Chapters

အခြေအနေ ၁

Vol. 54 Ch. 841

အခြေအနေ ၁

Vol. 54 Ch. 841

စစ်ပွဲပြီး‌ဆုံးသွားက ဇင်းနစ်တို့အနိုင်ရကြသည်။

မဟာမိတ်ဖွဲ့ကာ လာတိုက်သော အင်ပါယာဆယ်ခုအနက် အစွမ်းထက်ဆုံး အော်မွန်ဒီယံတို့ အဆိုးဆုံးရလဒ်ရသွားကြသည်။

ကီလိုမီတာငါးသိန်းဝန်းကျင်၌ ပြိုင်ဘက်ကင်းဖြစ်သော ၆ ရွှမ်ကော်မှာ ဇင်းနစ်တို့စစ်ပွဲအနိုင်ဆုဖြစ်သွားတော့၏။

အော်မွန်ဒီယံ၏ လက်ရွေးစင်စစ်သည်၂၀၀၀၀အနက် တစ်သောင်းအောက်သာရှင်ကျန်ရစ်ပြီး ၎င်းတို့၏ နေအဆင့်အရှင်ဖြစ်သော မင်းသားအော်မွန်မှာလဲ သုံ့ပန်းအဖြစ်အရှင်အဖမ်းခံလိုက်ရသည်။

ဒုတိယအရှုံးအများဆုံးက လီယွန်အင်ပါယာဖြစ်သည်။ ထိုအင်ပါယာမှာ ဇင်းနစ်အင်ပါယာ၏ ဝန်းကျင်၌ အင်အားအကြီး‌ဆုံးဖြစ်ပြီး အကြီးဆုံးစစ်တပ်ကိုပိုင်ဆိုင်ထား၏။ ၎င်းတို့မှာ ယခုစစ်ပွဲ၌ လအဆင့်စစ်သည်ရှစ်ဦးနှင့်အတူ ၎င်းတို့၏ အကျော်‌ဒေယျ မင်းသားဂိုမီကိုပါ‌ဆုံးရှုံးလိုက်ရသည်။

လက်ရွေးစင်စစ်သည်တစ်သိန်းအနက် လေးသောင်းကျော်ကျရှုံးကာ နှစ်သောင်းကျော်အရှင်ဖမ်းခံလိုက်ရ၏။ ၎င်းက အရှုံးကြီးလှသည်။ အထူးသဖြင့် လအဆင့်ရှစ်ဦးဖြစ်သည်။

လီယွန်အင်ပါယာကဲ့သို့သော အလယ်အလတ်အဆင့် အင်ပါယာမျိုးပင် ထိုသို့သောအရှုံးကိုလက်မခံနိုင်ပေ ၎င်းတို့၏ အုပ်မြစ်မှာယိမ်းယိုင်သွားပြီဖြစ်သည်။

အခြားသော အင်ပါယာငယ်လေးရှစ်ခုမှာ အင်အားနည်းသည်ဖြစ်ရာ ဤတိုက်ပွဲ၌ ရောပျော်အဆင့်လောက်သာဝင်ပါကြ၏။

ဖေးကိုယ်တိုင် သွားရောက်တိုက်ခိုက်ခြင်းမပြုသော်လည်း ဇင်းနစ်၏ စစ်နတ်ဘုရား အာရှဗန်ကသွားတိုက်သည်ဖြစ်ရာ စိန့်ပီတာဘတ်သို့ကျူးကျော်သူ စစ်သည်တို့အနက်တစ်ဝက်မှာ ကျရှုံးသွားတော့သည်။ အင်ပါယာတစ်ချို့မှာ ပင်မတပ်ရင်းများဆုံးရှုံးသွားသည်ဖြစ်ရာ အခြားအင်ပါယာများ၏ လာရောက်တိုက်ခိုက်ခြင်းကိုခံရတော့မည်ဖြစ်သည်။

အနီးအနား ကီလိုမီတာ ၅၀၀၀၀၀အတွင်းရှိ အင်ပါယာမှန်သမျှ ထိခိုက်သွားကြပြီဖြစိရာ မြောက်အရပ်မှ ဝက်ဝံကြီး ဇင်းနစ်၏ အင်အားကြီးလာမှုကို ဟန့်တားနိုင်တော့မည်မဟုတ်ပေ။ ဇင်းနစ်သားတို့အတွက် ပီတာဘတ်မြို့တော်ကို ခုခံစစ်၌ အချိန်တိုင်းစက္ကန့်တိုင်းက အန္တရာယ်ကြီးမားခဲ့၏။

အင်ပါယာဆယ်ခု မဟာမိတ်ပြု တပ်များပေါင်းစည်းခြင်းကို ဇင်းနစ်ပြည်ထောက်လှမ်းရေးက သတင်းမရခဲ့ပေ။ ထို့ကြောင့်အလစ်အငိုက်မိကာ အချိန်တိုအတွင်း နယ်ခြောက်နယ်ဆုံးရှုံးခဲ့ရသည်။ ထိုမျှသာမက ဇင်းနစ်ပြည်၏ မြို့တော်စိန့်ပီတာဘတ်နားထိပင် ဝန်းရံလုပ်ကြံခြင်းကိုခံခဲ့ရ၏။

ဇင်းနစ်ပြည်၏ စစ်သည်များမှာ အပြင်းအထန်မရပ်မနား ခုခံခဲ့ကြ၏။ နာရီ၃ဝကြာအောင်အိပ်စက်ခြင်းမပြုဘဲ စိန့်ပီတာဘတ် မြို့တံတိုင်းကို မရပ်မနားခုခံခဲ့ကြသည်။

စိန့်ပီတာဘတ်မြို့တံတိုင်းသာ ဇင်းနစ်အင်ပါယာတော်ဝင်မိသားစု၏ အကြိမ်ပေါင်းများစွာ အားဖြည့်ခြင်းမခံရပါက သို့မဟုတ် ရန်သူဘက်က ဇင်းနစ်သားများကို အထင်မသေးဘဲ အော်မွန်၏ ရွှမ်ကော်ကို တိုက်ရိုက်စေလွှတ်ခဲ့ပါက မြို့ကျပြီးမှာကြာပြီဖြစ်သည်။

အင်ပါယာပြိုကွဲခါနီး တပ်ကူများရောက်မလာသေးခင်လေးတွင် ဇင်းနစ်စစ်သားများမှာ အလွန်မျှော်လင့်ချက်မဲ့နေပြီဖြစ်သည်။

အမှန်တော့ ဇင်းနစ်သားများမှာ လီယွန်အင်ပါယာ၏ လက်ရွေးစင်တပ်များနှင့် အော်မွန်၏ ရွှမ်ကော်ကို မြင်ရစဉ်က အလွန်အမင်းစိတ်ဓာတ်ကျဆင်းခဲ့သည်။ အင်အားက အလွန်ကွာပြီး မျှတခြင်းအရှင်းမရှိပေ။ အာလုံးမျှော်လင့်ချက်မဲ့သွား၏။

သို့သော်လည်း ပါရမီရှင် ချမ်းဘောဒ်၏ဘုရင် အလက်ဇန္ဒားက မိုင်ထောင်ချီခရီးနှင်းကာ မြို့တော်ကို ကာကွယ်ရန်အရောက်လာခဲ့သည်။ မယုံကြည်နိုင်အောင်ကြီးမားသော ခွန်အားနှင့်သူက အခြေအနေကို ပြောင်းပြန်လှန်ကာ ရန်သူ ဆရာသခင်များကိုသတ်ဖြတ်ခဲ့သည်။ ရန်သူ့ထိပ်တန်းဆရာသခင်များ သေဆုံးပြီးနောက် အခြေအနေက ကောင်းသွားပြီဖြစ်သည်။

တိုက်ပွဲပြီးနောက်တွင်တော့ ချမ်းဘောဒ့်ဘုရင် အလက်ဇန္ဒား၏ နေအဆင့်သို့ရောက်ရှိသည့် ရှော့ရဖွယ်ကာ သတင်းမှာ စိန့်ပီတာဘတ်မြို့၌ ပျံ့နှံ့သွားတော့၏။

တော်ဝင်စစ်ရုံးချုပ်၊ တော်ဝင်မိသားစုနှင့် ဝန်ကြီးများရုံးက ဤသတင်းပြန့်အောင် အားဖြည့်ကူညီပေးခဲ့သည်။ လမ်းပေါ်၌ အသားစိမ်းငါးစိမ်းရောင်းသူ အသီးအရွက်သယ်များပင် ချမ်းဘောဒ့်ဘုရင် နေအဆင့်ရောက်သည့်သတင်းကို သိရှိကြ၏။

ဤသတင်းက ကမ္ဘာလောက တစ်ခုလုံးကို တုန်ဟီးသွားစေသည်။ ချမ်းဘောဒ့်ဘုရင်တစ်ဦးထဲနှင့်ပင် ဇင်းနစ်အင်ပါယာမှာ အဇာရိုတ့်တိုက်ကြီး၌ အဆင့်၅အင်ပါယာအဖြစ် တွေးရနေပြီဖြစ်သည်။

ပြီး