"လိုက်ဖမ်းခြင်း"
Vol. 54 Ch. 832
"ပြိုင်ဘက်ကင်းအင်ပါယာလက်သီး" ဖေးလက်သီးထိုးလိုက်သည့်အချိန်တွင် စွမ်းအင်လက်သီးသည် အရှေ့သို့ဥက္ကာပျံခဲတစ်ခုကဲ့သို့ ပျံသန်းသွားတော့၏။
"ဟားဟားဟား သောက်ပိန်းကောင်သေစမ်း..သာလွန်ခြင်းမီးလက်သီး"
ဘုရင်သည် သူ၏သိုင်းကွက်များကိုလိုက်ခိုးနေခြင်းမရှိတော့သည်ကိုမြင်ရသည့်အတွက် အမဲရောင်မျောက်ဝံကြီးသည် ကြိတ်ပျော်သွားသည်။ ဖှေး၏ အတုခိုးသည့်စွမ်းရည်သည်မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူကိုယ်တိုင်သိသောကြောင့်ပင်။ နတ်ဘုရားများ၏အဆင့်ကိုပင်ရောက်ရှိနေ၏။
ရန်သူသည် သူရန်စလိုက်သည့်အတွက်ကြောင့် ထူးခြားကာစွမ်းအားမြင့်မားသည့် သိုင်းကွက်လိုက်ကူးသောစွမ်းရည်အားအသုံးမပြုတော့သည်ကိုမြင်လိုက်ရသည့်အချိန်တွင် အမဲရောင်လူဝံကြီးသည်ရှားပါးသည့်အခွင့်ရေးတစ်ခုကိုရရှိလိုက်သလိုခံစားလိုက်ရ၏။
ထို့ကြောင့် သူ၏စွမ်းအားအမြင့်ဆုံးသိုင်းကွက်ဖြစ်သည့် သာလွန်ခြင်းမီးလက်သီးကိုထုတ်သုံးလိုက်၏။
မီးနတ်ဘုရား၏ဝေဝေဝါးဝါးပုံရိပ်တစ်ခုသည် သူ၏အနောက်တွင်ပေါ်လာ၏။ ထိုနတ်ဘုရားသည်သန်မာထွားကျိုင်းပြီး ရိုးရာဝတ်စုံတစ်ခုကို ဝတ်ဆင်ထားကာ ကမ္ဘာပေါ်တွင်ရှိသည့် သာလွန်သောဖြစ်တင်မှုတစ်ခုလိုပင်။ လူများစွာကိုထိတ်လန့်စေ၏။
အမဲရောင်လူဝံကြီးလက်သီးထိုးလိုက်သည့်အချိန်တွင် နတ်ဘုရားပုံရိပ်၏မျက်လုံးများအတွင်းမှ အလင်းတန်းများထွက်ပေါ်လာပြီး ထိုနတ်ဘုရားသည်သူ၏လက်များကိုကွေးညွတ်၍ကိုင်မြှောက်ကာအောက်သို့ ထိုးချလိုက်သည်။ ထိုသိုင်းကွက်သည် နေရာအာကာသကို စုတ်ဖြဲကာ ကမ္ဘာကြီးတစ်ခုလုံးကိုဖျက်ဆီးတော့မည့်အတိုင်းပင်။
ဤသည်မှာ အမဲရောင်လူဝံကြီး၏ စွမ်းအားအမြင့်ဆုံးလက်သီးသိုင်းကွက်ပင်။
"ဖုန်း"
ပြိုင်ဘက်ကင်းအင်ပါယာအရှင်သခင်လက်သီးသည် နတ်ဘုရားပုံရိပ်၏လက်သီးနှင့် တကျစွာထိတွေ့လိုက်မိ၏။
ကြီးမားသည့်စွမ်းအင်ပေါက်ကွဲမှုများသည် နေရာအနှံ့သို့ပြန့်နှံ့သွား၏။
ကြောက်မက်ဖွယ် မှောင်မိုက်သည့်စွမ်းအင်တိမ်တိုက်များထွက်ပေါ်လာပြီး ကောင်းကင်အားဖုံးလွှမ်းသွားတော့သည်။ ကြီးမားလှပသော်လည်း အန္တရာယ်များသည် ပန်းတစ်ပွင့်ဖူးပွင့်နေသလိုပင်။
အခိုက်တန့်တစ်ခုကြာခန့် ဤမြင်ကွင်းသည် နေရာတစ်၀ိုက်အားဖမ်းစားလိုက်၏။
စစ်မြေပြင်တွင်ရှိနေသည့်လူများအားလုံး ဤမြင်ကွင်းကိုရင်သပ်ရှုမောစွာစောင့်ကြည့်နေပြီး သူတို့စိတ်ထဲတွင်ခံစားနေရသည့် စိတ်လှုပ်ရှားကြောက်ရွံ့မှုများကို စကားလုံးများဖြင့် ဖော်ပြလို့ရလိမ့်မည်မဟုတ်ပေ။
လီယွန်အင်ပါယာမှလူများအတွက် လက်ရှိတွင် လီယွန်အင်ပါယာဘက်မှကိုယ်စားပြုတိုက်ခိုက်နေသည့်လူသည် စတင်ထွက်ပေါ်လာသည့်အချိန်မှစ၍ ရှုံးနိမ့်ခဲ့ခြင်းမရှိသေးသော မင်းသားဂိုမီဖြစ်သော်လည်း ဇီးနစ်သားသည်လည်း သူတို့အားကြိမ်ဖန်ပေါင်းများစွာစိတ်ဓာတ်ကျဆင်းစေခဲ့သည့်အတွက်ကြောင့် လွယ်လွယ်ကူကူဖြင့်အောင်နိုင်နိုင်ခြင်းမရှိသည်ကို သူတို့အားလုံးလက်ခံထားကြသည်။
ဇီးနစ်အင်ပါယာမှလူများအတွက်လည်း ချမ်းဘော့ဒ်ဘုရင်သည် စွမ်းအားကြီးမားကာ ကျော်ကြားသည့်လူတစ်ယောက်ဖြစ်သော်လည်း အင်အားကြီးအင်ပါယာတစ်ခုမှကြိမ်ဖန်ပေါင်းများစွာတိုက်ခိုက်လာခဲ့သည့်လအဆင့်သိုင်းဆရာများအားလုံးကို အနိုင်ယူနိုင်နိုင်မည်လားဟု သေချာမသိကြပေ။ တိုက်ပွဲပေါင်းများစွာတိုက်ခိုက်နေရခြင်းဖြစ်သည့်အတွက် မောပန်းနွမ်းနယ်နေနိုင်သည့်အတွက်ပင်။
ထို့နောက် အမဲရောင်တိမ်တိုက်ကြီးများ၏ ဖုံးလွှမ်းမှုအောက်တွင် တိုက်ပွဲအဖြေသည်လည်း တဖြည်းဖြည်းခြင်းဖြင့် ရှင်းလင်းစွာထွက်ပေါ်လာတော့၏။
အနက်ရောင်အလင်းတန်းတစ်ခုရုတ်တရက်တောက်ပသွားပြီဂ လူတစ်ယောက်သည် လီယွန်တပ်ဖွဲ့၏အနောက်ဘက်ထံသို့ ကြောက်ရွံ့ထိတ်လန့်သည့်အမူယာတစ်ခုနှင့်အတူ ပျံသန်းသွားတော့၏။ အကိုက်ခံလိုက်ရသည့်ခွေးတစ်ကောင်လိုပင်။
ထိုလူသည် လီယွန်အင်ပါယာ၏ နာမည်ကြီးမင်းသားဖြစ်သူ အမဲရောင်လူဝံကြီးဂိုမီပင်။
ဂိုမီ၏လက်သီးနှင့် ဖှေး၏လက်သီးချက်တို့တွေ့ဆုံလိုက်သည့်အချိန်တွင် ရန်သူအားလျှော့တွက်မိနေဆဲဖြစ်သည်ကို မင်းသားဖြစ်သူသိသွားခဲ့သည်။
ခန့်ညားသည့်အနက်ရောင်ဆံပင်နှင့်ရန်သူသည် သူ၏သိုင်းကွက်များကို လိုက်မခိုးယူနေသည့်အချိန်တွင် ပို၍ကြောက်မက်ဖွယ်ကောင်းသည်ကို နားလည်သွားလိုက်၏။ ရွှေရောင်လက်သီးချက်ထဲတွင်ပါ၀င်နေသည့်စွမ်းအင်များသည် ဂိုမီထင်ထားသည်ထက်အဆပေါင်းများစွာကျော်လွန်နေသောကြောင့်ပင်။ ဖေး၏ စွမ်းအားအဆင့်သည်လည်း သူခန့်မှန်းမထားသည့် အခြေအနေတွင်ရှိနေ၏။
ထို့ကြောင့် ဂိုမီထံတွင်ထုတ်မပြရသေးသည့် ၀ှက်ဖဲတစ်ချို့ရှိနေသော်လည်း ထို၀ှက်ဖဲများသည် ရန်သူရှေ့တွင်အသုံးမ၀င်နိုင်ကြောင်းကိုသိလိုက်၏။ သူ့တွင်ရှိနေသည့် မည်သည့်၀ှက်ဖဲကိုမဆို ရန်သူမှဖျက်ဆီးနိုင်မည်ဖြစ်ပြီး သူ့ကိုပါသတ်ဖြတ်နိုင်မည်ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် မင်းသားသည် စိတ်ပိုင်းဖြတ်၍ လျှင်မြန်စွာထွက်ပြေးလိုက်ခြင်းပင်။
ရန်သူနှင့်တိုက်ခိုက်နေရာမှ ထွက်ပြေးရခြင်းသည် ရှက်စရာကောင်းသော်လည်း ထွက်မပြေးပါကသေမည်ဖြစ်သည်။
အရှက်ရသော်လည်း အသက်မသေသေးပါက ပြန်လည်လက်စားခြေနိုင်သည့်အခွင့်ရေးရှိမည်ဖြစ်ပြီး သေဆုံးသွားခဲ့ပါက အရာရာဆုံးရှုံးသွားလိမ့်မည်ဖြစ်သည်။
မင်းသားသည် အသက်ငယ်ရွယ်သော်လည်း မှန်ကန်သည့်ဆုံးဖြတ်ချက်ချနိုင်သူဖြစ်သည်။
လီယွန်အင်ပါယာ၏ မောက်မာကြွား၀ါတတ်သည့်မင်းသားသည် ချက်ချင်းထွက်ပြေးလိမ့်မည်ဟု ဖေးထင်မထားခဲ့ပေ။ သူ၏ရန်သူသည် ဤတိုက်ခိုက်ခြင်းမှ ဒဏ်ရာရရှိသွားခြင်းပင်မရှိသေးသောကြော့င်ပင်။
ထို့ကြောင့် ဖေး၏သိုင်းတိုက်ခိုက်မှုတစ်ခုအား တွေ့လိုက်ရရုံဖြင့်ပင် သူ၏ ရန်သူသည် ထွက်ပြေးသွားခဲ့သည်။
သို့သော် ဘုရင်သည် ဇီးနစ်အင်ပါယာ၏ အန္တရာယ်တစ်ခုဖြစ်သောစွမ်းအားမြင့်မားသည့်ရန်သူတစ်ယောက်ကို အလွတ်ပေးလိမ်မည်မဟုတ်ပေ။
ဖေးချက်ချင်းပင်အရှေ့သို့ ပျံသန်းသွားလိုက်ပြီး တွန့်ဆုတ်နေခြင်းမရှိပဲဂိုမီအနောက်သို့လိုက်သွားလိုက်တော့သည်။ သူ၏ ပုံရိပ်ယောင်များသည် လေပေါ်တွင်ကျန်နေခဲ့၏။
ဤကဲ့သို့ကြီးမားသည့်အပြောင်းလဲကို မည်သူမှထင်မထားခဲ့ပေ။
ပထမဆုံးတုန့်ပြန်သူများသည် လီယွန်သားများပင် သူတို့၏ နာမည်ကြီးမင်းသားဂိုမီထွက်ပြေးလာခြင်းသည် စစ်သည်များကို စိတ်ဓာတ်ကျစေသော်လည်း ခေါင်းဆောင်များ၏ အမိန့်အောက်တွင် လီယွန်စခန်းများထံမှ မှော်မြှားများစွာကိုပစ်လွှတ်လိုက်သည်။ ထိုမြှားများသည် ဂိုမီ၏အနောက်မှလိုက်နေသည့် ဖေးထံသို့ မိုးစက်များကဲ့သို့ပျံသန်းသွားတော့၏။
လီယွန်အင်ပါယာ၏ မှော်စက်ယန္တရားများသည် ဇီးနစ်အင်ပါယာထက်များစွာပို၍အဆင့်မြင့်၏။ သို့သော် သာမန်လအဆင့်သိုင်းဆရာများကို သတ်ဖြတ်နိုင်သည့်မှော်မြှားများသည် ဖှေး၏ခန္ဓာကိုယ်အနီးသို့ပင်ကပ်နိုင်ခြင်းမရှိပေ။ ဖေး၏အနီးဆယ်မီတာခန့်သို့မရောက်မှီတွင် မမြင်နိုင်သည့်အဆီးတားတစ်ခုကို တိုက်မိသကဲ့သို့ အနောက်သို့လွှင့်ထွက်သွားကြ၏။
မင်းသားဂိုမီအားလိုက်ဖမ်းနေသည့်လမ်းတစ်လျှောက်တွင် ဖေးသည်ကျူးကျော်လာသူများကို သက်ညှာနေခြင်းမရှိခဲ့ပေ။ ကောင်းကင်ပေါ်တွင်ပျံသန်းနေရင်းဖြင့် မြေပြင်ပေါ်သို့လက်သီးချက်များအဆက်မပြတ်ပစ်လွှတ်နေ၏။ ဗုံးကျဲလေယာဥ်ပျံတစ်ခုကဲ့သို့ပင် သူ၏ ကြောက်မက်ဖွယ်စွမ်းအင်လက်သီးချက်များသည် မြေပြင်ပေါ်သို့ အဆက်မပြတ်ကျရောက်နေလျှက်ရှိပြီး စနစ်ကျသည့်လီယွန်တပ်ဖွဲ့များကြားထဲတွင် ကြီးမားသည်ပေါက်ကွဲမှုများ၊ စွမ်းအင်လှိုင်းများကိုဖြစ်ပေါ်နေစေလျှက်ရှိ၏။
လီယွန်တပ်ဖွဲ့များထဲတွင် စွမ်းအားမြင့်မားပြီးသစ္စာရှိသည့် သိုင်းဆရာတစ်ချို့လဲပါရှိ၏။ သူတို့သည် ဖေးနှင့်မယှဥ်နိုင်သည်ကိုသိသော်လည်း သူတို့၏မင်းသားကိုကယ်တင်နိုင်ရန်အတွက် လေပေါ်သို့ခုန်တက်ကာ အသက်ရင်း၍ဖေးကိုရပ်တန့်ရန်ကြိုးစားလိုက်ကြသည်။
သို့သော် သူတို့သည် ဖှေး၏အနားကိုပင်ကပ်နိုင်ခြင်းမရှိပဲ သွေးမြူဆိုင်များအဖြစ်သို့ပြောင်းလဲသွားကြ၏။
အနည်းဆုံးလအဆင့်မရှိပါက သိုင်းဆရာအစစ်မှန်များ၏တိုက်ပွဲတွင်၀င်ပါနိုင်လိမ့်မည်မဟုတ်ပေ။
"မင်းတို့တွေအကုန်သွားကြစမ်း...အဲ့ကောင်ကိုတားထားကြ"
ဖေး၏လက်သီးချက်ကြောင့် တုန်လှုပ်သွားခဲ့သည့်မင်းသားဂိုမီသည် တိုက်ခိုက်လိုခြင်းမရှိတော့ပေ။ ဖေးနှင့်သူ့အကြားအကွာဝေးသည် တဖြည်းဖြည်းနီးကပ်လာသည်ကို မြင်နေရသည့်အတွက်ကြောင့် သူသည် ဤကဲ့သို့သာဆိုပါက ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိတော့သည်ကိုသိလိုက်၏။
ထို့ကြောင့် မြေပြင်ပေါ်သို့ဆင်းသက်ကာ စစ်သည်များထံသို့၀င်ပြေးသွားတော့သည်။ သူသည် လီယွန်အင်ပါယာမှ စစ်သည်များ၊ ခေါင်းဆောင်များကိုလူသားဒိုင်းကာများအဖြစ်အသုံးပြုနေခြင်းပင်။ သူ၏ စစ်သည်များကိုလည်း အသက်ပေး၍ ဖေးကိုအချိန်ဆွဲထားရန်အမိန့်ပေးလိုက်သည်။
သာမန်စစ်သည်များကိုသူ့အတွက် သေခိုင်းနေခြင်းပင်။
သူ၏အမိန့်အောက်တွင် လီယွန်အင်ပါယာမှစစ်သည်များ၊ခေါင်းဆောင်များသည် ရှေ့သို့အကြောက်တရားကင်းမဲ့စွာပြေး၀င်သွားကြ၏။ သူတို့၏ခန္ဓာကိုယ်များကိုအသုံးပြု၍ မင်းသားဂိုမီနှင့် ချမ်းဘော့ဒ်ဘုရင်ကြားထဲတွင် ထူထပ်သည့်နံရံကြီးတစ်ခုကို ဖန်တီးလိုက်သည်။
စွမ်းအားမြင့်သိုင်းဆရာအား လူသားပင်လယ်တိုက်ခိုက်မှုကိုအသုံးပြုခြင်းသည် ရက်စက်သည့်ဗျူဟာတစ်ခုပင်။
သီအိုရီအရဆိုပါက စစ်သည်တော်စွမ်းအင် သို့မဟုတ် မှော်စွမ်းအင်ကိုအဆက်မပြတ်အသုံးပြုနေပါက နေအဆင့်သခင်တစ်ပါးပင် အချိန်တစ်ခုသို့ရောက်ပါက မောပန်းကာစွမ်းအင်ကုန်ခမ်းလာကြမည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့ နေအဆင့်သခင်တစ်ပါးကိုမောပန်းစေရန်အတွက် သန်းနှင့်ချီသောစစ်သည်များ၏အသက်ကိုစတေးရမည်ဖြစ်သည်။ ဤသည်မှာ လူသားပင်လယ်တိုက်ခိုက်မှုပင်။
သို့သော် ဖေးသည်လူရိုင်းဇာတ်ကောင်ဖြစ်သည့်အတွက်ကြောင့် စစ်သည်တော်စွမ်း၊ မှော်စွမ်းအင်တို့ကိုအသုံးပြုခြင်းမရှိပေ။ ရုပ်ပိုင်းဆိုင်ရာခွန်အားကိုသာအသုံးပြု၍ ထို့အပြင် သက်လုံးစွမ်းအားကိုအချိန်မရွေးပြန်လည်ဖြည့်တင်းနိုင်သည့် မှော်ဆေးပုလင်းများစွာကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် လူသားပင်လယ်တိုက်ခိုက်မှုအား ကြောက်ရွံ့စိုးရိမ်ခြင်းမရှိပေ။
ဖေးသည် သူ့ထံသို့လက်နက်များဖြင့်ပြေး၀င်လာသည့် လီယွန်စစ်သည်များကိုလျစ်လျူရှုလိုက်၏။ အမဲရောင်လူဝံကြီးအနောက်သို့သာပြေးလိုက်နေပြီး သူ့အနား၁၀မီတာခန့်သို့ကပ်လာသည့်အရာမှန်သမျှသည် မြင်နိုင်ခြင်းမရှိပဲ ပြိုင်ဘက်ကင်းမဲ့သည့် ရုပ်ပိုင်းဆိုင်ရာခွန်အားများကြောင့် သွေးမြူဆိုင်များအဖြစ်သို့ပြောင်းလဲသွားတော့သည်။
လီယွန်တပ်ဖွဲ့အတွင်းတွင် သွေးလမ်းကြောင်းကြီးတစ်ခုထွက်ပေါ်လာပြီး ဖေး၏အမြန်နှုန်းသည်လည်း အနည်းငယ်မှ နှေးကွေးသွားခြင်းမရှိပေ။
တစ်ချိန်တည်းမှာပင် နာကျင်စွာအော်ဟစ်သံများ၊ ဆဲဆိုကြိမ်းမောင်းသံများထွက်ပေါ်လာ၏။
စွမ်းအားမြင့်သိုင်းဆရာနှစ်ယောက် ပြေးတန်းလိုက်တန်းကစားနေသည့်အတွက်ကြောင့် လီယွန်အင်ပါယာတပ်ဖွဲ့ဖွဲ့စည်းပုံသည်လည်း ဗရမ်းဗတာဖရိုဖရဲဖြစ်ကုန်တော့သည်။
ဤသည်မှာ စွမ်းအားမြင့်သိုင်းဆရာများ၏ စစ်ပွဲအပေါ်သက်ရောက်မှုပင်။
မင်းသာဂိုမီသည် ထွက်ပြေးလွတ်မြောက်ရန်ကြိုးစားနေသော်လည်း ဖေးသည်သူ့အနောက်မှတင်းကြပ်စွာလိုက်ပါနေလျှက်ရှိသည်။ လီယွန်အင်ပါယာ၏ စစ်သည်တပ်ဖွဲ့များသည် ပွက်ပွက်ဆူနေသည့်ရေနွေးအိုးတစ်ခုလိုပင် လှုပ်ရှားပြေးလွှားနေကြေသော်လည်း သူတို့၏မင်းသားအား ဖေးလိုက်ဖမ်းနေခြင်းကိုရပ်တန့်နိုင်ခြင်းမရှိကြပေ။
ဖေးနီးကပ်လာနေသည်ကိုမြင်ရသည့်အချိန်တွင် အမဲရောင်လူဝံကြီးသည်လည်းပို၍စိုးရိမ်လာတော့သည်။ ရန်သူလိုက်ဖမ်းနေသည့်အတွက်ကြောင့် ကြောက်လန့်နေပြီး ဖေးထံမှခံစားနေရသည့် သတ်ဖြတ်လိုသောအရှိန်၀ါတို့ကြောင့် ရန်သူသည်သူ့အားအရှင်ဖမ်းရန်ကြိုးစားနေခြင်းမဟုတ်သည်ကိုလည်းသိရှိလိုက်သည်။
လီယွန်အင်ပါယာဘက်မှသိုင်းဆရာများသည် စွမ်းအားမြင့်မားသည့်ဖေးအားရပ်တန့်နိုင်ခြင်းမရှိသည့်အတွက် ဂိုမီသည်တစ်နေရာသို့လှမ်းကြည့်လိုက်ပြီးကောက်ကျစ်သည့်အပြုံးတစ်ခုသည်လည်း သူ၏မျက်နှာပေါ်သို့ရောက်ရှိလာတော့သည်။ စက္ကန့်၀က်အတွင်းမှာပင် သူသည် လေပေါ်သို့ခုန်တက်လိုက်ပြီးအော်မွန်းတပ်ဖွဲ့များစခန်းချထားသည့်နေရာသို့ ဦးတည်ကာပျံသန်းသွားတော့သည်။
"အော်မွန်းအင်ပါယာဘက်မှာတော့ ဒီသောက်ဇီးနစ်သားကိုသတ်နိုင်တဲ့သိုင်းဆရာတွေရှိလောက်တယ်" သူတွေးလိုက်မိသည်။ သူသည် ပူလောင်သည့်မီးခဲကို အော်မွန်းသားများ၏ပေါင်ပေါ်သို့ ပစ်ပေး၍ ကိုယ်လွတ်ရုန်းရန်ကြံနေခြင်းပင်။
......
-မြို့တော်စိန့်ပီတာစဘာ့တ် ဂိတ်တံခါးပေါ်တွင်-
ဤအရာများအားလုံးကို မှန်ပြောင်းတစ်ခုဖြင့်ကြည့်နေသည့် ဇီးနစ်စစ်ပွဲနတ်ဘုရားအာရှဗင်ထံတွင် အကြံစည်တစ်ခုရှိနေပြီဖြစ်သည်။ မျက်နှာပေါ်တွင် အပျော်လွန်သည့်အမူယာတစ်ခုဖြင့် သူသည် အမိန့်များစွာကိုပေးလိုက်၏။
တင်းကြပ်စွာပိတ်ထားခဲ့သည့် စိန့်ပီတာစဘာ့တ်ဂိတ်တံခါးကြီး ရုတ်တရက်ပွင့်လာ၏။
လက်နက်ချပ်၀တ်အပြည့်စုံတပ်ဆင်ထားသည့် ဇီးနစ်အင်ပါယာမှမြင်းစစ်သည်များသည် မြို့တော်အတွင်းမှ အနက်ရောင်ရေလှိုင်းများကဲ့သို့ပင် ပြေးထွက်လာပြီး မြင်းခွာသံများသည် ကောင်းကင်ပေါ်တွင်ပဲ့တင်နေတော့သည်။ ညီညာသည့်ဖွဲ့စည်းပုံများဖြင့် သူတို့သည် ဖရိုဖရဲဖြစ်နေသည့် လီယွန်တပ်ဖွဲ့များထံသို့၀င်ရောက်၍ အညှာတာကင်းမဲ့စွာ စတင်တိုက်ခိုက်သတ်ဖြတ်တော့သည်။
ဇီးနစ်အင်ပါယာ၏ တန်ပြန်တိုက်ခိုက်ခြင်းစတင်ပြီဖြစ်သည်။