချန်ရွှမ်ကျုန်းကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။

တိုက်ပွဲကိုကြည့်နေရင်း ရန်ကျောက်ကဲ၏မျက်ဝန်းများက တောက်ပလာသည်။ သူ ဤတိုက်ပွဲလာရောက်ကြည့်ရှုသည်မှာ အလကားမဖြစ်ဘဲ ထိုက်တန်သည်ဟု ခံစားရပြီး ခေါင်းတစ်ချက်ညိတ်လိုက်မိသည်။

ခွန်လွန်အထင်ကရကိုးပါးတွင် ချန်ရွှမ်ကျုန်းက ‘ရေစင်ထက်ယံအရှင်သခင်’ ဖြစ်ပြီး ယန်ချဲ့က ‘လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်’ ဖြစ်သည်။ သူတို့အားလုံးက အတိတ်တစ်ချိန်က အလွန်တရာ ဂုဏ်ယူဖွယ်ကောင်းသော ဒဏ္ဍာရီဆန်သည့် တန်ခိုးစွမ်းအားရှင်များ ဖြစ်ကြသည်။

မဟာကပ်ဘေးကြီးမတိုင်ခင်ကပင် ဧကရာဇ်အဆင့်ရှိသော နက်ရှိုင်းနတ်ဘုရားများဆိုသည်က အလွန်တရာ ရှားပါးသူများဖြစ်ကြသည်။

ဤအဆင့်ရှိသော ဧကရာဇ် (၂)ပါးကြား ထိပ်တိုက်ရင်ဆိုင်မှုက အလွန်တရာ ရှားပါးသည်မှာ ပြောစရာပင် မလိုပေ။

ယခု တိုက်ပွဲက သိုက်ကွက် (၁၀)ကွက်အတွင်း အနိုင်အရှုံးဆုံးဖြတ်နိုင်ခဲ့ပြီး အချိန်တိုမျှသာ ကြာမြင့်သော်လည်း သူတို့၏ စွမ်းအားပြည့်တိုက်ခိုက်မှုများက မည်မျှအန္တရယ်ကြီးမားကြောင်း တွေးကြည့်၍ပင် မရနိုင်ပေ။

ရန်ကျောက်ကဲက ချီးကျူးစကားဆိုလိုက်သည်။

“နက္ခတ်ဧကရာဇ်က နတ်ဆိုးအင်းသင်္ကေတအမာရွတ်ကြောင့် အချိန်အကြာကြီးမတိုက်ခိုက်နိုင်တာကို ယင်ဟွမ်လျှို့ဝှက်ဧရာဇ်က သိပြီးသွားပဲ ၊ ဒါကြောင့် တိုက်ပွဲကို အမြန်အဆုံးသတ်လိုက်တာ  ၊ ဒီအချက်ကြောင့်ပဲ သူက နဂိုကတည်းက နက္ခတ်ဧကရာဇ်နဲ့ မတိုက်ခိုက်ချင်ခဲ့တာ... ၊ ပြီးတော့ သူက အကျိုးဆက်ကိုအရေးမစိုက်ဘဲ အရမ်းကာရော တိုက်ခိုက်ဖို့လည်း မရည်ရွယ်ခဲ့ဘူး”

သူက ဆက်ပြောလိုက်သည်။

“တိုက်ပွဲအစမှာ သူ အပြင်းအထန်တိုက်ခိုက်ခဲ့တာ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ”

ဘေးနားတွင်ရှိနေသော ကျန့်ဟွမ်ဓားဧကရာဇ် ’ယွဲ့ကျန့်ပေ’ က ...

“အမှန်ပဲ... သူက တိုက်ပွဲတစ်ခုလုံး ခံစစ်တိုက်ခိုက်ရမှာကို ရှောင်တိမ်းဖို့အတွက် အရင်စပြီး အပြင်းအထန်တိုက်ခိုက်ခဲ့တယ် ၊ နောက်တစ်ချက်က သူက နက္ခတ်ဧကရာဇ်ရဲ့တိုက်ခိုက်မှုကို ဖိနှိပ်ပြီး နောက်ပြန်ဆုတ်သွားအောင် လုပ်ချင်ခဲ့တာ”

ဤတိုက်ပွဲတွင် တိုက်ခိုက်ခဲ့ကြသော နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ တို့နှစ်ယောက်လုံးက ရေရှည်တိုက်ပွဲ တိုက်ခိုက်ရသည်ကို အလွန်ကျွမ်းကျင်သူများ ဖြစ်ကြသည်။

ဤသည်မှာ သူတို့၏ခံနိုင်ရည်နှင့် တန်ခိုးစွမ်းအားက အဆုံးမရှိသောကြောင့် မဟုတ်ပေ။ အကြောင်းမှာ သူတို့က တိုက်ပွဲတစ်ပွဲကို ရေရှည်တိုက်ခိုက်လေ သူတို့၏တန်ခိုးစွမ်းအား ပိုမိုအားကောင်းလာလေ ဖြစ်သောကြောင့်ပင်။

ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏ရန်သူများကတော့ တိုက်ပွဲကြာရှည်တိုက်ခိုက်လေ အားနည်းလေ ဖြစ်လာနိုင်သည်။

ချန်ရွှမ်ကျုန်းက တိုက်ပွဲတွင် အလွန်ပင် သိုသိပ်သူတစ်ယောက်ဖြစ်သည်ဟု သတ်မှတ်ခံထားရသည်။

သူက တိုက်ပွဲအစတွင် စွမ်းအားကြီးမားခြင်းမရှိဟု ဆိုလိုခြင်း မဟုတ်ပေ။

သို့သော် သူ၏ အေးစက်သော ရေခဲစွမ်းအားက လေထုတစ်ခုလုံး ပြည့်လျှံလာသည်ဖြစ်ရာ တိုက်ပွဲကြာလေ ပိုမိုသန်မာလာလေ ဖြစ်သည်။

နောက်ဆုံး သူ၏ အေးခဲသောစွမ်းအားရောင်ဝါ အထွတ်ထိပ်အဆင့်သို့ ရောက်ရှိသွားသည့်အခါ သူ၏ စွမ်းအားအကြီးမားဆုံး အခြေအနေသို့ ရောက်ရှိလာမည် ဖြစ်၏။

ထိုသို့သောအချိန်တွင် သူ့ကိုတိုက်ခိုက်သောရန်သူမှာ ရေခဲသုံးပေသိုင်းပညာကြောင့် ကိုယ်တွင်းပေါက်ကွဲမှု ဖြစ်ပေါ်ခြင်းမရှိသည့်တိုင် စုစည်းလာသည့်ရေခဲစွမ်းအားများကြောင့် တဖြည်းဖြည်း အားနည်းလာပြီး တန်ခိုးစွမ်းအားပြသရန် ခက်ခဲလာမည် ဖြစ်သည်။

ယန်ချဲ့၏တိုက်ခိုက်မှုပုံစံသည်လည်း ချန်ရွှမ်ကျုန်းနှင့် အတူတူပင် ဖြစ်သည်။

သူ၏ ခဲ့ထူကြယ်စင်အလင်းလွှမ်းခြုံမန္တန်ပညာက ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်မှ ကြမ်းတမ်းစုပ်ယူပညာရပ်နှင့် သွားရောက်ဆင်တူသည်။

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ က ခဲ့ထူကြယ်စင်အလင်းလွှမ်းခြုံမန္တန်ကို ထုတ်ဖော်အသုံးပြုလိုက်သည့်အခါ အဖျက်စွမ်းအားက ပြိုင်ဘက်၏ အင်အားကို ဝါးမြိုသွားပြီး ယန်ချဲ့၏တန်ခိုးစွမ်းအားကို အဆက်မပြတ် အားကောင်းလာစေမည် ဖြစ်သည်။

ထို့ပြင် ယန်ချဲ့တွင် ခဲ့ထူကြယ်စင်အလင်းလွှမ်းခြုံမန္တန်နှင့် ‌ကောင်းကင်လွှမ်းခြုံလက်ဝါးသိုင်းအပြင် ရန်သူကိုတိုက်ခိုက်သည့် လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်သော ဝိညာဉ်တိုက်စားအမှောင်မြူခိုးသိုင်းပညာလည်း ရှိသေးသည်။

တိုက်ပွဲအစောပိုင်းတွင် ချန်ရွှမ်ကျုန်း၏ ရေခဲဓားဝိညာဉ်သည်ပင် ယန်ချဲ့၏ အဖျက်စွမ်းအားတိုက်စားမှုကို အဆက်မပြတ် ခံစားခဲ့ရသည် မဟုတ်ပါလား။

ထိုအဖျက်စွမ်းအားက ချန်ရွှမ်ကျုန်း၏ခန္ဓာကိုယ် တဖြည်းဖြည်းယိုယွင်းလာသည်အထိ တိုက်စားနိုင်စွမ်း ရှိခဲ့သည်ပင်။

ဝိညာဉ်တိုက်စားအမှောင်မြူခိုးသိုင်းပညာဖြင့် တိုက်စားခံရပါက ရန်သူ၏ ရုပ်ခန္ဓာ ၊ စိတ်ဝိညာဉ်အားလုံး တဖြည်းဖြည်း အားနည်းသည်ထက် အားနည်းလာကာ နောက်ဆုံး လက်နက်ချအရှုံးပေးရမည် ဖြစ်သည်။

ဤ ဧကရာဇ် (၂)ပါး၏ တိုက်ခိုက်မှုပုံစံက တူညီသလို လက်ရည်လည်း ညီကြသည်။

သာမန်အခြေအနေဆိုလျှင် သူတို့နှစ်ယောက်အနက် တစ်ယောက်ယောက်က ကြီးမားသောအမှားတစ်ခု မပြုလုပ်မိပါက အချိန်ကြာမြင့်စွာ တိုက်ပွဲဝင်ရမည်ဖြစ်ပြီး မည်သူက ကြာရှည်ခံနိုင်ရည်ရှိမည်ကို စောင့်ကြည့်ရမည် ဖြစ်၏။

သို့သော် ချန်ရွှမ်ကျုန်းက နတ်ဆိုးအင်းသင်္ကေတအမာရွတ်ကို ထိန်းသိမ်းထားရသည်ဖြစ်ရာ ကာလရှည်ကြာတိုက်ပွဲဝင်ပါက ထိုအမာရွတ်က ပိုမိုဆိုးရွားလာပေလိမ့်မည်။

ထို့ကြောင့် သူက သာမန်နှင့်ကွဲပြားသည့် တိုက်ခိုက်ရေးပုံစံကို အသုံးပြုခဲ့သည်။

သူက တတ်နိုင်သမျှ တိုက်ပွဲ အမြန်ဆုံး အဆုံးသတ်ရန်အတွက် သိုင်းကွက် (၇)အကွက်အတွင်း ရလဒ်ဆုံးဖြတ်နိုင်ရန် ကြိုးစားခဲ့သည်။

သိုင်းကွက် (၇)ကွက်အတွင်း ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ရှုံးနိမ့်ခြင်းမရှိပါက သူ့အနေဖြင့် ဆက်လက်တိုက်ခိုက်ရန် မလိုအပ်တော့ပေ။

အဘယ်ကြောင့်ဆိုသော် ဆက်လက်တိုက်ခိုက်မည်ဆိုပါက အကျိုးကျေးဇူးရရှိသူမှာ ရေပလ္လင်နတ်ဆိုးပင် ဖြစ်ပေလိမ့်မည်။ နက္ခတ်ဧကရာဇ်အနေဖြင့် ထိုနတ်ဆိုးကိုနှိမ်နင်းရင် အာရုံစိုက်ရလျှင် သေချာပေါက် တိုက်ပွဲရှုံးနိမ့်သွားမည်သာ ဖြစ်၏။

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ သည်လည်း ထိုအချက်ကို သိရှိသည်ပင်။

သို့ဖြစ်ရာ သူက ချန်ရွှမ်ကျုန်းနှင့် အပြင်းအထန်တိုက်ခိုက်ရန် အစီအစဉ် မရှိခဲ့ပေ။ တိုက်ပွဲကို ရပ်တန့်နိုင်မည်ဆိုပါက သူ့ဘက်ကအနိုင်ရမည်မှာ သေချာသလောက်ရှိသည်။

သို့သော် နက္ခတ်ဧကရာဇ်ကိုရပ်တန့်ရန်အတွက် တိုက်ပွဲဗျူဟာ လိုအပ်လေသည်။

သူက ခံစစ်ဘက်မှသာ တိုက်ခိုက်နေပြီး ချန်ရွှမ်ကျုန်းအလိုရှိသည့်အတိုင်း တိုက်စစ်ခွင့်ပြုလိုက်မည်ဆိုလျှင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အနေဖြင့် နက္ခတ်ဧကရာဇ်ကို ရပ်တန့်ရန် မဖြစ်နိုင်တော့သလို သူ၏တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိချင်မှ ရှိပေလိမ့်မည်။

သူ့အနေဖြင့် ချန်ရွှမ်ကျုန်း၏ ပြင်းထန်သောတိုက်စစ်အောက်တွင် အရှုံးနှင့်ရင်ဆိုင်ရန်သာ ရှိ၏။

ယန်ချဲ့က နှစ်ပေါင်းများစွာ နာမည်ကျော်ကြားခဲ့သူဖြစ်ပြီး သူ့ဘဝတစ်လျှောက်လုံး တိုက်ပွဲများစွာ တွေ့ကြုံခဲ့ရသည်။

အကောင်းဆုံးခံစစ်မှာ တိုက်စစ်ဖြစ်ကြောင်း သူ အသိဆုံးဖြစ်သည်။

ထို့ကြောင့် တိုက်ပွဲအစတွင် သူက အသာစီးယူကာ စတင်တိုက်ခိုက်ခဲ့ပြီး သူ၏ ကောင်းကင်လွှမ်းခြုံလက်ဝါးသိုင်းက စွမ်းအားအပြည့်ဖြင့် လွှမ်းမိုးထားနိုင်ခဲ့သည်။

သူက အသာစီးရရှိမှုကို ဆုပ်ကိုင်ထားနိုင်ရုံသာမက ချန်ရွှမ်ကျုန်း၏တိုက်စစ်အရှိန်အဟုန်ကိုလည်း ဟန့်တားနိုင်ခဲ့သည်။

ချန်ရွှမ်ကျုန်းဘက်မှ သိုင်းပညာတစ်ခုပြီးတစ်ခု ထုတ်ဖော်အသုံးပြုပြီး သူ့အားဖိအားပေးမည်ကို ခွင့်မပြုဘဲ တားဆီးထားနိုင်ခဲ့သည်။

တိုက်ပွဲအစပိုင်းအခြေအနေများအားလုံးသည် ယန်ချဲ့၏တွက်ချက်မှုအတွင်းတွင်ရှိနေပြီး အားလုံးက သူ၏အစီအစဉ်အတိုင်းသွားနေခဲ့သည်။

သို့သော် ချန်ရွှမ်ကျုန်း၏ဓားသွားက ဤမျှပိုမို ထက်ရှကောင်းမွန်လာမည်ဟု ယန်ချဲ့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိပေ။ ထိုဓားသွားက သူ၏အစီအစဉ်ကိုပျက်ပြားစေပြီး သူ၏အကြံအစည်ကို ပျက်ဆီးသွားစေခဲ့သည်။

(၂)ပေရှည်သော ရေခဲလှိုင်းဓားကျိုး၏ အားအင်အပြည့်တိုက်ခိုက်မှုကို ယန်ချဲ့ ခံနိုင်ရည် ရှိခဲ့သည်။ သို့သော် ချန်ရွှမ်ကျုန်းက (၁)ပေရှည်သော ရေခဲလှိုင်းဓားကျိုးဖြင့် တိုက်ခိုက်သည့်အခါ ယန်ချဲ့ ခုခံနိုင်စွမ်းအား ကျော်လွန်သွားခဲ့သည်။

ရလဒ်အနေဖြင့် ပြင်းထန်သောတိုက်ပွဲတွင် ‘ရေစင်ထက်ယံအရှင်သခင်’ အနိုင်ရရှိခဲ့သည်။

“ဒါပေမဲ့ သူ ရည်ရွယ်ချက်ရှိရှိ ကွယ်ဝှက်ထားခဲ့တာမဟုတ်ရင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ‘မူလကောင်းကင်ကျမ်းစာ’ ကို ကျင့်ကြံထားတဲ့ပုံမပေါ်ဘူး”

ရန်ကျောက်ကဲ တွေးလိုက်သည်။

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ ၏ အကြည့်များက ချန်ရွှမ်ကျုန်း ၊ ယွဲ့ကျန့်ပေနှင့် ရန်ကျောက်ကဲတို့ကို ဖြတ်ကျော်သွားသည်။

သူ၏မျက်ဝန်းများက ချန်ရွှမ်ကျုန်းနှင့် ယွဲ့ကျန့်ပေကို တစ်လှည့်စီကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ပြုံးလိုက်၏။

“အင်း... ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံး ရလဒ်က အတူတူပါပဲ”

သူ ချန်ရွှမ်ကျုန်းကို အနိုင်ရခဲ့လျှင်တောင်မှ ဤသည်က ကိုယ်ရေးကိုယ်တာ အောင်မြင်မှုတစ်ခုပဲ ဖြစ်သည်။

ကျန့်ဟွမ်ဓားဧကရာဇ်က  မြေကမ္ဘာထက်ယံအရှင်သခင်ထက်စောပြီး အထက်ဘုံကမ္ဘာသို့ ပြန်လာခဲ့သည်။

မြေကမ္ဘာထက်ယံအရှင်သခင် ပြန်မရောက်ခင် ယန်ချဲ့သည် လက်ရှိ သူ၏ တည်ငြိမ်သောအနေအထားတွင် ရှိနေနိုင်မည် မဟုတ်တော့ပေ။

သူက ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး ဗလာနယ်ထဲမှ ပျံသန်းထွက်ခွာသွားပြီး ပျောက်ကွယ်သွားရန် ပြင်ဆင်လိုက်သည်။

နက္ခတ်ဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်တို့ မျက်မှောင်ကြုံ့လိုက်ကြသည်။

သို့သော် သူတို့ လှုပ်ရှားမှု တစ်စုံတစ်ရာ မပြုလုပ်နိုင်မီ အဝေးတစ်နေရာ အထက်ဘုံကမ္ဘာမှ ရတနာအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူတို့ရှိနေသည့် စကြာဝဠာဗလာနယ်ဧရိယာကို ပုံပျက်သွားစေကြောင်း တွေ့မြင်လိုက်ရသည်။

ဤသည်ကို အကာအကွယ်ယူပြီး ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏ပုံရိပ်က လျှင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် မည်သည့်နေရာသို့ရောက်သွားကြောင်းအရေးမစိုက်တော့ဘဲ အထက်ဘုံကမ္ဘာတည်ရှိရာသို့ လှမ်းကြည့်လိုက်မိသည်။

“အဲဒါ ဘာလဲ...”

All Chapters