အခြေအနေ ၂
Vol. 54 Ch. 842
ဇင်းနစ်အင်ပါယာ အဆင့်၅အင်ပါယာဖြစ်သွားခြင်းက အဆင့်များကို ခုန်ကျော်လိုက်ခြင်းဖြစ်သည်။ ထို့ပြင် ဇင်းနစ်စားများသည်လည်းနေအဆင့်အရှင်၏ ကာကွယ်မှုကို ရပြီဖြစ်သည်။
နေအဆင့်အရှင်ဟူသည်က အတော်လေးအရာရောက်သည်။ ဒဏ္ဍာရီခေတ်ကြီး ပြီးချိန်မှစ၍ အစွမ်း နတ်ဘုရားများ၊ နတ်ဆိုးများ နဂါးများ အခြားမျိုးနွယ်များမှာ မတွေ့ရသလောက်ရှားသွားပြီဖြစ်သည်။ ထို့ကြောင့် နေအဆင့်အရှင်များက နတ်ဘုရားလိုဖြစ်နေပြီဖြစ်၏။ ၎င်းတို့က ပြိုင်ဘက်ကင်းခွန်အားကို ကိုယ်စားပြုပေသည်။
ဇင်းနစ်အင်ပါယာ၏ စိတ်ကူးအယဉ်တတ်ဆုံးသူပင် အင်ပါယာ၌ အဆင့်မြင့်အင်ပါယာများတွင်သာရှိသော နေအဆင့်အရှင်ပေါ်ထွန်းလာမည်ဟု အိပ်မက်ပင်မက်ဖူးမည်မဟုတ်ပေ။ ဤ အံ့ဩပျော်ရွှင်စရာသတင်းက စစ်ကြောင့် သေဆုံးရခြင်း ဝမ်းနည်းစရာများကိုပင် လျော့ပါးသွားစေ၏။
ထို့ကြောင့် အံ့ဩစရာမြင်ကွင်းမျိုးဖြစ်လာသည်။ ပြီးဆုံးခါစ စစ်ပွဲကြောင့် အကြောက်တရာများ သေဆုံးမှုများကြောင့် ဝမ်းနည်းမှုများမဖြစ်ကြဘဲ အားလုံး စိတ်လှုပ်ရှားပျော်ရွှင်နေကြ၏။ လူတိုင်းတွေ့သည်နှင့် စိတ်လှုပ်ရှားစွာပြောသည့်စကားက အင်ပါယာ၌ နေအဆင့်အရှင်တစ်ပါးပေါ်ထွန်းလာခြင်းအကြောင်းသာဖြစ်သည်။
စိန့်ပီတာဘတ်မြို့တော် ခံစစ်အောင်မြင်ခြင်းက ဇင်းနစ်သားများအတွက်အောင်ပွဲခံရန်မဖြစ်နိုင်သေးပေ။ အခြေအနေက ဇင်းနစ်သားများအတွက် အလင်းရောင်မပေါ်ထွန်းသေးချေ။
အထောက်တော်များ ပြန်ပို့သည့်သတင်းအရ စိန့်ပီတာဘတ်မြို့၏ ကီလိုမီတာ၅၀အကွာရှိ ဇင်းနင်အင်ပါယာပိုင် သစ်ရွက်နီနယ်၌ တပ်ပေါင်းစုများ၏အင်အား၂သိန်းရှိနေကာ ၎င်းတို့က သဘာဝအကာအကွယ်ဖြစ်သော သစ်ရွက်နီမြစ်ကို အခံပြုပြီး ပြန်စုစည်းရန်ကြိုးစားနေကြ၏။ စိန့်ပီတာဘတ်မြို့အား ထပ်မံတိုက်ခိုက်ရန် နောက်ထပ်စစ်ကူများလည်း လာနေပြီဖြစ်သည်။
ထို့ကြောင့် စစ်ပွဲက ပြီးဆုံးရန်များစွာလိုသေးသည်။ အနည်းဆုံး ဇင်းနစ်အင်ပါယာ၏ နယ်ခြောက်နယ်ခန့် ရန်သူ့ထိန်းချုပ်မှုအောက် ကျရောက်နေဆဲဖြစ်၏။
ဇင်းနစ်အင်ပါယာ တော်ဝင်မိသားစုနှင့် တော်ဝင်စစ်ရုံးချုပ်တို့အတွက် စိန့်ပီတာဘတ်ခံစစ်အောင်ခြင်းက အလှည့်အပြောင်းတစ်ခုသာဖြစ်သည်။ ကျူးကျော်သူများအား ဇင်းနစ်မြေမှ အပြီးတိုင်မောင်းထုတ်ပြီးမှသာ အလုံးစုံအနိုင်ရမည်ဖြစ်သည်။
မြို့တော်အတွင်းတွင်တော့ ဗဟိုတပ်ဖွဲ့များ နောက်ဆုံးပြင်ဆင်မှုပြုနေသကဲ့သို့ တော်ဝင်စစ်ရုံးချုပ်နှင့် တော်ဝင်မိသားစုတွင်လည်း စာတမ်းဖြူများက နှင်းများလိုတစ်ဖွဲဖွဲ လွင့်ပျံနေ၏။
ထိုညတွင်ပဲ တော်ဝင်မိသားစုမှ အင်ပါယာရက်ဆင်အမည်နှင့် ဒုတိယစစ်မှုထမ်းအမိန့်ကိုထုတ်ပြတ်သည်။ စိန့်ပီတာဘတ်မြို့အတွင်းရှိ အမျိုးသားများအားလုံး ရရာလက်နက်ဆွဲကိုင်ကာ ဇင်းနစ်အင်ပါယာအတွက်ခုခံရမည်ဖြစ်၏။
တစ်ချိန်ထဲမှာပင် အင်ပါယာရက်ဆင်က တပ်ဖွဲ့ဖွဲ့ခွှင့်အမိန့်ကိုထုတ်ပြန်လိုက်သည်။ ရှားရှားပါးပါး သူဆုတ်ကိုင်ထားသော တပ်ဖွဲ့စည်းခွှင့်အမိန့်ကိုဖြေလျှော့ပေးခြင်းဖြစ်၏။
ယခုတော့ အားလုံးသောတော်ဝင်များ၊ ပဏ္ဏာဆက်ပြည်များ၊ ရဲတိုက်များနှင့် မိသားစုကြီးများပင် လူစုဆောင်း၍ တပ်ဖွဲ့စည်းခွှင့်ရသွားပြီဖြစ်သည်။ ၎င်းတို့အနေနှင့် ကျူးကျော်သူများကိုခုခံရာ၌ လွတ်လပ်စွာဆုံးဖြတ်နိုင်ကြပြီဖြစ်၏။ ကျူးကျော်သူများကို သုတ်သင်နိုင်ပါက သာမာန်ပြည်သူများပင် စစ်သူကြီးများ တော်ဝင်များဖြစ်လာနိုင်ပြီး တော်ဝင်များမှာမူ အဆင့်တိုးလာမည်ဖြစ်သည်။
ပိုမိုအံ့ဩစရာက အင်ပါယာရက်ဆင်၏ တတိယအမိန့်ဖြစ်သည်။ အင်ပါယာက နာမကျန်းဖြစ်ရာမှ နိုးထလာပြီးနောက် ချမ်းဘောဒ့်ဘုရင် အလက်ဇန္ဒားအား အင်ပါယာ၏ အင်ပါရီယန်သိုင်းသူတော်စင်ဘွဲ့အပ်နှင်းလိုက်ခြင်းဖြစ်၏။
ခရာစစ်ပြီးနောက် ဖေးမှာ ဒုတိယမြောက် အင်ပါရီယန်သိုင်းသူတော်စင်ဖြစ်လာသူဖြစ်သည်။ သူ့အနေနှင့် သိုင်းသူတော်စင်တောင်၌ အခြေချနိုင်ပြီဖြစ်၏။ ဖေးမှာ ပထမဆုံးသော ပဏ္ဏာဆက်ပြည်မှ သိုင်းသူတော်စင်ဖြစ်လာသူဖြစ်သည်။
မည်သူမျှ ကန့်ကွက်ခြင်းမရှိပေ။ ဤတိုက်ပွဲအပြီးနောက် တော်ဝင်မိသားစုအပါအဝင် မည်သူမျှ ချမ်းဘော့ဒ်ဘုရင်ကိုမထိပါးရဲတော့ပေ။ ဤဘုရင်ငယ်လေး၏ ကြီးထွားနှုန်းက လွန်စွာလျှင်မြန်ပြီး အင်ပါယာအတွင်းရှိ လူတိုင်း၏အသက်ကို စကားတစ်ခွန်းနှင့် ဆုံးဖြတ်နိုင်သည့်အထိ အစွမ်းထက်နေပြီဖြစ်သည်။
စိန့်ပီတာဘတ်နှင့် တပ်အတွင်း၌ ဘုရင်အလက်ဇန္ဒားကို နောက်လိုက်လိုသူ အများအပြားရှိနေပြီဖြစ်သည်။ ဖေးအမိန့်ပေးသည်နှင့် ရဲရင့်သူများ စစ်သည်တော်များက သူ့ဦးဆောင်မှုကို ခံယူမည်ဖြစ်၏။
စစ်ပွဲအတွင်းတွင်ဖြစ်၍ ဖေးမှာ ပွဲမလုပ်တော့ဘဲ တောင်ပေါ်တန်းတက်နေလိုက်သည်။ မြို့လည်၌ အခြေချနေထိုင်ပြီး နယ်မြေကိုစောင့်ကြပ်ကာ မြို့၏ကာကွယ်သူဖြစ်လာမည်ဖြစ်၏။ ဇင်းနစ်သားများမှာ သိုင်းသူတော်စင်တောင်သို့ကြည့်မိတိုင်း လုံခြုံမှုကို ခံစားနေရပြီဖြစ်သည်။
ပြီး