နှစ်သန်းခန့် ဝင်လာပြီ
Vol. 120 Ch. 4,1307
ရွှမ်ယွမ်ရှီးသည် တတိယဓားကို ဆက်မသုံးဘဲ ထိုနေရာတွင် ရပ်ကာ စဉ်းစားနေခဲ့သည်။ ပရိတ်သတ်များလည်း နားမလည်နိုင်စွာ ကြည့်နေကြပြီး တချို့က ၎င်းကို အံ့သြစွာဖြင့် ကြည့်နေကြသည်။
သူတို့နှစ်ယောက်ဟာ တစ်ခါမှ တိုက်ဖြစ်ပုံမပေါ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်ရင်ဆိုင်ရင်း သရေကျတာ နှစ်ကြိမ်ရှိပါပြီ။ နတ်ဓားတွေကြား ထိပ်တိုက်တွေ့တာနဲ့ ယှဉ်ရင် အဲဒီလို ရန်ပွဲက ပြိုင်ဘက်ရဲ့ လေ့ကျင့်မှုနဲ့ သူမြင်တာကို နားလည်မှုအပေါ် တိုက်ခိုက်တာကြောင့် ပိုအန္တရာယ်များ၏။
အခုအချိန်မှာတော့ ရွှမ်ယွမ်ရှီးဟာ လုံးဝကို အားနည်းချက် ရှိနေချေပြီ။
သို့သော် ရွှမ်ယွမ်ရှီး၏ မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး တိမ်ဖြူဖြူများက သူမပတ်ပတ်လည်မှ လွင့်မျောသွားကာ လုရွှမ်အား ပြန်လည် တိုက်ခိုက်ပြန်၏။
"ဒီမိန်းကလေးက အံ့သြစရာကောင်းသားပဲ"
ရှင်ထျန်း သက်ပြင်းအသာ ချလိုက်သည်။ ဟောက်ထျန်းလည်း အနည်းငယ် နားလည်သော်လည်း အနည်းငယ်လည်း စိတ်ရှုပ်ထွေးနေသေး၏။ သူသည် တိုက်ပွဲက ပြတင်းပေါက် စာရွက်အလွှာကို ဖောက်ရန်သာ လိုတော့ကြောင်း သိလာသလို ရှိသည်။
"ဒါက ဓားရေးပြိုင်ဆိုင်မှု တစ်ခုပဲ... လုရွှမ် ဘယ်လမ်းကြောင်းကို လျှောက်နေလဲတော့ မသိပေမယ့် သူ့ကိုယ်သူ ထူးထူးခြားခြား တိုးတက်အောင် လုပ်နိုင်ခဲ့တယ်... ပြီးတော့ ရွှမ်ယွမ်ရှီးကလည်း ရေလမ်းအတိုင်း လိုက်နေတယ်"
"အခု သူမက ရေကို တိမ်အဖြစ် ပြောင်းလဲသွားအောင် လုပ်ပြီးတော့ ကောင်းကင်ကို တိမ်တွေဖုံးလွှမ်းသွားအောင် လုပ်ထားပြီ... သူမက လုရွှမ် ဘယ်လိုဖြေရှင်းမလဲ ဆိုတာ သိချင်နေပြီတာ ဖြစ်လိမ့်မယ်"
လုရွှမ်သည် ကောင်းကင်နှင့်မြေကြီး၏ သဘာဝလေထုကို မထိန်းနိုင်တော့ပေ။ ခေါင်းပေါ် မျှော်ကြည့်သောအခါ သူ၏ဓားပညာ ကမ္ဘာငယ်လေးထဲက ကောင်းကင်ယံတွင် လွင့်မျောနေသော တိမ်များ ရှိနေတာ တွေ့လိုက်ရ၏။
ဒါက တကယ့်ကို လိမ္မာပါးနပ်တဲ့ လှည့်ကွက်ပဲ။
လုရွှမ် ပေါ့ပါးစွာ ရယ်လိုက်၏။ သူ့ဓားသိုင်းကို ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များ ပါဝင်ကြောင်းပဲ သိပါက အနည်းငယ် ဒုက္ခရောက်လိမ့်မည်။ ဒါပေမဲ့ သူ့ဓားသိုင်းက ဒါလေးတင် မဟုတ်ချေ။
ထိုစဥ် လုရွှမ်၏ ချင်ထျန်းဓားပေါ်မှ ရုတ်တရက် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး အနက်ရောင်နှင့် ခရမ်းရောင် နတ်မိုးခြိမ်းသံများ တဝုန်းဝုန်း အသံမြည်လာသည်။ သူ့ဦးခေါင်းထက်က တိမ်ဖြူများသည် နတ်မိုးခြိမ်းသံကြောင့် ချက်ချင်း ပေါက်ကွဲကာ မိုးကြိုးတိမ်တိုက်များအဖြစ် စုစည်းလာခဲ့သည်။
လုရွှမ်သည် နတ်မိုးကြိုးများအား မိုးသည်းထန်စွာ ရွာနေသကဲ့သို့ ရွှမ်ယွမ်ရှီးထံ လွှဲယမ်း တိုက်ခိုက်လိုက်သည်။
"ကောင်းလိုက်တာ... ခုခေတ်လူငယ်တွေက အရင်ခေတ်တွေထက် တကယ်ကို အစွမ်းထက်လာတာပဲ...."
ရှင်ထျန်းက ဆိုပြီးနောက် ဟောက်ထျန်းရှိရာသို့ လှည့်ကြည့်လိုက်သော် ဤအချိန်တွင် ဟောက်ထျန်း၏ ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါများကလည်း ပြောင်းလဲသွားတာ မြင်လိုက်ရပြီး သိသိသာသာပင် လင်းလက်သွား၏။
ဟောက်ထျန်းက ရှိုက်ကြီးတငင် ပြုံးကာ။
"လုရွှမ်နဲ့ ယှဉ်ရင် ကျွန်တော်က နောက်ကျနေသေးတယ်"
ရှင်ထျန်း ပြောစရာစကား မရှိပေမယ့် အသာလေး ခေါင်းညိတ်ပြလိုက်သည်။ လုရွှမ်ဟာ သူ့နာမည်၊ ဂုဏ်သတင်းနဲ့ တကယ် ထိုက်တန်သူဖြစ်ပြီး ပါရမီရှင်တွေထဲမှ ပါရမီရှင် ဆိုတာ သူလည်း မြင်နေရပါပြီ။
ရွှမ်ယွမ်ရှီးမှာ လုရွှမ်က သူမဖန်တီးထားတဲ့ တိမ်ထုရဲ့ အခြေအနေကို အခွင့်ကောင်းယူလိမ့်မည်ဟု မမျှော်လင့်ထားဘဲ လုရွှမ် သူမအား မည်သို့မည်ပုံ အနိုင်ယူရမည်ကိုလည်း သူမ မတွေးခဲ့ပေ။
ဒါကမှ တကယ့် ဓားတိုက်ပွဲလား။
ဓားသိုင်းကို နားလည်သဘောပေါက်ခြင်းသည် တစ်စုံတစ်ဦးကို အနိုင်ယူနိုင်သည်ဖြစ်စေ မနိုင်သည်ဖြစ်စေ တကယ် အနိုင်ရခဲ့ရင်တောင် လေ့ကျင့်မှုနဲ့ စွမ်းရည်တွေကို အားကိုးပြီး အနိုင်ယူသွားနိုင်တာကမှ အကျိုးရှိပေမည်။
ထို့အပြင် အနီးနားရှိ လူတိုင်းက ပြိုင်ပွဲကို စောင့်ကြည့်နေကြသည်။ သူ့ဓားကို နောက်တစ်ကြိမ် ဆွဲထုတ်ပါက အဓိပ္ပာယ်မရှိဘူးဟု မပြောနိုင်ပေ။
နောက်ဆုံးတော့ ရွှမ်ယွမ်ရှီးက ခေါင်းယမ်းကာ သူမဓားကို ကိုင်လျက် လုရွှမ်ဘက် နှုတ်ဆက်လိုက်လေသည်။
"ကျွန်မ ရှုံးသွားပြီ"
သူမက သိုလှောင်လက်စွပ် တစ်ကွင်းကို ပစ်ပေးလာ၏။ လုရွှမ် ရှင်ထျန်းဘက်သို့ အနည်းငယ်ရှက်ရွံ့စွာ လှည့်ကြည့်လိုက်တဲ့အခါ တစ်ဖက်လူက ရယ်မောလိုက်ပြီး။
"အလေ့အကျင့်က အရင်းအနှီး မလိုဘူး ထင်လို့လား... ငါတို့က တခြား ရှေးဟောင်းမိသားစုတွေလို မချမ်းသာဘူးလေ... ကျင့်ကြံတဲ့နေရာမှာ ငါတို့ကိုယ်တိုင် ဖြည့်ဆည်းဖို့ လိုအပ်တာတွေ ရှိတယ်.... ယူထားလိုက်"
လုရွှမ် တွေးကြည့်လိုက်တော့လည်း ဒါက အမှန်ပင်။ ဤမျှများပြားလှသော ငွေပမာဏကို ပြန်ပေးရန် မဖြစ်နိုင်ပေ။
"ကောင်လေး...မင်းကိုစိန်ခေါ်ဖို့ ငါရောက်လာပြီ"
မျှော်စင်နယ်ပယ် ပထမအဆင့် သခင်လေးတစ်ယောက်က မာနကြီးတဲ့ အမူအရာနဲ့ ပြေးထွက်လာခဲ့လေသည်။
လုရွှမ်: "ငါက နာမည်မသိတဲ့ လူတွေနဲ့ ပြိုင်မှာ မဟုတ်ဘူး... ဒါကြောင့် မင်းနာမည်ပြော!"
လုရွှမ်သည် ထိုသို့သော ကိုယ်ကျိုးရှာပြီး မာနကြီးသူများအပေါ် လုံးဝ ယဉ်ကျေးချင်စိတ် မရှိပေ။ လူငယ်လေး၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားကာ ဒေါသတကြီး အော့ပြောသည်။
"မင်းက မဟာဂိုဏ်း သေးသေးလေးကပဲ... ငါ့နာမည်ကို သိဖို့ အရည်အချင်း မရှိဘူး... ဒါပေမဲ့ စိတ်မပူပါနဲ့ မင်းငါ့ကို နင်းမိတဲ့အခါ ငါဘယ်သူလဲ ပြောမယ်!"
ထိုစကားကို ပြောပြီးနောက် လူငယ်က လုရွှမ်ဆီသို့ ဓားစွမ်းအင်များ ပစ်လွှတ်လိုက်သည်။ ၎င်းရဲ့ ဓားစွမ်းအင်သည် ကြွယ်ဝသော မီးစွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ထူးဆန်းသောမီး၏ အသွင်အပြင်လည်း ပါဝင်လေ၏။
လုရွှမ်၏ ခြေဖဝါးများ လှုပ်ခါသွားကာ ချီထျန်းပုဖြင့် ဘေးသို့ ခြေတစ်လှမ်းတိုးလိုက်သည်။ လူငယ်က ပြေးလာ၍ လုရွှမ်ခေါင်းကို ဓားဖြင့် ခုတ်လိုက်သော်လည်း မမိတာကြောင့် သူ့မျက်လုံးများက ဒေါသများဖြင့် ခက်ထန်လာ၏။ လုရွှမ်ရဲ့ ပေါ့ပါးသော အပြုအမူက သူ့အတွက် စော်ကားမှုတစ်ခုပင်။
လုရွှမ် မျက်မှောင်ကြုတ်သွားသည်။
ဒီငတုံးက ဘယ်ကလာတာလဲ။
ဒါမှမဟုတ် ရည်ရွယ်ချက်ရှိသူ တစ်ယောက်ယောက်က တွန်းတင်လိုက်တာလား။
လုရွှမ်က ပေါ့ပေါ့တန်တန် ခြေထောက်ကို လှုပ်လိုက်ပြီး ရှောင်ထွက်သွားပြန်သည်။ လူငယ်က ကြိမ်းမောင်းကာ ထပ်မံ တိုက်ခိုက်သော်လည်း မမိပြန်သဖြင့် စိတ်မရှည်စွာ အော်လိုက်တော့၏။
"ကောင်လေး မင်းမှာ ဒီသခင်ငယ်နဲ့ ဂုဏ်သိက္ခာရှိရှိ ပြိုင်ဖို့ သတ္တိမရှိဘူးလား... ရှောင်ဖို့ပဲ သိတယ်... မင်းမှာ အရည်အချင်းရော ရှိလား!"
သူ့အသံတွင် ဒေါသနှင့် စိတ်မရှည်ခြင်း အရိပ်အမြွက် ထွက်ပေါ်လာသည်။ သူ့ပါးပြင်များက ဒေါသကြောင့် တွန့်လိမ်နေသလို အရှက်တရား အရိပ်အမြွက်ပင် ရှိနေသည်။
လုရွှမ်အတွက်ကတော့ ဒါက အရူးတစ်ယောက်ပါပဲ။ ထိုသူ့မှာ အရည်အချင်းတစ်ခု ရှိတယ်၊ ဒါပေမဲ့ ချက်ခြင်းဆိုသလို သူ့မှာ လောကရဲ့နည်းလမ်းတွေကို နားမလည်ဘူး။ နောက်တစ်ကြိမ် တိုက်စရာ အကြောင်းပင် မရှိတော့ပေ။
လူငယ်က သူ့ခေါင်းကို ဓားနဲ့ထပ်ခုတ်လိုက်တဲ့အခါ လုရွှမ် သူ့ခန္ဓာကိုယ်ကို ဘေးတိုက်လှည့်ပြီး တစ်ဖက်လူအား ကန်ထည့်လိုက်၏။ အရှိန်က အလွန်မြန်ပြီး လူငယ်၏ လှုပ်ရှားမှုများက သူမျှော်လင့်ထားသလို စည်းချက်ကလည်း အလွန်တိကျသည်။
လူနှစ်ယောက်၏ လှုပ်ရှားမှုများသည် အလွန်နူးညံ့သိမ်မွေ့စွာ ဆက်စပ်နေသဖြင့် လူငယ်ရဲ့ဓား ပြုတ်ကျသွားကာ လုရွှမ်လည်း သူ့ကို ကန်ထုတ်ပစ်ခဲ့သည်။ မျှော်စင်နယ်ပယ်တွင် ရှိနေသောကြောင့် ကန်ကျောက်ခြင်းမှာ သဘာဝအတိုင်း မထိခိုက်နိုင်ပေ။
ထို့ကြောင့် လုရွှမ်သည် ထိုသို့သော လူများနှင့် ဆက်ဆံရန် ခွန်အား အများကြီးပင် မသုံးခဲ့ပေ။
သို့သော် သူ့စွမ်းအားက အလွန်ကြီးမားသဖြင့် နောက်ဆုံးတွင် တစ်ဖက်လူမှာ အဝေးအထိ ပျံသန်းသွားရပြီးနောက်မှ သူ၏ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်နိုင်ခဲ့သည်။ သူ့မျက်နှာပေါ်က အနက်ရောင် အကြည့်ဖြင့်သာ ပြန်လည် ထွက်ခွာသွားရရာ လူများစွာကို ရယ်မောစေခဲ့သည်။
"လုရွှမ် မင်းငါ့ကို စော်ကားရဲတယ်ပေါ့??"
သူ့စကားများ ရုတ်ခြည်း ရပ်တန့်သွားသည်။ အကြောင်းမှာ သူ၏ နဖူးတွင် နတ်ဓားတစ်ချောင်း ရှိနေသည်။ နတ်ဓားပေါ်က ဓားစွမ်းအင်က တောက်ပနေပြီး လူသတ်ချင်လာသည့် ရည်ရွယ်ချက်ဖြင့် ပြည့်နေသည်။
"အဝါရောင်သလင်းကျောက် တစ်သန်း!"
လုရွှမ် အသံက အေးစိမ့်သော လေနှင့်အတူ ထွက်ပေါ်လာသည်။ ယခုအချိန်တွင် လူငယ်၏ ဝိညာဉ်ကို လူသတ်သည့် အရိပ်အယောင်က လွှမ်းမိုးလုနီးပါး ဖြစ်နေပြီ။ သို့ပါသောကြောင့် ယခင်ကလို မောက်မာမှုများ မရှိတော့ဘဲ ကြောက်ရွံ့မှု အပြည့်နှင့် မျက်နှာက ချွေးများပင် စီးကျလာ၏။
သူ့ခမျာ အဝါရောင် သလင်းကျောက် တစ်သန်းကို ထုတ်ပြီး လုရွှမ်အား ပေးလိုက်ရသည်။ တစ်သန်း ဆိုတာက သေးငယ်သော ပမာဏ မဟုတ်တာတော့ သေချာပါသည်။
"ကျေးဇူးတင်ပါတယ်!"
လုရွှမ် အပြုံးနဲ့ အဝါရောင် သလင်းကျောက်တွေကိုသိမ်းလိုက်တယ်။ နှစ်ပွဲ ကစားအပြီးတွင် သူသည် ဂုဏ်ယူသွားတဲ့ အရိပ်အမြွက် ပြနိုင်ရုံမျှမက သလင်းကျောက်လည်း စုဆောင်းနိုင်ခဲ့သေး၏။
လုရွှမ် အခြားသူများကို ကြည့်လိုက်ရာ ဤအခိုက်အတန့်တွင် သူ့ကို စောင့်မျှော်နေခဲ့သူများအား တွေ့လိုက်ရသည်။ အဝါရောင် သလင်းကျောက် နှစ်သန်းကို သူ ရသွားပြီ။ ကံမကောင်းစွာပဲ ဟောက်ထျန်းကိူ စိတ်ပျက်စေတဲ့အရာက သူ့ကို ဘယ်သူကမှ စိန်ခေါ်ချင်မှာ မဟုတ်ဘူး ဆိုတာပါပဲ။
ဒါပေမဲ့ သူ သက်ပြင်းချရင်း သူ့ရဲ့ အစွမ်းသတ္တိကို ပြန်သုံးသပ်မိသည်။ သူ့ရဲ့ အဆင့်ကို အကြမ်းဖျင်းအားဖြင့် ယှဉ်နိုင်တဲ့သူ အရေအတွက် အများကြီး မရှိဘူး ဆိုတာ သေချာပေမယ့် ယှဥ်နိုင်သူကလည်း မနည်းချေ။ သူမဝင်လိုက်တာက ကောင်းကျိုးတစ်ခုတော့ ရှိသေး၏။