← Chapters

အန္တရာယ်

Vol. 120 Ch. 4,1315

အန္တရာယ်

Vol. 120 Ch. 4,1315

ဆန့်ကျင်ဘက် အနေနှင့် တပည့်တစ်ဦးစီသည် ကြောက်ရွံ့နေပုံရသော်လည်း ပို၍ စူးစမ်းချင်စိတ်တွေက များနေ၏။

သူတို့သည် အနောက်ဖက်ဒေသတွင် အမြဲနေထိုင် နေခဲ့သော်လည်း ငယ်စဉ်ကတည်းက နဂါးများနှင့် မီးနစ်တို့၏ ဒဏ္ဍာရီများကိုသာ ကြားဖူးခဲ့ကာ ၎င်းတို့နှင့် တစ်ခါမျှ မကြုံဖူးခဲ့ပေ။ ဒဏ္ဍာရီအရ ထိုသတ္တဝါများသည် အခြားဒေသများတွင် ရှိသော်လည်း အခြားဒေသများသို့ သွားရာ လမ်းကြောင်းများကတော့ ပိတ်ဆို့ထား​လေသည်။

ရှေးလူများက လူသားမျိုးဆက်ကို ချန်ထားချင် သေးသောကြောင့် ထိုဒေသများသို့ သွားရာ ပို့ဆောင်ခြင်းအစီအရင်ကို ဖျက်စီးပစ်ခဲ့သည်။ လူသားများဟာ တခြားသားရဲများနှင့် ယှဉ်လျှင် နောက်ကျ ကျန်နေသေးသောကြောင့်ပဲ ဖြစ်၏။

ယခုမူ အကြီးအကဲ လုံဝူကျီက ၎င်းတို့အတွက် လမ်းတစ်လမ်း ဖြစ်​သော အခြားဒေသများသို့ သွားရာလမ်းအား ဖွင့်ပေးခဲ့ပြီ။

"လုရွှမ် မင်းသွားမှာလား?"

ဟောက်ထျန်းက စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် အသံပေးကာ မေးလိုက်သည်။

"သေချာပေါက် သွားချင်တာပေါ့... နောက်ပြီး ငါတို့ကို အများကြီး အကျိုးခံစားခွင့်တွေ ပေးခဲ့တာလေ... မသွားလို့ရော ရမှာလား"

"အမှန်ပဲ မုန်တိုင်းတစ်ခု လာနေပြီလို့ ဆရာတူအစ်ကို ချင်ထျန်းက ပြောတယ် ဒါပေမဲ့ ဒီလောက်စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားဘူး...ငါ ငယ်ငယ်ကတည်းက တခြားတိုက်တွေကို တမ်းတနေခဲ့တာကွ ဒါပေမဲ့ တကယ် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"

"ဂိုဏ်အသက်အကဲတွေရဲ့ မျက်နှာတွေကို မင်းမြင်တယ်မလား... ဖုန်တောထဲ သွားထားသလိုမျိုး မည်းမှောင်နေတာပဲ... အရမ်းအန္တရာယ် များပုံရတယ်..."

"လူငယ်တွေကို အရင်ထွက်သွား ခိုင်းရအောင် သေသေချာချာ ဆွေးနွေးကြမယ်"

"ကောင်းပြီ မင်းတို့အရင် ထွက်သွားလိုက်... မင်းတို့စိတ်ကြိုက် ဈေးဝယ်ထွက်လို့ ရတယ်။"

လုရွှမ် နှင့် သူ့အဖွဲ့ တံခါးပိတ်လိုက်သည်နှင့် ပြင်းထန်စွာ ရန်ဖြစ်သံများကို ကြားလိုက်ရ​တော့သည်။

လုရွှမ်သည် ဤသန့်ရှင်းတဲ့မြေ၊ ရှေးဟောင်း မိသားစုများနှင့် ကြီးမားသော မဟာဂိုဏ်းခွဲများ၏ ဒေါသကို နားလည်နိုင်၏။ နတ်နဂါး မိသားစုသည် ၎င်းတို့၏ ထိပ်တန်းပါရမီရှင်များကို ယှဉ်ပြိုင်စေမည်ဟု တွေးကာ ရောက်လာခဲ့ကြခြင်းပဲ ဖြစ်လေသည်။

သူတို့ အကြံအစည်က ဒီလူငယ်တွေ အားလုံးကို အပြင်မှာ သေခိုင်းရမယ့် ကိစ္စ ​ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။

ကျိုးယန်နဲ့ ဟွေ့လင်လည်း ကျိုးယိနဲ့ ခမ်ဟွေးတို့နောက်မှ တိတ်တဆိတ် လိုက်သွားကြသည်။ သန့်ရှင်းတဲ့နယ်မြေနဲ့ ရှေးဟောင်း မိသားစုသို့ ပြန်လာပြီးနောက် ကျိုးယန်နဲ့ ဟွေ့လင်ဟာ သူတို့၏အသက်ကို မကယ်တင်နိုင်ခဲ့လျှင် သူတို့၏ အခွင့်အရေးများ ဆုံးရှုံးလုနီးပါး ဖြစ်သွားမယ်မှန်း နားလည်သွားကြသည်။

ကျိုးယိနဲ့ ခမ်ဟွေးတို့ နှစ်ယောက်မှာလည်း ဆူပူကြိမ်းမောင်း ခံရပြီး ညီမငယ်နဲ့ အငယ်တန်းညီမကို ကာကွယ်ဖို့ အမိန့်ပေးခဲ့၏။ သူတို့နှစ်ဦးသည် အလွန်အကျွံ စကားမပြောသော်လည်း တူညီသောကံကြမ္မာဖြင့် ဆက်စပ်နေခဲ့ကြသည်။

ကျိုးယန်က တော်ဝင်မင်းဆက် ရှေးဟောင်း မိသားစုတစ်ခု၏ မင်းသမီးငယ်လေး ဆိုတာ ဘယ်သူက မသိတာရှိလို့လဲ။ နျဲ့ဖန်နယ်မြေမှာလည်း ဟွေ့လင်ရဲ့ အဆင့်အတန်းက လူအများကြားတွင် မြင့်မားလှသည်။ ကျိုးယန်က ထူးကဲသော အရည်အချင်း ရှိသည်။

သူမဟာ ကျိုးယိထက် ထူးထူးခြားခြား မရှိသည့်အပြင် နတ်ခန္ဓာကိုယ် မဟုတ်သော်လည်း သူမ အရည်အချင်းက ပျော့ညံ့ခြင်း မရှိသည့်အပြင် မိသားစုဝင် အားလုံးကလည်း သူမကို သဘောကျကြသည်။

ဟွေ့လင်ဟာ အေးဆေးတည်ငြိမ်သော စိတ်ထားရှိပြီး ရှက်တတ်သော်လည်း အလွန်ထောက်ထားတတ်သူ ဖြစ်တာကြောင့် သူမသည် သူတို့၏ ညီမငယ်အရင်းလိုပင်။

လူနှစ်ဦးသည် သူမတို့အား စောင့်ရှောက်ရမည့် တာဝန်ကို သဘာဝအတိုင်း လုပ်ဆောင်ရမည်။ ဒါ့အပြင် ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး လေးစားမှုနှင့် ခင်မင်ရင်းနှီးမှုကိုလည်း တည်ဆောက်ထားရမည်။

"လုရွှမ်... တခြားဒေသတွေကို သွားလည်မှာလား"

ကျိုးယန်က စမေးသည်။

ကျိုးယိနဲ့ ခမ်ဟွေးတို့က လုရွှမ်အား အထပ်ထပ်အခါခါ မျက်စိမှိတ်ပြနေ၏။ ကျိုးယိနဲ့ ခမ်ဟွေးဟာ သူမတို့အား ဘယ်တော့မှ လွှတ်ထားမည် မဟုတ်ကြောင်း ကောင်းကောင်း သိပါသည်။ ဂိုဏ်းနဲ့ မိသားစုထဲက သူတို့လူကြီးများကလည်း မလိုလားကြ​လောက်ပေ။

လုရွှမ် သူတို့နှစ်ယောက်ကို လျစ်လျူရှုထားသည်။ သူ့အစွမ်းသတ္တိကို မြှင့်တင်ချင်ရင် တခြားဒေသတွေကို သွားကြည့်ဖို့က ဖြတ်လမ်းပဲ ဆိုတာ သေချာပါ၏။ ဒါကလည်း အကြီးအကဲ လုံဝူကျီက နိမိတ်ဖတ်ချက်တွေပဲ ဖြစ်ကာ အမှားမရှိနိုင်ချေ။

ကျိိုးယိ မျက်နှာက မည်းမှောင်သွားပြီး ခမ်ဟွေးလည်း သဘောမကျသလို တစ်ဖက်သို့ လှည့်သွားသည်။

ကျိုးယန်: "ဟူး.. ငါလည်း သွားချင်ပေမယ့် မသွားရမှာ ကြောက်ရတယ်"

ဟွေ့လင်ကလည်း သူမ အပြင်ထွက်ခွင့် ရမည် မဟုတ်ကြောင်း သိတာကြောင့် ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက်စလုံး ခါးသီးနေပုံရသော်လည်း ကျိုးယိနဲ့ ခမ်ဟွေးကတော့ သက်ပြင်းတစ်ချက်စီ ချလိုက်​​ကြသည်။

"လုရွှမ် နင်ကဘယ်သူလဲ နင့်မှာ နဂါးသွေးတွေ ဘယ်လိုလုပ် ရှိနေတာလဲ"

ကျိုးယန်က ထပ်မေးသည်။

တခြားတစ်ယောက်ယောက်က ဒီမေးခွန်းကို မေးခဲ့မယ်ဆိုရင် ဒါဟာ စိတ်ကူးယဉ်စေ့ဆော်မှု မဟုတ်ပေမယ့် ကျိုးယန်နဲ့ ဟွေ့လင်က မေးတဲ့အခါ သိချင်စိတ်သက်သက်သာ ဖြစ်ပေသည်။

ကျိုးယိမျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး ညီမဖြစ်သူကို တားချင်သော်လည်း သူ့စိတ်ထဲတွင် အလွန်သိချင်စိတ် ရှိနေတာကြောင့် မတားဖြစ်ခဲ့ချေ။

သူသည် တော်ဝင် မင်းဆက်မိသားစုမှ ဆင်းသက်လာပြီး နဂါးလူမျိုးများ၏ တည်ရှိမှုကို သေချာပေါက် သိပါသည်။ လုရွှမ်ကိုကြည့်လျှင် သူသည် ဖြူစင်သော လူသားတစ်ဦးဟုသာ ခံစားမိခဲ့ရာ စိမ်းပြာနဂါးရဲ့ သွေးကို သူ ဘယ်လိုလုပ် ရသွားတာလဲက စဥ်းစားစရာပင်။

နတ်နဂါး မိသားစုမှ လူများပင် နတ်နဂါး၏ အနှစ်သာရနှင့် အသွေးနှင့် ပေါင်းစပ်ထားသော်လည်း ယင်းမှာ ထိပ်တန်း အမာခံပုဂ္ဂိုလ်များသာ ရရှိနိုင်သော ကုသမှုဖြစ်သည်။ တခြားလူတွေကတော့ အတုလုပ်ရရုံသာ။

အမှန်တကယ်တော့ နဂါးအစစ်တွေ တည်ရှိနေတဲ့ ကမ္ဘာမြေကြီးမှ နဂါးတွေဟာ သူတို့ရဲ့သွေးတွေကို လုယူနေတဲ့ လူသားမိသားစု တစ်စုရှိတယ်ဆိုတာ သိလိုက်မယ်ဆိုရင် ဒါဟာ ကြီးမားတဲ့ ဘေးဥပဒ် ဖြစ်စေပါလိမ့်မည်။

ထို့ကြောင့် လုံဝူကျီသည် ယင်နဂါး၏ သွေးစစ်ကို ရယူနိုင်ခဲ့သော်လည်း ဖုံးကွယ်ထားခဲ့သည်။ အဲဒီကနေ သူဟာ ဒေသတွေဟာ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေသေးပြီး ၎င်းတို့ကို ဖြတ်ကျော်သွားနိုင်တဲ့ လမ်း ရှိကြောင်းကိုလည်း ပြသခဲ့သည်။

သို့သော် ထိုသွေးစက်က ဘယ်လောက် ရှားပါးပြီး အဖိုးတန်ကြောင်းကိုလည်း ပြသထား၏။

လုရွှမ်ကရော ဘယ်လိုလဲ။

တကယ်တော့ လုရွှမ် ကျော်ကြားလာပြီးနောက် လူတိုင်းက သူ့နောက်ခံကို စူးစမ်းလေ့လာခဲ့ကြသည်။ သူဟာ နောက်ခံ၊ ဂိုဏ်း၊ ကျွမ်းကျင်မှု အရင်းအမြစ် စသည်တို့ မပါဘဲ ရုတ်တရက် ပေါ်လာပြီး အခြားဘာမျှ မသိရခဲ့။

လုရွှမ်၏ ပင်ကိုယ်စွမ်းရည်နှင့် ခွန်အားများကို ကြည့်လျှင် ယခုအချိန်အထိ သူ့ကို ဖုံးကွယ်ထားနိုင်သည့် အကြောင်းပြချက် လုံးဝ မရှိပါ။

သူ့အရင်က အမူအရာက အနောက်တိုင်း ဒေသကြီးအကြောင်း ဘာမှ မသိဘူးလို့ လူတွေကို ခံစားစေခဲ့သည်။ သူက တကယ်ပဲ နောက်ဆုံး မဟာဂိုဏ်းဖြစ်တဲ့ ဒြပ်စင်ငါးပါး မဟာဂိုဏ်းမှာ ပါဝင်ဖို့ ရွေးချယ်ခဲ့၏။

အရည်အချင်း နည်းနည်းရှိတဲ့ တခြားသူတွေတောင် ရှေးဟောင်းမိသားစုတွေနဲ့ သန့်ရှင်းတဲ့မြေကို ရွေးကြလိမ့်မည်။ ဒါက လုရွှမ် သူ့အရည်အချင်းသူ သိနေသည်မှာ ထင်ရှားသည်။

သူက ဘယ်သူများလဲ။

လုရွှမ်က သဘောကျစွာ ပြုံးလိုက်ပြီး။

"ငါက အဝေးတစ်နေရာက လာတာ... အဲဒီနေရာက အရမ်းနောက်ကျနေပြီ ဒါကြောင့် ငါလိုချင်တာကို ရနိုင်ဖို့ အဲဒီနေရာကနေ ထွက်လာခဲ့တာ..."

ကျိုးယန် မေးချင်နေသေးပေမယ့် ကျိုးယိက သူမကို တား၍ ခေါင်းခါပြလိုက်သည်။ ဒါက အရမ်းနက်နဲတဲ့ လျှို့ဝှက်ချက်တစ်ခုမို့ ကျပန်းမေးခွန်းတွေ မမေးတာ ပိုကောင်းပါ၏။

"ကိစ္စမရှိပါဘူး ငါ အခု လုံလုံလောက်လောက် ကြံ့ခိုင်မှု မရှိသေးပါဘူး.. ငါ့ကိုယ်ငါ ကာကွယ်နိုင်တဲ့အချိန်ကျရင် မင်းတို့ကို ပြောပြမယ်... အဲ့နေရာကို ခေါ်သွားပေးမယ်လေ...အဲ့က ငါ့သူငယ်ချင်းတွေကလည်း အရမ်းကောင်းကြတာ"

"အင်း!"

လူအနည်းငယ် စကားပြောနေကြသည်။ ကျိုးယိနဲ့ ခမ်ဟွေးတို့ အနည်းငယ် ရှက်သွား၏။ လုရွှမ်က သူတို့အား ပေါ့ပေါ့ပါးပါး စကားအနည်းငယ် ပြောနေလေသည်။

"ငါတို့ရဲ့ အရည်အချင်းတွေနဲ့ ခွန်အားတွေက သာမာန်လူတွေနဲ့ တိုက်ပွဲဝင်နေရုံနဲ့ အများကြီး မမြှင့်တင်နိုင်တော့ဘူး... မြန်မြန်ဆန်ဆန် တိုးတက်ချင်ရင် တခြားနေရာတွေကို သွားတာက ဖြတ်လမ်းတစ်ခုပဲ... ဒါပေါ့ အဲဒါက အန္တရာယ်များတယ်... မသေချင်ဘဲ အလျင်စလို မဝင်ကြနဲ့!"

အားလုံး ဤအမှန်တရားကို နားလည်ကြသည်။ ဒီလို အနာဂတ်ကို စောင့်မျှော်နေခဲ့ကြသော်လည်း သတိရှိနေရဦးမှ ဖြစ်သည်။ ကျိိုးယိနဲ့ ခမ်ဟွေးတို့ရဲ့ သူစိမ်းဆန်သော အငွေ့အသက်များ လျော့ပါးသွား၏။ တခြားဒေသများတွင် ရှင်သန်လိုပါက စည်းလုံးမှုက အရေးကြီးဆုံးပဲ ဆိုတာ ပြောနေစရာပင် မလိုပေ။

All Chapters