ရွေးချယ်မှု
Vol. 120 Ch. 4,1313
ဒါကို ဟန်ဆောင်စရာ ဘာမှ မရှိပေ။ တကယ်လို့သာ လိမ်လည်ထားမယ် ဆိုရင် လူတွေကို အမြင်မကြည်စေလိမ့်မည်။
လူငယ်၇ယောက်ဟာ နတ်နဂါးမိသားစုနှင့် တွေ့ဆုံမှု၏ အဓိကအချက်များထဲမှ တစ်ဖွဲ့ဖြစ်မည်ကို သိရမည်။ လူခုနစ်ယောက် အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီးမှ ထွက်လာခဲ့ကြသည်။
"ကျုပ်တို့ရဲ့ ဘိုးဘေးတွေက အနာဂတ်ကို ကြိုတင်ဟောကိန်း ထုတ်ခဲ့ပြီးပြီ... အခုနောက်ဆုံးကာလကို လွတ်မြောက်ဖို့က ခဲယဉ်းသွားပါပြီ... ဒါပေါ့ အခုကိစ္စမှာလည်း ကျုပ်တို့ နတ်နဂါး မိသားစုက ကျေးဇူးတင်စကား နည်းနည်းပြောရုံနဲ့ မရပါဘူး... ဟားဟား ဒါက ကျုပ်တို့ဘိုးဘေးတွေ စီစဉ်ပြီးသားအရာပဲလေ"
သူ့လက်ကို ဝေ့ယမ်းလိုက်တဲ့အခါ လှပသော မိန်းကလေး ၇ယောက် ထွက်လာ၏။ ၎င်းတို့က ပန်းကန်ပြားတစ်ချပ်စီ ကိုင်ဆောင်ထားတယကို တွေ့လိုက်ရသည်။ အပေါ်ဘက်တွင် ဖုံးအုပ်ထားသော အရာ တစ်ခုပါရှိပြီး အတွင်းမှ အကြောင်းအရာများကို ဖုံးအုပ်ထားသည်။
"ဘိုးဘေးဝူကျီက မင်းတို့အတွက် သူ့ရဲ့နောက်ဆုံး စကားတွေကို ချန်ထားခဲ့ပြီးသား ဖြစ်မှာ... မင်းတို့ဆီမှာ သူချန်ထားခဲ့တဲ့ အမှတ်အသားတစ်ခုနဲ့ပဲ ဖွင့်နိုင်လိမ့်မယ်"
လုံယွင်ဖုန်းက သူ့လက်ဖဝါးကို သေတ္တာငယ်ရဲ့ အဖုံးပေါ် ဖိလိုက်သည်။
"ဟားဟား... ရိုးရိုးသားသား ပြောရရင် ငယ်ငယ်တုန်းကတော့ ဒီအရာတွေကို ဖွင့်ကြည့်ပြီး သူတို့က ဘယ်လို ရတနာတွေလဲ ဆိုတာကို ကြည့်ချင်ခဲ့တယ် အခုနောက်ဆုံးတော့ ငါ့ဆန္ဒကို ပြည့်ဝသွားပြီ"
အားလုံးက သဘောတူဟန် ရယ်မောလိုက်ကြသည်။
လုရွှမ် သူ့ဘေးက ဟောက်ထျန်းအား တစ်ချက်ကြည့်လိုက်သည်။ ဟောက်ထျန်းရဲ့ မျက်လုံးများက သူတို့ကိုယ်ပေါ်ရှိ ရောင်ဝါတစ်ခုဟာ လုံဝူကျီပေးသော လက်ဆောင်တစ်ခု ဖြစ်ကြောင်း အရိပ်အမွတ် ပေးခဲ့ဖူး၏။
လူခုနစ်ယောက်က ရှေ့ကို လှမ်းတက်လာပြီး တစ်ယောက်စီ လက်ဖဝါးများကို အဖုံးပေါ် တင်ထားလိုက်သည်။
ထိုအခိုက် လုရွှမ်သည် ကျင့်ကြံခြင်းအမြုတေထဲမှ သစ်သီးအူတိုင်ကဲ့သို့ အလင်းတန်းတစ်ခု လင်းလက်သွားတာကို ခံစားလိုက်ရပြီး အဖုံးပေါ် ရိုက်နှိပ်ထားသည့် လက်ချောင်းအောက်မှ အသံတစ်သံနှင့်အတူ အဖုံး ပွင့်သွားလေ၏။
လူတိုင်း၏ မျက်လုံးများသည် လုံဝူကျီ ပေးသောအရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ကြိုးစားနေကြပြီး အချိန်အကြာကြီး မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။
ဒါပေမဲ့ တကယ်တမ်းတော့ ဆေးလုံးလေး သုံးလုံးပါတဲ့ ပန်းကန်ပြားလေး ဖြစ်နေကာ ဆေးလုံးလေးတွေက လည်နေ၏။ အရောင်မဲ့၊ အနံ့မရှိ၊ လေမရှိ။ လုရွှမ် တစ်လုံးကို ဂရုတစိုက် ကောက်ယူကြည့်သော် အနံ့အသက် မရသေးသော်လည်း အဂ္ဂိရတ်ဆေးပေါ်ရှိ ရှုပ်ထွေးသော မျဉ်းကြောင်းများက သူ့ကို မျက်လုံးနှစ်ဖက်ကို စိတ်ဝင်တစားဖြင့် ကြည့်စေသည်။
ဒါဟာ ဆေးလုံးတစ်လုံးပါပဲ။ ဒါပေမဲ့ ကြယ်တွေပြည့်နေတဲ့ စကြဝဠာတစ်ခုလိုပဲ မှော်ဆန်လွန်းလှသည်။ လုရွှမ် ကြယ်ဘယ်နှစ်ပွင့် ရှိတယ်ဆိုတာကို ရေတွက်ဖို့ ကြိုးစားပေမယ့် လုံးဝ မဖြစ်နိုင်ဘူး ဆိုတာ သဘောပေါက်လိုက်၏။ ပြင်းပြင်းထန်ထန် ကြိုးစားရင် မူးဝေသွားရုံပဲ ရှိပြီး ရလဒ် လုံးဝ မရှိနိုင်ချေ။
ထိုအချိန်တွင် ကျန်တဲ့ အဂ္ဂိရတ်ဆေး နှစ်လုံးဟာ သူတို့ကြားက ချိန်ခွင်လျှာ ကျိုးသွားသလိုမျိုး လုံးဝ မလှည့်တော့ဘဲ ရပ်သွားသည်။
"နိဗ္ဗာနဆေး!"
လုံယွင်ဖုန်းရဲ့ အမူအရာ သိသိသာသာ ပြောင်းလဲသွား၏။ သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းကလည်း လုရွှမ်နဲ့ ကျိုးယိတို့ကို အာရုံစိုက်နေကြမှာ သေချာပါသည်။
"နိဗ္ဗာနဆေးပြား!"
လူတစ်ယောက်က အော်ဟစ်လိုက်သည်။
တခဏချင်းမှာပဲ လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး လောဘစိတ်တွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့အတူ နေလနတ်ခန်းမထဲ၌ပင် လူသတ်ချင်စိတ်များ ပေါ်လာ၏။ လုရွှမ်လည်း ဆေးလုံးထဲက အလင်းရောင်တစ်ခု ရှိသလို ခံစားလိုက်ရသည်။ ဤဆေးသုံးလုံးသည် အတိုင်းအဆမရှိ အဖိုးတန်ပေသည်။
လုံယွင်ဖုန်း ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်တဲ့အခါမှ ပတ်ဝန်းကျင် လေထုက ချက်ချင်း ပျောက်ကွယ်သွား၏။ လုံယွင်ဖုန်း၏ မျက်လုံးများသည် လူအုပ်ကြားကို ဖြတ်၍ ကြည့်ရင်း အေးစက်စက်ဖြင့် ပြောလိုက်သည်။
"လူတိုင်း သတိထားရင် ပိုကောင်းမယ်နော်... ဒါက နတ်နဂါး မိသားစုရဲ့ နေရာပဲ... သူတို့တွေက ကျုပ်တို့နတ်နဂါး မိသားစုရဲ့ ကျေးဇူးရှင်တွေ ဒါကလည်း နတ်နဂါး မိသားစုကပေးတဲ့ လက်ဆောင်.... လက်ခံသူကလွဲလို့ ကျန်တဲ့လူတွေ ရူးရူးသွပ်သွပ် ပြုမူဝံ့တဲ့သူရှိရင် အဲဒီလူက ကျုပ်တို့ နတ်နဂါး မိသားစုရဲ့ ရန်သူပဲ ဖြစ်လိမ့်မယ်"
"လုရွှမ် မင်းအသက်အရွယ်အရ ဒီလိုမျိုး အဂ္ဂိရတ်ဆေးကို ဘယ်တုန်းကမှ မကြားဖူးလောက်ဘူး... သုံးပါးတစ်ဆူ... ဒါက နိဗ္ဗာနဆေးလုံး....ဒီဆေးလုံးက ကျုပ်တို့ နတ်နဂါး မိသားစုအတွက် ထိပ်တန်း အဂ္ဂိရတ်ဆေးပဲ"
"ဒီလို ဆိုကြပါစို့... ကျုပ်တို့ နတ်နဂါးမိသားစုမှာ ထူးထူးခြားခြား ဓားသိုင်း ၂ခု ရှိတယ်... နတ်နဂါးဓားသိုင်းနဲ့ နိဗ္ဗာနဓားသိုင်း... လူတိုင်း သိပါတယ်....နတ်နဂါးဓားသိုင်းက လေ့ကျင့်ဖို့ ခက်ခဲပေမယ့် စတင်ဖို့ လွယ်ကူတယ်.... နိဗ္ဗာနဓားသိုင်းက သင်ယူဖို့လည်း ခက်ခဲတယ် နိဗ္ဗာနဆေးလုံး မရှိရင် ဓားသိုင်းထဲတောင် ဝင်လို့ မရဘူး”
"နိဗ္ဗာနဆေးလုံးရဲ့ နောက်ထပ် အဓိပ္ပာယ်တစ်ခု ရှိသေးတယ်... နိဗ္ဗာနဆေးလုံးက ကျုပ်တို့ နတ်နဂါး မိသားစုရဲ့ နိဗ္ဗာနလျှို့ဝှက်နယ်မြေမှာ တစ်လကြာအထိ ဓားသိုင်းကို သင်ယူနိုင်စေမယ့် ဆေးလုံးပဲ..."
ထိုအချိန်တွင် လုရွှမ်၏ မျက်လုံးများလည်း တောက်ပလာပေတော့သည်။
"ဒါပေမဲ့ သေချာတာက မင်းက ငါတို့ နတ်နဂါး မိသားစုရဲ့ အဖွဲ့ဝင်မဟုတ်ဘူး ဒါကြောင့် မင်းဟာ သုံးရက်ပဲ လေ့လာရမယ်... ဒါက ဘိုးဘေး လုံဝူကျီ ချမှတ်ထားတဲ့ စည်းကမ်းပဲ... မင်း လွန်ခဲ့တဲ့ လေးနှစ်လောက်ကမှ ဒြပ်စင်ငါးပါး မဟာဂိုဏ်းထဲကို ဝင်ခဲ့ပေမယ့် ဒြပ်စင်ငါးပါး မဟာဂိုဏ်းမှာ ကြီးပြင်းခဲ့တာ မဟုတ်တဲ့အတွက် ငါတို့ရဲ့ နတ်နဂါးမိသားစုမှာ ပါဝင်ဖို့ ဆန္ဒရှိလားလို့ မေးချင်တယ်"
ဤစကား ထွက်လာသည်နှင့် တပြိုင်နက် ဒြပ်စင်ငါးပါး မဟာဂိုဏ်းက အကြီးအကဲအားလုံးရဲ့ မျက်နှာအရောင်များ ချက်ချင်း ပြောင်းလဲသွားသည်။
တိခွင်းက ချောင်းဆိုးပြီး "အစ်ကိုကြီးလုံ... ခင်ဗျား ကျွန်တော့်ကို နောက်နေတာလား... လုရွှမ်က ကျွန်တော်တို့ ဒြပ်စင်ငါးပါး မဟာဂိုဏ်းရဲ့ တပည့် တစ်ယောက်ပါ ဒါကို သံသယဝင်စရာတောင် မလိုဘူး..."
လုံယွင်ဖုန်းက တခစ်ခစ်ရယ်လိုက်ပြီး "ညီလေးတိခွင်း စိတ်မပူပါနဲ့ ဒါတွေအားလုံးက မိတ်ဆွေလေးလုရွှမ်က ဆုံးဖြတ်ရမှာ"
လုရွှမ်ကတော့ သူ့နှလုံးခုန်သံကို ပြန်ကြားနိုင်လုနီးပါး စိတ်လှုပ်ရှားနေ၏။ နတ်နဂါး မိသားစုသည် ဤကမ္ဘာပေါ်တွင် အကောင်းဆုံး မိသားစုဖြစ်ပြီး ၎င်းကို ရွေးချယ်လိုက်လျှင် နတ်နဂါး မိသားစု၏ မျက်နှာသာပေးတာကို ခံရမည်မှာ သေချာပါသည်။
ဒါပေမဲ့ ဒီအချိန်မှာတော့။
လုရွှမ် နောက်ပြန် လှည့်ကြည့်လိုက်တော့ ဂိုဏ်းရဲ့ အကြီးအကဲငါးယောက်လုံးက သူ့ကို အလွန်ထိတ်လန့်စွာ စိုက်ကြည့်နေကြတာ တွေ့လိုက်ရသည်။
သူတို့သာဖြစ်ရင် ဂိုဏ်းခွဲမလား။ နတ်နဂါးမိသားစုသည် နှစ်ထောင်ပေါင်းများစွာ ဆုတ်ယုတ်လာခဲ့သည့်တိုင် ပြန်လည်မွေးဖွားပြီးသည်နှင့် နံပါတ်တစ် မိသားစု ပြန်ဖြစ်နိုင်သေးသည်။
ဒြပ်စင်ငါးပါး မဟာဂိုဏ်းကတော့ တဖြည်းဖြည်း အဆိုးဆုံးဂိုဏ်း ဖြစ်လာပြီ။ လုရွှမ် ပြောင်းနိုင်သရွေ့ ခြေလှမ်းတစ်လှမ်းနဲ့ ကောင်းကင်ကို ရောက်လုနီးနီး မြင့်တက်သွားလိမ့်မည်။ ရရှိတဲ့ အကျိုးကျေးဇူးတွေက ပိုလို့တောင် ကွဲပြားပေမည်။
အကယ်၍ နတ်နဂါးမိသားစုရဲ့ တပည့်ဖြစ်လာပါက နိဗ္ဗာနဓားသိုင်းကို နားလည်ရန် တစ်လအချိန် ရနိုင်သော်လည်း မိသားစုထဲတွင် မပါဝင်ပါက သုံးရက်သာ ရကာ ဆယ်ဆကွာခြားမှု ရှိသည်။ တစ်လမှာ မျှော်လင့်ချက်ရှိသေးရင် သုံးရက် ဆိုဆာက အရမ်းတိုတောင်းပြီး ဒီအခွင့်အရေးကို အလဟသ ဖြစ်သွားနိုင်၏။
အဲဒါက ကျပန်းဓားသိုင်း မဟုတ်ဘူး။ ကျော်ကြားတဲ့ နိဗ္ဗာနဓားသိုင်းပဲ။
ဓားသိုင်းရှစ်မျိုးတွင် အဆင့်သတ်မှတ်ခြင်း မရှိသော်လည်း သမိုင်းမှတ်တမ်းများ အရ နတ်နဂါး မိသားစု၏ အစွမ်းထက်ဆုံးသော စွမ်းရည်မှာ နိဗ္ဗာနဓားသိုင်းက ပထမ မဟုတ်လျှင်ပင် ဘယ်ဓားသိုင်းက ပထမ နေရာမှာ ရှိပါ့မလဲ။
လုရွှမ် ခေါင်းခါလိုက်သည်။ ရွေးရခက်ပေ၏။
ဒြပ်စင်ငါးပါး ဓားသိုင်းကို နားလည်ပြီးနောက် လုရွှမ်သည် ၎င်းကို ကျွမ်းကျင်အောင်လုပ်ဖို့ တစ်လလောက် အချိန်ယူခဲ့ရတာမို့ နိဗ္ဗာနဓားသိုင်းကလည်း ဒီထက် ပိုကြာနိုင်ပါ၏။ သုံးရက်တာ ဆိုတာက အလဟဿ အခွင့်အလမ်းတစ်ခုသာ ဖြစ်သည်။
"လုရွှမ် မင်း ဂိုဏ်းပြောင်းမှာလား"
ရုတ်တရက်ပင် ဒြပ်စင်ငါးပါး မဟာဂိုဏ်းဘက်မှ အသံတစ်ခု ထွက်လာသည်။ တုံးဖန်းမု ဖြစ်ကာ သူ့အပြုံးက အနည်းငယ် မှုန်ဝါးသွားပြီ။
"ငါတို့က တစ်ကိုယ်ကောင်း ဆန်လွန်းတာတော့ မဟုတ်ဘူး... သူ နတ်နဂါး မိသားစုထဲကို ဝင်လိုက်ရင်တောင် လုရွှမ်ရဲ့ စရိုက်အရ ငါတို့ ဒြပ်စင်ငါးပါး မဟာဂိုဏ်းရဲ့ တပည့် မဖြစ်တော့ဘူး ဆိုတာ မသေချာဘူး!"
ကျန်လေးယောက်လုံးက စကား မပြောဖြစ်ကြပေ။ ဒါက ကိုယ့်ကိုယ်ကိုယ် လှည့်စားခြင်းမျှသာ ဖြစ်သည်။
"ကျွန်တော် ဆုံးဖြတ်ပြီးပြီ... ခင်ဗျားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော်က ဒြပ်စင်ငါးပါး မဟာဂိုဏ်းမှာ မမွေးခဲ့ပေမယ့် ဂိုဏ်းက တကယ်ပဲ ကျွန်တော်ဂိုဏ်းကို မစွန့်နိုင်ဘူး... စိတ်ထဲကလည်း မစွန့်လွှတ်ဘူး"