အလောင်းအစား
Vol. 120 Ch. 4,1317
ချန်ရှီးလည်း မငြင်းတော့ဘဲ သူ့နောက်ကနေ မလိုက်ချင် လိုက်ချင်ဖြင့် ပါလာတော့သည်။ လုရွှမ်နဲ့ ဟောက်ထျန်း ဓားပျံစာများ ပေးပို့ကြပြီး ခဏအကြာတွင် ဆုံကြ၏။ အားလုံးက ချန်ရှီးကိုပါ ခေါ်လာတာ တွေ့လိုက်ရတာမို့ အံ့သြသွားကြသည်။
ချန်ရှီး။ ဒီကောင်လေး နာမည်ကို လူတော်တော်များများ ကြားဖူးကြသည်။ သူဟာ ရန်ဖြစ်တတ်တဲ့ ကောင်လေးတစ်ယောက် ဖြစ်ပေမယ့် အမြဲတမ်း အရိုက်ခံရတတ်သူပါပဲ။
"ငါ့ရဲ့ ဂိုဏ်းတူအစ်ကို ချန်ရှီးက နည်းနည်း မာနကြီးပြီး မောက်မာကြီးပေမယ့် စိတ်ရင်းက လူကောင်းလည်း မဟုတ်ဘူး လူဆိုးလည်း မဟုတ်ဘူး"
လူတိုင်းက တဟားဟား အော်ရယ်လိုက်ကြသည်။
လုရွှမ်က သူ့အတွက် လမ်းခင်းနေမှန်းသိသဖြင့် ချန်ရှီးလည်း လူတိုင်းရှေ့တွင် အထီးကျန်ဟန် မဆောင်ဘဲ အကြီးတန်းအစ်ကိုနှင့် အငယ်တန်းညီမ ဟူ၍ ပြန်နှုတ်ဆက်လိုက်သည်။
လုရွှမ်ကြောင့် လူတိုင်းက သူ့အား အပြုံးဖြင့်လက်ခံခဲ့ကြသည်။ မကြာမီတွင် လုရွှမ်က ကျောက်စိမ်းပြားထဲရှိ အောက်ကမ္ဘာမှ သယ်လာသော ဝိုင်အရက်များစွာအပြင် သားရဲ၏ အသာများနှင့် တိရစ္ဆာန်အချို့ပါ ထုတ်ယူလိုက်တာကြောင့် ပို၍ စည်ကားလာခဲ့သည်။
"ပြောပါ ဂိုဏ်းတူအစ်ကို... မင်းကို ဘယ်သူရိုက်တာလဲ"
လုရွှမ် ထပ်မေးလိုက်သည်။ ဒီအချိန်မှာတော့ ချန်ရှီးက တကယ်ပဲ ပြန်ဖြေလာ၏။
"မဟာဂိုဏ်းကြီးထဲက လူနည်းနည်း... သူတို့က မင်းရဲ့ နိဗ္ဗာနဆေးလုံးကို လိုချင်နေကြတာ... မင်းကို ခေါ်ပြီး လောင်းကြေး ထပ်ခိုင်းစေချင်တယ်.. မင်းကိုခေါ်ထုတ်ပြီး ပြိုင်ချင်ကြတာ... မင်းရှုံးရင် နိဗ္ဗာနဆေးလုံးကို ပြန်ထွေးထုတ်ရမယ်... ငါ မလုပ်ချင်လို့ သူတို့နဲ့ တိုက်လိုက်တာ”
"ငလူး!" ရှင်ထျန်းက ပထမဦးစွာ အော်ဟစ်လိုက်ပြီး ချန်ရှီးရဲ့ ပုခုံးကို ပွေ့ဖက်လိုက်သည်။
"ကောင်လေး... မင်းလုပ်တာ မှန်တယ်.... လာ သောက်ရအောင်"
ချန်ရှီး အနည်းငယ် အံသြသွားသော်လည်း တောင့်တောင့်ကြီး ပြုံးမိ၏။ သူသည် အနည်းငယ် တုန်လှုပ်သွားကာ ရှင်ထျန်းနဲ့ ခွက်ချင်းတိုက်ကာ သောက်လိုက်သည်။
"လာ... ချန်ရှီး သောက်ရအောင်"
အကြီးတန်း အစ်မတစ်ယောက်က ဖန်ခွက်တစ်လုံးကို မြှောက်လိုက်ပြီး နှစ်ယောက်သား ခွက်တိုက်ရင်း သောက်လိုက်ပြန်သည်။
"ဘာတွေ သောက်နေသေးတာလဲ နောက်မှပြန်လာ သောက်ကြမယ်လေ.. အဲဒီလူယုတ်မာတွေကို သွားရှာကြတာပေါ့ သူတို့ နိဗ္ဗာနဆေးလုံးဆိုတဲ့ အရာကို ယူဖို့တောင် အကြံထုတ်ရဲကြတယ်... ငါ့ကို အငယ်တန်းညီလေးလို့ မခေါ်ရင်တောင် မင်းအတွက် တရားမျှတမှု ပြန်ရှာရမယ်လေ... ငါတို့က ညီအကို မောင်နှမတွေပဲ မဟုတ်ဘူးလား"
လွင်ဟွေမဟာဂိုဏ်းမှ လိန်မင်က ဟောက်ပြီး ပန်းကန်ကို မြေကြီးပေါ် ရိုက်ခွဲချလိုက်သည်။ သူက ချန်ရှီးရဲ့ လက်ကောက်ဝတ်ကို ကောက်ယူကာ ထွက်ခွာသွားဖို့ ပြင်လေ၏။
ချန်ရှီး ထိုလူအနည်းငယ်ကို စကားမပြောဘဲ လုရွှမ်ဘက် ကြည့်လိုက်တဲ့အခါ ထိုလူကလည်း ထရပ်လာတာ တွေ့လိုက်ရသည်။
"အဲဒီလူမိုက်တွေကို အတူတူ သင်ခန်းစာ ပေးလိုက်ရအောင်"
တစ်ဒါဇင်ကျော်သော လူတစ်စုသည် ၎င်းတို့၏ ခွက်ထဲက သေရည်တွေကို သောက်ပြီးနောက် တစ်ယောက်ယောက်ကို ရိုက်နှက်တော့မည်နှယ် အော်ဟစ်လိုက်ပေသည်။ ချန်ရှီးပင် သူ့စိတ်ထဲတွင် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
သူ့မျက်လုံးတွေက အနည်းငယ်နီနေပြီး "သွားကြစို့... ဒီကညီအကို မောင်နှမတွေ အားလုံးက အရင်ဆုံး ပုန်းနေကြပါ... အဲဒီလူတွေကို ငါ ခေါ်ထုတ်မယ်"
ချန်ရှီးက လမ်းပြ၍ အားလုံးက နောက်က လိုက်ကြသည်။ မကြာခင်မှာပဲ လူခုနစ်ယောက် ရှစ်ယောက်က ချန်ရှီး ရောက်လာတာကို တွေ့တာနဲ့ အော်ဟစ်နေကြတာကို ကြားလိုက်ရသည်။
လုရွှမ်တို့တစ်ဖွဲ့လုံးက လူရှစ်ယောက်အား ချက်ချင်း ဝိုင်းရံလိုက်တဲ့အခါ သူတို့ရဲ့အမူအရာတွေ ရုတ်တရက် ပြောင်းသွားတော့သည်။ လုရွှမ်တို့က သူတို့ထက် လူပိုများတယ်၊ သူတို့ရဲ့ဂိုဏ်း အနေအထားကလည်း သူတို့ထက် မြင့်လေရာ ဘယ်လိုနည်းနဲ့ တိုက်ခိုက်နိုင်တော့မှာလဲ။
အားလုံးက ချန်ရှီးကို အမုန်းကြီးနဲ့ စိုက်ကြည့်နေကြသည်။
"ကောင်လေးတို့... ငါတို့ညီအစ်ကို လုရွှမ်ကို လှည့်စားပြီး မင်းတို့ပြောတဲ့ နိဗ္ဗာနဆေးလုံးကို ယူဖို့ စီစဥ်နေကြတာလား"
ရှင်ထျန်း နဲ့ သူ့အဖွဲ့ဟာ ဤကျင့်ကြံမှု လောကမှာ အတော်လေး နာမည်ကြီးပါ၏။
လူတစ်စုသည် မဟာဂိုဏ်း၏ တပည့်များသာ ဖြစ်သော်လည်း ၎င်းတို့တွင် ထူးကဲသော အရည်အချင်းများ ရှိကြသည်။ သူတို့၏ အပြုအမူသည် လုပ်စရာမရှိလျှင်ပင် တစ်စုံတစ်ခုအား ပျက်စီးသွားတဲ့အထိ ရမ်းကားလိုကြသည်။
"ညီအစ်ကိုတို့ ငါတို့မှားသွားပါတယ် ငါတို့တကယ် မှားသွားပါတယ်... ငါတို့ နောက်နေတာရယ်!"
လုရွှမ်က စကားပြောသူအား ပထမဆုံး ကန်ပစ်လိုက်ကာ။
"ငါလည်း နောက်နေတာလေ..."
"သူတို့ကို ရိုက်!"
သူတို့ ရှစ်ယောက်က နောက်ကြောင်း ပြန်လှည့်ရန် မဝံ့မရဲပင် ဖြစ်နေကြ၏။ ၎င်းတို့၏ အဓိက အစိတ်အပိုင်းများကို မရိုက်မိစေရန် သတိကြီးစွာ ထားနေကြသည်။ ၎င်းတို့၏ အတွင်းဒဏ်ရာများမှာ မပြင်းထန်သော်လည်း အပေါ်ယံအားဖြင့်တော့ လူမဆန်သလိုတောင် ဖြစ်သွားပါပြီ။
"သွား!! ငါတို့ ထပ်မတွေ့စေနဲ့!!"
ထိုလူများ ပျာပျာသလဲ ပြေးထွက်သွားပြီးနောက် လူတိုင်းက ရယ်မောကာ မူးနောက်နောက်ဖြင့် ထွက်သွားကြသည်။
"ဟမ့်... ကမ္ဘာကို တစ်ခါမှ မမြင်ဖူးဘဲ ဟောင်နေကြတဲ့ ခွေးကောင်ကြီးတစ်စုပဲ!"
သူတို့အနီးနားမှ ရန်စလာသော အသံတစ်သံ ကြားလိုက်ရသည်။ လုရွှမ်တို့ လူတစ်စုလည်း ချက်ချင်း လှည့်ကြည့်လိုက်သည်။
"ဟမ့် ငါက ဘယ်သူများလဲလို့... အသိအကျွမ်းဟောင်း တစ်ယောက် ပေါ်လာတာပဲ ငါ့ကိုပြောစမ်းပါဦး....မင်းတို့ အရက်သောက်ပြီး ဒုက္ခရောက်အောင် လုပ်တဲ့သူက မဟာဂိုဏ်းကနော်... အိုး ကြည့်ရတာ ညီငယ် အသစ်လေးတွေနဲ့ မိတ်ဖွဲ့ထားပြီပဲ"
လူတစ်ဒါဇင်လောက် ပေါ်လာသည်။ ဒီလူတွေ ဒီအနီးနားကို မတော်တဆ ရောက်လာခဲ့တာပါလို့ ပြောရင် အများစုက ယုံဖို့ခက်လိမ့်မည်။
လူအနည်းငယ်က နောက်ပြောင်စကားများ ဆိုပြီးနောက် သူ့မျက်လုံးများက လုရွှမ်အား စိုက်ကြည့်လာသည်။ လုရွှမ်လည်း ဤလူများ၏ လောဘလွန်ကဲမှု အငွေ့အသက်တွေကိူ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ နိဗ္ဗာနဆေးလုံးကို လူတိုင်းလိုချင်နေတာ ထင်ရှားပါ၏။
နိဗ္ဗာနဆေးလုံးသည် နတ်မီးနှင့် မျှော်စင်နယ်ပယ်ရှိ ကျင့်ကြံသူများ အပေါ် အစွမ်းကုန် သက်ရောက်မှု ရှိသည်မှာ သေချာပါသည်။ အကယ်၍ ၎င်းသည် မျှော်စင်နယ်ပယ် အထက်ကို တိုးစေနိုင်လျှင် နိဗ္ဗာနဆေးလုံးကို ဘယ်သူကမှ ဒီအတိုင်းထားလိမ့်မည် မဟုတ်ပေ။
လူတိုင်းနီးပါးရဲ့ အမြင်မှာတော့ ဒီဆေးလုံးဟာ လွန်လွန်ကဲကဲ အစွမ်းထက်ပေသည်။
အရင်ကတည်းက မဟာဂိုဏ်းကြီးများမှ ထိုလူများသည် လောဘကြီးပြီး အစောကလူတွေကို တမင်တကာ ဒုက္ခရောက်အောင် နှိုးဆော်ခဲ့ကြသည်။
"အိုး... ခွေးအရိုက်ခံရတော့ ခွေးပိုင်ရှင်က ထွက်လာတယ်ဟ... ဟားဟား"
ချောင်ယန်က အော်ရယ်လိုက်သည်။ ဒီလူက သူနဲ့ တော်တော်ရင်းနှီးပါ၏။ အဲဒါက ဟွမ့်သွမ့်သန့်ရှင်းတဲ့မြေက ယဲ့လုံပါပဲ။
ဟွမ့်သွမ့်သန့်ရှင်းတဲ့မြေက ယဲ့လုံနဲ့ ရှေးဦးမဟာဂိုဏ်းက ချောင်ယန်တို့ဟာ သက်ဆိုင်ရာ ဂိုဏ်းများတွင် လူသိများသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အထူးသဖြင့် ရှန်ကွမ်းရှေးဟောင်းမိသားစုက နတ်သမီးမင်လင်ကို လိုက်လံ ပိုးပန်စဥ်က သဘာဝအားဖြင့် သဘောထား ကွဲလွဲနေခဲ့ပါသည်။
ယဲ့လုံက ဟစ်အော်လိုက်သည်။
"ချောင်ယန်... မင်းအရေပြားက ယားနေပုံပဲ... မင်းအရိုက် ခံရချင်နေတာ ဟုတ်တယ်မလား?"
ချောင်ယန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး။
"ဘယ်သူလဲတော့ မသိဘူး... ငါ့ဆီမှာ အရိုက်ခံရပြီးတော့ ခြေထောက်တွေ ကျိုး... ငါ့ရှေ့မှာ ဒူးထောက်လိုက်ကြရတယ်... ဟေး ဘယ်သူပါလိမ့် အဲဒီပုံစံက တကယ်ကို ရွံရှာစရာ ကောင်းတယ်ကွာ"
ယဲ့လုံ၏ မျက်နှာသည် ပြာသွားသော်လည်း သူက ပြန်ပတ်သည်။
"ဒါဆိုဘယ်သူလဲတော့ မသိဘူး... ဒီသခင်ငယ်လေးဆီက အရိုက်ခံရလို့ မင်လင်ဆီမှာ အဖေအမေ အော်ငိုနေသေးတယ်...."
ချောင်ယန်၏ မျက်နှာသည်လည်း မည်းမှောင်သွား၏။ သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး လျှော့တွက်မထားသော မနာလိုနေသည့် ရန်သူကဲ့သို့ လူတိုင်းရှေ့မှာ တစ်ယောက်ကို တစ်ယောက် အော်ဟစ်နေတော့သည်။
လုရွှမ် ဟောက်ထျန်းအား တအံ့တသြ လှည့်ကြည့်လိုက်သည်။ ဟောက်ထျန်းက ချောင်ယန်နှင့် အလွန်ကောင်းသော ဆက်ဆံရေးရှိသောကြောင့် တစ်စုံတစ်ခုကို သိနိုင်သည်။ ဟောက်ထျန်းက စကားမပြောဘဲ ခေါင်းသာညိတ်ပြီး စိတ်စွမ်းအင်ဖြင့် လှမ်းပြော၏။
'သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုက တူညီသလောက်ပဲ.... သူတို့ပြောသမျှတွေက အမှန်တွေ...'
လုရွှမ်: `....`
လုရွှမ် ရယ်ရခက်ငိုရခက် ဖြစ်သွားသည်။ နတ်သမီး မင်လင်က ဘယ်သူလဲ။ သူတို့ နှစ်ယောက်ကို တကယ် ရူးသွပ်အောင် နှိုးဆွပေးနိုင်တဲ့သူက ဘယ်သူလဲဆိုတာ သူတောင် သိချင်လာသည်။
"ဟမ့် သောက်ပိုတွေ ရပ်လိုက်တော့... ချောင်ယန်... ဒီနေ့ မင်းကိုတွေ့ဖို့ ရောက်နေတာ မဟုတ်ဘူး! ပါးစပ်ပိတ်ထား!! လုရွှမ် မင်းခန္ဓာကိုယ်ပေါ်က နိဗ္ဗာနဆေးလုံးကို မင်းဘာနဲ့ လဲလှယ်ချင်လဲ"
ယဲ့လုံသည် ချောင်ယန်ကြောင့် သူ့ခန္ဓာကိုယ် လုံးဝ ပျက်စီးသွားသောကြောင့် လျစ်လျူရှုပြီး လုရွှမ် ကြည့်လိုက်သည်။
"စွမ်းအင်သလင်ကျောက် သန်းတစ်ရာ!"
ထိုစကားကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ အမှန်ပင် အဝါရောင် သလင်းကျောက် သန်းတစ်ရာ ဆိုတာက ကောင်းကင်ထိတော့မယ့် အရေအတွက် ဖြစ်ပေမယ့် နိဗ္ဗာနဆေးလုံးနဲ့ ယှဉ်ရင် နောက်ကျကျန်နေသေးတယ် မဟုတ်လား။