သစ္စာဖောက်များ ၂
Vol. 54 Ch. 844
အိမ်ရှေ့စံ အာရှာဗန်မှာ စည်းကမ်းတင်းကြပ်မှုအပိုင်း၌ နာမည်ကြီးသူဖြစ်သည်။ ထို့အပြင် တော်ဝင်တစ်ဦးအနေနှင့် သစ္စာဖောက်မှုကို သူလက်သင့်မခံနိုင်ပါ။
ထို့ကြောင့် တိုက်ပွဲပြီးသည်နှင့် သူက စာလွှာပေးပို့သော မိသားစုများသို့ ချက်ချင်ပင် တပ်များပို့လွှတ်ကာဝန်းရံစေ၏။ ထိုမိသားစုများအဖို့ ထွက်ပြေးရန်ပင် အချိန်မရလိုက်ပေ။
ယခု တိုက်ပွဲပြီးဆုံးပြီဖြစ်ရာ ဇင်းနစ်စစ်နတ်ဘုရားအဖို့ သစ္စာဖောက်များကို တစ်ယောက်ချင်း စာရင်းရှင်းတော့မည်ဖြစ်သည်။
သစ္စာဖောက်ခြင်း သက်သေရှာတွေ့ထားသော မြင့်မြတ်သူများအဖို့ မိသားစုတစ်ခုလုံးပါ ၎င်းနှင့်အတူ ကွပ်မြတ်ခြင်းခံရကြ၏။
တစ်နာရီအတွင်းမှာပင် စိန့်ပီတာဘတ်မြို့၏ ကွပ်မြတ်မြေပြင်၌ မြင့်မြတ်မိသားစု၁၇ခုနှင့် လူထောင်ကျော်ကွပ်မြတ်ခံလိုက်ရသည်။ ထို့နောက် ၎င်းတို့၏ ခေါင်းများမှာ စိတ်ဓာတ်ပျော့ညံ့သူများ နမူနာတွေ့ရှိရန် ချိတ်ဆွဲခံရမည်ဖြစ်၏။
ဇင်းနစ်တော်ဝင်မိသားစု၏ ဒေါသနှင့် ပြည်သူများ၏ စိတ်ဆိုးမှုအောက်တွင် ထိုသစ္စာဖောက်မြင့်မြတ်မိသားစုတစ်ခုမျှ လွတ်မြောက်ခြင်းမရှိပေ။ အလောင်းများတောင်လိုပုံကာ သွေးချောင်းများစီးဆင်းသွားသည်။
ကွပ်မျက်မြေ၏ အပြင်၌ ပြည်သူလုထုမှာ စုရုံး၍ ဆန္ဒထုတ်ဖော်နေကြသည်။
" သတ် သတ် သစ္စာဖောက်လောက်ကောင်တွေကိုသတ်ကြ "
" ဒီအသားထဲက လောက်တွေက အေးချမ်းချိန်မှာ မြင့်မြတ်မိသားစုတွေဖြစ်သစ္စာခံပြီး ခုလိုချိန်မှ ငါတို့ကို နောက်ကျောကဓားနဲ့ထိုးတယ် ခွှင့်လွှတ်လို့မရဘူး အပိုင်းပိုင်းခုတ်ပြီး ချိတ်ဆွဲထားရမယ် "
ဇင်းနစ်ပြည်သားများမှာ သစ္စာဖောက်များကိုသတ်ရန်အလို့ငှာ ကာဆီးထားသော ရဲမက်လိုင်းကို တိုးဝှေ့ကျော်လွှားကြတော့သည်။ ဆင်းရဲနွမ်းပါးသော ပြည်သူများက မြို့တော်၏တံတိုင်းကို အသက်စွန့်ကာကွယ်ချိန်၌ ဤသစ္စာဖောက်များက ငြိမ်းချမ်းချိန်တွင် စည်းစိမ်များခံစားနေကြပြီး မျိုးချစ်စိတ်စကားကိုအမြဲပြောတတ်သော်လည်း ကပ်ဘေးချိန်၌ အရှက်မရှိလုပ်ရပ်ကိုလုပ်ကြ၏။ ပါးစပ်ကဘုရား လက်ကကားယားလုပ်သူများကို ပြည်သူတို့သည်းမခံနိုင်ချေ။
မြင့်မြတ်သူများကို တစ်ယောက်ခြင်း ကြိုးဖြင့်စီတန်းချီထား၏။ ကွပ်မျက်နေရာ၏ ခပ်လှမ်းလှမ်းတွင် ယောက်ျား၊ မိန်းမနှင့် ကလေးအစုံအလင် ဦးရေ၂၀၊၃၀ခန့် တစ်စုထဲချည်နှောင်ခံထားရသည်။ တစ်ချို့သောအဖမ်းခံလူငယ်များမှာ ကိုယ်တွင်ဒဏ်ရာများရနေဖြစ်ရာ အဖမ်းမခံရခင်က ပြန်လည်ခုခံခဲ့ကြောင်းသိနိုင်၏။ ယခုတော့ သူတို့၏ ပုခုံးများကို သံကွင်းဖြင့် ထိုးဖောက်ခံရပြီး စစ်သည်စွမ်းအင်များကိုပိတ်ဆို့ခံရကာ ကွပ်မျက်နေရာသို့ ပို့ဆောင်ခံနေရပြီဖြစ်သည်။
လူအုပ်ကြီးမှာ ၎င်းတို့ကို မြင်သည်နှင့် စိတ်မထိန်းနိုင်ဖြစ်သွားကြ၏။ ထို့နောက် ၎င်းတို့က ဒေါသတကြီးအော်ဟစ်ကြတော့သည်။ " ဒါရွှယ်လုပြည်ရဲ့ တော်ဝင်မိသားစုပဲ သူတို့အားလုံး ငရဲမှာမီးလောင်ခံသင့်တယ် ခုတော့ သူတို့အဖမ်းခံရပြီ "
" သူတို့ကို ကြိုးပေး ဘုရားတွေက ငါတို့ဘက်မှာပဲ ဒီလိုအကြီးဆုံးသစ္စာဖောက်တွေတောင်မလွတ်ဘူး ရွှယ်လုပြည်မှာ ဒီလိုသစ္စာဖောက်မျိုးပေါ်လာတာရှက်စရာဘဲ တော်ဝင်မိသားစုအနေနဲ့ သတ်သေသင့်ပြီ ခုလိုအသက်ရှင်နေသေးတာ ရှက်စရာပဲ သူတို့အရှက်ရှိကြရဲ့လား "
" ခုကပိုကောင်းတာ သတ်သေလိုက်ရင် သူတို့လွတ်သွားမှာ သူတို့ကိုအရေပြားတစ်လွှာခြင်းဆုတ်ပစ်သင့်တယ် တော်ဝင်မိသားစုဝင်တွေလည်း အတူတူပဲ အားလုံးလူယုတ်မာတွေပဲ ရွှယ်လုအင်ပါယာရဲ့အဖွဲ့ဝင်တိုင်းကို သတ်ပစ်သင့်တယ် "
ရွှယ်လုပြည်မှာ ဤစစ်ပွဲတွင် အကြီးဆုံးသစ္စာဖောက်များဖြစ်သည်။ သူတို့ကြောင့်သာ ရန်သူ့တပ်များအလွယ်လေး ဝင်ရောက်လာနိုင်ခြင်းဖြစ်၏။ ရန်သူများ မြို့တော်ကိုဝန်းရံချိန်တွင် ၎င်း၏ဟန်ဆောင်ထားသောမျက်နှာဖုံးကိုကွာကျခဲ့သည်။ ထို့ကြောင့် ဇင်းနစ်ပြည်သားအားလုံး သူကိုသတ်ဖြတ်ချင်နေ၏။
သစ္စာဖောက်ခြင်းမပြုခင်က ရွှယ်လုပြည်မှာ မင်းသားအာရှာဗန်နောက်လိုက်၍ စပါးတပ်စစ်မြေပြင်တွင် ဂုဏ်ဆောင်ခဲ့သည်။ ထို့ကြောင့် ရွှယ်လုပြည်တော်ဝင်မိသားစုမှာ မြို့တော်သို့လာရောက်ပြီး တော်ဝင်မိသားစု၏ ဂုဏ်ပြုပေးမှုကိုစောင့်ဆိုင်းနေခြင်းဖြစ်၏။
သို့သော်လည်း သစ္စာဖောက်မှုကရုတ်တရက်ပေါ်ထွက်လာပြီး ရွယ်လုတော်ဝင်များမှာ ရုတ်တရက် တော်ဝင်များအဖြစ်မှ ရာဇဝတ်သားအဖြစ်သို့ပြောင်းလဲသွားတော့သည်။
End