"သေချာတွက်ဆထားခဲ့သည့် ထောင်ခြောက်"
Vol. 54 Ch. 834
ရွှမ်းကယ်များသည် အော်မွန်းအင်ပါယာအား အေဇာရုတိုက်ပေါ်တွင် စူပါပါ၀ါအင်ပါယာတစ်ခုဖြစ်လာစေခဲ့သည့် အဓိကအကြောင်းရင်းများထဲမှတစ်ခုပင်။ တကယ်တန်းတွင် အော်မွန်းအင်ပါယာသည် ကောင်းကင်အားစိုးမိုးထားနိုင်သည့် အင်ပါယာများထဲမှတစ်ခုလည်းဖြစ်၏။
အမဲရောင်မျောက်ဝံကြီးသည် မောက်မာစွာရယ်မောလိုက်ပြီး ဖေးထံသို့စိန်ခေါ်သည့်အနေဖြင့် သူ၏လက်များကို၀ှေ့ရမ်းပြလိုက်သည်။ ထို့နောက်တွင် ရွှမ်းကယ်တပ်ဖွဲ့အတွင်းသို့ပျံသန်းသွားလိုက်ပြီး ကပ်ပါးကောင်တစ်ကောင်ကဲ့သို့ပျောက်ကွယ်သွားတော့သည်။
ဖှေးနှာခေါင်းရှုံ့၍ လျှင်မြန်စွာချည်းကပ်သွားလိုက်သည်။
သူ၏ ကျယ်ပြန့်လှသည့် ၀ိဉာဥ်စွမ်းအားများသည်အရှေ့သို့ရေလှိုင်းများလိုပျံသန်းသွားပြီး အန္တရာယ်များသည်ပုံပေါက်နေသည့် ရွှမ်းကယ်တပ်ဖွဲ့အားလွှမ်ခြုံသွားတော့သည်။ ချက်ချင်းလိုလိုပင် သူသည် ရွှမ်းကယ်တပ်ဖွဲ့၏စွမ်းအားကို အကြမ်းဖျင်းသိရှိလိုက်၏။ ထို့ကြော့င် သူသည် ရှေ့သို့ဆက်လက်ပျံသန်းကာ လီယွန်အင်ပါယာမှ မင်းသားဂိုမီကိုလိုက်ဖမ်းရန်အတွက် တွန့်ဆုတ်နေခြင်းမရှိပေ။
ဖှေးချည်းကပ်လာသည်ကိုမသိသည့်အတိုင်းတွင် ရွှမ်းကယ်ခြောက်စီးသည် လေပေါ်တွင်တိတ်ဆိတ်ငြိမ်သက်စွာ၀ဲပျံနေကြ၏။
မကြာမှီတွင် ဖှေးသည် ရွှမ်းကယ်များနှင့် မီတာ၅၀၀ခန့်နီးကပ်သည့်နေရာသို့ ရောက်ရှိလာတော့သည်။
"ဖုန်း ဖုန်း ဖုန်း ဖုန်း"
ရုတ်တရက် ကောင်းကင်ပေါ်တွင်စူးရှသည့်အလင်းတန်းလေးခု တောက်ပလာပြီးတည်ငြိမ်မှုကိုဖျက်ဆီးပစ်လိုက်သည်။
အိပ်ပျော်နေသည့်သားရဲကောင်းများ မျက်လုံးများဖွင့်၍ အစွယ်ဖြဲပြလိုက်သလိုပင်။ အရှေ့ဆုံးတွင်ရှိနေသည့်ရွှမ်းကယ်နှစ်စီးသည် ပြင်းထန်စွာတုန်ခါသွားပြီး အနီရောင်စွမ်းအင်မီးတောက်များတောက်ပလာပြီး သင်္ဘောဦးပိုင်းမှအလင်းတန်းနှစ်ခုကိုပစ်လွှတ်လိုက်သည်။
ကြောက်မက်ဖွယ်ဖျက်ဆီးခြင်းစွမ်းအားများဖြင့် ထိုအလင်းတန်းများသည် ဖှေးထံသို့ဦးတည်ကာပျံသန်းသွားတော့သည်။
မှော်အမြှောက်လက်နက်များပင်။
မှော်အမြှောက်လက်နက်များဖြင့်တိုက်ခိုက်လိုက်ခြင်းဖြစ်၏။
မှော်အမြှောက်လက်နက်များသည် ဤကမ္ဘာပေါ်တွငင်အဆင့်မြင့်မှော်လက်နက်ပစ္စည်းယန္တရားများပင်။ ရန်သူအား တိတိကျကျထိမှန်သွားပါက ရန်သူသည် နေအဆင့်သခင်တစ်ပါးမဟုတ်လျှင် ချက်ချင်းပင်သေဆုံးသွားကြမည်ဖြစ်သည်။
တပ်ဖွဲ့၏အရှေ့ပိုင်းတါင်ရှီနေသည့် ရွှမ်းကယ်နှစ်စီးသည် ချမ်းဘော့ဒ်တိုင်းပြည်သို့လာရောက်တိုက်ခိုက်သည့် ရွှမ်းကယ်လောက်မကြီးမားသော်လည်း တပ်ဆင်ထားသည့်မှော်လက်နက်များသည် အားနည်းနေခြင်းမရှိပေ။
ထိုစွမ်းအင်အလင်းတန်းများကိုရှောင်ရှားရန်မှာလည်း မဖြစ်နိုင်သလောက်ပင်။
သေသေချာချာတွက်ဆထားသည့် ထောင်ခြောက်တစ်ခုဖြစ်သည်မှာ ထင်ရှားလှသည်။
ရွှမ်းကယ်ပေါ်တွင်ရှိနေသည့် အော်မွန်းသားများသည် တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြသော်လည်း ဤထောက်ခြောက်အတွက် ကြိုတင်ပြင်ဆင်နေခဲ့ကြသည်မှာ ထင်ရှားလှသည်။ ဖေး မှော်လက်နက်များပစ်လွှတ်နိုင်သည့်နေရာာသို့ရောက်ရှိလာမည့်အချိန်ကိုစောင့်ဆိုင်းနေကြခြင်းပင်။
ဘုရင်ပစ်ကွင်းထဲသို့၀င်လာသည်နှင့်တစ်ပြိုင်နက် မှော်လက်နက်များသည် ချက်ချင်းပစ်လွှတ်လိုက်ကြပြီး ဖှေးထွက်ပြေးလွတ်မြောက်နိုင်သည့် လမ်းကြောင်းများအားလုံးကိုပိတ်ဆို့လိုက်ကြ၏။
အော်မွန်သားများသည် ဖေးကိုချက်ချင်းသတ်ဖြတ်ပစ်လိုကြသည်။
ဤအရာကိုမြင်သည့်အချိန်တွင် မြို့တော်စိန့်ပီတာစဘာ့တ်၏ ခံတပ်နံရံများပေါ်မှ အခြေအနေကိုကြည့်ရှုအကဲခတ်နေခဲ့ကြသည့် ဇီးနစ်သားများအားလုံးဒေါသဖြစ်သွားကြသည်။
စိန့်ပီတာစဘာ့တ်ဂိတ်တံခါးရှေ့တွင် လီယွန်အင်ပါယာာမှသိုင်းဆရာများကို ဖေးသတ်ဖြတ်လိုက်သည့်အချိန်တွင် မြို့တော်ခံစားနေခဲ့ရသည့် ဖိအားများသည် အနည်းငယ်ပေါ့ပါးသွားခဲ့၏။
မင်းသားအာရှဗင်သည် ဖေးနှင့်ဆက်ဆံရေးအဆင်မပြေခဲ့သည်များရှိသော်လည်း အရေးကြီးသည်ကိုနားလည်ပြီး အမိန့်များစွာချမှတ်ကာ ဖေးနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ယခုအချိန်တွင် ခံတပ်နံရံပေါ်တွင်ရှိနေသည့် ဇီးနစ်သားများအားလုံးရုတ်တရက်ရောက်ရှိလာခဲ့သည့် ကယ်ရှင်သည် ချမ်းဘော့ဒ်ဘုရင်ဖြစ်သည်ကိုသိရှိပြီးဖြစ်၏။
ချမ်းဘော့ဒ်ဘုရင်သည် ကောင်းကင်ပေါ်မှပျံသန်းလာပြီး ရန်သူသိုင်းဆရာများစွာကိုသတ်ကာ မြို့တော်ကိုကယ်တင်ခဲ့သည်။
ကျန်ရှိနေသည့် ဂိတ်တံခါးများကို ကာကွယ်နေကြသည့် ခေါင်းဆောင်များသည်လည်း ချမ်းဘော့ဒ်ဘုရင်ရန်သူတပ်များကိုဖရိုဖရဲဖြစ်အောင်လုပ်နေသည့်အချိန်တွင် ဂိတ်တံခါးများကိုဖွင့်၍ စစ်သည်များစေလွှတ်ကာ တန်ပြန်တိုက်ခိုက်ရန်အမိန့်များကို မင်းသားအာရှဗင်ထံမှရရှိခဲ့သည်။
လွန်ခဲ့သည့်အခိုက်တန့်က ချမ်းဘော့ဒ်ဘုရင်သည် ရန်သူတပ်ဖွဲ့များထံသို့ပျံသန်းသွားပြီး ရန်သူစခန်းများထံမှ အော်ဟစ်သံများစွာထွက်ပေါ်လာခဲ့သည်။
ဇီးနစ်အင်ပါယာ၏ စစ်သည်များ၊ ခေါင်းဆောင်များအားလုံးပျော်ရွှင်ခဲ့ကြပြီး သူတို့သည် သူရဲကောင်းဖြစ်သည့်ချမ်ဘော့ဒ်ဘုရင်အားမလေးစားပဲမနေနိုင်ကြတော့ပေ။
ရလဒ်အနေဖြင့် ဖေးမြို့တော်ထဲတွင်သောင်းကျန်းခဲ့သည့်အတွက်ကြောင့် ထွက်ပေါ်လာခဲ့သည့် ကောလဟာလများစွာသည် ဤစစ်ပွဲအတွင်းတွင်ပျောက်ကွယ်သွားခဲ့သည်။
သူရဲကောင်းများသည် ဆိုး၀ါးသည့်အခြေအနေတွင်သာ ထွက်ပေါ်လာတတ်ကြ၏။
မြို့တော်စိန့်ပီတာစဘာ့တ်သည် ပြိုလဲခါနီးဖြစ်နေပြီး ဇီးနစ်သားများအလွန်စိုးရိမ်နေခဲ့ကြသည်။ ဤအခိုက်တန့်တွင် ဖေးသည်အချိန်မှီရောက်ရှိလာခဲ့ပြီး ဇီးနစ်သားများ၏စိတ်ထဲတွင်သူရဲကောင်းအစစ်မှန်တစ်ယောက်ဖြစ်လာခဲ့သည်မှာ ပဲရစ်၏အစီစဥ်တစ်ခုပင်။ ချမ်းဘော့ဒ်ဘုရင်၏ ပြိုင်ဘက်ကင်းမဲ့သောစွမ်းအားများသည် ဇီးနစ်သားများအတွက် မျှော်လင့်ချက်အလင်းရောင်တစ်ခုဖြစ်လာခဲ့၏။
ထို့ကြောင့် ရာနှင့်ချီသောစစ်သည်များ၏ အာရုံစိုက်မှုသည် ဖေးအပေါ်သို့ကျရောက်နေ၏။
ချမ်းဘော့ဒ်ဘုရင်သည် လီယွန်အင်ပါယာမှ မင်းသားအနောက်သို့ အမဲလိုက်သလိုပြေးလိုက်နေသည့်အချိန်တွင် ဇီးနစ်သားများ၏စိတ်ထဲတွင်ရှိနေသည့် မကျေနပ်မှုများဒေါသများအားလုံးဖောက်ထုတ်လိုက်သလိုခံစားလိုက်ရ၏။
ယခုအချိန်တွင် မျှော်လင့်ချက်ရောင်ခြည်များပြန်မြင်နေရသည့် ဇီးနစ်သားများသည် အော်မွန်းအင်ပါယာ ရွှမ်းကယ်များ၏ မှော်အမြှောက်တိုက်ခိုက်မှုများကိုမြင်လိုက်ရသည့်အချိန်တွင် ပြန်လည်စိတ်ဓာတ်ကျဆင်းလာကြ၏။ ချမ်းဘော့ဒ်ဘုရင်သည် ထိုလက်နက်များဖြင့် တိုက်ခိုက်ခံလိုက်ရသည့်အတွက်ပင်။
ဤမှော်အမြှောက်လက်နက်များ၏ စွမ်းအားကိုဇီးနစ်သားများကြုံတွေ့ခဲ့ဖူးသည်။ အော်မွန်းသားများသည် မြို့တော်ကိုသိမ်းပိုက်နေခဲ့သည့်အချိန်တွင် ထိုလက်နက်များကိုအသုံးပြုခဲ့သည်။ ထိုစဥ်ကအကြောင်းကို တွေးလိုက်မိသည့်အချိန်တိုင်းတွင် ဇီးနစ်သားများ၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးမျှင်များအားလုံးထောင်မက်သွားကြ၏။
သို့သော် အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် ထိုရွှမ်းကယ်များထဲမှတစ်စီးသည် တပ်ဖွဲ့ထဲမှထွက်ခွာ၍ တစ်နေရာရာသို့သွားခဲ့ပြီး ကျန်ရှိနေသည့် ရွှမ်းကယ်ခြောက်စီးသည်လည်းတိုက်ခိုက်နေခြင်းများကိုရပ်တန့်လိုက်ပြီး အနောက်သို့အနည်းငယ်ဆုတ်ခွာသွားခဲ့သည်။ သို့မဟုတ်ပါက မြို့တော်စိန့်ပီတာစဘာတ့်သည် ယခုအချိန်တွင် ပြာပုံဖြစ်နေလောက်ပြီးဖြစ်၏။
လက်ရှိအခိုက်တန့်တွင် ရွှမ်းကယ်များထံမှပစ်လွှတ်လိုက်သည့် စွမ်းအင်အလင်းတန်းလေးခုသည် လူတိုင်း၏အကြည့်များအောက်တွင် ချမ်းဘော့ဒ်ဘုရင်အားလွှမ်းခြုံသွားတော့၏။
စွမ်းအင်အလင်းတန်းလေးခုသည် ချမ်းဘော့ဒ်ဘုရင်ထံသို့ရောက်ရှိသွားသည့်အချိန်တွင် ကြီးမားသည့်အလင်းရောင်စက်လုံးကြီးတစ်ခုသည်ကောင်းကင်ပေါ်တွင်နေမင်းတစ်ခုလို တောက်ပလာတော့၏။ ထိုစက်လုံးမှအလင်းတန်းများသည် အရာအားလုံးကို ထိုးဖောက်လွှမ်းခြုံ၍ နေရာတစ်၀ိုက်တွင်ရှိနေသည့်အရာရာကိုအနီရောင်အဖြစ်သို့ပြောင်းလဲသွားစေသည်။
ကြည့်နေသည့်လူများအားလုံးသူတို့၏ မျက်လုံးများလောင်ကျွမ်းသွားသလိုခံစားလိုက်ရပြီး မျက်ရည်ပူများကျဆင်းလာ၏။
ထိုအလင်းရောင်သည် ပို၍နီးကပ်သည့်နေရာတွင်ရှိနေသည့် သာမန်စစ်သည်များကိုမျက်လုံးကန်းသွားစေသည့်အတွက်ကြောင့် ထိုလူများနာကျင်စွာအော်ဟစ်နေကြ၏။
မြင်ကွင်းသည် ကြောက်မက်ဖွယ်ပင်။
ထို့နောက်တွင် ထိုအလင်းစက်လုံးသည် လေထိုးလိုက်သည့် ပူဖောင်းတစ်လုံးကဲ့သို့ ကြီးမားပြန့်ကားလာတော့၏။
နောက်အခိုက်တန့်တွင် ကြီးမားစွာပေါက်ကွဲသည့်အသံကြီးများထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများသည် ကောင်းကင်ပေါ်တွင်နတ္တိလောကနှင့်ဆက်နွယ်နေသည့် အနက်ရောင်အက်ကွဲကြောင်းကြီးများကိုဖြစ်ပေါ်စေသည်။ ထိုအက်ကွဲကြောင်းကြီးများသည် အရာရာကို၀ါးမျိုးစားသောက်နိုင်နေသလိုပင်။
ဤကြောက်မက်ဖွယ်မြင်ကွင်းသည် ကောင်းကင်ဘုံတွင်ရှိနေသည့် နတ်ဘုရားများဒေါသဖြစ်ပြီးချမ်းဘော့ဒ်ဘုရင်အား အပြစ်ပေးလိုက်သလိုပင်။
ကီလိုမီတာများစွာ၀ေးလံသည့်နေရာတွင် ဇီးနစ်အင်ပါယာမှ ခေါင်းဆောင်များ၊ စစ်သည်များသည် ဖိအားများကြော့င် မွန်းကြပ်လာပြီး ပို၍အားနည်းသည့်လူများဆိုလျှင် သတိလစ်မေ့မျောသွားကြ၏။
ပေါက်ကွဲမှု၏အလည်တွင် ချမ်းဘော့ဒ်ဘုရင်ရင်ဆိုင်နေရသည့်စွမ်းအားမည်မျှကြီးမားသည်ကိုဖော်ပြနေ၏။ သာမန်လူသေမျိုးများ၏အဆင့်ထက်ပင်ကျော်လွန်နေ၏။
"ချမ်းဘော့ဒ်ဘုရင်က ဘယ်လောက်ပဲစွမ်းအားကြီးကြီး အသွေးနဲ့အသားနဲ့သာမန်လူတစ်ယောက်ပဲ..ဒါကိုခံနိုင်ပါ့မလား..." လူများတွေးလိုက်မိကြသည်။
ပေါက်ကွဲမှုဗဟိုချက်တွင်ရှိသော နေရာအာကာသကြီးတစ်ခုလုံးပြိုလဲပျက်ဆီးသွားပြီး နတ္တိလောကအတွင်းသို့စုပ်ယူခံလိုက်ရသည်ကိုမြင်လိုက်ရသည့်အတွက်ကြောင့် ဇီးနစ်သားများအားလုံး မျှော်လင့်ချက်မဲ့ကာအေးစက်သွား၏။
သူတို့သည် ဆုတောင်းခဲ့ပြီး သူတို့အားကယ်တင်နိုင်သည့်စွမ်းအားမြင့်မားသောသူရဲကောင်းတစ်ယောက်ရောင်လာခဲ့သည်။
"ဒါပေမယ့် သူကငါတို့ကိုကယ်တင်ပြီး စစ်ပွဲနိုင်အောင်မဦးဆောင်နိုင်သေးခင်မှာပဲ အော်မွန်းသားတွေရဲ့ထောင်ခြောက်ကြောင့် သေဆုံးသွားခဲ့ပြီထင်တယ်။ နတ်ဘုရားတွေကိုယ်တိုင်ကိုက ဇီးနစ်အင်ပါယာကိုပျက်ဆီးချင်နေတာလား.." ဇီးနစ်သားများတွေးလိုက်မိကြသည်။
-မြင့်မားသောကောင်းကင်ပေါ်တွင်-
ကစဥ့်ကလျားပုလ္လင်ပေါ်တွင်ထိုင်နေရင်းဖြင့် ပဲရစ်သည်ပေါက်ကွဲမှုအားဂရုတစိုက်ကြည့်နေလျှက်ရှိသည်။
ပုလ္လင်အားသူမထိန်းချုပ်နိုင်ခြင်းမရှိသည့်အတွက် ထိုနေရာတွင်ပင်ရှိနေကာ စောင့်ဆိုင်းရုံသာတတ်နိုင်၏။ ပေါက်ကွဲမှုဖြစ်သွားခဲ့သောနေရာသို့သွားရောက်၍ ကြည့်ရှုနိုင်ခြင်းမရှိပေ။
"ရှင်အဆင်ပြေမယ်မဟုတ်လား...ဒါကို ရှင်ကြံ့ကြံ့ခိုင်နိုင်မှာပါ"
အေးစက်ကာရက်စက်တတ်သည်ဟုလူသိများသည် နတ်ဆိုးအမျိုးသမီးပဲရစ်သည် ၀မ်းနည်းသည့်အသံဖြင့် တစ်ယောက်ထဲရေရွတ်လိုက်၏။
......
"ဟားဟားဟား မင်းတော့သေပြီ။ ဟားဟား နောက်ဆုံးတော့ မင်းသေသွားပြီပေါ့။ မင်းင့ါကို သတ်ချင်တယ်လို့ မပြောခဲ့ဘူးလား။ ဟားဟား အခုဆိုရင် ဇီးနစ်အင်ပါယာတော့ ဇာတ်သိမ်းပြီလေ"
ရွှမ်းကယ်၏ အစိမ်းရောင်စွမ်းအင်အကာရံထဲတွင် မင်းသားဂိုမီသည် သင်္ဘောကုန်းဘက်ပေါ်တွင်ရပ်နေရင်းဖြင့် အရူးတစ်ယောက်လို ရယ်မောနေ၏။
သူ၏ရယ်သံသည် နေရာတစ်ခုလုံးတွင်ဟိန်းရံနေ၏။
ဇီးနစ်သားများသည် ဒေါသဖြစ်နေကြသော်လည်း ဘာမှတတ်နိုင်ခြင်းမရှိပေ။