"ထွက်ပြေးနေစဥ် ရန်စခြင်း"
Vol. 54 Ch. 833
သူ၏အနောက်တွင်ဖြစ်နေသည့်အရာများကို ဖေးသတိထားလိုက်မိသည်။ မင်းသားအာရှဗင်သည် ဤအခိုက်တန့်ကိုရွေးချယ်၍ ဇီးနစ်မြင်းစစ်သည်တော်များကို စေလွှတ်ကာ တန်ပြန်တိုက်ခိုက်စေခြင်းသည် သာမန်စစ်ရေးခေါင်းဆောင်များတွင် မတွေ့ရသည့် တမူထူးခြားသောရဲစွမ်းသတ္တိကိုဖော်ပြနေ၏။ ဇီးနစ်စစ်နတ်ဘုရားဟူသည့် နာမည်ဂုဏ်ပုဒ်နှင့် ကိုက်ညီသူဖြစ်သည်။
သူသည် ကျွမ်းကျင်လျှင်မြန်သည့် မြင်းစစ်သည်တစ်သောင်းခန့်ကိုရွေးချယ်၍ ရန်သူအားတန်ပြန်တိုက်ခိုက်စေခြင်းဖြစ်ပြီး ထိုမြင်းစစ်သည်များသည် မြို့တော်အတွင်းမှ လေညှင်းကဲ့သို့လျှင်မြန်စွာထွက်ခွာသွားပြီး ရန်သူ့တပ်ဖွဲ့များ၊ စခန်းများအတွင်းသို့၀င်ကာ တိုက်ခိုက်နေကြလျှက်ရှိသည်။
ရန်သူများသည် ဖရိုဖရဲဖြစ်နေပြီး မြို့တော်စိန့်ပီတာစဘာ့တ်၏ ဂိတ်တံခါးအနီးတွင်ရှိနေသည့်အတွက်ကြောင့် ထင်မထားသည့်တိုက်ခိုက်မှုမျိုးနှင့်ကြုံလိုက်ရသည့်အချိန်တွင် များစွာသေကြေကုန်ကြ၏။
လက်ရှိအခိုက်တန့်တွင် ဇီးနစ်အင်ပါယာသည် အားသာနေသည်ဖြစ်သည့်အတွက်ကြောင့် ဖေးသည် အမဲရောင်လူ၀ံကြီးကိုလိုက်ဖမ်းရန်သာအာရုံစိုက်ထားလိုက်၏။
လီယွန်အင်ပါယာနှင့် အော်မွန်းအင်ပါယာတို့၏ စခန်းများကြားတွင် အင်ပါယာအသေးများ၏ စခန်းလေးငါးခုခန့်ရှိနေ၏။
အစပိုင်းတွင် မင်းသာဂိုမီနှင့် ဖေးတို့၏ တိုက်ပွဲကိုမမြင်ခဲ့လိုက်ရသည့် သိုင်းဆရာတစ်ချို့သည် လေပေါ်သို့ ခုန်တက်ကာ ဖေးကိုရပ်တန့်ရန်အတွက်ကြိုးစားလိုက်ကြသည်။
သို့သော် ဖေးအနီးသို့ကပ်သွားသည့်သိုင်းဆရာများအားလုံး အလောင်းကောင်များဖြစ်သွားပြီး မြေပြင်ပေါ်သို့ပြန်လည်ကျဆင်းလာသည်ကို တွေ့လိုက်ကြရသည့်အချိန်တွင် ဖေး၏ရက်စက်ကြမ်းကြုတ်မှုတို့ကြောင့် တုန်လှုပ်သွားကြပြီး သူ့အားရပ်တန့်ရန်အတွက် ကြိုးစားရဲခြင်းမရှိတော့ပေ။
ဖေးသည် လမ်းတစ်လျှောက်တွင်သက်ညှာနေခဲ့ခြင်းမရှိပေ။
လီယွန်တပ်ဖွဲ့များကို လုပ်ခဲ့သလိုပင် လမ်းတွင်တွေ့သမျှ စခန်းများ၊ စစ်ယန္တရားများအားလုံးကို လက်သီးဖြင့်ထိုးချကာပြာမှုန်ဖြစ်သည်အထိဖျက်ဆီးနေခဲ့၏။ ဖေးပျံသန်းသွားသည့်အောက်တွင်ရှိနေသည့် အရာအားလုံးပျက်ဆီးသွားကြ၏။
စနစ်တကျဖြစ်နေခဲ့သည့် ပူးပေါင်းတပ်ဖွဲ့များကြားထဲတွင် ကစဥ့်ကလျားဖြစ်လာပြီး နာကျင်စွာအော်ဟစ်သံများ၊ အာမေဍိတ်သံများစွာကိုနေရာအနှံ့တွင်ကြားနေရ၏။
အကယ်၍ ဖှေးထံတွင်သာကစဥ့်ကလျားပုလ္ဘင်ရှိနေပါက သူသည် ထိုအမဲရောင်လူဝံကြီးအားအမိဖမ်းကာသတ်ဖြတ်နိုင်နေပြီးဖြစ်သည်။
သို့သော် ပုလ္လင်အား နတ်ဆိုးအမျိုးသမီးပဲရစ်ကို ကာကွယ်ရန်အတွက်အသုံးပြုထားပြီး လူရိုင်းဇာတ်ကောင်သည် လျှင်မြန်ဖြတ်လတ်သည့်ဇာတ်ကောင်တစ်ကောင်မဟုတ်ပေ။ ထို့အပြင် ဖေးသည်လည်း သူ၏စွမ်းအားအစစ်မှန်ကိုထုတ်ဖော်ပြသလိုခြင်းမရှိသည့်အတွက်ကြောင့် လီယွန်အင်ပါယာ၏ မင်းသားဂိုမီအနောက်သို့ ပုံမှန်အတိုင်းသာလိုက်ပါနေလျှက်ရှိသည်။ လက်ရှိတွင် ဂိုမီအားအမှီလိုက်နိုင်ရန်အတွက် အချိန်တစ်ခုလိုဦးမည်ဖြစ်သည်။
သို့သော် ဤအရာများသည် ဖေးအစီစဥ်၏တစ်စိတ်တစ်ပိုင်းဖြစ်၏။
အမဲရောင်မျောက်ဝံကြီး အရှေ့မှပြေးကာ ရန်သူတပ်ဖွဲ့များကိုဖရိုဖရဲဖြစ်စေနေပြီး ဖေးသည်လည်းအနောက်မှလိုက်ဖမ်းရင်းဖြင့် လမ်းတစ်လျှောက်တွင် စခန်းများ၊ ရန်သူတပ်ဖွဲ့များကိုဖျက်ဆီးသတ်ဖြတ်နေလျှက်ရှိ၏။ အင်ပါယာဆယ်ခုပူးပေါင်းတပ်ဖွဲ့၏စခန်းများသည်ပြောင်းပြန်အလှန်ခံလိုက်ရသလိုပင်။ ဤအချက်သည် လက်ရှိတွင်အပြင်ထွက်တိုက်ခိုက်နေကြသည့် ဇီးနစ်မြင်းစစ်သည်များအတွက် အခွင့်ရေးတစ်ခုဖြစ်လာစေမည်ဖြစ်သည်။
အာရှဗင်အား ဇီးနစ်စစ်ပွဲနတ်ဘုရားဟုလူသိများ၏။ သူသည် ဤအခွင့်ရေးကိုအမြတ်ထုတ်နိုင်ပါက ရန်သူများအားလုံးကိုမချေမှုန်းနိုင်စေကာမူ လက်ရှိတွင် စိန့်ပီတာစဘာ့တ်အားရန်သူတပ်ဖွဲ့များ ဘက်ပေါင်းစုံမှအ၀ိုင်းခံထားရသည့် ပြသနာကိုဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။
ချမ်းဘော့ဒ်ဘုရင်၏ ဖျက်ဆီးမှုများအောက်တွင် မြို့တော်အပြင်ဘက်တွင်ရှိသော စစ်ပွဲသည် သွေးထွက်သံယိုများစွာနှင့် ဖရိုဖရဲဆန်လာတော့သည်။
"ဟားဟားဟား သောက်ဇီးနစ်သား။ မင်းင့ါကိုလိုက်မဖမ်းနိုင်ပါဘူး။ မင်းင့ါကိုသတ်လို့မရဘူး" အမဲရောင်မျောက်ဝံကြီးသည် လေထဲတွင်ပျံသန်းနေရင်းဖြင့်ရယ်မောလိုက်၏။
အတန်ကြာအရှေ့သို့ပျံသန်းလာခဲ့ပြီးနောက်တွင် အော်မွန်းအင်ပါယာ၏ အ၀ါရောင်စခန်းများကို မြင်လိုက်ရသည့်အတွက်ကြောင့် သူစိတ်အေးသွားခဲ့သည်။
အော်မွန်းတပ်ဖွဲ့များထဲတွင် နေအဆင့်သခင်များလည်းပါရှိသည်ဟု သူသတင်းကြားထားခဲ့သည့်အတွက်ကြောင့် စွမ်းအားမြင့်သည့်ဤဇီးနစ်သားသည်လည်း မကြာမှီအသတ်ခံရတော့မည်ဟုသေချာသိနေ၏။ ထို့ကြောင့် လက်ရှိတွင်သူ၏တာ၀န်မှာ ရန်သူအား ရန်စ၍အော်မွန်းအင်ပါယာစခန်းများထံသို့မြှားခေါ်ရန်ဖြစ်သည်။
"မင်းင့ါကိုသတ်ချင်တယ်လို့မပြောခဲ့ဘူးလား။ မင်းကိုရန်စခဲ့လို့ ပေးဆပ်ရမှာက ငါ့ရဲ့အသက်လို့မင်းပြောခဲ့တယ်လေ..ဟားဟား ညစ်ပတ်တဲ့ခွေးသား ငါ့ကိုရအောင်သတ်စမ်းပါ"
"လီယွန်အင်ပါယာက မင်းကိုခွင့်လွှတ်မှာမဟုတ်ဘူး။ ငါလွတ်မြောက်သွားတာနဲ့ လီယွန်အင်ပါယာက ပိုပြီးစွမ်းအားမြင့်မားတဲ့တပ်ဖွဲ့တွေကို စေလွှတ်ပြီးတော့ ဇီးနစ်သားမှန်သမျှကိုသတ်ပစ်မယ်"
"ဇီးနစ်အင်ပါယာမှာ နိမ့်ကျတဲ့မျိုးနွယ်တွေနဲ့ပြည့်နေတာပဲ။ မင်းတို့လိုကောင်တွေ အေဇာရုတိုက်ပေါ်မှာနေထိုင်ဖို့မထိုက်တန်ဘူး။ ကျွန်ဖြစ်ဖို့တောင် ထိုက်တန်တဲ့ကောင်တွေမဟုတ်ဘူး"
အမဲရောင်မျောက်ဝံကြီး ဂိုမီသည် ကောင်းကင်ပေါ်တွင် အဆက်မပြတ်ရယ်မောနေလျှက်ရှိသည်။
ဤမင်းသားသည် တိုးရမည့်အချိန်တိုးဆုတ်ရမည့်အချိန်ဆုတ်တတ်သည့်လူတစ်ယောက်ဖြစ်သည့်အပြင် အမှန်တကယ်အရှက်မရှိသည့်လူတစ်ယောက်လဲဖြစ်၏။ တကယ်တန်း ဖေးတွေ့ဖူးသမျှလူထဲတွင် အရှက်မရှိဆုံးလူတစ်ယောက်ပင်။ ဤကဲ့သို့သော လူများသည် အဆိပ်ပြင်းသည့်မြွေတစ်ကောင်လိုပင်။ တစ်ချက်တည်းအသေမရိုက်ပါက ပြန်ကောင်းလာပြီး ပြန်ကိုက်နိုင်၏။ ရိုက်လိုက်ရုံဖြင့် ကြောက်လန့်သွားတတ်သည့်လူများမဟုတ်ပေ။
ထို့ကြောင့် ဖေး၏သတ်ဖြတ်လိုသည့် ဆန္ဒများပို၍ပြင်းထန်လာ၏။ စကားတစ်လုံးမှမပြောတော့ပဲ ရန်သူအနောက်သို့သာပို၍လျှင်လျှင်မြန်မြန်လိုက်တော့၏။
သူတို့၏အရှေ့တွင် အ၀ါရင့်ရောင်စွမ်းအင်မီးတောက်များတောက်ပလာပြီး ကြီးမားသည့်အ၀ါရောင်လိုက်ကာစကြီးတစ်ခုလိုပင်။
လီယွန်အင်ပါယာ၏ မင်းသားဂိုမီသည် လက်မြှောက်၍ ကိုင်ထားသည့်အမှတ်တံဆိပ်တစ်ခုကိုထောင်ပြကာ အ၀ါရောင်လိုက်ကာစအားဖြတ်သန်းကာ အော်မွန်းစခန်းများအတွင်းသို့ ၀င်ရောက်သွားတော့သည်။
အော်မွန်းအင်ပါယာသည် ဤတိုက်ပေါ်တွင် လယ်ဗယ်၇အင်အားကြီးအင်ပါယာတစ်ခုဖြစ်နေရခြင်းသည် အကြောင်းပြချက်ရှိ၍သာဖြစ်သည်။ ဇီးနစ်အင်ပါယာနှင့် ၀ေးလှံသည့်နေရာတွင်ရှိသည့်အတွက်ကြောင့် စစ်သည်များများစားစားစေလွှတ်ခြင်းမရှိပဲ စစ်သည်နှစ်သောင်းခန့်သာစေလွှတ်လိုက်သော်လည်း ထိုစစ်သည်နှစ်သောင်းသည် အင်ပါယာဆယ်ခုပူးပေါင်းတပ်ဖွဲ့ထဲတွင် စွမ်းအားအမြင့်ဆုံးစစ်သည်များပင်။
ဖေးသည် သူ၏၀ိဉာဥ်စွမ်းအင်ကိုဖြန့်ကျက်၍ ရန်သူသိုင်းဆရာများ၏ အရှိန်၀ါကိုအာရုံခံကြည့်လိုက်ပြီး အော်မွန်းစစ်သည်များထဲတွင် လအဆင့်သိုင်းဆရာဆယ်ယောက်ကျော်ပါသည်ကိုသိရှိလိုက်သည်။
ထို့အပြင် စခန်းများဘေးတွင်လည်း စွမ်းအားမြင့်မားသည့်မှော်အစီရင်များစွာချမှတ်ထားပြီး မည်သူမှခိုး၀င်ဖြတ်ကျော်နိုင်ခြင်းမရှိအောင်စီမံထား၏။ အလွန်သတိထားသည့်ပုဂ္ဂိုလ်များပင်။
ဖေး၏အရှေ့တွင်ရှိနေသည့် အ၀ါရောင်စွမ်းအင်မီးတောက်များသည် အော်မွန်းသားများစခန်းအပြင်တွင်စီမံထားသည့် ခုခံခြင်းမှော်အစီရင်ဖြစ်၏။
အမဲရောင်မျောက်ဝံကြီးဂိုမီကဲ့သို့သော မှော်အစီရင်တံဆိပ်ရှိသူများသာလျှင် ဖြတ်သန်းနိုင်၏။
သို့သော် ဖေးသည်စွမ်းအားမြင့်မားကာ သူရဲကောင်းဆန်သလိုခံစားနေရသည်။ ထို့ကြောင့် သူကြုံး၀ါးကာလက်သီးဖြင့်ထိုးလိုက်သည့်အချိန်တွင် အရှေ့တွင်ရှိနေသည့်အ၀ါရောင်မှော်မီးတောက်များသည် ချက်ချင်းပင်ပျောက်ကွယ်သွားတော့၏။ ထို့နောက်တွင် အော်မွန်းသားများ၏ စခန်းများအတွင်းသို့ ၀င်ရောက်လာခဲ့တော့သည်။
"မင်းကများ"
"သေစမ်း"
"အော်မွန်းစခန်းကိုတိုက်ခိုက်ရဲတယ်ပေါ့"
"ဒီမြို့ခံကောင်ကို ဖမ်းပြီးတော့ ခေါင်းဖြတ်ပစ်ကြစမ်း"
ဖေးအ၀ါရောင်စွမ်းအင်မီးတောက်များကို ဖြတ်ကျော်၍၀င်လာသည့်အချိန်တွင် သူ၏ပတ်ပတ်လည်မှရန်သူများ၏ ဒေါသတကြီးအော်ဟစ်သံများကိုကြားလိုက်ရသည်။
လူပေါင်းများစွာသည် သူ့ထံသို့ အ၀ါရောင်ချပ်၀တ်များဖြင့် လျှပ်စီးအလင်းတန်းများကဲ့သို့၀င်ရောက်လာပြီး သူ့အား မြင့်မားသည့်စွမ်းအင်များဖြင့် အငိုက်ဖမ်းကာတိုက်ခိုက်လိုက်ကြသည်။
သူတို့အားလုံးသည် အော်မွန်းအင်ပါယာမှ လအဆင့်သိုင်းဆရာများပင်။
"ဟားဟား လစ်စမ်းကွာ" ဖေးသည် အရူးတစ်ယောက်ကဲ့သို့ ရီမောကြီးအညှာတာကင်းမဲ့စွာတိုက်ခိုက်လိုက်သည်။
ဘုရင်သည် အော်မွန်းသားများနှင့် ရန်ငြိုးရှိ၏။ သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်များအကြောင်းပြချက်မရှိပဲ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး သေကြေပျက်ဆီးမှုများစွာဖြစ်ပေါ်စေခဲ့သည့်အတွက်ပင်။
ပင်လယ်ပြင်ကဲ့သို့ကျယ်ပြန့်သည့် ရွှေရောင်စွမ်းအင်မီးတောက်များစွာထွက်ပေါ်လာတော့သည်။ ဘုရင်လက်သီးဖြင့် ထိုးလိုက်သည့်အချိန်တွင် သူ့ထံသို့ပျံသန်းလာသည့် လအဆင့်သိုင်းဆရာနှစ်ယောက်သည် အလောင်းအပြည့်စုံပင် မကျန်တော့ပဲ သွေးမြူဆိုင်များအဖြစ်သို့ပြောင်းလဲကာ သေဆုံးသွားတော့သည်။
ရွှေရောင်စွမ်းအင်လက်သီးနှစ်ခုသည် အရှေ့သို့ဥက္ကာပျံခဲများကဲ့သို့ပင် ပျံသန်းသွား၏။ စူးရှသည့်အသံများဖြင့် ထိုသိုင်းဆရာနှစ်ယောက်ကို ချက်ချင်းဖျက်ဆီးပစ်လိုက်ပြီး အော်မွန်းအင်ပါယာခန်းများထဲသို့ အနုမြူဗုံးတစ်ခုလိုကျဆင်းသွားတော့သည်။ ချက်ချင်းပင် ပေါက်ကွဲမှုများဖြစ်ပေါ်လာတော့၏။
ရလဒ်အနေဖြင့် အော်မွန်းစခန်းထဲတွင် သေကြေကျဆုံးမှုများမြင့်မားလာတော့သည်။
ဤမြင်ကွင်းသည် ဖေးအသတ်ခံရမည့်အချိန်ကို လေပေါ်တွင်ရပ်ကာ စောင့်ကြည့်နေခဲ့သော အမဲရောင်မျောက်ဝံကြီးဂိုမီအား ထိတ်လန့်သွားစေသည်။
ရုတ်တရက်ပို၍မြင့်မားလာသော ဖေး၏စွမ်းအားများကြောင့် သူသည် ဘောင်းဘီထဲသေးထွက်ကျလုနီးနီးပင်။
အော်မွန်းအင်ပါယာမှ သိုင်းဆရာနှစ်ယောက်သည် ဤကြောက်မက်ဖွယ်ဇီးနစ်သားအားရပ်တန့်ထားနိုင်လိမ့်မည်ဟု သူထင်ထားခဲ့သော်လည်း ထိုနှစ်ယောက်သည်အနားသို့ပင်မကပ်လိုက်နိုင်ပဲ သေဆုံးသွားခဲ့၏။
ဤဇီးနစ်သားသည် အော်မွန်းအင်ပါယာမှ လအဆင့်သိုင်းဆရာနှစ်ပါးကိုလွယ်ကူစွာသတ်ဖြတ်လိုက်ခြင်းကြောင့် အမဲရောင်မျောက်ဝံကြီးသည် ကျောရိုးများအေးစက်သွားသည်အထိကြောက်လန့်သွားတော့၏။
သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည် အမွှေးမျှင်များအားလုံးထောင်မက်သွားသည်။ အော်မွန်းစခန်းထဲသို့ရောက်နေပြီဖြစ်သော်လည်း လုံခြုံသလိုမံစားရတော့ပေ။
အော်ဟစ်၍ အနောက်တွင်ရှိနေသော အော်မွန်းအင်ပါယာ၏ ရွှမ်းကယ်တပ်ဖွဲ့ထံသို့သာ ဆက်လက်ပျံသန်းထွက်ပြေးသွားတော့သည်။
အော်မွန်းအင်ပါယာစခန်းများနှင့် အနည်းငယ်၀ေးသည့်နေရာတွင် ရွှမ်းကယ်ခြောက်စီးသည် လေပေါ်တွင်ပျံသန်းကာရပ်တန့်နေ၏။
ထိုရွှမ်းကယ်များထဲမှ ငါးစီးသည် မီတာ၅၀ရှည်ပြီး ၁၄မီတာခန့်ကျယ်ပြန့်သည်။ ချမ်းဘော့ဒ်တိုင်းပြည်သိမ်းပိုက်ထားသည့် ရွှမ်းကယ်ထက်များစွာပိုသေးငယ်၏။ ထိုရွှမ်းကယ်အသေးငါးစီးသည် အလည်တွင်ရှိနေသည့် ကြီးမားသောရွှမ်းကယ်ကြီးကို ၀န်းရံထား၏။
အလည်တွင်၀န်းရံကာ ကာကွယ်ပေးခြင်းခံထားရသည့် ရွှမ်းကယ်သည် ချမ်းဘော့ဒ်တိုင်းပြည်သိမ်းပိုက်ခဲ့သည့်ရွှမ်းကယ်နှင့် အရွှယ်စားခြင်းတူကာ တစ်ပုံစံတည်းကဲ့သို့ပင်။
ထိုရွှမ်းကယ်ခြောက်စီးသည် တိုက်ပွဲဆာလောင်နေသော ရှေးမျိုးနွယ်သားရဲကောင်ကြီးများကဲ့သို့ပင် လေပေါ်တွင်တိတ်ဆိတ်ငြိမ်သက်စွာပျံသန်းနေကြ၏။
တိတ်ဆိတ်နေသော်လည်း ကြောက်မက်ဖွယ်ပင်။