← Chapters

ပြိုင်ဘက်ကင်းစစ်နတ်ဘုရား ၂

Vol. 54 Ch. 840

ပြိုင်ဘက်ကင်းစစ်နတ်ဘုရား ၂

Vol. 54 Ch. 840

နေအဆင့်အရှင်များ၏ စွမ်းအားမှာ လူသာမန်တို့ထက် အဆများစွာသာလွန်ကာ နတ်ဘုရားများနီးနီး အစွမ်းထက်နေပြီဖြစ်သည်။ ၎င်းတို့၏ အစွမ်းမှာ ကြောက်စရာကောင်းလှပြီး အားနည်းသောစစ်သည်တော်များအဖို့ မည်မျှ အရေအတွက်ပင်များပါစေ ယှဉ်နိုင်မည်မဟုတ်ပေ။ ဖေးသာ ဤနေရာတွင်ရှိမနေပါက ဂန်ဒိုကန်၏ ဒေါသကြောင့် ဇင်းနစ်ပြည်သူများနှင့် စစ်သည်များအားလုံး ပြာကျသွားမည်က အသေအချာဖြစ်သည်။

ဂန်ဒိုကန်မှာ ဖေး၏ မှော်စာလိပ်ဖြင့် အကျဉ်းကျခံဖူးပြီးဖြစ်သဖြင့် သတိကြီးကြီးရှိနေပြီဖြစ်သည်။ နောက်တစ်ကြိမ် ထိုသို့ ပိတ်လှောင်ရန် မဖြစ်နိုင်တော့ပေ။

အဆင့်၇အင်ပါယာ၏ မင်းသားတစ်ပါးအနေနှင့် သူ့တွင် ရတနာများစွာရှိပြီး အားကိုစရာကလည်းများလှပေသည်။ ဖေးက သူ့ထက်ပိုအစွမ်းထက်သော်လည်း လက်စားချေရန်သူကြောက်နေမည်မဟုတ်ပါ။

" ဟားဟား ဇင်းနစ်သားတွေသွေးကို ချောင်းစီးအောင်လုပ်ပြီး ငါ့နာမည်သမိုင်းတွင်စေရမယ်ကွ ငါ ကျိန်ရဲတယ် ငါသာဇင်းနစ်သားတွေကို မျိုးတုန်းအောင်မလုပ်နိုင်ရင် ငါ. . ." ဂန်ဒိုကန်က ထိုသို့အော်ဟစ်ရင်း မှော်စာလိပ်တစ်ခုကိုထုတ်ခါ တားမြစ်မှော်ပညာသုံးရင်ပြင်လိုက်၏။

ဂန်ဒိုကန် မှော်အစွမ်းကို အသုံးပြုခါနီးတွင်ပဲ ဖေးက လက်ကိုဝှေ့ယမ်းလိုက်သည်။

" မင်းစကားပြောတာ တအားများနေပြီ "

ထို့နောက် ဂန်ဒိုကန်၏ မျက်နှာအမူအရာပြောင်းသွားသည်။ သူတစ်စုံတစ်ခုကို အာရုံခံမိခဲ့၏။ ၎င်းက အန္တရယ်၏ အငွေ့အသက်ဖြစ်သည်။ ဂန်ဒိုကန်ဘာမှမလုပ်နိုင်ခင်တွင်ပဲ သူ့မျက်လုံးများဝေဝါးသွား၏။

သူ၏ ဘေးပတ်လည်တွင် အချိန်များပြောင်းလဲသွားပြီး နေရာလွတ်ရွေ့လျားသွားသကဲ့သို့ခံစားလိုက်ရပြီးနောက် အရာအားလုံးပြောင်းလဲသွားသည်။ ဧရာမငွေမြို့တော်ကြီး စိန့်ပီတာဘတ်မှာ ပျောက်ကွယ်သွားပြီးနောက် သူ စကြာဝဠာတွင်းပေါက်မှတစ်ဆင့် အနက်ရောင်လှိုဏ်ဂူတစ်ခုသို့အပို့ခံလိုက်ရ၏။

မွန်းစတားများ၏ ကြောက်မက်ဖွယ်ရာဟိန်းသံများကို အဆက်မပြတ်ကြားနေရပြီး မိစ္ဆာဆန်ဆန်၊ မှုန်ရီမှိုင်းမှိုင်း ခံစားချက်တစ်ခုက သူ့ကိုထွေးပွေ့သလို ခံစားနေရရသည်။ ငရဲသို့ရောက်နေသည့်နှယ် သူခံစားလိုက်ရ၏။

" နေအဆင့် သဘာဝလွန်ဖြစ်ရပ်လား "

ဂန်ဒိုကန် အဖြစ်အပျက်များကို နားလည်ပြီးနောက်တွင်တော့ စိတ်ဓာတ်ကျမှုကြောင့် သူ့မျက်နှာတစ်ခုလုံးဖြူလျော်သွားသည်။ ပတ်ပတ်လည်ရှိ ဆန်းကြယ်သောနေရာကိုကြည့်ရင် မလွတ်မြောက်နိုင်တော့ကြောင်းသူသိလိုက်သည်။

နေအဆင့်သဘာဝလွန်ဖြစ်ရပ်၏ ဆိုလိုချက်ကို သူကောင်းကောင်းကြီးသိသည်။ တစ်ဖက်လူ၏ သဘာဝလွန်ဖြစ်ရပ်အတွင်း ကျရောက်သွားပါက သူ့အတွက်လွတ်မြောက်နိုင်ရန် မဖြစ်နိုင်ပေ။

ပြင်းထန်သော အပူရှိန်ကိုခံစားမိသည်နှင့် စစ်သည်တော်များအားလုံး ကောင်းကင်ယံ၌ တိုက်ခိုက်ဟန်ပြင်နေသော အစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦးကို အလန့်တကြားကြည့်မိလိုက်သည်။ နတ်ဘုရားများ စစ်ဖြစ်ပါက ထိခိုက်ခံစားရသည်မှာသေမျိုးများသာဖြစ်ပေ၏။

နေအဆင့်အရှင်များ စစ်မြေပြင်တွင်တိုက်ခိုက်ပါက စစ်သည်များအားလုံး မလွတ်မြောက်ဘဲ သေသွားရမည်ဖြစ်သည်။ သို့သော်လည်း နောက်အခိုက်အတန့်၌ ဖေး၏ လုပ်ဆောင်ချက်က အားလုံးကို စိတ်အေးသွားစေသည်။

ဘုရင် အလက်ဇန္ဒားက ယင်ကိုယမ်းသကဲ့သို့ လက်ယမ်းလိုက်ရာ ရုတ်တရက် အက်ကွဲကြောင်းတစ်ခုထွက်ပေါ်လာပြီး နှစ်ဦးလုံးကိုဝါးမြိုသွားတော့သည်။

ဤဖြစ်ရပ်က ထိန့်လန့်စရာကောင်းလှသည်။ သေမျိုးတို့ မတွေးတောရဲသော နတ်ဘုရားစွမ်းအားပင်ဖြစ်သည်။

" ဒါက နေအဆင့်အရှင်ရဲ့ အစွမ်းလား "

နေအဆင့်အရှင်များက တောင်ကိုရွှေ့ပြီး မြစ်ကိုဖို့နိုင်ကာ စကြာဝဠာနေရာလွတ်ကိုပင် အက်ကွဲစေနိုင်၏။ အာရှာဗန်လည်း အင်ပါယာဆယ်ခုတပ်ကြီးကို အနိုင်ရသည့်အပျော်များပျောက်ကွယ်သွားတော့သည်။ သူ့အနေနှင့် အလဇန္ဒားကိုမည်သို့မျှ ယှဉ်နိုင်တော့မည်မဟုတ်ပေ။

အောက်‌ခြေစစ်သည်များမှာ ရင်တထိတ်ထိတ်ရှိနေကြ၏။ နေအဆင့်အရှင်များ၏ တန်ခိုးစွမ်းအားကို နားလည်နိုင်စွမ်းမရှိသော်လည်း သူတို့အားလုံး မင်းသားအော်မွန်မသေသေးသည်ကိုတော့သိကြသည်။ ထို့ကြောင့်တိုက်ပွဲက မပြီး‌သေးပေ။ ချမ်းဘောဒ့်ဘုရင်က အောက်ခြေစစ်သည်များ မထိခိုက်စေချင်၍သာ တန်ခိုးအစွမ်းဖြင့် တိုက်ပွဲကို နေရာရွှေ့ပြောင်းသွားခြင်းကို သိရှိနားလည်ကြ၏။

အားလုံး ရင်တထိတ်ထိတ်နှင့် စောင့်ဆိုင်း‌နေကြသည်။ ကြာရှည်စွာပင် မစောင့်လိုက်ရပေ။ နေရာလွတ်အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး ဘုရင်အလက်ဇန္ဒားက ပျော့ခွေနေသော ဂန်ဒိုကန်ကို ဂုတ်မှဆွဲကာထွက်လာ၏။

အားလုံး စိုးရိမ်စိတ်ပျောက်ကွယ်သွားတော့သည်။ ဇင်းနစ်၏ စစ်နတ်ဘုရားက အလုံးစုံအနိုင်ရပြီး ပြန်လာပြီဖြစ်သည်။

ပြီး

All Chapters