← Chapters

"တန်ရာတန်ကြေး"

Vol. 54 Ch. 830

"တန်ရာတန်ကြေး"

Vol. 54 Ch. 830

မြေကမ္ဘာဓားသွားသည် လီယွန်အင်ပါယာ၏ ဟာရီကိန်းပင်မတပ်ဖွဲ့ကြီး၏ခေါင်းဆောင်ဖြစ်သူ ရေဗီယာ၏ အဆင့်မြင့်လအဆင့်သိုင်းကွက်တစ်ခုပင်။ ရေဗီယာသည် ဤသိုင်းကွက်ကိုအသုံးပြု၍ လီယွန်အင်ပါယာ၏ ရန်သူများစွာသတ်ဖြတ်ခဲ့ပြီး သူသည် မြေကမ္ဘာစစ်သည်တော်ဟူသည် ဂုဏ်ပုဒ်ကိုရရှိခဲ့သည်။ ဖှေးနှင့်တိုက်ခိုက်ခဲ့သည့်တိုက်ပွဲတွင် ရေဗီယာသည် မြေကမ္ဘာဓားသွားသိုင်းကွက်ကို တစ်ကြိမ်ထုတ်သုံးခဲ့၏။

ဖေးထိုသိုင်းကွက်ကိုဖျက်ဆီးနိုင်ခဲ့သော်လည်း အားပျော့သည့်သိုင်းကွက်တစ်ခုမဟုတ်ပေ။

ထိုအစား ကြီးမားလှသည့်စွမ်းအင်ဓားသွားကြီး၏ ပတ်ပတ်လည်တွင်ပြင်းထန်သည့်စွမ်းအင်မီးတောက်များလွှမ်းခြုံနေသည့်အတွက်ကြောင့် ထူးခြားကာ စွမ်းအားမြင့်မားသည့်သိုင်းကွက်တစ်ခုပင်။ စွမ်းအင်ဓား၏ ကြောက်မက်ဖွယ်အရှိန်၀ါတစ်ခုတည်းကပင် ရန်သူများ၏ စိတ်ထဲတွင်နက်ရှိုင်းသည့်အမာရွတ်တစ်ခုကို ချန်ထားခဲ့နိုင်၏။

လက်ရှိအခိုက်တန့်တွင် ထိုသိုင်းကွက်ကြောင့် နေရာတစ်၀ိုက်တွင် မြေစွမ်းအင်များစွာပေါကြွယ်နေ၏။

ဤအရာကိုမည်သူမှ ထင်မထားခဲ့ပေ။ သူတို့သည် မြေကမ္ဘာဓားသွားသိုင်းကွက်ကို ထက်မံ၍မြင်တွေ့ရမည်ဟုထင်မထားခဲ့ကြပေ။

ကောင်းကင်ပေါ်တွင် ဖှေးသည် ဆံပင်များလွှင့်ပျံနေရင်းဖြင့် ရပ်နေ၏။ သူ၏ မျက်လုံးများထဲတွင်ရှိသည့် အလင်းရောင်များသည် စူးရှနေပြီး သတ်ဖြတ်လိုသောဆန္ဒများသည် သူ၏မျက်နှာပေါ်တွင်ဖုံးကွယ်ထားခြင်းမရှိပေ။ လိမ္မော်ရောင်မီးတောက်များသည် သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင်တောက်ပနေရင်းဖြင့် နွံအိုင်ကဲ့သို့သောမမြင်နိုင်သည့်စွမ်းအင်စက်ကွင်းတစ်ခုထွက်ပေါ်လာ၏။ ပို၍ကြောက်စရာကောင်းသည်မှာ မီတာ၁၀၀ခန့်ရှည်လျားသည့်စွမ်းအင်ဓားသွားကြီးတစ်လက်သာထွက်ပေါ်လာခြင်းမဟုတ်ပဲ။ ဖှေး၏အရှေ့နောက်၊ ဘယ်ညာတို့တွင် စွမ်းအင်ဓားကြီးလေးလက်ထွက်ပေါ်လာခြင်းပင်။

မြေကမ္ဘာဓားသွားသိုင်းကွက်ကို အဆင့်မြှင့်တင်ကာအသုံးပြုလိုက်ခြင်းဖြစ်၏။

ပို၍စွမ်းအားမြင့်မားသည်။

ပို၍ကြောက်မက်ဖွယ်ကောင်းသည်။

ပို၍လည်းအန္တရာယ်များလှ၏။

စွမ်းအင်စက်ကွင်းထဲတွင်ရှိနေရင်းဖြင့် လအဆင့်သိုင်းဆရာလေးယောက်သည် အလွန်တုန်လှုပ်သွားသည့်အတွက်ကြောင့် သူတို့၏မျက်နှာများအရောင်ပြောင်းလဲသွားကြသည်။

သူတို့သည် ရှောင်ရှားရန်အတွက် အသဲသန်ကြိုးစားလိုက်ကြသော်လည်း အချိန်တိုအတွင်းတွင် စွမ်းအင်စက်ကွင်းအတွင်းမှ လွတ်မြောက်နိုင်ခြင်းမရှိတော့သည်ကိုတွေ့လိုက်ရသည့်အတွက် မျှော်လင့်ချက်ကင်းမဲ့သွားကြသည်။

သိုင်းဆရာများကြားမှတိုက်ပွဲသည်ပြင်းထန်လှပြီး သေးငယ်သောအမှားတစ်ခုကြောင့်ပင်အရာရာဆုံးရှုံးသွားနိုင်၏။

လီယွန်အင်ပါယာမှ သိုင်းဆရာလေးယောက်တို့သည် စွမ်းအင်စက်ကွင်းကြောင့် နှေးကွေးသွားကြပြီး သေမင်းသည်သူတို့အားပွေ့ဖက်လိုက်တော့၏။

မီတာ၁၀၀ကျော်ရှည်လျားသည့် စွမ်းအင်ဓားလေးလက်သည် သိုင်းဆရာလေးယောက်အား အရပ်မျက်နှာလေးဘက်မှပစ်မှတ်ထားလိုက်သည်။ ဖှေးသူ၏လက်များကိုအောက်သို့တွန်းလိုက်သည့်အချိန်တွင် ဓားကြီးလေးလက်သည် သူတို့နဖူးထံသို့ တောင်ကြီးများပြိုကျလာသလိုကျဆင်းလာတော့သည်။

"မလုပ်ပါနဲ့ ရပ်လိုက်"

ရုတ်တရက်ပင် လွန်ခဲ့သည့်အခိုက်တန့်က ဇီးနစ်အင်ပါယာကိုလှောင်ပြောင်နေခဲ့သည့်အသံသည် ထက်မံထွက်ပေါ်လာသည်။ ထိုအသံသည် ဒေါသ၊ တုန်လှုပ်မှုတို့ဖြင့်ပြည့်နှက်နေ၏။

တစ်ချိန်တည်းမှာပင် မီးစွမ်းအင်အလင်းတန်းတစ်ခုသည် လီယွန်စစ်သည်တပ်ဖွဲ့၏အနောက်တွင်ရှိသော အမိန့်ပေးဌာနမှ ဖှေးထံသို့ ပျံသန်းလာ၏။ မီးစွမ်းအင်များလွှမ်းခြုံထားသည့်လူသည် စွမ်းအားမြင့်မားလှပြီး ထိုလူသည် ကောင်းကင်ကို စုတ်ဖြဲနိုင်ပြီးတောင်များကို ဖျက်ဆီးနိုင်သလိုပင်။

လီယွန်တပ်ဖွဲ့၏အနောက်တွင် ပုန်းအောင်းနေသည့်သိုင်းဆရာအစစ်မှန်တစ်ပါးသည် စတင်၍လှုပ်ရှားပြီဖြစ်သည်။

ထိုလူသည် သာမန်ဟုထင်ရသည့် ဖှေးအား ဤကဲ့သို့သောစွမ်းအားမျိုးကိုရုတ်တရက်ထုတ်လွှတ်လိမ့်မည်ဟုထင်မထားသည့်အတွက်ပင်။ အရာရာသည် ကြီးမားစွာ တစ်ဆစ်ချိုးပြောင်းလဲသွားပြီဟု သူချက်ချင်းသဘောပေါက်လိုက်၏။

သူ့ဘက်မှလအဆင့်သိုင်းဆရာလေးယောက်သည် မိမိကိုယ်မိမိခုခံနိုင်ခြင်းမရှိပဲ အသတ်ခံရတော့မည်ဖြစ်သောကြောင့် ထိုလူသည် အေဇာရုတိုက်မှသိုင်းဆရာအခြင်းခြင်းတိုက်ခိုက်သည့် တိုက်ပွဲ၏ စည်းမျဥ်းစည်းကမ်းများကိုချိုးဖောက်၍ဘေးမှနေ၍ ဖေးကိုတစ်ဖက်သက်၀င်ရောက်တိုက်ခိုက်လိုက်သည်။

ဤသည်မှာ သူ၏အစီစဥ်ပင်။ သူသည် ဖေးကိုတိုက်ခိုက်၍ ကိုယ့်ကိုယ်ကိုခုခံရန်အတွက်တွန်းအားပေးမည်ဖြစ်ပြီး လီယွန်အင်ပါယာမှ လအဆင့်သိုင်းဆရာလေးဦးကိုကယ်တင်ရန်ဖြစ်သည်။

လီယွန်အင်ပါယာသည် လယ်ဗယ်၆အင်အားကြီးအင်ပါယာတစ်ခုဖြစ်သော်လည်း စုစုပေါင်းလအဆင့်သိုင်းဆရာ၈ဦးအသတ်ခံလိုက်ရပါက ပြန်လည်ကုစားရန်ခက်ခဲသောကြီးမာသည့်ဆုံးရှုံးမှုကြီးတစ်ခုပင်။

သို့သော် အရာရာနောက်ကျသွားခဲ့ပြီဖြစ်၏။

အလွန်ပင်နောက်ကျသွားခဲ့လေသည်။

ဖှေးသည်စိတ်ပိုင်းဖြတ်ပြီးဖြစ်သည့်အတွက်ကြောင့် စွမ်းအင်ဓားလေးခုသည်အရှေ့သို့ခုတ်ပိုင်းကျလာ၏။ မြန်မြန်ဆန်ဆန်ခုတ်ပိုင်းလိုက်သော်လည်း ကြည့်ရသည်မှာနှေးကွေးသလိုပင်။ စွမ်းအင်ဓားလေးလက်သည် နေရာနှင့်အချိန်ကိုချိုးဖောက်လိုက်သကဲ့သို့ ရှေးကျမှော်ဆန်သည့်အရှိန်၀ါတစ်ခုကိုပေးလျှက်ရှိသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် စွမ်းအင်းဓားလေးလက်သည် ကောင်းကင်ပေါ်မှမြေပြင်ပေါ်သို့ကျဆင်းလာပြီး ပျောက်ကွယ်သွားတော့သည်။

စွမ်းအင်ဓားများပိုင်းဖြတ်လိုက်သည့်အချိန်တွင် လီယွန်အင်ပါယာမှလအဆင့်သိုင်းဆရာလေးယောက်သည် အေးခဲသွားသကဲ့သို့ ရုန်းကန်နေခြင်း၊ အော်ဟစ်နေခြင်းများ ရပ်တန့်သွားကြသည်။ သူတို့သည် ရုပ်တုများအဖြစ်သို့ပြောင်းလဲသွားသလို လုုပ်ရှားခြင်းမရှိကြတော့ပေ။

"ရွပ်"

တစ်စုံတစ်ယောက်သည် စက္ကူစတစ်ခုအားစုတ်ဖြဲလိုက်သကဲ့သို့အသံတစ်ခုထွက်ပေါ်လာပြီး ထိုအသံသည် မိုးချုန်းသံကဲ့သို့ပင်ကျယ်လောင်လှ၏။ လူများမတုန့်ပြန်နိုင်သေးခင်မှာပင်။ အနီရောင်အစင်းကြောင်းတစ်ခုသည် လီယွန်အင်ပါယာမှလအဆင့်စစ်သည်လေးဦး၏ခန္ဓာကိုယ်ပေါ်တွင်ထွက်ပေါ်လာတော့၏။ ထိုအစင်းကြောင်းသည် နဖူးမှ ပေါင်ကြားအထိရောက်ရှိနေပြီး သွေးများပန်းထွက်လာသည်။ ထိုလေးယောက်သည် နဖူးမှစ၍ ထောင်လိုက်ပိုင်းဖြတ်ခြင်းကိုခံလိုက်ရပြီး သူတို့၏နှစ်ပိုင်းပြတ်နေသည့်အအလောင်းများ၊ သွေးများ၊ ကိုယ်တွင်းအင်္ဂါများသည် ကောင်းကင်ပေါ်မှ ကျဆင်းလာတော့၏။

လွန်ခဲ့သည့်အခိုက်တန့်က စိုးမိုးနေခဲ့ကြသည့်သိုင်းဆရာလေးဦးတို့သည် ယခုအချိန်တွင် ရှစ်ပိုင်းပြတ်နေသည့်ရုပ်ပျက်ဆင်းပျက်အလောင်းများအဖြစ်သို့ပြောင်းလဲသွားပြီဖြစ်၏။

ချက်ချင်းသတ်ဖြတ်လိုက်ခြင်းပင်။

ထက်မံ၍ ချက်ချင်းသေဆုံးသွားခြင်းဖြစ်၏။

စစ်မြေပြင်တွင်ရှိနေသည့်လူများအားလုံးတုန်လှုပ်သွားကြပြီး တွေးခေါ်စကားပြောနိုင်သည့်စွမ်းရည်တို့ပျောက်ဆုံးသွားကြတော့သည်။

"လအဆင့်သိုင်းဆရာလေးယောက်ကို တစ်စက္ကန့်လောက်အတွင်းမှာ ပဲသတ်လိုက်တာလား...ဒါက..ဘာဖြစ်ကုန်တာလဲ..."ခနတာကြာသည့်အချိန်တွင် သူတို့တွေးလိုက်မိကြသည်။

လီယွန်အင်ပါယာမှစစ်သည်များ၊ ခေါင်းဆောင်များ၏စိတ်ဓာတ်တို့ပြန်လည်ကျဆင်းလာကြသည်။ လီယွန်တော်၀င်ဗုံသံများထွက်ပေါ်လာသော်လည်း အခြေအနေမှာတိုးတက်လာခြင်းမရှိသောကြောင့်ပင်။

ရိုင်းစိုင်းသည့် ဇီးနစ်အင်ပါယာမှသိုင်းဆရာသည် မည်သည့်အတွက်ကြောင့် ဤမျှစွမ်းအားမြင့်မားနေသည်ကို လီယွန်အင်ပါယာမှစစ်သည်များ၊ ခေါင်းဆောင်များနားမလည်နိုင်ဖြစ်နေ၏။ သူတို့၏လအဆင့်သိုင်းဆရာများသည် သိုးများကဲ့သို့လွယ်လွယ်ကူကူအသတ်ခံလိုက်ရသည်ကို မယုံနိုင်ကြပေ။

"ဖုန်း"

ကျယ်လောင်သည့်ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး တုန်လှုပ်နေရာမှ လူတိုင်းနိုးထလာကြသည်။

လီယွန်အင်ပါယာမှသိုင်းဆရာလေးဦးကို သတ်ဖြတ်ပြီးသည့်အချိန်တွင် ဖှေးသည်တစ်ဖက်သို့လှည့်ကာ သူ၏ကိုယ်ဟန်ကိုပြင်လိုက်သည်။ ထို့နောက်တွင်လက်သီးဖြင့်ထိုးလိုက်ပြီး သူ့အားအနောက်မှ၀င်ရောက်တိုက်ခိုက်လာသည့် မီးစွမ်းအင်အားဖျက်ဆီးပစ်လိုက်သည်။

ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများသည် နေရာတစ်၀ိုက်တွင်ပြန့်နှံ့သွားတော့၏။

ယခုအချိန်တွင် လီယွန်အင်ပါယာမှလအဆင့်သိုင်းဆရာလေးဦးရှိခဲ့သည့်နေရာတွင် ကြီးမားသည့်လူတစ်ယောက်ရှိနေ၏။ သူသည်သားရဲကောင်ကြီးတစ်ကောင်နှင့်တူပြီး အနီရင့်ရောင်ချပ်၀တ်တစ်ထည်ကို၀တ်ဆင်ထားသည်။

ထိုလူသည် အသက်၂၅နှစ်ရွယ်ခန့်ရှိသည့်ပုံပေါက်ကာ ငယ်ရွယ်နေသည်။ သို့သော် သူ၏အရပ်သည် ၂.၅မီတာကျော်ြမင့်မား၏။ သူ၏ခန္ဓာကိုယ်သည် ကြီးမားပြီး၊ အသားရေသည်မဲနက်နေကာ မျက်နှာသည်အရုပ်ဆိုးလှ၏။ အသားရေသည် ရှုံ့တွေနေပြီး အမာရွတ်များဖြင့်ပြည့်နှက်နေ၏။ သူ၏ကောက်ကွေးနေသောဆံပင်များကိုလည်း ကျစ်ဆံမီးများကျစ်ထားသည်။ ခန္ဓာကိုယ်ပေါ်တွင်အမွှေးမျှင်များစွာရှိနေပြီး သွားများသည်ချွန်ထက်နေကာ လူ၀ံကြီးတစ်ကောင်ကဲ့သို့ပင်။

သူသည် ဒေါသဖြစ်နေသည့်အမူယာတစ်ခုနှင့်အတူ လေပေါ်တွင်ရပ်နေရင်းဖြင့် ဖော်ပြ၍မရနိုင်သည့်ဖိအားတစ်ခုထွက်ပေါ်လာ၏၊ သူသည် ကြီမားသည့်တောင်ကြီးတစ်ခုလိုပင်။

"ခွင့်လွှတ်လို့မရဘူး..ညစ်ပတ်ပြီးမိုက်မဲတဲ့မြို့ခံကောင်က။ လီယွန်အင်ပါယာရဲ့မင်းသားဖြစ်တဲ့ငါက မင်းကိုရပ်လိုက်ဖို့အမိန့်ပေးနေတာ" မဲနက်သည့်အသားရေနှင့် လူထွားကြီးသည် ဖှေးအားစိုက်ကြည့်ပြီး သတ်ဖြတ်လိုသောဆန္ဒများနှင့်အတူပြောလိုက်သည်။

ဘုရင်သည် ပုခုံးတွန့်ပြကာပြန်ဖြေလိုက်သည်။ "ဆောရီးပဲ မင်းပြောတာနောက်ကျသွားတယ်"

"မင်းတော့ အသေပဲ" အနက်ရောင်လူ၀ံကြီးသည် ခနတာခန့်တုန်လှုပ်သွားပြီး ဒေါသဖြစ်သွားတော့သည်။

သူ၏မျက်လုံးများထဲတွင် အနီရောင်အလင်းတန်းများတောက်ပလာပြီး ရှေးကျသည့်စွမ်းအင်အရှိန်၀ါတစ်ခုသည် သူ့ထံမှပျံသန်းလာပြီး ဖှေးကိုလွှမ်းခြုံတော့မည်ဖြစ်သည်။

သူဖှေးအားထိုစကားများပြောနေသည့်အချိန်တွင် ဘုရင်ကိုခြိမ်းခြောက်နေသည်နှ့င်မတူပဲ အမှန်တရားကိုသာဖော်ပြနေသလိုပင်။

ဤအချက်များအားလုံးက ထိုလူသည်စွမ်းအားမြင့်သိုင်းဆရာဖြစ်ပြီဂ သူ၏အစွမ်းသည်လီယွန်အင်ပါယာမှ တစ်ခြားသိုင်းဆရာများထက်များစွာသာလွန်နေသည်ကိုဖော်ပြနေ၏။

သူ၏ ဖိအားများအောက်တွင် သာမန်လအဆင့်စစ်သည်များသည် ကောင်းကောင်းမွန်မွန်ပင်ရပ်နိုင်ခြင်းမရှိပဲ စိတ်ဖောက်ပြန်သွားနိုင်၏။

သို့သော် ဖှေးသည် သာမန်လအဆင့်သိုင်းဆရာတစ်ယောက်မဟုတ်ပေ။

"ဘာလဲ။ ငါလဲမင်းလို့ ဟိတ်ဟန်မထုတ်တတ်ဘူးထင်နေတာလား" ဘုရင်သည် အမဲရောင်လူ၀ံကြီးဖန်တီးထားသည့်လေထုကို ချက်ချင်းဖျက်ဆီးပစ်ကာ ဆက်ပြောလိုက်သည်။ "င့ါကိုဒီနေရာမှာလာမယှဥ်နဲ့ မျောက်၀ံကြီး။ ဟိတ်ဟန်ထုတ်တဲ့နေရာမှာဆိုရင် မင်းင့ါလောက်အတွေ့ကြုံမရှိသေးဘူး"

"မောက်မာလိုက်တဲ့ အောက်တန်းစားပဲ။ မင်းရဲ့ရိုင်းပြမှုအတွက် ပြန်ပြီးပေးဆပ်ရလိမ့်မယ်။ နာကျင်မှုကိုခံစားရလိမ့်မယ်" အမဲရောင်မျောက်၀ံကြီးသည်အလွန်ဒေါသဖြစ်သွား၏။ နှစ်ပေါင်းများစွာတွင် သူ့အားဤကဲ့သို့ပြန်ပြောရဲသည့်လူမရှိသေးပေ။

မျက်နှာပေါ်တွင်ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခုဖြင့် ချွန်ထက်နေသည့်အ၀ါရောင်သွားအစွယ်များကို ဖော်ပြလိုက်ကာ ကြမ်းရှရှအသံဖြင့်ပြောလိုက်သည်။ "မင်းပြောလိုက်တဲ့အရာကြောင့် ငါဇီးနစ်သားတွေအကုန်လုံးကိုသတ်ပစ်မယ်လို့ ကတိပေးတယ်။ ယောက်ျားမိန်းမမရွေး၊ သက်ကြီးလူငယ်မရွေး ဇီးနစ်သားမှန်ရင်ငါသတ်ပြစ်မယ်။ ပိုင်နက်မြေရှိဖို့မထိုက်တန်တဲ့ မင်းတို့လို ညစ်ပတ်တဲ့မြို့ခံကောင်တွေကို ငါအကုန်သတ်ပစ်မယ်"

"မောက်မာလိုက် အဆင့်မြင့်အင်ပါယာက ငပိန်းကောင်။ ဂုဏ်ယူပါတယ် မင်းင့ါကို ဒေါသဖြစ်အောင်လုပ်နိုင်သွားပြီ" ဖှေး၏အမူယာသည်လည်း အေးစက်သွား၏။ "ခြိမ်းခြောက်ခံရတာကို ငါမကြိုက်ဘူး။ မင်းပြောတဲ့အရာအတွက်လည်း မင်းပြန်ပေးဆပ်ရလိမ့်မယ်။ ပေးဆပ်ရမယ့် တန်ရာတန်ကြေးကတော့ မင်းရဲ့အသက်ပဲ"

All Chapters