← Chapters

"ဒီလူကကြောက်စရာကောင်းလွန်းတယ်"

Vol. 54 Ch. 838

"ဒီလူကကြောက်စရာကောင်းလွန်းတယ်"

Vol. 54 Ch. 838

မင်းသားဂန်ဒိုကန်၏ မျက်နှာအမူယာပြောင်းလဲသွားခြင်းသည် သူမြင်လိုက်ရသည့်အရာကြောင့်ဖြစ်သည်။

သူသည် စကားပြောနေရင်း အရာအားလုံးသူ၏ထိန်းချုပ်မှုအောက်တွင်ရှိနေသည်ဟုခံစားနေရသည့်အချိန်တွင် ဖေး၏မျက်နှာပေါ်တွင်ရှိနေသည့် လှောင်ပြောင်သည့်အပြုံးမှာ ပို၍ပို၍ပေါ်လွင်လာသည်ကိုတွေ့ရသည့်တွက်ပင်။

ဤဇီးနစ်သားသည် သူ့အားလူပျက်တစ်ယောက်လိုကြည့်နေသည်ဟုခံစားနေရ၏။

ရန်သူ၏အပြုမူကြော့င် သူဒေါသဖြစ်သွား၏။

သို့သော် စိတ်ခံစားချက်များကို မျက်နှာပေါ်တွင်မပြသရန်နှစ်ပေါင်းများစွာလေ့ကျင့်လာခဲ့သည့်အတွက်ကြောင့် သူ၏ဒေါသကို ထိန်းချုပ်လိုက်သည်။ သူ့ထံတွင်ပို၍ကြီးမားသည့်အစီစဥ်တစ်ခုရှိနေသည့်အတွက်ကြောင့် ဤအရာများအားလုံးကိုသည်းခံရမည်ဖြစ်သည်။ အော်မွန်းအင်ပါယာတော်၀င်မိသားစုတွင်တစ်သက်လုံးနေထိုင်လာခဲ့သည့်အတွက်ကြောင့် စိတ်ခံစားချက်များသည် ရရှိလာမည့်အကျိုးမြတ်နှင့်နှိုင်းယှဥ်ပါက ဘာမှမဟုတ်သည်ကို သူသိသည့်အတွက်ကြောင့်ပင်။

မျက်မှောင်ကြုံ့လိုက်ပြီး ဂန်ဒိုကန်သည် သူ၏ဒေါသများကို ထိန်းချုပ်ကာဆက်ပြောလိုက်သည်။ "မင်းက ကျုပ်ရဲ့ကမ်းလှမ်းမှုကို သိပ်ပြီးစိတ်၀င်စားတဲ့ပုံမပေါ်ဘူးပဲ။ ကျုပ်သိချင်တာတစ်ခုက မင်းဇီးနစ်အင်ပါယာရဲ့အင်အားကို ဒီလောက်တောင်တကယ်ယုံကြည်ချက်ရှိတာလားဆိုတာပဲ။ ဒီနေ့မင်းတို့တွေစစ်နိုင်တာနဲ့ပဲ ဇီးနစ်က အော်မွန်းနဲ့ယှဥ်နိုင်ပြီလို့ မင်းထင်နေတာလား။ ဟား..ဇီးနစ်က လယ်ဗယ်၁အင်ပါယာာတစ်ခုပဲလေ"

ထိုကဲ့သို့ပြောရင်းဖြင့် သူ၏မျက်နှာပေါ်မှ ခြိမ်းခြောက်မှုသည် ပို၍ပေါ်လွင်လာ၏။

ဖေးပြုံးကာ သူ၏ခေါင်းကိုခါရမ်းလိုက်သည်။ "မဟုတ်ပါဘူး...ငါ့အစွမ်းကိုငါတော့ ယုံကြည်ချက်ရှိတယ်"

ဂန်ဒိုကန်တုန်လှုပ်သွားပြီး ဖေး၏ဆိုလိုရင်းကို ချက်ချင်းနားလည်သွား၏။

သူ၏ပတ်ပတ်လည်တွင်ရှိနေသည့် တစ်ခြားခေါင်းဆောင်များလိုပင် သူ၏မျက်နှာပေါ်တွင် ဒေါသဖြစ်သည့်အမူယာများပို၍ပေါ်လွင်လာ၏။ သူသည် ဤကဲ့သို့ တစ်ခါမှမလေးမစားဆက်ဆံခြင်းမခံရဖူးပေ။

သူသည် လယ်ဗယ်၇အင်ပါယာတစ်ခု၏ စွမ်းအားကြီးမားသောမင်းသားတစ်ပါးဖြစ်သည့်အတွက်ကြော့င် သူ၏ အရှိန်၀ါသည်လည်းမြင့်မားနေ၏။ သူသည် ဇီးနစ်သားတစ်ယောက်နှင့် စကားပြောနေသည့်အချိန်တွင် ကိုယ့်ကိုယ်ကိုယ်များစွာနှိမ်ချထားခြင်းဖြစ်၏။ တစ်ခြားအော်မွန်းသားများသည် ဇီးနစ်သားများကို နှိမ့်ကျသည့်မျိုးနွယ်များဟုသာမြင်ကြသည့်အတွက်ပင်။ သို့သော် သူ၏အရှေ့တွင်ရှိနေသည့်လူသည် အလွန်မောက်မာပြီး ကမူးရှူးထိုးဆန်လှ၏။

ဂန်ဒိုကန်သည် ဉာဏ်များကာ မိမိကိုယ်မိမိကောင်းမွန်စွာထိန်းချုပ်နိုင်သည့် လူတစ်ယောက်ဖြစ်သော်လည် အော်မွန်းအင်ပါယာ၏ မာနကိုထိခိုက်လိုက်သလိုခံစားနေရသည့်အတွက်ကြော့င် ပို၍ပို၍မကျေနပ်ဖြစ်လာနေ၏။

"ဘာလဲ..မင်းကင့ါကိုမယုံဘူးလား.." ဖေး၏မျက်နှာပေါ်တွင်ရှိနေသည့်အပြုံးသည်ပို၍ပေါ်လွင်လာပြီးဆက်ပြောလိုက်သည်။ "မင်းခုနကပဲ စွမ်းအားမြင့်မားတဲ့လူတွေက တစ်ခြားလူတွေရဲ့ ကံကြမ္မာကိုထိန်းချုပ်နိုင်တယ်လို့ မပြောခဲ့ဘူးလား။ အခုချိန်ဒီနေရာမှာ ငါက စွမ်းအားမြင့်တဲ့လူပဲ။ အဲ့တာကြောင့် ငါတစ်ယောက်သာလျှင်စကားပြောခွင့်ရှိတယ်။ မင်းက အားနည်းတဲ့လူပဲ...မင်းကအားနည်းတဲ့လူဖြစ်ပြီး မင်းကဆရာတစ်ယောက်လိုပြုမူရဲတယ်လား။ မင်းနောက်မှာရှိတဲ့ သောက်လယ်ဗယ်၇အင်ပါယာကို ကြောက်ပြီးတော့ မင်းကိုငါမသတ်ရဲဘူးထင်နေတာလား"

"မင်းသေကြောင်းကြံနေတာလား"

"မင်းကများ မင်းသားဂန်ဒိုကန်ကို ဒီလိုပြောရဲတယ်ပေါ့"

ရွှမ်းကယ်၏ ဦးပိုင်းပေါ်တွင်ရပ်နေကြသည့် အော်မွန်းအင်ပါယာခေါင်းဆောင်များဒေါသဖြစ်သွားကြပြီး တိုက်ခိုက်ကြတော့မည့်ပုံပင်။ သို့သော် သူတို့သည် ဖေး၏စွမ်းအားကိုသိရှိသည့်အတွက်ကြောင့် မလိုအပ်ပဲတိုက်ပွဲတစ်ခုကို မစတင်လိုပေ။

"မင်း..ရာထူးအရှိန်၀ါဆိုတာလဲစွမ်းအားတစ်မျိုးပဲဆိုတာ မင်းမေ့နေပြီလား။ မင်းက စွမ်းအားကြီးတဲ့သိုင်းဆရာတစ်ယောက်ပဲ။ ဒါပေမယ့် မင်းရဲ့နောက်ခံအင်အားက အားနည်းလွန်းနေတယ်" ဂန်ဒိုကန်၏မျက်နှာပေါ်တွင် ဒေါသအရိပ်ယောင်များပေါ်လွင်လာတော့သည်။ သူသည် ဤကဲ့သို့ တစ်ခါမှမလေးမစားမဆက်ဆံခံခဲ့ရဖူးပေ။ ထို့အပြင် သူ့အားဤကဲ့သို့ဆက်ဆံနေသည့်လူမှာလည်း လယ်ဗယ်၁အင်ပါယာမှ နိမ့်ကျသည့်မျိုးနွယ်တစ်ယောက်ဖြစ်နေသည့်အတွက်ပင်။

သူ၏သည်းခံနိုင်သောအတိုင်းတာကျော်လွန်သွားပြီဖြစ်သည်။

"ဟုတ်လား...ငါစကားပုံတစ်ခုကိုသတိရတယ်။ ရေဘယ်လောက်များများ တောင်တစ်လုံးကို အချိန်မှီကျော်ဖြတ်ပြီးတော့ တောင်နောက်မှာလောင်နေတဲ့တောမီးကို ငြိမ်းသက်လို့မရဘူးဆိုပဲ" ဖေးသည် ပင်မရွှမ်းကယ်အနီးသို့ချည်းကပ်လာပြီး ပြုံးလိုက်သည်။ "ငါမင်းကိုအခုသတ်လိုက်မယ်ဆိုရင် မင်းအနောက်မှာရှိတဲ့ အင်အားကြီးအော်မွန်းအင်ပါယာက မင်းကိုအချိန်မှီလာကယ်နိုင်ပါ့မလား"

ဖေးထိုကဲ့သို့ပြောအပြီးတွင် သူ၏လက်ကို၀ှေ့ရမ်းလိုက်ပြီး လက်ထဲတွင်ရှေးကျသည့်မှော်စာလိပ်တစ်ခုရောက်ရှိလာပြီး လေညှင်းထဲတွင်ဖြည်ကျသွားတော့၏။

လျို့၀ှက်သည့် မှော်စွမ်းအင်လှိုင်းတစ်ခုပြန့်လွှင့်လာသည်။

ဂန်ဒိုကန်သည် ထိုကြောက်မက်ဖွယ်ခံစားချက်ကိုအာရုံခံလိုက်မိပြီး အဆင့်နိမ့်မနက်ခင်းနေမင်းအဆင့်ရှိသော်လည်း အချိန်မှီရှောင်ရှားနိုင်လိုက်ခြင်းမရှိပေ။ သူသည် ချက်ချင်းပင် စက်လုံးပုံစွမ်းအင်အလွှာတစ်ခု၏လွှမ်းခြုံခြင်းကိုခံလိုက်ရပြီး ထိုစွမ်းအင်အလုံးထဲတွင်ပိတ်မိသွားတော့၏။

မှော်စွမ်းအင်စက်လုံးသည် လေပူပေါင်းတစ်ခုလိုဖြစ်နေပြီး မည်သည့်နေရာမှထွက်ပေါ်လာသည်ကိုမမြင်လိုက်ရပေ။ အလွန်မြန်ဆန်စွာဖြစ်ပျက်သွားခဲ့သည့်အတွက် တစ်ခြားလူများကိုတုန့်ပြန်ချိန်မပေးလိုက်ပေ။

ပါးလွှာသည်ထိုးဖောက်မြင်နိုင်သောစွမ်းအင်စက်လုံးသည် နေရောင်ခြင်ကိုအလင်းပြန်နေလျှက်ရှိသည်။ စွမ်းအင်စက်လုံးပေါ်တွင်မှော်အစီရင်များ၊ စွမ်းအင်အရှိန်၀ါများတောက်ပနေခြင်းမရှိသော်လည်း နေအဆင့်သခင်တစ်ပါးဖြစ်သည့်ဂန်ဒိုကန်သည် စွမ်းအင်စက်လုံးအားဖျက်ဆီး၍အပြင်သို့ထွက်နိုင်ခြင်းမရှိပေ။

သူ၏ဘေးတွင်ရှိနေသည့် အော်မွန်းအင်ပါယာမှ ခေါင်းဆောင်ငါးယောက်သည်ထိတ်လန့်သွားပြီး စွမ်းအင်စက်လုံးအားလက်နက်များ၊ လက်သီးများဖြင့်လျှင်မြန်စွာတိုက်ခိုက်နေကြသော်လည်း မင်းသားကိုကယ်ထုတ်နိုင်ခြင်းမရှိပေ။

"ဒါဘာလဲ...မင်းင့ါကိုလွှတ်ပေးစမ်း" ဂန်ဒိုကန်သည် စွမ်းအားမြင့်မားသည့်လူတစ်ယောက်ဖြစ်သော်လည်း တစ်ခါမှမကြုံဖူးသေးသည့်စက်လုံးထဲတွင်ပိတ်မိနေသောကြောင့် စိုးရိမ်လာ၏။

"နိမ့်ကျတဲ့မျိုးနွယ်ကောင်..မင်းလုပ်တဲ့အရာအတွက် မင်းပြန်ပေးဆပ်ရလိမ့်မယ်။ ဇီးနစ်အင်ပါယာတော့အဆုံးသတ်ပြီ။ မင်းဘ၀လဲအဆုံးသက်ပြီ။ အော်မွန်းအင်ပါယာရဲ့ တော်၀င်မိသားစုက မင်းကိုအလွတ်ပေးမှာမဟုတ်ဘူး။ ညစ်ပတ်တဲ့ခွေးသား..အရှင့်သားကိုလွှတ်ပေးလိုက်စမ်း" ရွှမ်းကယ်ကြီးပေါ်တွင်ရှိနေသည့် ခေါင်းဆောင်များအားလုံး ကြောက်လန့်သွားကြပြီး သူတို့၏စွမ်းအင်မီးတောက်များကိုထုတ်လွှတ်၍ ဖေးထံသို့လက်နက်များကိုင်ဆွဲကာ ၀င်ရောက်တိုက်ခိုက်ကြတော့သည်။

"ဖျောင်း ဖျောင်း ဖျောင်း"

သွေးများပန်းထွက်လာ၏။

"ဟားဟားဟား နိမ့်ကျတဲ့ကောင်ဟုတ်လား။ ခင်ဗျားတို့ရဲ့မာနကတော့ တကယ်အံ့မခန်းပါပဲလား။ ဘယ်သူကနိမ့်ကျတဲ့မျိုးနွယ်တွေလဲဆိုတာ ကြည့်ရသေးတာပေါ့"

ဖေးလက်ညိုးထိုးလိုက်သည့်အချိန်တွင် ရွှေရောင်ဓားစွမ်းအင်များပြန်သန်းသွားကာ ကောင်းကင်ကိုစုတ်ဖြဲလိုက်သည်။

သူထံံသို့ပျံသန်းလာသည့် အော်မွန်းအင်ပါယာမှလအဆင့်သိုင်းဆရာများသည် လေးခွစာမိသည့်ငှက်များကဲ့သို့ တစ်ယောက်ပြီးတစ်ယောက်သေဆုံးကုန်ကြတော့၏။

ဓားစွမ်းအင်များသည် သူတို့၏ဦးခေါင်းခွံများကိုထိုးဖောက်သွားပြီး သူတို့သည်ကောင်းကင်ပေါ်မှကျဆင်းလာကြပြီး အစိတ်စိတ်အမွှာမွှာဖြစ်ကုန်ကြ၏။

ဤသည်မှာ တစ်ဖက်သက်သတ်ဖြတ်ခြင်းပင်။

"မင်းတို့ကောင်တွေက ကျူးကျော်လာမှတော့ ပေးဆပ်ရမှာကိုလည်း ကြိုတွေးထားသင့်တယ်။ အဲ့တာကတော့ သေခြင်းတရားပဲ။ လယ်ဗယ်အင်ပါယာက သိုင်းဆရာဆိုတာဒါတွေလား။ မင်းတို့က ဇီးနစ်ပိုင်နက်ထဲကို စစ်မကြေငြာပဲ၀င်တိုက်ခဲ့ပြီးတော့ မြို့၁၀၀ကိုဖျက်ဆီးပစ်ခဲ့တယ်။ မင်းတို့သတ်ခဲ့တဲ့ ဇီးနစ်သားတွေရဲ့အလောင်းတွေကပူနွေးနေတုန်းပဲ။ သူတို့ရဲ့၀ိဉာဥ်တွေတောင် ၀ေး၀ေးမရောက်သေးဘူး။ မင်းတို့စီကရစရာသွေးကြွေးကို ငါအတိုးအရင်ယူထားလိုက်မယ်...မင်းတို့လက်ထဲမှာအသတ်ခံခဲ့ရတဲ့ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ၊ ယောက်ျားသားတွေအားလုံးတွက် ငါလက်စားပြန်ချေမယ်"

ဖေးသည် စာချွန်လွှာရုံးမှသတင်းများကြားထားသည့်အတွက်ကြောင့် အင်ပါယာဆယ်ခုပူးပေါင်းတပ်ဖွဲ့များသည် မြောက်ပိုင်းတွင်ရှိသောဇီးနစ်မြို့တော်သို့ချီတပ်လာသည့်လမ်းတစ်လျှောက်၌ လူမျိုးတုံးသတ်ဖြတ်မှုများဆောင်ရွက်ခဲ့ခြင်းကိုသိရှိပြီးဖြစ်သည်။ အပစ်မဲ့လူများအားလုံးကို အခွင့်ရေးမပေးပဲအညှာတာကင်းမဲ့စွာသတ်ဖြတ်ခဲ့သည့်အတွက်ကြောင့် လူသားမျိုးနွယ်အပေါ်တွင် ကျူးလွန်သောရာဇ၀က်မှုပင်။

လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က အော်မွန်းအင်ပါယာ၏ မင်းသားရှန်ချူအာချမ်းဘော့ဒ်တိုင်းပြည်သို့ လာရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်ရပ်ကို ဥပမာအနေဖြင့်ကြည့်နိုင်၏။

ဘုရင်သည် ဤသွေးဆာနေသည့် တိရိစ္ဆာန်ကောင်များကို မုန်းတီးသည့်အတွက်ကြောင့် သက်ညှာပေးခြင်းမပြုပေ။

"အား မလုပ်ပါနဲ့" အော်မွန်းအင်ပါယာာမှလအဆင့်သိုင်းဆရာတစ်ဦးသည် ရက်စက်ကြမ်းကြုတ်စွာအော်ဟစ်၍ ဖေးအားမုန်းတီးသည့်မျက်လုံးများဖြင့်ကြည့်ကာ သွေးမြူဆိုင်တစ်ခုအဖြစ်သို့ပြောင်းလဲသွားတော့သည်။

"မင်း..မင်းကနတ်ဆိုးတစ်ကောင်ပဲ..အော်မွန်းအင်ပါယာက မင်းကိုဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး" နေအဆင့်သို့ရောက်ခါနီးသိုင်းဆရာတစ်ယောက်သည် ဖေးအားကျိမ်ဆဲ၍ ထွက်ပြေးရန်ပြင်နေသည့်အချိန်တွင် ရွှေရောင်စွမ်းအင်လက်သီးနှင့် ထိမှန်၍ အစိတ်စိတ်အမွှာမွှာဖြစ်သွားတော့သည်။

"ကျွန်တော့ကိုခွင့်လွှတ်ပေးပါ...ကျွန်တော်ဇီးနစ်က ကျွန်အနည်းငယ်ကိုပဲသတ်ခဲ့တာပါ..အား" အော်မွန်းအင်ပါယာ၏ သာမန်လအဆင့်သိုင်းစရာတစ်ယောက်သည် အလွန်ကြောက်လန့်သွားသည့်အတွက်ကြောင့် အသနားခံလိုက်သည်။ သို့သော် သူ၏စကားမဆုံးသေးခင်မှာပင် အစိတ်စိတ်အမွှာမွှာဖြစ်သွားပြန်တော့သည်။ သူ၏အသားစများသည် အရပ်မျက်နှာအနှံ့သို့လွှင့်စင်သွားလေ၏။

လအဆင့်သိုင်းဆရာများစွာသည် တစ်စက္ကန့်မျှအချိန်အတွင်းမှာပင် အသက်ခံလိုက်ရသည်။

စွမ်းအင်စက်လုံးထဲတွင်ပိတ်မိနေသည့် မင်းသားဂန်ဒိုကန်သည် ဤမြင်ကွင်းကိုမြင်လိုက်ရသည့်အချိန်တွင် အလွန်ဒေါသဖြစ်သွား၏။ သူသည် စွမ်းအင်စက်လုံးအားအကြိမ်ပေါင်းများစွာထုနှက်တိုက်ခိုက်၍ လွတ်မြောက်ရန်ကြိုးစားနေသော်လည်း အသုံးမ၀င်လှပေ။

ဒေါသဖြစ်နေရင်းဖြင့် သူ၏နှလုံးသားထဲတွင် အေးစက်သည့်ခံစားချက်တစ်ခုကိုလည်းခံစားလိုက်ရ၏။ သူရင်ဆိုင်နေရသည့် ဇီးနစ်အင်ပါယာ၏ နေအဆင့်သခင်မှာ ဖြစ်ပေါ်လာမည့်အကျိုးဆက်များကိုထည့်မတွက်တတ်သော အရူးတစ်ယောက်ဖြစ်သည်ကိုလည်းနားလည်လိုက်၏။ ဤကဲ့သို့သောလူများသည် ကြောက်စရာအကောင်းဆုံးပင်။

All Chapters