← Chapters

အခြားဒေသများသို့

Vol. 120 Ch. 4,1314

အခြားဒေသများသို့

Vol. 120 Ch. 4,1314

ခန်းမတစ်ခုလုံး ခဏမျှ တိတ်ဆိတ်သွားသည်။

ဒြပ်စင်ငါးပါး မဟာဂိုဏ်းက အကြီးအကဲများ အားလုံး အံ့သြဝမ်းသာ ဖြစ်သွားခဲ့ကြပြီး အဆုံးမရှိ စိတ်ကြွဆေးပြားများ စားလိုက်ရသလို အသံပြုခဲ့ကြသည်။

အခြားဂိုဏ်းများကတော့ လုရွှမ်၏ မျက်လုံးများကို ကြည့်ပြီး သဘောကျမှုတစ်ခု ခံစားလိုက်ရသည်။ ဒါပေါ့။ သူတို့ မျက်လုံးထဲမှာ ရှုတ်ချမှုတွေ ပြည့်နှက်နေပြီး လျှို့ဝှက်စွာ ကျိန်ဆဲနေတဲ့ လူမိုက်တွေလည်း အများကြီး ရှိပါ၏။

"လုရွှမ်... မင်း ဒီကိစ္စကို ရှင်းရှင်းလင်းလင်း တွေးပြီးပြီလား ဒါ နတ်နဂါး မိသားစုနော်"

ဟောက်ထျန်းက အတွေးစက်ဝန်းထဲကနေ တစ်ဆင့် လှမ်းပြောလေသည်။ လုရွှမ် ခေါင်းညိတ်လိုက်ပြီး။

"မင်းသာဆိုရင် မင်းလုပ်မှာလား"

"ဖြစ်နိုင်ပေမယ့် ကံမကောင်းစွာပဲ ငါ့အဖေက ငါ့ခြေထောက်တွေကို ရိုက်ချိုးလိမ့်မယ်"

လုရွှမ် ပြုံးလိုက်မိသည်။ လုံယွင်ဖုန်းက တစ်ချက် ရယ်မောလိုက်သော်ငြား စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။

"အားလုံးပြီးရင် အဆင်မပြေပါဘူး.... ညီလေးတိခွင်း ငါ့ကို အပြစ်မတင်ပါနဲ့ ဒါတွေက ဘိုးဘေး ဝူကျီရဲ့ နောက်ဆုံးစကားပဲ... ဒါကြောင့် ဒီမေးခွန်းကို တိတိကျကျ မေးရတာပေါ့"

တိခွင်း၏ မျက်နှာသည် မယုံနိုင်ခြင်းများဖြင့် ပြည့်နှက်နေပြီး အသံတစ်ချက် ဟစ်အော်လိုက်သည်။ လုံယွင်ဖုန်းက ပြုံးပြီး မရှင်းပြပေ။

"ဒီကိစ္စမှာ မင်း အတင်းလုပ်လို့မရဘူး...အခု မင်း ငြင်းလိုက်ပြီ ဆိုမှတော့ မင်း ဒုတိယ အဖုံးကို ထပ်ဖွင့်လို့ရတယ်... ဒါပေမဲ့ မင်း မှတ်ထားရမှာက စိတ်ရင်းမှန်နဲ့ မဟုတ်ရင် ဖွင့်လို့မရဘူး... ပန်းကန်ပြားကို လှန်လိုက်ရုံပဲ။"

လုရွှမ် ပန်းကန်ပြားပေါ် ကြည့်လိုက်တော့ အောက်ခြေမှာ အဖုံးတစ်ခု ထပ်ရှိနေတာကို တွေ့လိုက်ရ၏။ ၎င်းက အဖုံးတစ်ခုနဲ့ ဖုံးအုပ်ထားရုံ​လောက်ပါပဲ။

"ငါတို့ရဲ့ နတ်နဂါး မိသားစုမှာဆို မင်းဘယ်လောက်ပဲ အရည်အချင်းရှိပါစေ အနာဂတ်မှာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရလိမ့်မယ်... ဒါပေမဲ့ အာကာသသားရဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ မင်းမှာ ဆိုးရွားတဲ့ ချို့ယွင်းချက်တွေကို ချန်ထားခဲ့လိမ့်မယ်... မင်း ငြင်းချင်ရင် သဘာဝအတိုင်း ဒုတိယအဖုံးကို နှိပ်နိုင်တယ်"

လုရွှမ် အဖုံးကို လက်ဖဝါးဖြင့် ဖိလိုက်တဲ့အခါ အထဲမှာ ပုလင်းသေးသေးလေး ပါနေပြန်တာ တွေ့လိုက်ရသည်။ လုရွှမ် ပုလင်းကို ဖွင့်လိုက်၏။ အထဲမှ အလင်းတန်းများ လင်းလက်လာပြီး ခရမ်းရောင်နဲ့ ရွှေ​ရောင်သွေးများ လွင့်ထွက်သွားသည်။

"ယင်နဂါးရဲ့ သွေးအစစ်တွေလား?"

လုံယွင်ဖုန်းက ဟစ်အော်လိုက်သည်။ သူ့အသံကြောင့် တခြား အကြီးအကဲ ၉ယောက်တို့ရဲ့ မျက်နှာအရောင်များ တစ်ပြိုင်နက်တည်း ပြောင်းသွားကြပြီး အချို့မှာ သွေးများကို ဖမ်းယူရန်ပင် လက်ကို ဆန့်တန်းလိုက်ကြလေပြီ။

တကယ်တော့ ဒီသွေးတစ်စက်က ကောင်းကင်ဘုံကို အံတုနိုင်လွန်းတဲ့ ယင်နဂါးရဲ့ သွေးအစစ်ဖြစ်ပြီး သူတို့ရဲ့ နတ်နဂါး မိသားစုဝင်တောင် အိပ်မက် မမက်နိုင်တဲ့ ရတနာတစ်ခုပါပဲ။

ယခုမူကား ၎င်းသည် သူတို့၏ မြင်ကွင်းရှေ့တွင် အမှန်တကယ် ပေါ်လာပြီး ၎င်းတို့ဘက်တွင်လည်း ရှိနေသေးသည်။ တိုးညှင်းသော အော်သံ ကြားလိုက်ရသော ယင်နဂါး၏ သွေးအစစ်ထဲကနေ အဖိုးအိုတစ်ဦး၏ ပုံရိပ်ပေါ်လာသည်။

"နောက်ဆုတ်လိုက်!"

နတ်နဂါး မိသားစုမှ သက်ကြီးရွယ်အိုများစွာ၏ အမူအရာများ အလွန်ပြောင်းလဲသွားကာ လက်ကို အမြန်ရပ်လိုက်ကြရင်း သူတို့၏ မျက်နှာများမှာလည်း ရှက်ရွံ့စွာ နီရဲသွားကြသည်။

"ဘိုးဘေးဝူကျီကို ဂါဝရပြုပါတယ်"

ဤပုံမှာ တကယ်ပင် ဘိုးဘေးဝူကျီ၏ မျက်နှာဖြစ်သည်။ တစ်ခဏအတွင်း ဘိုးဘေး ဝူကျီ၏ အလင်းရောင်နှင့် အရိပ်တို့က ပျောက်ကွယ်သွားပြီး ယင်နဂါး သွေးစစ်တစ်စက်သည် လုရွှမ်၏ မျက်ခုံးများဆီသို့ အလိုအလျောက် လွင့်ပျံသွားပေ၏။

ထိုအခိုက် လုရွှမ် အနောက်ကွယ်မှ အစိမ်းရောင်နဂါးကြီး အလိုအလျောက် ထွက်ပေါ်လာခဲ့သည်။ ၎င်းက ပါးစပ်ကိုဖွင့်ကာ ယင်နဂါးရဲ့ သွေးစစ်တစ်စက်ကို မျိုချလိုက်သည်။

"စိမ်းပြာနဂါး?"

လုံယွင်ဖုန်း အော်ဟစ်လိုက်ကာ လုရွှမ်ရဲ့ မျက်နှာကိုလည်း မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

"ညီငယ်ရဲ့ ခန္ဓာကိုယ်ထဲမှာ နဂါးသွေးတွေ ရှိနေတာပဲ... ဘိုးဘေးက ဒီယင်နဂါးရဲ့ သွေးအစစ်တစ်စက်ကို မင်းအတွက် ထားခဲ့တာ အံ့ဩစရာ မရှိပါဘူး... တစ်ယောက်ကို တစ်ယောက် ဖြည့်တင်းပေးတာပဲ"

လုံယွင်ဖုန်းက ရှိုက်ကြီးတငင် ပြုံးလိုက်ပြီး စကားဆက်လေ၏။

"ညီလေးတိခွင်း ကျုပ်လုရွှမ်ကို ကျုပ်တို့ နတ်နဂါး မိသားစုနဲ့ ပူးပေါင်း​​စေချင်တဲ့ စိတ်ကို ထိန်းမရတော့ဘူး... ဒီသွေးတစ်စက်က သူ့ထက် မပျော့ညံ့တဲ့ ပါရမီရှင်ကို မဖန်တီးနိုင်ရင်တောင် သိပ်တော့ ကွာခြားမှာ မဟုတ်ဘူး"

တိခွင်းက ဟက်ဟက်ပက်ပက် ရယ်မောပြီး အလွန်ဂုဏ်ယူနေသည်။

"အစ်ကိုကြီးလုံ စိတ်မကောင်းပါဘူး... အခုနတုန်းက ကျွန်တော်လည်း စိတ်ထဲမှာ နည်းနည်း နာကျင်သွားခဲ့တယ်... အခု အကြီးအကဲ လုံဝူကျီက သခင်တစ်ယောက်လို တကယ်ပဲ လုပ်ပြသွားတယ်... ကျွန်​တော်တို့ မျိုးဆက်သစ်တွေ နားလည်ဖို့ ခက်တယ်ဗျ!"

လုံယွင်ဖုန်းလည်း ခါးသက်စွာ ပြုံး​ပြလိုက်သည်။

စိမ်းပြာနဂါးရဲ့ နှလုံးသည် စိမ်းပြာနဂါး အဖြစ်သို့ အလိုအလျောက် အသွင်ပြောင်း၍ ယင်နဂါး သွေးအစစ်တစ်စက်ကို မျိုချလိမ့်မည်ဟုလည်း လုရွှမ်မှာလည်း မထင်ခဲ့ပေ။ အခုချိန်မှာတော့ လူတိုင်းက သူ့ကို မနာလို၊ မုန်းတီးမှုတွေနဲ့ ကြည့်နေကြပါပြီ။

"ဟူး... မင်းပြောကြည့် မင်းလိုလူက နတ်နဂါး မိသားစုထဲကို ဝင်သင့်တယ်လို့ မထင်ဘူးလား!"

လုံယွင်ဖုန်းက ကူကယ်ရာမဲ့ အပြုံးနဲ့ ပြောလိုက်သည်။ လုရွှမ်လည်း ဂါဝရပြုလိုက်ကာ။

"အကြီးအကဲ... ကျွန်တော်က နတ်နဂါး မိသားစုက မဟုတ်ပေမယ့် နတ်နဂါးမိသားစု ကျွန်တော့်အပေါ်ထားတဲ့ ကြင်နာမှုကြီးကို ဘယ်တော့မှ မမေ့ပါဘူး"

လုံယွင်ဖုန်းက ခေါင်းညိတ်လိုက်ပြီး အခြားလူကြီး အချို့ကလည်း လုရွှမ်အား တောင်းပန်စကား ဆိုခဲ့သည်။ လုရွှမ်ဘက်ကလည်း အဆင်ပြေကြောင်း ပြန်ပြော၏။ လုရွှမ်ကိစ္စက အတော်လေး အားကောင်းတာကြောင့် ဤနေရာ၌ ဆူညံသွားခဲ့သည်။

ဒါပေမဲ့ လူငယ်တွေ အားလုံး ဘယ်လောက် ကျေနပ်အားရလဲ ဆိုတာကို ကြည့်ရင် သူတို့ရရှိတဲ့အရာက အရမ်းအရေးကြီးတယ် ဆိုတာ သိသာပါ၏။

ကျိုးယိ လုရွှမ်အား နှစ်ကြိမ်ဆက်တိုက် စိုက်ကြည့်လာသည်။ လုရွှမ်လည်း တစ်ဖက်လူ ပန်းကန်အောက်မှ တစ်ခုခုကို ထုတ်ယူသွားခဲ့ကြောင်း သတိထားမိသည်။ ဒီလူနှစ်ယောက်ရဲ့ အားသာချက်တွေက တခြားသူတွေထက် အများကြီး သာလွန်ပြီးသားပါပဲ။

လုံယွင်ဖုန်း သူ့လက်ကို ဝှေ့ယမ်းလိုက်တော့ မိန်းကလေး၇ယောက်လည်း ပြန်လှည့် ထွက်သွားကြသည်။

"ဒါက ပထမအချက်ပဲ... ဒုတိယအချက်ကတော့ လက်ရှိရှိနေတဲ့ ပါရမီရှင်တွေနဲ့ သက်ဆိုင်ပါတယ်"

စကားဆုံးသည်နှင့် အားလုံးက တုန်လှုပ်သွားကြသည်။ ဒါက သူတို့နဲ့ သက်ဆိုင်တယ်တဲ့လား။ လုရွှမ်နဲ့ တခြားသူတွေဟာ သူတို့ရဲ့ အိပ်မက်ထဲက ရတနာတွေကို ရရှိခဲ့တာကို မြင်လိုက်ရတော့ သူတို့ရဲ့ တံတွေးကို မျိုချရုံသာ တတ်နိုင်ခဲ့ပါ၏။

"ခင်ဗျားတို့ရဲ့ ဂိုဏ်းထဲက ထိပ်တန်း ထူးချွန်သူတွေကို ခေါ်ခိုင်းရတဲ့ အကြောင်းရင်းက ဘိုးဘေး ဝူကျီရဲ့ စကားကြောင့်ပါပဲ... ငါတို့ နတ်နဂါး မိသားစု ပြန်ပေါ်လာတဲ့အခါ တခြား အဓိက နယ်ပယ်တွေဆီ လမ်းကြောင်းတွေကို ဖွင့်ပေးလိမ့်မယ်"

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် တိတ်ဆိတ်မှုတစ်ခုက ယခင်ကထက် ပိုမိုအေးစက်စွာ ထွက်ပေါ်လာခဲ့သည်။ အားလုံး အနည်းငယ် စိတ်ရှုပ်နေကြသော်လည်း နတ်ခြေလှမ်းနယ်ပယ် တက်သွားသော အရှင်များ၏ အမူအရာများမှာမူ သိသိသာသာ ပြောင်းလဲသွား​ကြသည်။

"ဒီလိုဖြစ်ရင် အကြီးအကဲက ကျွန်တော်တို့ကို တခြားတိုက်ကြီးတွေဆီ သွားစေချင်တာလား"

လုရွှမ်က စမေးလိုက်သည်။

ဟောက်ထျန်းက ခေါင်းအသာခါလိုက်ပြီး "ငါ သိသားပဲ!"

ဟောက်ထျန်းက ဆိုပြီးနောက် ချောင်ယန်ဘက် လှည့်၍ ကြည့်လိုက်သည်။ သို့သော် ချောင်ယန်မှာ ရှေးဟောင်းရှန်ကွမ်းမိသားစုက နတ်သမီးမင်လင်ကိုသာ ကြည့်နေ၏။ တစ်ဖက်လူမှာ မျက်လုံးများကို အကြိမ်ပေါင်းများစွာ အဆက်မပြတ် မှိတ်ထားသော်လည်း အလွန်တည်ငြိမ်နေခဲ့သည်။

နှစ်ယောက်သား အကြီးတန်း အစ်ကိုဖြစ်သူ ရှင်ထျန်းအား ကြည့်လိုက်တော့ ရှင်ထျန်းက ချက်ချင်း ခေါင်းညိတ်ပြလေ၏။

"မုန်တိုင်း လာတော့မယ်!"

အရင်က ရှင်ထျန်း ဒီလိုပြောဖူးပေမယ့် အခုတော့ မုန်တိုင်းက တကယ် ရောက်လာပြီဆိုတာ သူတို့နှစ်ယောက်လုံး သဘောပေါက်သွားသည့။

ဒါက လုံဝူကျီ ဖွင့်ထားတဲ့ လမ်းကြောင်း ဖြစ်နိုင်သလို သူတို့လို လူတွေကို လေ့ကျင့်ပေးပြီး သူတို့ရဲ့ ခွန်အားကို တတ်နိုင်သမျှ အမြန်ဆုံး မြှင့်တင်ပေးဖို့ပဲ ဖြစ်ပေလိမ့်မည်။ မဟုတ်ရင် နောင်လာမယ့် စစ်ပွဲမှာ ကျိန်းသေပေါက် သေသွားရလိမ့်မည်။

"ဒါက တပည့်တွေ အားလုံးကို လေ့ကျင့်​​ပေးဖို့ ဘိုးဘေးဝူကျီ ဖွင့်ထားတဲ့ စာလွှာပဲ... အရမ်းအန္တရာယ်များတယ် အပြင်ထွက်ရင် ပြန်လာနိုင်မလား ပြောရခက်တယ်... ဒါပေမဲ့ အပြင်ထွက်ရမယ် ဒီလမ်းမှာ သေမလား ရှင်မလား မသေချာဘူး ဒါတွေက ဘိုးဘေးဝူကျီရဲ့ မူရင်းစကားတွေပဲ...ငါတို့ အပြင်မထွက်ရင် အနောက်ဖက် ဒေသမှာရှိတဲ့ လူသားအားလုံး သေသွားမှာ သေချာတယ်... ပြီးတော့ အဲဒီအာကာသသတ္တဝါတွေကို ဘယ်တော့မှ ခုခံနိုင်မှာ မဟုတ်ဘူး"

"စစ်ပွဲမှာ တိုက်ပွဲဝင်ကြတဲ့ လူတွေကပဲ ထူးကဲတဲ့ ကျင့်ကြံသူတွေကို မွေးမြူနိုင်လိမ့်မယ်... ပါရမီဆိုတာက ဘွဲ့တစ်ခုပဲ... သေခြင်းတရားထဲမှာ လမ်းလျှောက်နိုင်တဲ့ ပါရမီရှင်တွေပဲ အနာဂတ်မှာ ရှင်သန်နိုင်လိမ့်မယ်"

"ဒါပြီးရင် တခြား ကျင့်ကြံမှု အဆင့်တွေ ရှိလာလိမ့်မယ်... မင်းတို့က ပထမအသုတ်ပဲ"

မဟာဂိုဏ်းနှင့် သန့်ရှင်းတဲ့နယ်မြေ၊ ရှေးဟောင်းမိသားစုက လူများ၏ မျက်နှာများ အလွန် ရုပ်ဆိုးသွားသည်။

နတ်နဂါး မိသားစုဆီ ရောက်လာမှ ဒီလိုသတင်းတွေ ရလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ အခြားတိုက်ကြီးများက ဘယ်လောက် အန္တရာယ်ရှိမလဲ မသိကြသော်လည်း ရှေးခေတ်ကောလဟာလများနှင့် ရှေးဟောင်းစာအုပ်များမှ ပြင်ပကမ္ဘာကို နိဒါန်းပျိုးထားသည်မှာ အလွန်အန္တရာယ် များလှသည်။

ယခုမူ သူတို့၏ တပည့်များသည် ဤအနောက်ဖက်ဒေသမှ အပြေးအလွှား ထွက်ကာ အခြားတိုက်ကြီးများသို့ သွားရလျှင် သူတို့၏ အသက်နှင့် သေဆုံးမှုများမှာ မသေချာ မရေရာတော့ဘဲ ဖြစ်တော့မည်။

ဘယ်သူက သည်းခံနိုင်မှာလဲ။

All Chapters