"ငါတို့ချမ်းဘော့ဒ်ဘုရင်ကို ယုံကြည်ရမယ်"
Vol. 54 Ch. 835
ရန်သူ၏ဖရိုဖရဲဖြစ်နေသည့် စခန်းများတပ်ဖွဲ့များထံမှ အချက်ပေးခရာသံများထွက်ပေါ်လာ၏။ ဇီးနစ်မြင်းစစ်သည်တော်များ၏ တန်ပြန်တိုက်ခိုက်ခြင်းကိုခံနေခဲ့ရသည့် ရန်သူတပ်ဖွဲ့များသည် ဤအခွ့င်ရေးကိုအသုံးပြု၍ ပြန်လည်စုစည်းကာတိုက်ခိုက်ကြတော့သည်။
ကောင်းကင်ပေါ်တွင်ဖြစ်ပျက်သွားခဲ့သည့်အရာနှင့် မင်းသားဂိုမီ၏ ရယ်သံသည် ပူးပေါင်းတပ်ဖွဲ့များ၏ စိတ်ဓာတ်ကိုပြန်လည်မြင့်မားလာခဲ့စေသည်။
တစ်ဖက်တွင် ဇီးနစ်အင်ပါယာမှမြင်းစစ်သည်တော်များသည် ရဲရင့်ကြသော်လည်းသိုင်းဆရာများ၏ ကာကွယ်စောင့်ရှောက်မှုကိုမခံထားရပေ။ ရန်သူသိုင်းဆရာများ၏ စွမ်းအားကို သူ၏အရှိန်၀ါဖြင့် ဖိနှိပ်ထားသည့် ချမ်းဘော့ဒ်ဘုရင်မရှိတော့သည့်အတွက်ကြောင့် အခက်ခဲအမျိုးမျိုးနှင့် စတင်ရင်ဆိုင်လာရတော့သည်။ ထို့အပြင် လူအင်အားကွာခြားချက်သည်လည်း စတင်ပေါ်လွင်လာသည့်အတွက်ကြောင့် တစ်နေရာမှ တစ်နေရာသို့သွားလာရွေ့လျားရန်ပင်ခက်ခဲလာတော့သည်။
တဖြည်းဖြည်းခြင်းဖြင့် ဇီးနစ်အင်ပါယာ၏ မြင်းစစ်သည်တော်များဘက်မှ အကျဆုံးများလာတော့၏။
......
-မြို့တော်စိန့်ပီတာစဘာ့တ် ပင်မဂိတ်တံခါးပေါ်တွင်ရှိသည့် မျှော်စင်ပေါ်တွင်-
"အရှင့်သား အခြေနေမကောင်းတော့ဘူး။ ချမ်းဘော့ဒ်ဘုရင်တိုက်ပွဲကျသွားပြီ။ သူ့ရဲ့ဖိအားမရှိတော့ရင် ဒီခွေးသွားတွေက ပြန်ပြီးတော့ စုစည်းနိုင်လာပြီး ကျွန်တော်တို့မြင်းစစ်သည်တွေကို ထိထိရောက်ရောက်တိုက်ခိုက်ကြတော့မယ်။ ကျွန်တော်တို့ဘက်မှာ လူအင်အားလည်းနည်းနေတယ်...မြင်းစစ်သည်တွေကိုပြန်လည်ဆုတ်ခွာခိုင်းသင့်တယ်"
"ဟုတ်တယ် အရှင့်သား။ ကျွန်တော်တို့ သူတို့ကိုပြန်ခေါ်မှရမယ်။ ကျွန်တော်တို့လက်ရှိမှာ အောင်နိုင်မှုအငယ်စားလေးရထားတာပဲ။ မြင်းစစ်သည်တွေကို ဆက်ပြီးတိုက်ခိုက်ခိုင်းထားရင် စစ်သည်တွေအကုန်အသတ်ခံရတော့မယ်"
"ရန်သူအရေတွက်များလွန်းတယ်...ကျွန်တော်တို့မြင်းစစ်သည်တွေဖောက်ထွက်နိုင်မှာမဟုတ်ဘူး"
သွေးသံမဏိတပ်ဖွဲ့မှစစ်ရေးခေါင်းဆောင်များသည် ဒေါသဖြစ်ကြေကွဲသည့်အမူယာများဖြင့်ပြောလိုက်ကြသည်။ သူတို့၏နှလုံးသားများမှ သွေးယိုစိမ့်နေသလို ခံစားနေရသော်လည်း ဘာမှတတ်နိုင်ခြင်းမရှိပေ။
သူတို့သည် ချမ်းဘော့ဒ်ဘုရင်နှင့်အဆင်မပြေခဲ့ကြသော်လည်း လက်ရှိအခိုက်တန့်တွင် ချမ်းဘော့ဒ်ဘုရင်ဘက်မှ ရပ်တည်နေကြပြီးလက်ရှိအဖြစ်ပျက်ကို ၀မ်းသာကျေနပ်ခြင်းမရှိကြပေ။
ထို့အပြင် သေချာစဥ်းစားတွေးခေါ်ပြီး ဇီးနစ်စစ်ပွဲနတ်ဘုရားမင်းသားအာရှဗင်အား မြင်းတပ်ဖွဲ့ကို ပြန်လည်ရုတ်သိမ်းရန်ဖျောင်းဖျနေကြ၏။
ယခုအချိန်တွင် အာရှဗင်၏ မျက်နှာပေါ်၌ မြင်ရခဲသောတွန့်ဆုတ်သည့်အမူယာတစ်ခုရှိနေ၏။
သူသည် မျှော်စင်ပေါ်တွင်ရပ်နေရင်းဖြင့် ပေါက်ကွဲမှုဗဟိုချက်အား ကြည့်နေလျှက်ရှိသည်။ အနီရောင်စွမ်းအင်လှိုင်းများသည် ထိုပေါက်ကွဲမှုဗဟိုချက်မှ ထွက်ပေါ်လာနေဆဲပင်။ သူ၏မျက်လုံးများကိုနာကျင်စေသော်လည်း စိုက်ကြည့်ကာ တစ်စုံတစ်ခုကိုရှာဖွေရန်ကြိုးစားနေသလိုပင်။
မျှော်စင်၏ လက်တန်းများကိုဆုပ်ကိုင်ပြီး သူ၏မျက်လုံးများတောက်ပနေ၏။ ခက်ခဲသည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရန်အတွက်ကြိုးစားနေခြင်းဖြစ်သည်မှာထင်ရှားလှသည်။
နောက်ဆုံးတွင် သူ၏မျက်လုံးများကို ဖြေးညှင်းစွာပိတ်လိုက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို အတည်ပြုရန်ကြိုးစားနေ၏။
စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ၏နားထင်များပေါ်တွင်ချွေးစက်များစီးကျနေ၏။ အလွန်ပြင်းပြင်းထန်ထန်စဥ်းစားတွေးခေါ်နေသည့်အတွက်ပင်။
အာရှဗင်၏ ဘေးပတ်ပတ်လည်တွင်ရှိနေသည့် စစ်ရေးခေါင်းဆောင်များနှင့် သူနှင့်အတူနှစ်ပေါင်းများစွာအတူရှိနေခဲ့သည့်လူများပင်။
လွန်ခဲ့သည့်စစ်ပွဲများတွင် အာရှဗင်သည် အလွန်တည်ငြိမ်နေလျှက် ခပ်ပြုံးပြုံးနှင့်စကားစမြည်ပြောရင်းပင် ရန်သူများကိုဖျက်ဆီးနိုင်၏။ ထို့ကြော့င် မင်းသားဤကဲ့သို့ဖြစ်နေသည်ကို ခေါင်းဆောင်များမမြင်ဖူးကြပေ။ မင်းသား၏အတွေးများကို အနှောင့်ယှက်ဖြစ်မည်ဆိုးသည့်အတွက်ကြောင့် စကားမပြောပဲငြိမ်နေကြ၏။
ဤတစ်မိနစ်ခန့်အချိန်သည် ထာ၀ရတစ်ခုလိုကြာမြင့်လှသည်။
နောက်ဆုံးတွင် အာရှဗင်သည်သူ၏မျက်လုံးများကိုဖွင့်လိုက်ပြီး အလွန်တည်ငြိမ်ခိုင်မာသည့်အမူယာဖြင့် အမိန့်ပေးလိုက်၏။
"ငါ့အမိန့်ကိုပြောလိုက်ကြ။ အလံတွေနဲ့အချက်ပြပြီး မြင်းစစ်သည်တွေကိုဆက်လက်ချီတပ်တိုက်ခိုက်စေရမယ်။ ရန်သူတွေကို ပြန်လည်မစုစည်းနိုင်အောင်နှောင့်ယှက်ရမယ်။ အနောက်ဘက်ဂိတ်တံခါးကိုကာကွယ်နေတဲ့ မိုးကြိုးနတ်ဘုရားတပ်ဖွဲ့၊ မြောက်ဘက်ဂိတ်တံခါးကိုကာကွယ်နေတဲ့ လူ့ဘီလူးတပ်ဖွဲ့၊ တောင်ဘက်ဂိတ်တံခါးကိုကာကွယ်နေတဲ့ နှင်းမုန်တိုင်းတပ်ဖွဲ့ကို ပြောလိုက်။ သူတို့တပ်ဖွဲ့ရဲ့ သုံးပုံနှစ်ပုံကိုရန်သူစခန်းတွေထဲ၀င်တိုက်ဖို့ စေလွှတ်။ ဘယ်အကြောင်းနဲ့မှ ကြန့်ကြာနေလို့မရဘူး၊၊ င့ါအမိန့်ကိုမလိုက်နာတဲ့လူမှန်သမျှကို သစ္စာဖောက်လို့သက်မှတ်မယ်..အင်ပါယာာတစ်ခုလုံးတိုက်ခိုက်ရမယ်...ဒီစစ်ဆင်ရေးရလဒ်က အင်ပါယာရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးလိမ့်မယ်..." အာရှဗင်သည် သူ၏အမိန့်ကိုရှင်းလင်းစွာချမှတ်လိုက်၏။
"ဟင်" ဘေးပတ်ပတ်လည်တွင်ရှိနေသည့် သစ္စာရှိခေါင်းဆောင်များအားလုံးတုန်လှုပ်သွားပြီး သူတို့၏မျက်နှာအရောင်များပင်ပြောင်းလဲသွားကြသည်။
မင်းသားသည် အတန်ကြာစဥ်းစားပြီးသည့်အချိန်တွင် ဤကဲ့သို့ရူးလောက်သည့်အမိန့်များကိုပေးလိမ့်မည်ဟုထင်မထားခဲ့သည့်အတွက်ပင်။ မင်းသားကိုယ်တိုင်မပြောပါက အရူးတစ်ယောက်သာဤကဲ့သို့ဆုံးဖြတ်ချက်ကိုချမှတ်လိုက်သည်ဟု သူတို့အားလုံးထင်မိကြမည်ဖြစ်သည်။
"သွေးသံမဏိတပ်ဖွဲ့ထဲမှာရှိနေတဲ့ ခေါင်းဆောင်ကစပြီးသန့်ရှင်းရေးသမားအဆုံးအသင့်ပြင်ထားရမယ်...လက်နက်ကိုင်ပြီးတော့ ငါနဲ့အတူ ခံတပ်နံရံအပြင်မှာရှိတဲ့ရန်သူတွေကို သတ်ဖြတ်ရမယ"
အာရှဗင်သည် စိတ်ဆုံးဖြတ်ပြီးသည်မှာ ထင်ရှားလှသည်။ သူသည် နောက်ဆုံးဆုံးဖြတ်ချက်အနေဖြင့် ဇီးနစ်အင်ပါယာ၏ စစ်အင်အား၁၀၀ရာခိုင်နှုန်းကိုအသုံးပြု၍ တိုက်ခိုက်ရန်စီစဥ်ထား"
ပုံမှန်အားဖြင့် သူ၏ဆုံးဖြတ်ချက်ကို လက်အောင်ငယ်သားများကို ရှင်းပြတတ်သည့်လူမဟုတ်ပေ။ သို့သော် သူ၏ဘေးတွင်ရှိနေသည့် ငယ်ရွယ်သောစစ်ရေးခေါင်းဆောင်တစ်ဦး၏ ပခုံးကိုပုတ်ကာ ကျန်ရှိနေသည့်လူများဘက်သို့ လက်၍ပြောလိုက်သည်။ "ငါတို့ချမ်းဘော့ဒ်ဘုရင်ကို ယုံကြည်ရမယ်"
ဤသည်မှာ အလွန်ရှားပါးသည့်အရာပင်။
"ချမ်းဘော့ဒ်ဘုရင်ကို ယုံကြည်ရမယ်လား" ကျန်ရှိနေသည့် ခေါင်းဆောင်များတွေးလိုက်မိကြသည်။
တစ်ခြားအချိန်တစ်ခြားနေရာတွင်ဆိုပါက ဤစကားကို မင်းသားအာရှဗင်၏ ပါးစပ်မှထွက်လာသည်မှာ ရှက်စရာကောင်းနေမည်ဖြစ်သည်။ သို့သော် လက်ရှိအခိုက်တန့်တွင် သွေးသံမဏိတပ်ဖွဲ့၏ခေါင်းဆောင်များနားထဲတွင် မြင့်မြတ်၍ ဂုဏ်ယူစရာကောင်းသလိုခံစားနေရ၏။။
အရာအားလုံးကို ကံကြမ္မာကသာလျှင်ဆုံးဖြတ်ချက်ပေးသည်ဖြစ်သည်။
မင်းသားအာရှဗင်၏ ဆုံးဖြတ်ချက်ကို တုန့်ပြန်လိုက်သလိုပင်။ သူ၏စကားဆုံးသည့်အချိန်တွင် ၀ေးသည့်နေရာမှ တုန်ခါသံများစွာထွက်ပေါ်လာတော့၏။ ထိုအသံများသည် အလွန်ကျယ်လောင်သည့်အတွက်ကြောင့် ပတ်၀န်းကျင်မှအသံများအားလုံးကိုဖုံးလွှမ်းသွား၏။ ကမ္ဘာကြီးတစ်ခုလုံးပျက်ဆီးတော့မလိုပင် ကြောက်စရာကောင်းနေ၏။
လူတိုင်းအံ့သြသွားပြီးဖြစ်ပျက်နေသည့်အရာများကို ကြည့်လိုက်ကြသည်။
ပို၀ေးသည့်နေရာတွင် ခန့်ညားထည်၀ါကာ နတ်ဘုရားများကဲ့သို့ဖြစ်နေသည့် ရွှမ်းကယ်ခြောက်စီးသည် စတင်၍တုန်ခါလာတော့၏။
မမြင်နိုင်သောလက်ကြီးဖြင့် ဆုပ်ကိုင်ခြင်းခံလိုက်ရသလိုပင် ပြင်းထန်စွာတုန်ခါလာကြပြီး အစိမ်းရောင်စွမ်းအင်အကာရံများသည်လည်း စတင်၍မှေးမှိန်လာ၏။
ထို့နောက်တွင် စွမ်းအားကုန်သွားသကဲ့သို့ လေပေါ်တွင်ယိမ်းယိုင်ကာအောက်သို့ထိုးဆင်းလာကြတော့သည်။
"ဒါက..." သွေးသံမဏိစခန်းမှ ခေါင်းဆောင်များသည် အပျော်လွန်သည့်အမူယာများဖြင့် တစ်ယောက်မျက်နှာာတစ်ယောက်ကြည့်လိုက်ကြသည်။
"အဲ့တာအလတ်ဇန္ဒားပဲ..ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒား..ဟားဟား သူပဲ" မင်းသားအာရှဗင်ပင် ပျော်ရွှင်စွာရယ်မောလိုက်သည်။ ထိုအရာသည်လည်း မြင်ရခဲသည့်အရာပင်။
သူတို့ဆုတောင်းနေသလိုပင် ပင်လယ်ကဲ့သို့ရွှေရောင်စွမ်းအင်မီးတောက်များ ပြန်လည်တောက်ပလာတော့သည်။
ထိုအရာသည် ကောင်းကင်လက်သီးချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒား၏ စွမ်းအားပင်။
ချမ်းဘော့ဒ်ဘုရင် မသေသေးပေ။
စိန့်ပီတာစဘာ့တ်ခံတပ်နံရံများပေါ်မှ ပျော်ရွှင်စွာအော်ဟစ်သည့်အသံများထွက်ပေါ်လာ၏။
"ဟားဟား ကောင်းတယ်..ချီတပ်ကြ...ချီတပ်ကြတော့"
မင်းသားအာရှဗင်၏အမိန့်ပေးသံသည် ခံတပ်နံရံပေါ်မှထွက်ပေါ်လာပြီး သူ၏ သတ္တဂုဏ်သတ္တိရွှေရောင်စွမ်းအင်မီးတောက်များလည်းတောက်ပလာ၏။
သိမ်းငှက်ကြီးတစ်ကောင်ကဲ့သို့ပင် ခံတပ်နံရံပေါ်မှ ခုန်ဆင်းသွားလိုက်သည်။ သွေးသံမဏိတပ်ဖွဲ့မှ လက်နက်ချပ်၀တ်များ၀တ်ဆင်ထားကြသည့် စစ်သည်များသည်လည်း ခံတပ်နံရံအနောက်တွင်ရပ်နေကြကာ မင်းသားအတွက်စစ်မြင်းတစ်ကောင်ကို ပြင်ဆင်ပေးထားကြသည်။
"ချွင်" သူသည် မြင်းပေါ်သို့ချက်ချင်းခုန်တက်လိုက်ပြီး ခါးတွင်ချိတ်ထားသည့် ဓားရှည်ကိုဆွဲထုတ်လိုက်၏။
ဓားကိုမြှောက်လိုက်သည်။
သူ၏အရှေ့တွင် ကြီးမားသည့်မြို့တော်သံမဏိဂိတ်တံခါးကြီးသည် ပွင့်လာနေ၏။
သူ၏အနောက်တွင် သွေးသံမဏိတပ်ဖွဲ့၏ ကျွမ်းကျင်စစ်သည်များသည် အမဲရောင်ရေလှိုင်းများကဲ့သို့ရှိနေကြသည်။
ဇီးနစ်စစ်ပွဲနတ်ဘုရား၏ ၀တ်ရုံသည် လေထဲတွင်လွှင့်ပျံနေ၏။
"ငါတို့ စစ်ပွဲတွေကိုမယုံကြည်ဘူး။ လက်နက်တွေကြောင့် ဖြစ်လာတဲ့ ဒဏ်ရာတွေကိုလည်းမုန်းတီးကြတယ်။ ဒါပေမယ့် လက်နက်ကိုင်ဆွဲရမယ့် အချိန်ရောက်လာရင် ဇီးနစ်သားတွေက ဘယ်တော့မှအရှုံးပေးမှာမဟုတ်ဘူး။ အခုချိန်မှာဆိုရင် အင်ပါယာရဲ့သူရဲကောင်း ချမ်းဘော့ဒ်ဘုရင်က ကျူးကျော်လာသူတွေကိုတစ်ယောက်ထဲတိုက်ခိုက်နေပြီ..ရဲရင့်တဲ့စစ်သည်တို့ ငါနဲ့အတူမြို့တော်အပြင်ကိုချီတပ်ပြီး သောက်ကျူးကျော်လာတဲ့ကောင်တွေကို သတ်ဖြတ်ရအောင်.."
စိန့်ပီတာစဘာ့တ်၏ ဂိတ်တံခါးသည် ဖွင့်လာပြီး တံခါးကြားထဲမှ နေရောင်ခြည်ကျရောက်လာ၏။
သူ၏ဓားကို၀ှေ့ရမ်းလိုက်ပြီး မင်းသားအာရှဗင်သည် တပ်ဖွဲ့ကိုဦးဆောင်ကာ မြို့တော်အတွင်းမှ ထွက်သွားတော့သည်။
သူ၏အနောက်တွင် အနက်ရောင်ချပ်၀တ်များ၀တ်ဆင်ထားသည့် စစ်သည်များသည်လည်း တွန့်ဆုတ်ခြင်းမရှိပဲလိုက်ပါလာ၏။
တစ်ချိန်တည်းမှာပင် အရှေ့ဆုံးတွင်ရှိနေသည့် ရွှမ်းကယ်လေးစီးသည် စွမ်းအားကုန်ခမ်းကာ မြေပြင်ပေါ်သို့ ဖြေးညှင်းစွာကျဆင်းလာတော့သည်။
စူးရှသည့်အသံများနှင့် တောက်ပသည့်သတိပေးအလင်းရောင်များသည် ရွှမ်းကယ်များထံမှ တောက်ပနေကြ၏။
ကုန်းဘက်ပေါ်တွင် အော်မွန်းအင်ပါယာမှ စစ်သည်များသည် ပုရွတ်ဆိတ်များကဲ့သို့ပြေးလွှားနေကြ၏။
ရွှမ်းကယ်တစ်စီးစွမ်းအင်ပြတ်တောက်ခြင်းသည် သူတို့အတွက်အသစ်ဆန်းဖြစ်ပုံမရပေ။ စနစ်တကျဖြင့် ပြင်ဆင်ရန်ကြိုးစားနေကြ၏။
သို့သော်မကြာမှီတွင် ရွှမ်းကယ်အား ပြင်ဆင်ထိန်းချုပ်၍မရတော့သည်ကို အော်မွန်းသားများသဘောပေါက်သွားကြ၏။ သူတို့၏ခေါင်းထဲတွင် စိုးရိမ်မှုများအကြောက်တရားများ၀င်လာတော့သည်။
"ဘာတွေဖြစ်ကုန်တာလဲ" ပထမဆုံးရွှမ်းကယ်၏ ကုန်းဘက်ပေါ်တွင်ရပ်နေရင်းဖြင့် လီယွန်အင်ပါယာ၏ မင်းသားဂိုမူမျက်မှောင်ကြုံ့လိုက်သည်။ တစ်စုံတစ်ခုမှားယွန်းနေကြောင်းကို စတင်၍သတိထားမိလာ၏။ တစ်ဖက်သို့လှည့်ကာပြေးတော့မည့်အချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအေးခဲသွားတော့၏။
သူရင်းရင်းနှီးနှီးသိသည့် ကြောက်စရာကောင်းသောအသံတစ်ခုကို သူ၏အနောက်မှကြားလိုက်ရသောကြောင့်ပင်။ "မင်းကို စောင့်ခိုင်းထားရလို့ ဆောတီးပါ။ အခုမင်းကို ငါသတ်လို့ရပြီ"
မည်သည့်အချိန်ကမှန်း ဂိုမီမသိသော်လည်း ဖေးသည် သူ၏အနောက်ကုန်းဘက်ပေါ်တွင်ရပ်နေ၏။ မျက်နှာပေါ်တွင်လှောင်ပြောင်သည့်အမူယာာတစ်ခုဖြင့် ဘုရင်မှဖြေးညှင်းစွာပြောလိုက်သည်။ သတ်ဖြတ်လိုသည့် ဆန္ဒများသည် သူ၏မျက်လုံးများထဲတွင်တောက်ပလနေ၏။
ဤအရာကိုမြင်လိုက်ရသည့်အတွက်ကြောင့် မင်းသားဂိုမီ၏နှလုံးခုန်သံများမြန်ဆန်လာပြီး သေမင်း၏ခေါ်သံကို ကြားလိုက်ရသလိုခံစားလိုက်ရ၏။