နေလနတ်ခန်းမတွင် တွေ့ဆုံခြင်း။
Vol. 120 Ch. 4,1312
ဒင်း ဒင်း ဒင်း!
ငြိမ့်ညောင်းသော ခေါင်းလောင်းသံများက တစ်ချက်ပြီး တစ်ချက် မြည်လာသည်။ မြည်သံသည် တခြားအသံများထက် အလွန် သာလွန်ကောင်းမွန်သော်လည်း စိတ်နှလုံးကို အလွန် ထိတ်လန့်စေပါသည်။ စိတ်ဝိညာဉ်ကို သန့်စင်စေတဲ့ အကျိုးသက်ရောက်မှုကို ခံစားနေရသကဲ့သို့ လုရွှမ်ရဲ့ နှလုံးသားနဲ့ ဝိညာဉ်က ဝိညာဉ်ပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။
အထဲမှာ ပင်လယ်ရေက မှန်တစ်ချပ်လို ချောမွေ့နေပြီး ပိုလို့တောင် ပိုကြည်လင်လာသည်။
ဆယ့်နှစ်ကြိမ် ဆက်တိုက် မြည်ပြီးနောက် ခေါင်းလောင်း ရပ်တန့်သွားသည်။ တိခွင်းနဲ့ တောင်ထွတ်သခင်ငါးဦးတို့သည် အတူစုရုံးပြီး ထွက်သွားကြ၏။
လုရွှမ်ကိုတွေ့တော့ လူငါးယောက်က ခေါင်းညိတ်ပြကြသည်။ လုရွှမ်ကလည်း ဂါဝရပြုပြီး လူငါးယောက်နောက်မှ လိုက်သွားခဲ့သည်။ အပြင်သွားတဲ့အခါ ဟွမ့်သွမ့်မဟာဂိုဏ်းကို တွေ့လေ၏။ ဒြပ်စင်ငါးပါးမဟာဂိုဏ်းက လာတဲ့ လူအရေအတွက်နဲ့ ယှဉ်ရင် ဟွမ့်သွမ့်မဟာဂိုဏ်းက လူတွေအများကြီး ပါလာသည်။
၎င်းတို့က လူတစ်ဒါဇင်ကျော်ရှိပြီး ပကာသနအရ ၎င်းတို့သည် အခြားသော ရှေးဟောင်းမိသားစုများကဲ့သို့ ကောင်းမွန်လုနီးပါး ဖြစ်သည်။ နှစ်ဦးနှစ်ဘက် အပြန်အလှန် နှုတ်ဆက်ကြပြီး အငယ်တန်းတွေကလည်း ဂါဝရပြုကြကာ လုရွှမ်ကတော့ သဘာဝအတိုင်း ချီးကျူးခံရပြန်၏။
လုရွှမ် ဟောက်ထျန်းကို လှမ်းနှုတ်ဆက်လိုက်သည်။ ဟောက်ထျန်းနှင့် သူ၏အကြီးတန်း အစ်ကိုဖြစ်သူ ချောင်ယန်အပြင် အခြားယောက်ျားနှစ်ယောက်နှင့် အမျိုးသမီးတစ်ဦးလည်း ရှိနေသည်။
လုရွှမ် တစ်ချက်ကြည့်လိုက်သည်နှင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် ဂုဏ်ယူစွာဖြင့် ခေါင်းကို မော့ထားကာ အမျိုးသမီးကတော့ အနည်းငယ် ရှက်သွားပြီး လုရွှမ်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
သို့သော် သူမကျင့်ကြံမှု အဆင့်မှာ အနည်းငယ် နိမ့်ပါးလေ၏။ နန်းတော် ၀တ်စုံဝတ် အမျိုးသမီး တစ်ဦးက သူမလက်ကို ကိုင်ပေးထားတာကြောင့် သူမကလည်း နန်းတော်ထဲကပဲ ဖြစ်ပေလိမ့်မည်။
ဟောက်ထျန်း: "မင်းဒဏ်ရာတွေ ပြန်ကောင်းလာပြီလား? ဒါနဲ့ ဒီအစည်းအဝေးမှာ တခြားအရာတွေ ပါနေပုံရတယ်နော်... ငါ့ဆရာက အဲ့လိုပြောတယ်"
လုရွှမ်က ခွန်အားတွေ ပြည့်နေတဲ့ ပုံပေါက်နေတာကို တွေ့လိုက်ရတာကြောင့် ဟောက်ထျန်းမှ မေးမြန်းလိုက်သည်။
“အဓိက မဟာဂိုဏ်းခွဲအားလုံးရဲ့ ပါရမီရှင်တွေက စွမ်းအား ကြီးမားကြတယ်နော်... တချို့ အဓိက မဟာဂိုဏ်းပေါင်းစုံက အချိန်အတော်ကြာအောင် ဖုံးကွယ်ထားတဲ့ ပါရမီရှင်တွေလည်း ထွက်လာလိမ့်မယ်”
လုရွှမ် မျက်လုံးများ တောက်ပလာ၏။ သူဆိုတာက နောက်ထပ် ထူးချွန်သူများကို စောင့်မျှော်နေသူပဲ ဖြစ်ပေသည်။ ဒြပ်စင်ငါးပါး ဓားသိုင်းကို ကျွမ်းကျင်လာစေရန် နောက်ထပ်လူများနှင့် တိုက်ပွဲဝင်ချင်နေသေးသည်။ သူ ဒြပ်စင်ငါးပါးယင်ယန်ဓားသိုင်းနဲ့ ၎င်းအား ပြင်းပြင်းထန်ထန် စမ်းကြည့်ရန် မစောင့်နိုင်တော့ပေ။
အရင်က မတော်တဆ ပေါင်းစပ်မိပြီး တုံ့ပြန်မှု များများစားစား မခံရတဲ့အတွက် ကံကောင်းသွားခဲ့သည်။ နောက်ဆုံးတွင် ဤဓားသိုင်းအမျိုးအစားသည် အလွန်နက်နဲပြီး မှားယွင်းနေပါက အကျိုးဆက်များကို အလွယ်တကူ ဖြေရှင်းနိုင်မည် မဟုတ်။
အဲဲဒီအခါ ပါရမီရှင်တစ်ဦးက အညစ်အကြေး ဖြစ်လာနိုင်သည်။
"ဘာပဲဖြစ်ဖြစ် ငါက ရေနဲ့ မြေကြီးကို ဖုံးဖိထားရမယ့် လူမို့ မကြောက်ဘူး"
ဟောက်ထျန်းမှာ အနည်းငယ် စိုးရိမ်သွားပြီး ချီတုံချတုံနှင့် ဆက်ပြောသည်။
"အဲဒါထက် ပိုနေပုံရတယ်နော်... ငါတို့က မဟာဂိုဏ်းလေးပဲလေ...သန့်ရှင်းတဲ့နယ်မြေက တခြား ရှေးဟောင်းမိသားစုတွေလောက် မတော်ဘူး... ငါမင်းကို အသိပေးတယ်နော်"
နေလနတ်ခန်းမ။
ယနေ့ စစ်မှန်သော အစည်းအဝေး သို့မဟုတ် နတ်နဂါး မိသားစု၏ အရေးကြီးဆုံး အစည်းအဝေး၊ အဓိကပွဲများကိုသာ ဤနေရာတွင် ကျင်းပမည်ဖြစ်သည်။ အထဲကို ထပ်ရောက်လာတော့ လုရွှမ် သူ့စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။ နေရာဟောင်းကို ပြန်လည် လည်ပတ်ရတာက မတူတဲ့ ခံစားချက်တစ်ခု ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့။
သူ လှည့်ကြည့်လိုက်တော့ ကျိုးယိရဲ့ဘေးနားမှာ ခန်းမကိုကြည့်နေတဲ့ ကျိုးယန်ကို တွေ့လိုက်ရသည်။ သူမက လုရွှမ်ကို တွေ့တော့ လက်ဝှေ့ယမ်းပြီး အနည်းငယ် ပြုံးပြလာသည်။ မျက်လုံးတွေကို ဝိုင်းစက်စက်နဲ့ ချစ်စရာ ကောင်းပေ၏။
သန့်ရှင်းတဲ့နယ်မြေ၊ ရှေးဟောင်းမိသားစု၊ မဟာဂိုဏ်းခွဲများနှင့် ဘာသာကြီးဂိုဏ်းများက ခန်းမထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာကြသည်။
ပင်မခန်းမသည် အပြင်ဘက်မှ ကြည့်ရသည်မှာ အလွန် မကြီးမားသော်လည်း အတွင်းဘက်တွင်တော့ ကြီးမားပြီး အကန့်အသတ် မရှိသလိုပင် ခံစားရသည်။ အာကာသ၏ မှော်စွမ်းအင်ကို အတွင်းပိုင်း၌ နေရာ ချဲ့ထွင်ရန် သုံးထားတာပဲ ဖြစ်ပေမည်။
အပြင်ဘက်မှသာ ကြည့်နေခဲ့ရသော ခန်းမကြီးက အတွင်းပိုင်းမှာ ပို၍ ခမ်းနားထည်ဝါသည်။ ထိုင်ခုံများကို စီစဉ်ပြီးသား ဖြစ်ကာ သက်ဆိုင်ရာ ဂိုဏ်းများ၏ အမည်များကို ပြသထားသည်။ တစ်စုံတစ်ဦးမှ လာ၍ နှုတ်ဆက်ကာ ထိုင်ခုံများဆီ အသီးသီး နေရာချပေးသည်။
လုရွှမ် မျက်လုံးများဖြင့် တစ်ချက်ကြည့်လိုက်တော့ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်သည်။ မဟာဂိုဏ်းက တပည့်များထဲတွင် ရင်းနှီးသော တပည့်များစွာကို သူတွေ့ခဲ့သည်။ သို့သော် သန့်ရှင်းတဲ့မြေနဲ့ ရှေးဟောင်းမိသားစုများ၏ တပည့်များကြားတွင်တော့ ရင်းနှီးသော မျက်နှာက မရှိသလောက်ပင်။
သို့သော် ယခင်က အသက်ရှင်ကျန်ရစ်သူ အနည်းငယ်သာ ရောက်ရှိလာပြီး သူတို့ပတ်ဝန်းကျင်တွင် မျှော်စင်နယ်ပယ်က သခင်အချို့လည်း ရှိနေပုံရသည်။
ထိုလူများသည် မျှော်စင်နယ်ပယ် အဆင့်သို့ တိုးမြှင့်ထားကြသည်။ ၎င်းတို့၏ယခင် နတ်မီးနယ်ပယ်နှင့် နှိုင်းယှဉ်ပါက ရောင်ဝါတွေက အဆများစွာ တိုးများလာသည်။ သူ တစ်ဦးတည်းသာ ကျင့်ကြံမှုအဆင့်မှာ လှုပ်ရှားမှု မရှိသောကြောင့် လုရွှမ် ကိုယ့်ဘာသာ အနည်းငယ် အံ့သြသွားခဲ့သည်။
သို့သော်လည်း ကြံ့ခိုင်မှုအရတော့ သူ၏တိုးတက်မှုအဆင့်သည် ဤလူများထက် မဆိုးနိုင်ဘူးဟု ယုံကြည်ပါ၏။
အားလုံး ထိုင်ပြီးသောအခါ သန့်ရှင်းတဲ့နယ်မြေ၊ မဟာဂိုဏ်းတွေဟာ လပေါ်မှ ကြယ်ပွင့်များကဲ့သို့ နေရာချထားကြောင်း လုရွှမ် တွေ့ရှိခဲ့သည်။ ဒါပေမဲ့ သူတို့ကြားက အကွာအဝေးက သိပ်မရှိပုံရလို့ စီစဉ်ပေးထားတာက အရမ်းကျိုးကြောင်း ဆီလျော်ပါသည်။
နတ်နဂါး မိသားစုမှ လူများ ရောက်ရှိလာလေပြီ။ လုံယွင်ဖုန်းက အင်အား အကောင်းဆုံးဖြစ်ပြီး သူ့နောက်တွင် အသက်ကြီးသူ ကိုးဦးရှိသည်။ နတ်နဂါး၏ သားကိုးယောက်နှင့် တူညီသော်လည်း ကွဲပြားသော စွမ်းအားများ ရှိကြသည်ကို ကိုယ်စားပြုထားသည်။ ၎င်းတို့က တစ်ယောက်တည်း ရပ်တည်နိုင်တဲ့ သခင်တွေပါပဲ။
လူကိုးယောက်၏ နောက်တွင် အခြားတပည့်တစ်ဖွဲ့လည်း ရှိကာ လုံယာ လုရွှမ်၏ တည်ရှိမှုကို ကြည့်ရှုနေသည်။ အဆင့်သတ်မှတ်ချက်အရ လုံယာဟာ တပည့်များကြားတွင် အဆင့်အတန်း မြင့်မားကြောင်း သိသာထင်ရှားသော်လည်း သူ့ရှေ့တွင် လူရှစ်ယောက် ရှိနေသည်။
ခွန်အားဖြစ်စေ အရည်အချင်းဖြစ်စေ နတ်နဂါး မိသားစုက ထူးထူးခြားခြား ထူးချွန်သည်။
ဤလူကိုးယောက် အတူတူ လျှောက်သွားသောအခါ မဟာဂိုဏ်း၏ တပည့်များစွာသည် ချက်ချင်းပင် ဒေါသကြီးသော အကြည့်များဖြင့် သူတို့ကို လှမ်းကြည့်လိုက်ကြသည်။ နတ်နဂါးမိသားစုကို စိန်ခေါ်ဖို့ ဒီကိုလာခဲ့ကြတာ မဟုတ်ရင် သူတို့အားလုံး မာနကြီးနေကြပေလိမ့်မည်။ ဘယ်သူမှ အလွန်အကျွံစားပြီး နတ်နဂါးမိသားစု ပြန်လည်မွေးဖွားခြင်းကို စိတ်ရင်းနဲ့ ဂုဏ်ပြုဖို့ ထွက်လာကြတာ မဟုတ်ချေ။
လုံယွင်ဖုန်းက ရယ်မောပြီး လူတိုင်းကို နှုတ်ဆက်လိုက်သည်။ အားလုံးက နှုတ်ခွန်းဆက် စကားများဖြင့် အပြန်အလှန် နှုတ်ဆက်ကြသည်။
"ဒီအချိန်က ကျုပ်တို့ နတ်နဂါး မိသားစုရဲ့ ပြန်လည်မွေးဖွားခြင်းကို ဂုဏ်ပြုတဲ့ ပွဲဆိုတာ လူတိုင်းသိကြပါတယ်... အာကာသသားရဲတွေကြောင့် ကျုပ်တို့ နတ်နဂါး မိသားစုက နှစ်ပေါင်းထောင်ချီ ပုန်းကွယ်နေခဲ့ရတယ်"
လုံယွင်ဖုန်းသည် မရှက်မကြောက်ဘဲ ဖြစ်စဉ်တစ်ခုလုံး၏ မူလအစနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပြောပြသည်။ ပြီးမှသာ ထိုအရာတွင် ဇာတ်လမ်းများစွာ ရှိနေကြောင်း လူတိုင်း အပြည့်အဝ နားလည်သွားခဲ့ကြသည်။
နတ်နဂါး မိသားစုသည် လူသားမျိုးနွယ်စု တစ်ခုလုံးအတွက် ၎င်းတို့မိသားစု၏ အသက်တာကို သေခြင်းတရားရဲ့ မျဉ်းကြောင်းပေါ် တင်ထားခဲ့သည်ဟု ဆိုနိုင်သည်။ အိမ်တော်သခင် အနေဖြင့် လုံယွင်ဖုန်းသည် သဘာဝအလျောက် အဓိပ္ပာယ်မဲ့သော စကားများ မပြောပေ။ မဟုတ်ရင် နတ်နဂါး မိသားစုတစ်ခုလုံး၏ ဂုဏ်သတင်းကို နှိမ့်ချမိသွားလိမ့်မည်။
ထို့နောက် အားလုံးက မတ်တပ်ထရပ်ပြီး သူ့ကို အတူတူ ကျေးဇူးတင်စကား ဆိုကြ၏။
"ကျွန်တော်တို့ အကြီးအကဲလုံရဲ့ ဆန္ဒကို လေးစားပါတယ်"
အားလုံးက အရက်ခွက်များကို မြှောက်ပြီး အတူတူ သောက်လိုက်ကြသည်။
"ဟုတ်ပါတယ်... နောက်ဘာဆက်ဖြစ်မလဲ ဆိုတာကို လူတိုင်း သိသွားကြပြီ.. လက်ရှိ တပည့်တွေ အားလုံးရဲ့ ကြီးမားတဲ့ အကူအညီကြောင့် ကျုပ်တို့ရဲ့ နတ်နဂါး မိသားစုရ တစ်ဖန်မွေးဖွားလာခဲ့ပြီ... မဟုတ်ရင် သမိုင်းမြစ်ရှည်ကြီးထဲမှာ လုံး၀ ပျက်သုဉ်းသွားလိမ့်မယ်"
"လာ ငါတို့ဂိုဏ်း အားလုံးအတွက် သောက်ကြရအောင်"
လူတိုင်းက အခြားအရက်ကို သောက်ကြသည နောက်ဆုံး ကျန်ခဲ့သော တပည့်အနည်းငယ်မှ လွဲ၍ ကျန်တပည့်များသည် ဘာမှ မပြည့်စုံကြောင်း လူတိုင်း သိကြပါသည်။
"ဒါပေါ့...ကျုပ်တို့ နတ်နဂါး မိသားစုရဲ့ ထာဝရ ကျေးဇူးရှင် တပည့် ခုနစ်ယောက်လည်း ရှိတယ်.... မိတ်ဆွေလေး ခုနစ်ယောက်ကို ထွက်လာဖို့ ဖိတ်ခေါ်ပါတယ်"