သစ္စာဖောက်များ ၁
Vol. 54 Ch. 843
စိန့်ပီတာဘတ်မြို့၊
ညအချိန်နီးကပ်လာပြီဖြစ်၍ ငွေရောင်နေမင်းကြီးအား သွေးတမျှနီသည့်အသွင့်ဖြင့်သာ မြင်ရပြီဖြစ်သည်။ ထိုနေရောင်အောက်၌ တစ်လောကလုံး သွေးရောင်တရွှဲရွှဲ သဖွယ်ဖြစ်နေ၏။
ယခုအချိန်က တပ်မှချမှတ်ထားသော ညမထွက်အမိန့်အချိန်ရောက်ရှိရန် လေးငါးနာရီမျှသာ ကျန်တော့သည်ဖြစ်၏။
ညအချိန်မရောင်ခင်၌ တပ်မှ လူသူများကိုစုရုံးကာ ရှုပ်ပွနေသော တိုက်ပွဲမြေပြင်ကိုရှင်းလင်းနေသည်။ ဇင်းနစ်စစ်သည်များ၏ အလောင်းများကို ရှာဖွေကာ မြို့တွင်းသို့သယ်ဆောင်၍ ရိုးရာများအတိုင် သင်္ဂြိုလ်ပွဲပြုလုပ်ပေးမည်ဖြစ်၏။ ရန်သူ့အလောင်းများကတော့ နေရာတွင်ပင် မီးရှို့သင်္ဂြိုလ်ကာ ပြာများက နေရာအနှံ့လွင့်ပျံ၍ မြေဆီဩဇာဖြစ်လာမည်ဖြစ်ပြီး လူအများ၏ နင်ချခြင်းကိုခံရမည်ဖြစ်သည်။
အဇာရိုတိုက်ကြီး၌ မကြာခနစစ်ပွဲများဖြစ်တတ်ရာ အင်ပါယာများ၌ အလောင်းများမှတစ်ဆင့် ကပ်ရောဂါများစတင်ကာ မပြန့်ပွားစေရန်အတွက် သင်္ဂြိုလ်သော နည်းလမ်းအမျိုးမျိုးရှိပေသည်။
အလောင်းများကို သင်္ဂြိုလ်၍ ထွက်ပေါ်လာသော အနက်ရောင်မီးခိုးများက ခပ်နှိမ့်နှိမ့်ကောင်းကင်ယံတွင်ဝဲပျံနေကာ တစ်လောကလုံးကိုဖုံးလွှမ်းနေ၏။ ထို့ကြောင့် တစ်ခွင်တစ်ပြင်လုံး မှောင်မဲကာ ဖိနှိပ်နေသည့်ရောင်ဝါတို့ဖြင့်ပြည့်နေသည်။
စိန့်ပီတာဘတ်မြို့တွင်းတွင်မူ အပြင်လောကနှင့်မတူညီပဲ ကွဲပြားနေ၏။ စစ်သားစုဆောင်းရေးများက မြို့အနှံ့တွင်ပျံ့နေကာ လာရောက်စာရင်းသွင်းသူများနှင့်ပြည့်နေသည်။ တပ်မှလွှတ်ထားသော အရာရှိများက လာရောက်စာရင်းသွင်းသူများအား စမ်းသပ်စစ်ဆေးက မည်သည့်တပ်ဖွဲ့တွင်တာဝန်ထမ်းဆောင်ရမည်ဟူသည်ကို ဆုံးဖြတ်ပေး၏။
အခြားတစ်ဖက်တွင်လည်း ဇင်းနစ်သားများမှာ တော်ဝင်မိသားစုအမိန့်ကိုနာခံ၍ လာရောက်စစ်မှုထမ်းကြသည်။
ကျူးကျော်သူရန်သူတို့ကြောင့် ဇင်းနစ်သားများအားလုံး မျိုးချစ်စိတ်ထက်သန်လာပြီး တက်ကြွနေကြ၏။ အသက်အရွယ်ကန့်သတ်ချက်ပြည့်မှီသူတိုင်း လာရောက်စာရင်းသွင်းကြသည်။ လူတိုင်း အင်ပါယာကျရှုံးပါက ဇင်းနစ်သားများအဖို့ မှီခိုအားထားစရာမရှိဘဲ ကျေးကျွန်များဖြစ်လာကြမည်ကို သိထားကြသည်။ ကာကွယ်ပေးမည့်အင်ပါယာမရှိပါက အားလုံးအနိမ့်ကျဆုံး လူတန်းစားဖြစ်လာမည်ဖြစ်ကာ ချစ်ရသူများကို ဆုံးရှုံးကြရမည်ဖြစ်၏။
အချို့သော မြင့်မြတ်သည့်မိသားစုမှ လူငယ်များပင် လာရောက်စစ်မှုထမ်းကြပြီဖြစ်သည်။
ပြင်ပရန်သူနှင့် ရင်ဆိုင်ရချိန်၌ ဇင်းနစ်သားများအဖို့ အလွန်အမင်းစည်းရုံးလာပြီဖြစ်၏။ မြင့်မြတ်သောမိသားစုများနှင့် သာမန်ပြည်သူများအကြားတင်းမာမှုများပြေလျော့သွားပြီဖြစ်သည်။ စစ်သားစုဆောင်းရေးရုံးများ၌ ချပ်ဝတ်အမျိုးမျိုးဝတ်ဆင်ထားသော မြင့်မြတ်မိသားစုဝင်များမှ သာမန်ဖျင်ကြမ်းနှင့်ပြည်သူများကို ရယ်ရယ်မောမောဆက်ဆံနေသည်ကို မြင်နိုင်ပေသည်။
မြင့်မြတ်မိသားစုမှ လူငယ်လေးများက သူတို့သိသော တိုက်ခိုက်ရေးနည်းစနစ်များ ဗဟုသုတများကို သရုပ်ဖော်ပြသာပြီး အခြေခံလူတန်းစားများက ကြည့်ရှုအားပေးကြ၏။ ရဲရင့်သော အခြေခံလူတန်းစားများ၏ ဝင်ရောက်ပြသမှုကလည်း မြင့်မြဆ်မိသားစုများ၏ အားပေးခြင်းကို ရရှိသည်။
အင်ပါယာစစ်ပွဲကာ ဒဏ်ရာရလူနာများနှင့် ဝမ်းနည်းစရာများဖြစ်စေသော်လည်း နောက်တစ်ပိုင်းကလမ်းကြောင်းအသစ်တစ်ခုပေး၏။
မြို့၏ တစ်ပိုင်း၌ အားပေးထောပနာပြုသံများ ညံနေသောလည်း တခြားတစ်ပိုင်းတွင်တော့ ကျိန်ဆဲသံ၊ အော်ဟစ်သံ၊ ငိုကြွေးသံ တောင်းပန်သံများနှင့်ဖြင့်ပြည်ကာ သွေးသံတရဲရဲဖြစ်နေသည်။
အင်ပါယာဒုက္ခရောက်ချိန်၌ တစ်ချို့သော ၁၆နှစ်သားလူငယ်များက ရရာ တုတ်ဓားလက်နက်ကိုင်ဆွဲကာ သတ္တိရှိရှိတိုက်ပွဲဝင်ရဲချိန်၌ တစ်ချို့ကတော့ ၎င်းတို့၏ စည်းစိမ်ဥစ္စာများ မပျက်သုဉ်းစေရန်အတွက် ဂုဏ်သိက္ခာကိုချနင်းပြီး အင်ပါယာကိုသစ္စာဖောက်ရန် ရန်သူများနှင့်တိတ်တဆိတ်ဆွေးနွေးကာ သူ့လူကိုယ့်ဘက်သားများလုပ်ရန်ကြိုးစားခဲ့ကြ၏။
အလျှံညီးညီး တောက်လောင်နေသော စစ်မီးလျှံအောက်၌ အရှက်သိက္ခာတရားများက အလွယ်တကူ အရည်ပျော်ပျက်စီးလွယ်ပေသည်။
ဖေးရုတ်တရက်ထွက်ပေါ်လာပြီး အင်ပါယာဆယ်ခုညွန့်ပေါင်းတပ်အတွင်းသို့ရောက်လာခြင်းကြောင့် ထိုတပ်များမှာ အလောတကြီးဆုတ်လိုက်ကြရ၏။
ထို့ကြောင့် မင်းသားအာရှာဗန် လီယွန်အင်ပါယာစခန်းကို ဝင်စီးနှင်းချိန်တွင် မီးရှို့ဖျက်ဆီးရန်ကျန်ခဲ့သော စိန့်ပီတာဘတ်မြို့၏ မိသားစုကြီးတစ်ချို့မှစာလွှာများကိုတွေ့ခဲ့ရပေသည်။ ထို့ပြင် အချို့သောတော်ဝင်မိသားစုများ၏ သစ္စာဖောက်မှုများကလည်း သက်သေအခိုင်အမာရှိသည်။ အချို့က အရေးကြီးသည့်အချိန်၌ ရန်သူများ၏ တောင်းဆိုချက်ကို လိုက်လျောကာ စိန့်ပီတာဘတ်မြို့၏ ခုခံရေးအလွှာရှိ အစီအရင်များကိုဖျက်ဆီးပေးခဲ့၏။
၎င်းက အင်ပါယာတစ်ခုလုံးကို ဒေါသထွက်စေခဲ့သည်။
ပြီး