"ဂန်ဒိုကန်"
Vol. 54 Ch. 837
ဖေးသူ၏၀ိဉာဥ်စွမ်းအားများကို ဖြန့်ကျက်ခဲ့သည့်အချိန်တွင် ပင်မရွှမ်းကယ်ကြီးပေါ်တွင်စွမ်းအားမြင့်မားသည့် ရန်သူတစ်ယောက်ရှိနေကြောင်းကို သိရှိခဲ့ပြီးဖြ်စသည်။ ထို့ကြောင့် ထိုလူ၏အသံကိုကြားလိုက်ရသည့်အချိန်တွင် ကြောက်လန့်ခြင်းမရှိပေ။
မျက်နာပေါ်တွင်အပြုံးတစ်ခုနှင့် သူသည် လအဆင့်သိုင်းဆရာများကို လိုက်လံသတ်ဖြတ်နေခြင်းအား ရပ်တန့်လိုက်ပြီး ပင်မရွှမ်းကယ်ကြီး၏အရှေ့သို့ ပျံသန်းသွားလိုက်သည်။
"ဘာလဲ မင်းကအခုမှ စကားပြောချင်လို့လား" ဖေးသည် ရွှမ်းကယ်အားကြည့်ကာပြောလိုက်သည်။ "စစ်ပွဲရပ်ချင်တယ်ဆိုရင် မင်းရဲ့ရိုးသားမှုကိုလုံလုံလောက်လောက်ပြရလိမ့်မယ်"
"ဒီလိုနှိုင်းယှဥ်လို့မရတဲ့ ပါရမီရှင်တစ်ယောက် ဇီးနစ်လို လယ်ဗယ်၁အင်ပါယာတစ်ခုမှာ မွေးဖွားလာခဲ့လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး။ တကယ်ပဲ အံ့သြစရာကောင်းပါတယ်" အနီရောင်စွမ်းအင်မီးတောက်များသည် ရွှမ်းကယ်ပေါ်မှ တောက်ပလာပြီး သင်္ဘောဦးပိုင်းတွင်လူတစ်ချို့ရောက်ရှိလာ၏။ ဦးဆောင်လာသည့်လူသည် အရပ်၁.၇မီတာခန့်ရှိပြီး အနက်ရောင်အစင်းကြောင်းများပါရှိသည့်ရွှေရောင်၀တ်ရုံတစ်ထည်ကို၀တ်ဆင်ထား၏။ သူ၏ အရိုးတည်ဆောက်ပုံမှာကြီးမားပြီး ကြံ့ခိုင်သန်မာသည့်ခြေလက်များရှိသည်။ သူ၏အမူယာသည်လည်း ဆုံးဖြတ်ချက်ခိုင်မာသည့်ဟန်ရှိ၏။ အနက်ရောင်ဆံပင်တိုများသည် သူ၏ဦးခေါင်းပေါ်တွင် အပ်စူးချွန်များကဲ့သို့ထောင်မက်နေ၏။ မျက်လုံးများသည် သိမ်းငှက်မျက်လုံးများကဲ့သို့ပင် စူးရှနေသည်။ အနည်းငယ်အရပ်ပုသည်မှာလွဲ၍ အသက်၂၀ခန့်ရှိသောခန့်ညားသည့်လူငယ်တစ်ယောက်ဟုဆိုနိုင်၏။
သူ၏ဘေးတွင် အမဲရောင်နှင့်အ၀ါရောင်ချပ်၀တ်များ၀တ်ဆင်ထားသည့် အော်မွန်းအင်ပါယာမှ သိုင်းဆရာငါးဦးခန့်ရှိနေပြီး သူတို့အားလုံးသည် ဖေးအားသတိကြီးကြီးဖြင့် စောင့်ကြည့်နေကြ၏။
ကျယ်ပြန့်လှသည့် မီးစွမ်းအင်များစွာကို ဤလူငယ်ထံမှခံစားနေရပြီး ဤလူသည်မနက်ခင်းနေမင်းအဆင့်သို့ရောက်ရှိနေသည့် နေအဆင့်သခင်တစ်ပါးဖြစ်သည်မှာထင်ရှားလှသည်။
ထိုလူကိုမြင်လိုက်ရသည့်အချိန်တွင် ကြောက်လန့်နေခဲ့သည့် လီယွန်အင်ပါယာမှ မင်းသားဂိုမီသည် မျှော်လင့်ချက်အလင်းရောင်တစ်ခုကို မြင်လိုက်ရသလိုပင်။ မျက်လုံးထဲတွင် အသက်ရှင်လိုသည့်အရိပ်ယောင်များတောက်ပလာပြီး သခင်ကိုတွေ့သည့်ခွေးတစ်ကောင်ကဲ့သို့ ထိုလူ၏အနားကိုပြေးကပ်သွားလိုက်သည်။
သူအော်ပြောလိုက်သည်။ "ဂန်ဒိုကန် အရှင့်သား။ ကျေးဇူးပြုပြီးတော့ ဒီလိုကိုအမြန်သတ်လိုက်ပါ။ သူ့အတွက်ကြော့င်သာမဟုတ်ဘူးဆိုရင် ကျွန်တော်တို့အင်ပါယာဆယ်ခုပူးပေါင်းတပ်ဖွဲ့တွေရှုံးနိမ့်မှာမဟုတ်ဘူး။ သူ့ကြောင့်သာမဟုတ်ဘူးဆိုရင် အော်မွန်းအင်ပါယာရဲ့ ရွှမ်းကယ်နှစ်စီးလဲပျက်ဆီးခဲ့မှာမဟုတ်ဘူး။ ဒီလူက နတ်ဆိုးတစ်ပါးလိုပဲ။ ကျွန်တော်တို့ ဒီကောင့်ကို အသက်ရှင်ခွင့်ပေးလို့မရဘူး။ အဲ့လိုမှမဟုတ်ဘူးဆိုရင်..."
ဂိုမီ၏မျက်လုံးထဲတွင် အမုန်းတရားများဖြင့်သာပြည့်နှက်နေ၏။ ပြောနေသည့်စကားများသည်လည်း ကျိမ်ဆဲသည့်အသွင်သို့ပြောင်းလဲသွားကာ အော်ဟစ်လိုက်သည်။
ဖေးပြုံးသာပြုံးလိုက်၏။
ဂန်ဒိုကန်ဟုအမည်ရသည့် အော်မွန်းအင်ပါယာမင်းသားသည်လည်း ဂိုမီအားကြည့်ရုံသာကြည့်လိုက်သည်။
မည်သည့်အတွက်ကြောင့်မသိသော်လည်း အကြည့်ခံလိုက်ရသည့်အချိန်တွင် ဂိုမီတစ်ယောက်ရေခဲဂူအတွင်းသို့ရောက်သွားသလိုခံစားလိုက်ရ၏။ဤစွမ်းအားမြင့်မားသောအော်မွန်းမင်းသား မနှစ်သက်သည်ကိုရိပ်မိလိုက်သည့်အတွက်ကြောင့် ဆဲဆိုတော့မည့်စကားများကို မျိုသိပ်လိုက်ရသည်။ ထို့ကြောင့် ပါးစပ်ပိတ်ကာ ဘေးတွင်၀င်ရပ်လိုက်၏။
"ဒီကမ္ဘာပေါ်မှာ စွမ်းအားမြင့်မားတဲ့လူတွေသာပဲအသက်ရှင်နိုင်မယ်။ အားနည်းတဲ့လူတွေရဲ့ကံကြမ္မာကို စွမ်းအားမြင့်တဲ့သိုင်းဆရာတွေကပဲ အဆုံးဖြတ်ပေးလိမ့်မယ်"
ဂန်ဒိုကန်သည် ဖေးအားသူ၏ အေးစက်ပြာလဲ့နေသည့်သိမ်းငှက်ကဲ့သိုသောမျက်လုံးများဖြင့်ကြည့်ကာ ခေါင်းငြိမ့်၍ဆက်ပြောလိုက်သည်။ "ဇီးနစ်အင်ပါယာမှ မင်းလိုအရည်ချင်းရှိတဲ့စစ်သည်တော်တစ်ယောက်ရှိနေတော့ ဇီးနစ်အင်ပါယာကလည်း အင်ပါယာအခြင်းခြင်းစစ်ကြေငြာတော့မယ့် အမှောင်ခေတ်ထဲမှာ အထင်မြင်ကိုဖော်ပြခွင့်ရှိတဲ့ အင်ပါယာတစ်ခုပဲ။ ဇီးနစ်အင်ပါယာက အော်မွန်းအင်ပါယာရဲ့ မဟာမိတ်ဖြစ်လာဖို့ အရည်ချင်းပြည့်မှီတဲ့အင်ပါယာတစ်ခုလို့ ငါသက်မှတ်တယ်..အဲ့တာကြောင့် ငါတို့စစ်ပွဲကိုအခုပဲရပ်လိုက်ရအောင်"
ဖေးထိုလူ၏စကားကိုကန့်ကွက်ခြင်းမပြုသော်လည်း သဘောတူခြင်းလဲမရှိပေ။
သို့သော် ဒဏ်ရာရရှိနေသည့် အော်မွန်းအင်ပါယာမှ စစ်ရေးခေါင်းဆောင်တစ်ယောက်သည် ဂန်ဒိုကန်၏ စကားများကိုကြားသည့်အချိန်တွက် ချက်ချင်းပင်စိတ်ခံစားချက်များပြင်းထန်လာတော့သည်။ "အရှင့်သား ဒီကောင်က အရှင့်ရဲ့ညီတော်ရှန်ချူအာကို သတ်ခဲ့တဲ့ မြို့ခံကောင်ပဲ။ အရှင်ဒီ..ဒီမြို့ခံကောင်ကို ချမ်းသာပေးလို့မရဘူး။ ဒီမြို့ခံကောင်ကို အသက်ရှင်ခွင့်ပေးလိုက်တာက အော်မွန်းအင်ပါယာကို အရှက်ရစေလိမ့်မယ်"
ထိုလူသည် ချမ်းဘော့ဒ်တိုင်းပြည်မှ လွတ်မြောက်သွားခဲ့သည့် နေအဆင့်သို့ရောက်ခါနီးသိုင်းဆရာ ပီဒစ်ပင်။
ဂန်ဒိုကန်သည် ပီဒစ်စကားကိုလျစ်လျူရှုလိုက်သည်။ ထို့နောက်တွင် ကျန်ရှိနေသည့်စွမ်းအားမြင့်သိုင်းဆရာတစ်ဦး၏အနားသို့ ကပ်ကာတစ်စုံတစ်ခုပြောလိုက်၏။
မကြာမှီတွင် အော်မွန်းစစ်သည်တပ်ဖွဲ့စခန်းများထံမှ အချက်ပေးခရာသံများထွက်ပေါ်လာပြီး တပ်ဖွဲ့များသည်စတင်၍ဆုတ်ခွာလာကြတော့သည်။
ရွှမ်းကယ်အနည်းငယ်သည် မြေပြင်ပေါ်သို့ ပျက်ကျသွားခဲ့ပြီး အချိန်မှီပြုပြင်၍မရတော့သည့်တွက်ကြောင့် လအဆင့်သိုင်းဆရာတစ်ချို့၏ ကာကွယ်မှုအောက်တွင်သာထားခဲ့၏။ အော်မွန်းသားများသည် အတိုက်ခိုက်ရပ်စဲရေးသဘောတူညီချက်အလံကိုလွှင့်ထူထားသည့် မြင်းစစ်သည်တစ်ယောက်ကို ရှေ့တန်းသို့စေလွှတ်ထားသည့်တွက်ကြောင့် ဇီးနစ်အင်ပါယာမှတပ်ဖွဲ့များသည်လည်း ကမူးရှူးထိုးတိုက်ခိုက်ခြင်းမပြုသေးပဲစောင့်ဆိုင်းနေ၏။
အော်မွန်းအင်ပါယာသည် အဆင့်မြင့်လယ်ဗယ်၇အင်ပါယာတစ်ခုဖြစ်သောကြောင့်ပင်။ ဇီးနစ်အင်ပါယာသည် သူတို့နှင့်ညှိနှိုင်းခွင့်ရသည်ကပင် ရှားပါးသည့်အခွင့်ရေးတစ်ခုပင်။
အကယ်၍ဇီးနစ်အင်ပါယာသည် ကမူးရှူးထိုးဖြင့်ညှိနှိုင်းခြင်းမရှိပဲ တိုက်ခိုက်ခဲ့ပါက လက်ရှိစစ်ပွဲကိုနိုင်နိုင်သော်လည်း အော်မွန်းအင်ပါယာမှ အင်အားပိုကောင်းသောကျွမ်းကျင်တပ်ဖွဲ့များထပ်မံစေလွှတ်လိုက်ပါက အမှုန့်ချေခံနိုင်ရသောကြောင့်ပင်။ တကယ်တန်းတွင် လယ်ဗယ်၁ဇီးနစ်အင်ပါယာသည် လယ်ဗယ်၇အော်မွန်းအင်ပါယာာသည် အင်အားခြင်းယှဥ်နိုင်မည်မဟုတ်သောကြောင့်ပင်။
အားနည်းသည့်အင်ပါယာတစ်ခုဖြစ်ရခြင်း၏ ကြေကွဲဖွယ်အမှန်တရားတစ်ခုပင်။
ယခုအချိန်တွင်ကောင်းကင်ပေါ်တွင်ဖြစ်ပျက်နေသည့်အရာရာကိုလူများစတင်၍ သတိထားမိလာကြသည်။
အော်မွန်းအင်ပါယာတွင်လည်း နေအဆင့်သခင်တစ်ပါးရှိနေသည့်အတွက် ဇီးနစ်ဘက်မှ စစ်ပွဲနတ်ဘုရားဖြစ်သူချမ်းဘော့ဒ်ဘုရင်အား ထိန်းချုပ်ထားနိုင်၏။
နှစ်ဖက်လုံးတွင်ရှိနေသည့် အဆင့်မြင့်သိုင်းဆရာအင်အားမှာ ညီမျှသွားသည့်ပုံပင်။
သို့သော် အော်မွန်းအင်ပါယာသည် သူ၏မဟာမိတ်များကိုကူညီခြင်းမရှိပေ။
အော်မွန်းအင်ပါယာနှင့် အတိုက်ခိုက်ရပ်ဆဲထားသော်လည်း ကျန်ရှိနေသည့် စစ်မျက်နှာပြင်များတွင် ဇီးနစ်စစ်သည်များသည် တစ်ခြားသောအင်ပါယာများမှ စစ်သည်မျာကိုအညှာတာကင်းမဲ့စွာသတ်ဖြတ်နေဆဲပင်။
ဇီးနစ်စစ်ပွဲနတ်ဘုရား အိမ်ရှေ့စံမင်းသားအာရှဗင်သည် သွေးသံမဏိတပ်ဖွဲ့ကိုဦးဆောင်၍ လီယွန်အင်ပါယာတပ်ဖွဲ့များထံသို့ ချီတပ်တိုက်ခိုက်နေလျှက်ရှိသည်။
လီယွန်တပ်ဖွဲ့များသည် အချိန်တန်ကြာခန့်ခုခံထားနိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ခံစစ်ကျိုးပေါက်သွား၏။
ကစဥ့်ကလျားဖြစ်စဥ်များချက်ချင်းဖြစ်ပေါ်လာပြီး လီယွန်သားများသည် အချိန်တန်ကြာဖိနှိပ်ခံထားခဲ့ရသည့်အတွက် သွေးဆာနေသည့်ဇီးနစ်စစ်သည်များကိုခုခံနိုင်ခြင်းမရှိပေ။
ဇီးနစ်သားများ၏ အော်ဟစ်ကြုံး၀ါးသံများစွာထွက်ပေါ်လာတော့၏။
"မင်းဘယ်လိုထင်လဲ ဇီးနစ်သိုင်းဆရာ။ ကျုပ်ရဲ့ရိုးသားမှုကလုံလောက်ရဲ့လား"သူ၏အပြာရောင်မျက်လုံးများထဲတွင် ရှေးကျသည့်အလင်းရောင်တစ်မျိုးတောက်ပနေရင်းဖြင့် ဂန်ဒိုကန်မှမေးလိုက်သည်။
ဖေးသည် သူ၏အမြင်ကိုဖော်ပြခြင်းမပြုသေးပေ။
"သေစမ်း...မင်းဘာတွေတွေ၀ေနေတာလဲ။ အရှင့်သားဂန်ဒိုကန်က မင်းကိုအခွင့်ရေးပေးနေတာ။ မင်းလို့ ညစ်ပတ်တဲ့သောက်မြို့ခံကောင်က ဘာတွေများ..."
ဂိုမီသည် သူ၏ဒေါသများကိုထိန်းချုပ်နိုင်ခြင်းမရှိပေ။ ဖေးတုန့်ဆိုင်နေသည်ကိုတွေ့လိုက်ရသည့်အတွက်ကြော့င် ဖေးကိုရန်စရန်အကြံတစ်ခုကိုရရှိလိုက်သည်။
"၀ှစ်"
ဖေးသူ၏လက်ကိုမြှောက်၍ ညင်သာစွာလက်ညိုးထိုးလိုက်သည်။
ရွှေရောင်ဓားစွမ်းအင်တစ်ခုပျံသန်းထွက်ခွာသွားပြီး ဂိုမီ၏ နဖူးကို လွယ်ကူစွာထိုးဖောက်သွား၏။ ဦးခေါင်းခွံအားဖောက်ထွက်လာသည့်အလင်းတန်းများနှင့် မီးရူးမီးပန်းများကဲ့သို့ဖြစ်နေသည့်အတွက် ကြည့်ရသည်မှာ စိတ်၀င်စားစရာကောင်းသည့် မြင်ကွင်းတစ်ခုပင်။
"ဟမ်..မင်း.." သေသွားသည့်အချိန်ထိ လီယွန်အင်ပါယာမှမင်းသားဂိုမီသည် ဖြစ်ပျက်သွားသည့်အရာများကိုမယုံနိုင်သေးပေ။
ဖေးသည် မင်းသားဂန်ဒိုကန်အရှေ့တွင် သူ့အားသတ်ရဲလိမ့်မည်ဟုမထင်ခဲ့ပေ။ လွန်ခဲ့သည့်ရက်အနည်းငယ်တွင် ရရှိခဲ့သည့် မိတ်ဆွနှင့်မဟာမိတ်အသစ်ဖြစ်သူသည်လည်း သူ့အားလုံး၀ပင်စွန့်ပစ်လိုက်မည်ဟုမထင်ခဲ့ပေ။ ဖေးတိုက်ခိုက်လိုက်သည့်အချိန်တွင် ဂန်ဒိုကန်သည်သူ့အား ကာကွယ်ပေးခဲ့ခြင်းမရှိပေ။
ဂိုမီ၏ခန္ဓာကိုယ်သည် အနည်းငယ်ယိမ်းယိုင်၍ ရွှမ်းကယ်၏ကုန်းဘက်ပေါ်မှပြုတ်
ကျသွားတော့၏။
အမှောင်ခေတ်ထဲတွင် မင်းသားတစ်ပါးသည်လည်း ကျေးကျွန်တစ်ယောက်ကဲ့သို့ လွယ်လွယ်ကူကူသေဆုံးနိုင်၏။ အရည်ချင်းရှိသည့်လူများစွာလည်း ကျဆုံးခဲ့ပြီးဖြစ်သည်။ ဂိုမီသည် ပထမဆုံးလူမဟုတ်သလို နောက်ဆုံးလူလည်းဖြစ်လိမ့်မည်မဟုတ်ပေ။
"ကောင်းပြီလေ ဆရာသမား...မင်းဒေါသတွေဖောက်ထုတ်ပြီးပြီမလား" မျက်နှာပေါ်တွင်အပြုံးတစ်ခုနှင့် ဂန်ဒိုကန်သည် ဖေးအားကြည့်၍ပြောလိုက်သည်။ "ကျုပ်တို့ထိုင်ပြီးတော့ စကားအေးဆေးပြောကြတာပေါ့။ ဒါကမင်းတို့ဇီးနစ်အင်ပါယာအတွက် အခွင့်ကောင်းတစ်ခုဖြစ်လာလိမ့်မယ်လို့ ကျုပ်ကတိပေးနိုင်ပါတယ်။ ဒီအင်ပါယာအခြင်းခြင်းစစ်ရမက်တွေဖြစ်ကြတော့မယ့် ဒီအမှောင်ခေတ်ထဲမှာ အော်မွန်းအင်ပါယာရဲ့ ပံ့ပိုးမှုကိုရမှပဲ မင်းတို့အင်ပါယာပိုပြီးလုံခြုံလိမ့်မယ်"
ထိုကဲ့သို့ပြောနေရင်းဖြင့် ဂန်ဒိုကန်၏အမူယာသည်ရုတ်တရက်ပြောင်းလဲသွားတော့သည်။