Chapters

ပြိုင်ဘက်ကင်း စစ်နတ်ဘုရား

Vol. 54 Ch. 839

ပြိုင်ဘက်ကင်း စစ်နတ်ဘုရား

Vol. 54 Ch. 839

ဂန်ဒိုကန်ကို ချုပ်နှောင်ထားသည့်မှော်စာလိပ်မှာ သိပ္ပံရူးစမ်းသပ်ခန်းမှ ထုတ်လုပ်ထားပြီး အကာရာနှင့် ကိန်းတို့၏ ဒီဇိုင်းဖြစ်သည်။

၎င်းကို ဆန်းကြယ်သောကျောက်တုံးခန်းရှိ နတ်ဆိုးဘုရင့်ညဏ်တော်ကို ကာပေးထားသည့် ဖောက်ထွင်းစွမ်းအင်စက်လုံးအား အခြေခံကာ ဖန်တီးထားခြင်းဖြစ်၏။

အကာရာနှင့် ကိန်းတို့ ရုန်းများကို ပြန်ပြောင်းဖော်ထုတ်ပြီးနောက် ထိုရုန်းများကို ကျောက်ထိုင်ခုံ ကျောက်မီးအိမ်များ၌ ရေးထွင်းခြင်းဖြင့် ဤကဲ့သို့ အချုပ်အနှောင်မှော်စာလိပ်ကို ဖန်တီးနိုင်ကြောင် တွေ့ရှိခဲ့သည်။

ဖေးကထမဆုံး မြေအောက်အပြောကျယ် သမုဒ္ဒယာသို့ဝင်ကာ ဒဏ္ဌာရီပလ္လင်ကိုရှာဖွေစဉ်က အကာရာသည် ဖေးမိမိအကာအကွယ်ပြုနိုင်ရန် ဤမှော်စာလိပ်နှင့်အမျိုးတူစာလိပ် ကိုပေးအပ်ခဲ့၏။

ထိုစာလိပ်နှင့် ဤစာလိပ်နှစ်ခုကြား ကွာခြားသည်က ထိုစာလိပ်မှာ လအဆင့် လက်ရွေးစင်မှ တစ်ပိုင်းလအဆင့် ကိုသာ ချုပ်နှောင်နိုင်ပြီး ယခုစာလိပ်မှာမူ နေအဆင့်အရှင်ကိုပင်ချုပ်နှောင်နိုင်ခြင်းဖြစ်သည်။

သို့သော်လည်း ဖေး လူပုတို့၏နောက်ဆုံးဘိုးဘေးနယ်မြေကို ရှာတွေ့ပြီး နံရံရှိ နတ်ဘုရားရုန်းများကို သတိထားမိရမှစ ကိန်းနှင့် အကာရာမှာ ရှေးနတ်ဘုရားရုန်းများ၏ အခြေခံသဘောကိုပိုမိုနားလည်ကာ သုံးလာနိုင်သည်။ ထိုအချိန်မှစ၍ ချမ်းဘော့ဒ်တွင် ရှေးနတ်ဘုရားရုန်းသုံးခြင်းပိုမိုတွင်ကျယ်လာတော့သည်။

ချုပ်နှောင်ရုန်းကိုလည်း ပိုမိုအဆင့်မြှင့်နိုင်ခဲ့ပြီး ထွန်းလင်းနေအဆင့်အောက်ရှိ ‌နေအဆင့်အရှင်များကိုပင် ချုပ်နှောင်နိုင်လာ၏။ သို့သော်လည်း အကန့်အသတ်မရှိ ချုပ်နှောင်နိုင်ခြင်းတော့မဟုတ်ပေ။ ဂန်ဒိုဂန်ကဲ့သို့သော နေအဆင့်အရှင်မျိုးအား နာရီဝက်လောက်ချုပ်နှောင်ထားနိုင်၏။

ယခု ဂန်ဒိုကန်မှာ အတော်ကြာအောင်ချုပ်နှောင်ခံရထားပြီးပြီဖြစ်ရာ ပြန်လွတ်မြောက်ရန်သိပ်မကြာတော့ပေ။ ထို့ကြောင့် ဖေး၎င်းပြန်လွတ်မြောက်ချိန်အား စိတ်အတွင်းမှ ရေတွက်နေကြည့်လိုက်သည်။

ဖေး သုံညသို့ရေတွက်ပြီးသည်နှင့် အကာအကွယ် အချုပ်အနှောင်မှာ ဖောက်ခနဲပျောက်ကွယ်သွားတော့သည်။ ဂန်ဒိုကန်လည်း ရုတ်တရက်လွတ်မြောက်လာ၍ ကြောင်အသွား၏။

" ဟား ဟား ဟား " မျက်လုံးများမှ သတ်ဖြတ်ခြင်းအငွေ့အသက်များ ထွက်နေသည့် မင်းသားအော်မွန်မှာ အရူးတစ်ယောက်လို ရယ်မောနေ၏။ သူက ဖေးကို နှာခေါင်းရှုတ်ကာပြောသည်။ " မင်းရဲ့ ဝှက်ဖဲက အချိန်အကန့်အသတ်နဲ့ကို ခုငါ့အလှည့်ပဲ မင်းကိုမသတ်နိုင်တောင် မင်းတို့ဇင်းနစ်ပြည်သားတွေသိန်းနဲ့ချီ အသားပြားလုပ်ပစ်လို့ရတယ် ငါတို့က နေအဆင့်အရှင်တွေ ‌ဝှက်ဖဲတွေလည်းရှိ....."

ထိုသို့အော်ဟစ်ပြီးနောက် သူ့ကိုယ်မှ မီးတောက်များ ပေါက်ကွဲထွက်လာသည်။ မီးတောက်စွမ်းအင်က ပြင်းထန်လွန်းသည်ဖြစ်ရာ ဖော်ပြ၍ပင်မရပေ။

ဂန်ဒိုကန်က မီးစွမ်းအင်ကျင့်ကြံသူဖြစ်ပြီး ဓားတစ်လက်၏ လက်၌ အသက်ဆုံးခဲ့သော ရှန်ချွာထက်များစွာ အစွမ်းထက်သည်။ သူက ယုံကြည်မှုအမြောက်အများကိုရိတ်သိမ်းထားပြီး နေအဆင့်တွင် အတော်လေး ခရီးပေါက်‌ေနသူဖြစ်၏။

အကုန်မထုတ်ရသေးသည့်တိုင် သူ့ပတ်ပတ်လည်၌ ထွက်ပေါ်နေသော မီးတောက်များက အလွန်ကိုပင် ကြောက်မက်ဖွယ်ရာဖြစ်နေသည်။ မီးအရှိန်က လေထုထဲရှိ ရေငွေ့များကိုပင် လောင်ကျွမ်းနေရာ သူ၏ပတ်ပတ်လည်ရှိ ဝန်းကျင်တစ်ခုလုံး တွင်းနက်တစ်ခုသဖွယ်ဖြစ်နေ၏။

ဂန်ဒိုကန်၏ ပတ်ဝန်းကျင်မှာ ပွက်ပွက်ဆူနေသော ရေနွေးအိုးတစ်လုံးလို ဆူပွက်နေသည်။ ထိုအပူက မီတာထောင်ချီအမြင့်၌ အလောင်များကိုစားရန်ချောင်းနေသော လင်းဒများကိုပင် သွားဟပ်သည်။ လင်းဒများမှာ ဘာမျှမတတ်နိုင်ပဲ အပူရှိန်ကြောင့်ပေါက်ကွဲထွက်ကာ အရိုးများ ပြန့်ကျဲကျလာ၏။ သို့သော်လည်း အရိုးများ မြေမကျမှီပင် လောင်ကျွမ်းပြာကျသွားရာ မီးခိုးပြာများ တစ်ဝန်းလုံး မိုးရွာကျသလိုဖြစ်နေသည်။

မြေပြင်သည်လည်း အရာအားလုံးလောင်ကျွမ်းခံလိုက်ရ၍ တစ်ပြင်လုံး ရှင်းလင်းသွား၏။

End