← Chapters

နားမလည်ခြင်း

Vol. 120 Ch. 4,1308

နားမလည်ခြင်း

Vol. 120 Ch. 4,1308

စိန်​ခေါ်ကွင်းက ခဏတာ တိတ်ဆိတ်သွားသည်။

ရွှမ်ယွမ်ရှီးနဲ့ လုရွှမ်တို့ရဲ့ တိုက်ပွဲကို မြင်ပြီးတဲ့ နောက်မှာတော့ လုရွှမ်ရဲ့ အရည်အချင်းကို လူတော်တော်များများ မြင်ဖူးကြပါပြီ။ သူတို့မှာ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိကြသည်။ အထူးသဖြင့် ဓားသိုင်းကို နားလည်မှုက စာရင်းထဲက ဖော်ပြထားတဲ့အတိုင်း ကြောက်စရာ ကောင်းကြပါ၏။

တချို့လူတွေက အဲဒါကို နားမလည်နိုင်သလို စိတ်ထဲမှာလည်း မခံစားနိုင်ပေမယ့် နားလည်တဲ့သူတွေ အတွက်ကတော့ တခြားသူတွေနဲ့ ယှဉ်လိုက်ရင် ခွေးလိုဝက်လို ဝမ်းနည်းပြီး ရှက်သွားကြရသည်။

ထို့ကြောင့် ရွှမ်ယွမ်ရှီးရဲ့ ပြိုင်ပွဲပြီးပြီးချင်း ဘယ်သူမှ ခုန်မတက်ရဲသေးချေ။ ဒီကိုလာနိုင်တဲ့သူတွေ အားလုံးက အရည်အချင်းရှိတဲ့ လူတွေဖြစ်ပြီး အခြေခံအားဖြင့် ဆိုရရင်တော့ ဦးနှောက်မရှိတဲ့ လူတွေ မဟုတ်ဘူး။

သူတို့သာဖြစ်ရင် ဘာဖြစ်မလဲ။ လုရွှမ်ကို အနိုင်ယူနိုင်မှာလား ဒါမှမဟုတ် တိုက်ပွဲကနေ ဘာတွေ သင်ယူနိုင်မလဲလို့ အားလုံးက တွေးနေကြပါပြီ။

ထို့အပြင် အဝါရောင်သလင်းကျောက် တစ်သန်း၊ လိမ္မော်ရောင် သလင်းကျောက် သန်းတစ်ရာနှင့် အနီရောင်သလင်းကျောက် ဆယ်သန်း ရှိနေသော လူတိုင်းက ဂိုဏ်းချုပ်များသာ ဖြစ်ပေသည်။

သို့သော် အဝါရောင် သလင်းကျောက် တစ်သန်းဆိုတာ မသေးချေ။ အခြေခံအားဖြင့် ၎င်းတို့၏ ငွေကြေး အားလုံးကို အလောင်းအစား အပေါ် သုံးလိုက်ခြင်းက အန္တရာယ် အမှန်တကယ်ပင် ကြီးမားလှသည်။

"အိုး... တစ်ယောက်မှ မကျန်တော့ဘူးပဲ ငါနည်းနည်း​တောင် စိတ်ပျက်သွားမိတယ်..."

ထို့အပြင် ယခု သူ့တွင် အဝါရောင် သလင်းကျောက် နှစ်သန်းရှိသဖြင့် ချမ်းသာပြီး ယုံကြည်မှု အပြည့်ရှိ​နေသည်။ ဒါ့အပြင် အရာအားလုံး ဆုံးရှုံးသွားရင်တောင် အရှုံးမရှိသေးပါဘူး။ သခင်နှစ်ယောက်နှင့်အတူ တိုက်ခဲ့ရသလို သလင်းကျောက် တစ်သန်းစီလည်း ရလိုက်တာကြောင့် ထိုက်တန်ပါသည်။

"ကောင်းပြီ... ဒါဆို သခင်လေးလုရွှမ်ရဲ့ ပါးနပ်တဲ့လှည့်ကွက်ကို ကျွန်​တော် စမ်းကြည့်ပါရစေ"

လုရွှမ် ထွက်သွားခါနီးမှာပဲ လူတစ်ယောက် ပြေးထွက်လာခဲ့သည်။

ထွက်လာတဲ့လူက လူငယ်တစ်ယောက် ဖြစ်ပြီး သူ့ပုံစံက ခပ်ငယ်ငယ်ပင်။ သူ့ကျင့်ကြံမှု အဆင့်သည် အလွန်မြင့်မားခြင်း မရှိသည့်အပြင် နတ်မီးနယ်ပယ်သို့ မကြာသေးမီကမှ ဖြတ်ကျော်ခဲ့တာ ဖြစ်ပေလိမ့်မည်။

ဤလူ၏အဝတ်အစားကို ကြည့်လိုက်ရုံနဲ့ နတ်နဂါး မိသားစုမှ ဖြစ်ပုံရတာ တွေ့ရ၏။ အတိအကျပြောရလျှင် နတ်နဂါး မိသားစု၌ ကျန်ခဲ့သူ အများစုသည် သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။

လေ့ကျင့်နိုင်ရင်တောင် နှစ်ထောင်ချီ လေ့ကျင့်ရလိမ့်မယ်။ အသက်နဲ့မရဏ လမ်းခြောက်သွယ်ထဲ ပိတ်မိနေတုန်း အများစုက မကျင့်​ကြံနိုင်ဘူးလို့ မှန်းဆထားပေမယ့် တွေးကြည့်ရုံနဲ့ အဲ့လူတွေက သတိလစ်နေရင်တောင် ဒီအချိန်အတွင်းမှာ သူတို့ရဲ့ ခန္ဓာကိုယ်မှာ ဘယ်လိုပြောင်းလဲမှုမျိုးတွေ ဖြစ်လာမလဲ ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။

ထို့ကြောင့် နတ်နဂါးမိသားစု၏ စိန်ခေါ်ကွင်းကို ရောက်ရှိလာသောအခါ နတ်နဂါးမိသားစုမှ တပည့်များစွာ မရှိသော်လည်း တချို့လူငယ်များမှာ ရှိပါ​သေးသည်။ သို့သော် နတ်နဂါး မိသားစုကို နှိုးဆော်ရန် မည်သူမျှ မစဥ်းစားခဲ့ကြပေ။

ယခုမူ နတ်နဂါး မိသားစုမှ တစ်စုံတစ်ဦးသည် တိုက်ပွဲတစ်ခုကို ဖိတ်ခေါ်ရန် အစပြုခဲ့လေပြီ။

လူငယ်အသစ်များသည် တစ်ယောက်ပြီး တစ်ယောက် စိတ်လှုပ်ရှားလာကြသည်။ နတ်နဂါး မိသားစုက လက်ရှိတပည့်များ၏ ခွန်အားကို မြင်တွေ့လိုကြသည်။ ဟိုတုန်းကတော့ သဘာဝအတိုင်း ထိပ်တန်းပဲမလို့ ဒါပေမဲ့ အခုရော။ ဒီအရာအားလုံးက ခွန်အားပေါ်မှာ မူတည်သွားပြီ။

လုရွှမ်၏ မျက်လုံးများမှာလည်း တောက်ပလာပြီး ဧည့်သည်ဆီသို့ လက်ဆုပ်လျက် ခါးကိုင်းလိုက်သည်။

"ဒီကလူငယ်ကို ဘယ်လိုခေါ်ရမလဲ"

လူငယ်က ယဉ်ကျေးသော အပြုံးဖြင့် ပြန်လည်ဖြေကြား၏။

"ကျွန်​တော့်နာမည် လုံယာ"

"ကြွပါ"

"ကြွပါ!"

လုရွှမ်လက်ထဲမှ ချင်ထျန်းဓားက လုရွှမ်၏ ခံစားချက်ကဲ့သို့ပင် အနည်းငယ် အသံပေးလာ၏။ စိတ်လှုပ်ရှားစရာ ကောင်းသော အရိပ်အယောင်များ ရှိနေသော်လည်း ပြိုင်ဘက်ကို တွေ့ချင်သော မျှော်လင့်ချက်က ပိုနေပါသည်။

နတ်နဂါး မိသားစုသည် သက်တမ်း အရှည်ကြာဆုံး ဟူသော စကားလုံးအား အမွေဆက်ခံထားသည့် ရှေးဟောင်း မိသားစုဖြစ်သည်။ တကယ်တော့ အဓိက ဓားသိုင်း ရှစ်ခုအနက် ၎င်းတို့မှာ နှစ်ခုရှိသည်။ ထို့အပြင် လုရွှမ်သည် နတ်နဂါး မိသားစုဆီက ချီထျန်းပု အဆင့်များကို သင်ယူခဲ့သေး၏။

နတ်နဂါး မိသားစုရဲ့ ကျင့်စဥ်တွေဟာ ပိုနားလည်လေလေ နားမလည်နိုင်လောက်အောင် ဖြစ်လာလေပါပဲ။

"ဓားကို ကြည့်ထား!"

လုံယာက သတိပေးလိုက်သည်။ သူ ဓားကို ထုတ်လိုက်ပုံက အလွန်ရိုးရှင်းပါ၏။ ဆိုလိုသည်မှာ အရိုးရှင်းဆုံးသော ဓားကို တည့်တည့် ထုတ်ယူလိုက်သည့် အတိုင်းပင်။ လုရွှမ်ကို ဓားနဲ့ထိုးတဲ့ အရှိန်ကလည်း သာမန်ဓားလို အရှိန်နဲ့ ဓားစွမ်းအင်လည်း မရှိ။

လုရွှမ် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ တခြားလူတွေကလည်း လုံယာ ဘာလုပ်နေလဲ နားမလည်တာကြောင့် ပို၍ပင် စိတ်ရှုပ်သွားကြသည်။ ဒါက နတ်နဂါးဓားသိုင်းလား သို့မဟုတ် နိဗ္ဗာနဓားသိုင်းလား။

သို့သော် နတ်နဂါး မိသားစုသည် နှစ်ထောင်ပေါင်းများစွာ ကြာအောင် ပျောက်ကွယ်သွားခဲ့ပြီးပြီ။ နတ်နဂါးဓားသိုင်း သို့မဟုတ် နိဗ္ဗာနဓားသိုင်းကို မြင်ဖူးသူများပင် သေဆုံးသွားပြီ။ သဘာဝအတိုင်းပင် သခင်လေးလုံယာ အသုံးပြုသော ဓားသိုင်းကို မည်သူမျှ နားမလည်နိုင်​ကြပေ။

သို့သော် လုရွှမ်သည် အဆန်းပြားဆုံးနှင့် အရိုးရှင်းဆုံးဟူ၍ ဓားသမား အမျိုးအစား နှစ်မျိုးသာ ရှိကြောင်း သိပါ၏။

လုံယာရဲ့ ဓားကို ကြည့်ရတာ အလွန်ရိုးရှင်းပေမယ့် ရှုပ်ထွေးမှုကို ရိုးရှင်းအောင် လျှော့ချလိုက်မလား ဆိုတာ ဘယ်သူက သိမှာလဲ။ အဲဒါက ဒြပ်စင်ငါးပါး ဓားသိုင်း ကဲ့သို့ပင်။ သူသည် အရိုးရှင်းဆုံးသော ဓားသိုင်းကို တစ်ခုပြီးတစ်ခု မြင်ဖူးခဲ့တယ် မဟုတ်ပါလား။

လုရွှမ် နှလုံးသား လှုပ်ရှားသွားကာ ချင်ထျန်းဓားကို ဆွဲထုတ်လိုက်သည်။ သူလည်းပဲ အလွန်ရိုးရှင်းပြီး ဓားစွမ်းအင် လုံးဝ မရှိပေ။

သူ့လုပ်ရပ်ကြောင့် လုံယာရဲ့ မျက်လုံးများ တောက်ပလာပြီး အနည်းငယ် ပြုံးပြလာသည်။ ထို့နောက် လှုပ်ရှားမှုများကို ပြောင်းလဲကာ လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို ဖြတ်ကျော်၍ နောက်ပြန်ဓားဖြင့် ထပ်မံ လွှဲခုတ်လိုက်သည်။

လုရွှမ်ကလည်း ဓားပြန်လွှဲ၍ လုံယာဓားကို ကာထားလိုက်သည်။ လုံယာဘက်က လှုပ်ရှားမှုကို ထပ်မံ ပြောင်းလဲလိုက်တာနဲ့ လုရွှမ်ဘက်ကလည်း လှုပ်ရှားမှုကို ပြောင်းလဲလေ၏။ သူတို့နှစ်ဦးမှာ သစ်သား ဓားများဖြင့် ယှဉ်ပြိုင်နေသည့် ကလေးနှစ်ယောက်လိုပင်။ ဒီလိုဓားပညာဟာ တကယ်ကို အစွမ်းထက်မှာတဲ့လား။

လုံယာ ဒါပဲလုပ်ခဲ့တာပေမယ့် လုရွှမ် တကယ်ပဲ သူ့အတိုင်း လိုက်လုပ်ပေးနေ၏။ ယ

၎င်းဓားသိုင်းထဲတွင် ထူးကဲသော မှော်အစွမ်းအချို့ ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့ မမြင်ခဲ့ကြပေ။ ဘယ်သူကမှ စကားမပြော၊ လူတိုင်း ဂရုတစိုက် ကြည့်​နေကြပြီး ဒါက ဘာအကြောင်းလဲဆိုတာ အဖြေရှာဖို့ ကြိုးစားနေကြသည်။

တစ်ချိန်တည်းမှာပင် သူတို့သည် သူတို့၏ မသိနားမလည်မှုများကို မဖော်ထုတ် ပြချင်ကြပေ။ ဟောက်ထျန်းကသာ ရှင်ထျန်းအနားကို ကပ်လျက် ညင်သာစွာ မေးလိုက်သည်။

"ဘာတွေ​ဖြစ်​နေတာလဲ"

ရှင်ထျန်းလည်း နားမလည်နိုင်တာကြောင့် ခေါင်းခါလိုက်သည်။

လုရွှမ် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ချလိုက်တော့ သူ့အတွေးထဲ ဓားတစ်ချောင်း ရွေ့လျားနေတာကို ခံစားလိုက်ရသည်။ ၎င်းသည် အရိုးရှင်းဆုံးသော ဓားရွေ့လျားမှုအဖြစ် သူ့စိတ်ထဲတွင် ပေါ်လာကာ ချက်ချင်းပင် ဓားသိုင်းတစ်ခုအဖြစ် လှုပ်ရှားသွားမှန်း ခံစားလိုက်ရသည်။

တကယ်တော့ လုရွှမ် ဒုတိယဓားကို လိုက်၍ လှုပ်ရှားကြည့်တဲ့အခါ လုံယာရဲ့ ထူးခြားသော စွမ်းအားကို ခံစားခဲ့ရသည်။ သူ ဓားကို လှန်လိုက်သောအခါတွင် ဓားစွမ်းအင် မရှိဘူးဟု ထင်ရသော်လည်း အသက်ရှုသံများ လည်ပတ်နေချိန်တွင် လုရွှမ် သူ့ခန္ဓာကိုယ်အတွင်းက အသက်စွမ်းအင် အပြောင်းအလဲများကို မြင်လိုက်ရသည်။

ဓား၏ ရွေ့လျားမှုနှင့်အတူ၊ ဓား၏ ရည်ရွယ်ချက်နှင့် ရောယှက်နေသော ရောင်ဝါက တဖြည်းဖြည်း နက်နဲလာသည်။ အပြင်လူများ အတွက်တော့ သူတို့နှစ်ဦးသည် အရူးနှစ်ယောက်ကဲ့သို့ ပြေးလွှားနေသယောင် ထင်ရသော်လည်း လုရွှမ်ကတော့ လုံယာထံမှ အလင်းရောင် အနည်းငယ် တောက်နေတာကို တွေ့နေရပြီ။

အဲဒါက တစ်ခုခုကို ပုံဆွဲနေသယောင်ဖြင့်။ သူ့ဓားရွေ့လျားမှုနဲ့အတူ တဖြည်းဖြည်း ပုံသဏ္ဌာန်ဖြစ်လာပြီး ခေါင်းက တဖြည်းဖြည်းနဲ့ ပေါ်လာသည်။

ထိုတစ်ခဏ၌ လုရွှမ်ရဲ့ မျက်လုံးများက ကြယ်​ရောင်များဖြင့် လင်းလက်လာသည်။ ဤအရာသည် နတ်နဂါး မိသားစု၏ နတ်နဂါးဓားသိုင်းပဲ ဖြစ်ရမယ်ဆိုတာ သူနားလည်သွားသည်။

ထူးဆန်းပြီး မှော်ဆန်လွန်းပေ၏။ လုံယာရဲ့ ဓားသွားလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး လုရွှမ်အတွေးက တကယ်လို့ တခြားသူတွေကသာ လုံယာကို တိုက်ခိုက်ရင် သက်ဆိုင်တဲ့ ရောင်ဝါကလည်း လုံးဝကို ကွဲပြားသွားလိမ့်မယ်လို့ ယုံကြည်သွားပြီ။

လုရွှမ်ရဲ့ နှလုံးသားက ငြိမ်သက်သွားပြီး လျင်မြန်စွာ တွေးတောနေမိသည်။

ဒါဟာ နတ်နဂါးဓားသိုင်းရဲ့ ဝိသေသမို့လို့ သူဟာ နတ်နဂါးကို ဖြည်းဖြည်းချင်း ပုံဖော်နိုင်ပေမယ့် ဒြပ်စင်ငါးပါးပါကွာကို ပုံဖော်နိုင်မလား။

ပုံဖော်နိုင်မှာ မဟုတ်ဘူး ဆိုတာ သေချာ၏။

All Chapters