← Chapters

"ကြောက်မက်ဖွယ်စွမ်းအား"

Vol. 54 Ch. 831

"ကြောက်မက်ဖွယ်စွမ်းအား"

Vol. 54 Ch. 831

ဖှေးထိုကဲ့သို့ပြောပြီးသည့်အချိန်တွင် တွန့်ဆုတ်ခြင်းမရှိပဲလှုပ်ရှားလိုက်သည်။ ၁၀၀မီတာခန့်ရှည်လျားသည့် လိမ္မော်ရောင်စွမ်းအင်ဓားသွာသည် ရုတ်တရက်ထက်မံထွက်ပေါ်လာပြီး အမဲရောင်မျောက်၀ံကြီးအားခုတ်ပိုင်းလိုက်ပြီး တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်တွင် လိမ္မော်ရောင်စွမ်းအင်အလင်းရောင်များတောက်ပလာကာ သူ့အားလှုပ်ရှား၍ မရနိုင်အောင်စုပ်ယူထားလိုက်၏။

အာမေဍိတ်သံများစွာထွက်ပေါ်လာသည်။

ဖှေး၏တိုက်ခိုက်မှုနှုန်းသည် အလွန်မြန်ဆန်လှသည်။ ထို့အပြင်သူသည် ယခင်ကထက်စွမ်းအင်များစွာပိုထုတ်လိုက်သည့်အတွက်ကြောင့် လက်ရှိမြေကမ္ဘာဓားသွားသည် နောက်ထပ်အဆင့်တစ်ခုသို့ရောက်နေ၏။ စွမ်းအား၊ အရှိန်၀ါနှင့် ဖျက်ဆီးနိုင်စွမ်းတို့သည် အနည်းဆုံးနှစ်ဆခန့်မြင့်မားနေ၏။

ရလဒ်အနေဖြင့်အနီရင့်ရောင်ချပ်၀တ်၀တ်ဆင်ထားသည့် အမဲရောင်မျောက်၀ံကြီးသည် အန္တရာယ်များသည့်အခြေအနေတစ်ခုသို့ရောက်ရှိသွား၏။

"မင်းသေကြောင်းကြံနေတာပဲ" သားရဲဟိန်းဟောက်သလိုအသံများစွာထွက်ပေါ်လာ၏။

နောက်အခိုက်တန့်တွင် အမဲရောင်မျောက်၀ံကြီးသည် လောင်ကျွမ်းနေသည့်နေကဲ့သို့အနီရောင်မီးတောက်များကိုထုတ်လွှတ်လိုက်သည်။

ပတ်၀န်းကျင်တွင်ရှိနေသည့်အပူရှိန်သည် ရုတ်တရက်သိသိသာသာမြင့်မားလာပြီး လေထုထဲတွင်ရှိနေသည့် စိုထိုင်းမှုများအငွေ့ပျံကုန်သည့်အတွက်ကြောင့် ချိုးချိုးချွတ်ချွတ်အသံများထွက်ပေါ်လာတော့သည်။ မြေပြင်ပေါ်တွင်ရှိနေသည့် သွေးများခြောက်သွေ့ကုန်ပြီးအလောင်းများသည် မီးလောင်ကာ မီးသွေးတုံးများကဲ့သို့ဖြစ်ကုန်ကြ၏။

ထို့အပြင် မြေပြင်သည်လည်း မီးလောင်ထားသလိုမဲနက်သွားတော့သည်။

"ဖျက်ဆီးခြင်းမီးလက်သီး"

အမဲရောင်မျောက်၀ံကြီးသည် ရူးနေသည့်လူတစ်ယောက်ကဲ့သို့အော်ဟစ်လိုက်ပြီး ရူးလောက်ဖွယ်ခွန်အားမျိုးဖြင့် စွမ်းအင်စက်ကွင်းအတွင်းမှရုန်းထွက်လိုက်၏။ သားရဲတစ်ကောင် မုဆိုး၏ထောင်ခြောက်အတွင်းမှ ရုန်းထွက်လိုက်သလိုပင်။

ထို့နောက်တွင် သူ၏ညာလက်တစ်ဖက်လုံးသည် ဟိန်းဟောက်နေသည့်မီးနဂါးတစ်ကောင်အသွင်လို့ပြောင်းလဲသွားပြီး သူထိုးလိုက်သည့်အချိန်တွင် ထိုမီးနဂါးသည် ဖှေးထံသို့အညှာတာကင်းမဲ့စွာသတ်ဖြတ်ရန်ပျံသန်းသွားတော့သည်။

"ဖုန်း"

ကျယ်လောင်သည့် ဆူညံသံများစွာထွက်ပေါ်လာပြီး မြေကမ္ဘာဓားသွားနှင့် ဖျက်ဆီးခြင်းမီးလက်သီးသိုင်းကွက်တို့ တွေ့ဆုံလိုက်ကြသည်။

"ဒါက မြေကမ္ဘာဓားသွားသိုင်းကွက်မဟုတ်ဘူး" သူတို့နှစ်ယောက်တိုက်ခိုက်လိုက်သည့်အချိန်တွင် အမဲရောင်မျောက်၀ံကြီးသည် အနောက်သို့လွှင့်ထွက်သွားပြီး အံ့သြစွာဖြင့်အော်ဟစ်လိုက်၏။

သူသည် ဖြစ်ပျက်နေသည်များကိုနားလည်သွားပြီဖြစ်သည်။

ကြီးမားသည့် လိမ္မော်ရောင်စွမ်းအင်ဓားသွားနှင့်ရိုက်ခတ်လိုက်သည့်အချိန်တွင် ဖြစ်ပေါ်လာသည့်တွန်းကန်အားကြောင့် ဖှေး၏ခွန်အားမှာ ထူးဆန်းမှုကိုသူခံစားလိုက်ရသည်။

အရာအားလုံးသည်ကွဲပြားခြားနားခြင်းမရှိပဲ ပြည့်စုံသလိုဖြစ်နေသော်လည်း ထိုကဲ့သို့မဟုတ်ပေ။ ကြီးမားသည့်စွမ်းအင်ဓားမှ ထွက်ပေါ်လာသည့်စွမ်းအားသည် ထူးခြားပြီး နားလည်ရန်ခဲယဥ်းလှ၏။ မြေဂုဏ်သတ္တိစွမ်းအင်ကဲ့သို့ ခိုင်မာတည်ငြိမ်သည့်စွမ်းအင်မျိုးမဟုတ်ပေ။

"ဟားဟာဟား" ဖေးသည် ရူးသွပ်စွာရယ်မောလိုက်ပြီး အမဲရောင်မျောက်၀ံကြီးနားသို့ကပ်လာခဲ့သည်။

သူ၏ အနက်ရောင်ဆံနွယ်များသည် လေထဲတွင်လွှင့်ပျံနေပြီး သူသည် နတ်ဆိုးတစ်ပါးလိုပင် ပြိုင်ဘက်ကင်းမဲ့သည့်ပုံပေါက်နေ၏။

ထို့နောက်တွင် ပို၍အရိုင်းဆန်ကာ ပေါက်ကွဲတတ်သည့် စွမ်းအားတစ်ခုသည် ဖှေး၏ခန္ဓာကိုယ်ပေါ်တွင်ထွက်ပေါ်လာတော့သည်။ သူ၏လက်ကိုမြှောက်လိုက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် လိမ္မော်ရောင်စွမ်းအင်မီးတောက်များသည် အနီရောင်မီးစွမ်းအင်များအဖြစ်သို့ ရုတ်တရက်ပြောင်းလဲသွားတော့၏။

ပို၍ပင် စိတ်ကူးမယဥ်နိုင်လောက်သည့်အရာဖြစ်ပျက်သွားသည်။

"ဖျက်ဆီးခြင်းမီးလက်သီး"

ဖှေးလက်သီးဖြင့်ထိုးလိုက်သည့်အချိန်တွင် ဟိန်းဟောက်နေသည့် မီးနဂါးတစ်ကောင်သည် သူ၏လက်မောင်းအားလွှမ်းခြုံသွားပြီး ထိုမီးနဂါးသည် အမဲရောင်မျောက်၀ံကြီးထံသို့ ပျံသန်းသွားတော့၏။ အမဲရောင်မျောက်၀ံကြီးအသုံးပြုခဲ့သည့်တူညီသောသိုင်းကွက်ဖြစ်ပြီး ဖှေးအသုံးပြုလိုက်သည့်အချိန်တွင် ပို၍စွမ်းအားမြင့်မားနေ၏။

"မင်း...မင်းဒီလက်သီးသိုင်းကွက်ကို ဘယ်လိုသိတာလဲ" အမဲရောင်မျောက်၀ံကြီးသည် တစ်ချိန်တည်းမှာပင်အံ့သြကာ ဒေါသဖြစ်သွားသည်။

သူသည် စွမ်းအားအစစ်မှန်ပိုင်ဆိုင်ထားသည့် ဂုဏ်သရေမြင့်မင်းသားတစ်ပါးဖြစ်ပြီး လီယွန်အင်ပါယာထဲတွင် အရှိန်၀ါကြီးမားသည့်လူအနည်းငယ်ထဲမှတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူ၏ သွေးမျိုးနွယ်နှင့် အရည်ချင်းတို့သည် အဆင့်မြင့်နေ၏။

သူသည် ရုပ်ဆိုး၊ ဒေါသကြီးပြီး ရက်စက်ကြမ်းကြုတ်သည့်လူတစ်ယောက်ဖြစ်သော်လည်း အလွန်ကောင်းမွန်သည့်မှတ်ဉာဏ်စွမ်းအင်ကိုပိုင်ဆိုင်ထား၏။ ထို့ကြောင့် လီယွန်တော်၀င်စာကြည့်တိုက်မှ သိုင်းကျမ်းများ၊ ကျင့်ကြံခြင်းလမ်းစဥ်များစွာကိုဖတ်ရှုမှတ်သားခဲ့ပြီး သူသည် သိုင်းကွက်များစွာနှင့် လျို့၀ှက်နည်းလမ်းများစွာတို့ကိုလည်း တတ်မြောက်ကျွမ်းကျင်ခဲ့သည်။

ထိုကဲ့သို့ဖြစ်သော်လည်း ဤအရာများအားလုံးသည်သူ့အားထိတ်လန့်သွားစေသည်။

"ဒီဇီးနစ်သားက အတော်လေးထူးဆန်းတယ်" သူတွေးလိုက်မိသည်။ "အချိန်တိုအတွင်းမှာ ငါတို့ဘက်ကလအဆင့်သိုင်းဆရာတွေရဲ့သိုင်းကွက်ကို လိုက်သုံးနိုင်တယ်။ ငါ့ရဲ့သိုင်းကွက်ကိုလည်း တစ်ခါမြင်ရုံနဲ့တင်ခိုးယူနိုင်တာပဲ။ သူက ဒီသိုင်းကွက်တွေကိုအရင်တုန်းကမြင်ဖူးခဲ့တဲ့ပုံပဲမပေါ်ဘူး။ ဒါဆိုရင်..."

အမဲရောင်မျောက်၀ံကြီးသည် ဗဟုသုတများသည့်လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ဖြစ်ပျက်နေသည်ကို သူဘောပေါက်သွား၏။ သူ၏အရှေ့တွင်ရှိနေသော ဇီးနစ်သားသည် မြင်သည့်သိုင်းကွက်များအားလုံးကို နားလည်တတ်ကျွမ်း၍ လိုက်လံတုပအသုံးပြုနိုင်သည်ကို သိလိုက်၏။

အမဲရောင်မျောက်၀ံကြီးအား ပို၍အံ့သြစေသည်မှာ သူ၏ရန်သူသည် သင်ယူလိုက်သည်သာမဟုတ်ပေ။ ထိုလူငယ်သည် သိုင်းကွက်ကို ပို၍ပင်စွမ်းအားမြင့်မားအောင်ပြုလုပ်ကာ အသုံးပြုနိုင်၏။ တူညီသောသိုင်းကွက်ကိုပင် ထိုဇီးနစ်သားအသုံးပြုလိုက်ပါက ပို၍စွမ်းအားမြင့်မားလာမည်ဖြစ်သည်။ "ဒါဘယ်လိုစွမ်းရည်မျိုးလဲ"

ကြောက်မက်ဖွယ်ပင်။

ရန်သူ၏ စွမ်းအားများကိုတွေ့လိုက်ရသည့်နောက်တွင် အမဲရောင်မျောက်၀ံကြီးသည် ကြောက်လန့်သွားခြင်းမရှိပေ။ ထိုအစားစွမ်းအင်များပြည့်၀လာပြီး ဖှေးနှင့်တိုက်ခိုက်ရန်မစောင့်နိုင်တော့ပေ။

လီယွန်အင်ပါယာမှ စွမ်းအားအမြင့်ဆုံးလူငယ်များထဲမှတစ်ယောက်အနေဖြင့် သူ့အတွက်ယှဥ်နိုင်သည့်ပြိုင်ဘက်နှင့် တွေ့ရန်မှာရှားပါး၏။ သို့သော် သူ၏အရှေ့တွင်ရှိနေသည့် ဇီးနစ်သားသည် ပို၍ငယ်ရွယ်ပြီးစွမ်းအားမြင့်မားသည်။ ထို့ကြောင့် အမဲရောင်မျောက်၀ံကြီးသည် သူ၏ရန်သူအားချေမှုန်းကာ စွမ်းအားမြင့်မားသည့်ရန်သူအားရက်ရက်စက်စက်သတ်ဖြတ်ရခြင်း၏အရသာကို တောင့်တလာစေ၏။

"မင်းဘယ်လောက်အတုခိုးနိုင်ဦးမယ်ဆိုတာကို ကြည့်ကြသေးတာပေ့ါ။ သတ်ဖြတ်ခြင်းမီးသိုင်းကွက်"

အမဲရောင်မျောက်ဝံကြီး၏လက်ထဲတွင် အနက်ရောင်လှည့်လည်နေသည့် မီးတောက်တိမ်စိုင်တစ်ခုထွက်ပေါ်လာပြီး လည်ပတ်နေရင်းဖြင့်ပို၍ပို၍ကြီးမားလာ၏။ တဖြည်းဖြည်းဖြင့် တွင်းနက်ကြီးတစ်ခုကဲ့သို့ စုပ်ယူသည့်အားတစ်ခုထွက်ပေါ်လာကာ ပတ်၀န်းကျင်တွင်ရှိနေသော လေနှင့်စွမ်းအင်များအားလုံးကို စုပ်ယူနေတော့၏။

ဖှေးပစ်လွှတ်လိုက်သည့် ဖျက်ဆီးခြင်းမီးလက်သီးမှ မီးနဂါးကိုလည်း ထိုအနက်ရောင်မီးတောက်များမှစုပ်ယူသွားသည်။ အနည်းငယ်ဟိန်းဟောက်ပြီးနောက်တွင် ဖေးပစ်လွှတ်လိုက်သည့်မီးနဂါးကြီးသည် စုပ်ယူခြင်းခံရပြီး ဤကမ္ဘာပေါ်မှပျောက်ကွယ်သွားတော့၏။

ထိုအရာကိုမြင်သော်လည်း ဖေး၏အမူယာသည် ပြောင်းလဲသွားခြင်းမရှိပေ။

သူ၏လက်ကိုဖြန့်လိုက်ပြီး သူ၏လက်ဖ၀ါးပေါ်တွင်လည်း အမဲရောင်မီးတောက်များထွက်ပေါ်လာ၏။ ထိုမီးတောက်များသည် စတင်၍လည်ပတ်ကာ စုပ်အားတစ်ခုပေါ်လာတော့သည်။ ပင်လယ်ထဲတွင်စုပ်၀ဲတစ်ခုရုတ်တရက်ပေါ်လာသလိုပင် ပို၍ပို၍ကြီးမားလာပြီး အရာရာကိုဆွဲစုပ်နိုင်သည်အထိကြီးမားလာတော့၏။

ကြောက်မက်ဖွယ်တွင်းနက်ကြီးနှစ်ခုသည် နောက်ဆုံးတွင်တိုက်ခတ်လိုက်ကြ၏။

ပေါက်ကွဲမှုများ၊ တုန်လှုပ်ဖွယ်စွမ်းအင်လှိုင်းများထွက်ပေါ်လာြခင်းမရှိပေ။ တွင်းနက်ကြီးနှစ်ခုသည် အခြင်းခြင်းတိတ်ဆိတ်စွာဖြင့်၀ါးမျိုစားသောက်နေကြလျှက်ရှိသည်။ နောက်ဆုံးတွင် အနက်ရောင်မီးတောက်ကြီးနှစ်ခုသည် တဖြည်းဖြည်းပျောက်ကွယ်သွားကြတော့၏။

"သေစမ်း..မင်းကသူများသိုင်းကွက်ပဲခိုးတတ်တာလား။ ညစ်ပတ်တဲ့မြို့ခံကောင် မင်းရဲ့စွမ်းအားအစစ်မှန်ကိုပြပြီးတော့ ငါနဲ့တိုက်ခိုက်စမ်းပါ။ ဟားဟား မင်းင့ါအသက်ကိုလိုချင်တယ်လို့မပြောခဲ့ဘူးလား။ မင်းလုပ်နေတာက င့ါကိုလိုက်အတုခိုးနေတာပဲရှိတာ။ မင်းင့ါကိုဘာမှလုပ်လို့မရဘူးမလား..." အမဲရောင်မျောက်ဝံကြီးသည် အထင်သေးစွာအော်ဟစ်လိုက်ပြီး ဖေးကိုရန်စလိုက်သည်။

တကယ်တန်းတွင်သူသည် အသဲခိုက်သည်အထိတုန်လှုပ်နေ၏။

သတ်ဖြတ်ခြင်းမီးလက်သီးသည် ဖျက်ဆီးခြင်းမီးလက်သီးအပေါ်တွင်အခြေခံ၍ သူကိုယ်တိုင်ဖန်တီးထားခဲ့သောအထူးသိုင်းကွက်ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင်သူတစ်ယောက်ထဲသာအသုံးပြုနိုင်၏။ သို့သော် သူအသုံးပြုလိုက်ရုံဖြင့်ပင် ရန်သူသည် သူ၏သိုင်းကွက်ကိုချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့သောကြောင့်ပင်။

"ပါရမီရှင်တစ်ယောက်လား...မကောင်းဆိုး၀ါးလိုပါရမီရှင်တစ်ယောက်ပဲ"

အမဲရောင်မျောက်ဝံကြီးစိတ်ထဲတွင်ရှိနေသည့် သတ်ဖြတ်လိုသောဆန္ဒများသည် အမြင့်ဆုံးသို့ရောက်ရှိနေပြီး ဇီးနစ်အင်ပါယာမှပါရမီရှင်အား အလွန်စွမ်းအားမမြင့်မားလာမှီတွင် သတ်ဖြတ်ပစ်ရန်စိတ်ဆုံးဖြတ်ထားသည်။ ဤနည်းအားဖြင့် သူသည် လီယွန်အင်ပါယာ၏ အန္တရာယ်တစ်ခု ကိုစောစောစီးစီးကာကွယ်ထားနိုင်မည်ဖြစ်သည်။

"ဟားဟားဟား အဲ့လိုဆိုရင်တော့ ငါလည်းမင်းနဲ့ထပ်ပြီးမကစားတော့ပါဘူး။ ဒါကိုယူလိုက်"

ဖှေးသည်လည်း ကစားလိုခြင်းမရှိတော့ပေ။

သူ၏စွမ်းအားများကိုထိန်းချုပ်၍ ရန်သူဘက်မှသိုင်းဆရာများကိုတစ်ယောက်ပြီးတစ်ယောက်ရန်စမြှားခေါ်၍ သတ်ဖြတ်နေခဲ့သည်။ ထိုအရာသည်လည်း အတော်တန်အောင်မြင်ခဲ့ပြီးရန်သူဘက်မှလအဆင့်သိုင်းဆရာရှစ်ယောက်ကို သတ်ဖြတ်ကာ တစ်ယောက်ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိစေခဲ့သည်။

သို့သော် ဤသည်မှာသူလုပ်နိုင်သလောက်ဖြစ်ပြီး ဆက်လက်၍သရုပ်ဆောင်နိုင်ခြင်းမရှိတော့ပေ။

လီယွန်အင်ပါယာဘက်တွင် နေအဆင့်သခင်များရှိမရှိကို သူသေချာမသိသော်လည်း အမဲရောင်မျောက်ဝံကြီးမှာမူ အရှိန်၀ါကြီးမားသည့်လူတစ်ယောက်ဖြစ်သည်ကိုသူကောင်းကောင်းသိ၏။ အကယ်၍ သူ့အားသတ်လိုက်နိုင်ပါက လီယွန်အင်ပါယာ၏ တော်၀င်မိသားစုသည် သိသိသာသာအထိနာသွားမည်ဖြစ်ပြီး သူ၏မစ်ရှင်လည်းအောင်မြင်သွားမည်ဖြစ်၏။

ထိုကဲ့သို့စဥ်းစားပြီးသည့်နောက်တွင် ဖှေးသည် စိတ်ပြောင်းသွားပြီး သူ၏ ကိုယ်ပိုင်ရွှေရောင်စွမ်းအင်မီးတောက်များကိုထုတ်လွှတ်လိုက်ရာ ခန့်ညားထည်၀ါပြီးနတ်ဘုရားတစ်ပါးလိုပင်။

လက်ကို၀ှေ့ရမ်းလိုက်သည့်အချိန်တွင် လေးဘက်လေးလံ၂မီတာခန့်အတိုင်းတာရှိသည့်စွမ်းအင်တစ်ခုသည် သူ၏အရှေ့တွင်ထွက်ပေါ်လာပြီး ဖေးလက်သီးဆုပ်လိုက်သည့်အချိန်တွင် ထိုစွမ်းအင်သည်လည်း လက်သီးပုံရိပ်အဖြစ်သို့ပြောင်းလဲကာ လက်သီးဆုပ်လိုက်၏။

ဖှေး၏လှုပ်ရှားမှုများကြောင့် ကြီးမားသည့်စွမ်းအင်လက်သီးကြီးသည် ကြည့်ရသည်မှာလှပ၍ တုန်လှုပ်ဖွယ်ပင်။

All Chapters