ဖြောင့်မတ်ခြင်း
Vol. 120 Ch. 4,1319
ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ဖို့အတွက် အဝါရောင် သလင်းကျောက် သန်းတစ်ထောင် လိုတယ်ဆိုတာက မဖြစ်နိုင်ပေ။ အဲဒီပမာဏကို မဟာဂိုဏ်း မပြောနှင့်၊ သန့်ရှင်းတဲ့ နယ်မြေက မိသားစုပင်လျှင် ထုတ်ယူရန် မတတ်နိုင်ပါ။
လုရွှမ် စကားမပြောပေ။ ဒါကြီးက သူကိုယ်တိုင် မလုပ်လိုသော်လည်း ယွမ်ယန်ကျင့်စဥ်ကိုက အဆင့် မြင့်မားလေလေ စွမ်းအင်လိုအပ်ချက်များက ကြီးမားလေလေ ဖြစ်နေသည်။ ရိုးရိုးသားသား ပြောရလျှင် လုရွှမ်လည်း သူ့အကြောင်းသူ သိသည်။
ဒီလိုမှမဟုတ်ရင် တခြားသူတွေဟာ သူတို့ရဲ့ ကျင့်ကြံမှုတွေ မြန်မြန်ဆန်ဆန် တိုးတက်နေချိန်မှာ သူသည် နတ်မီးနယ်ပယ်ရဲ့ တတိယအဆင့်မှာ ရှိနေဆဲ ဖြစ်နေလိမ့်မည်။ ယခုပွဲ မရှိလျှင်ပင် လုရွှမ် အရင်းအမြစ်များကို ရှာဖွေရန် ထွက်သွားရလိမ့်မည်။
"လုရွှမ်... မင်းနောက်နေတာလား?"
ချီးဖုန့်ကျူပါ မထိန်းနိုင်ဘဲ ရုတ်တရက် ထမေးလိုက်သည်။ တောင်ထွတ်သခင် ချီးဖုန့်ကျူအပေါ်တော့ လုရွှမ် သူမအား စိတ်နှလုံး အောက်ခြေမှ လေးစားတာကြောင့် အသာ ခေါင်းညိတ်ပြလိုက်သည်။
"ဒီထက် ပိုမနည်းနိုင်ပါဘူး"
ပတ်ပတ်လည်တွင် လေအေးအေးတွေ တိုက်ခတ်လာသလို လူတိုင်း တောင့်တင်းသွားကြလေသည်။
"အိုး.. ငါမင်းကို ထပ်မေးပါရစေ နိဗ္ဗာနဆေးလုံးကို သောက်လိုက်ရင် မင်းအဆင့်ဘယ်လောက် တိုးတက်နိုင်မယ်လို့ ထင်လဲ"
လုံယွင်ဖုန်းက ထပ်မေးသည်။ လုရွှမ်သည် လုံယွင်ဖုန်းအား နတ်နဂါး မိသားစု၏ အကြီးအကဲဖြစ်ထိုက်ကြောင်း စိတ်ထဲတွင် တိတ်တဆိတ် ချီးကျူးခဲ့သည်။ အရေးကြီးဆုံးကိစ္စကို ထိုသူက တိုက်ရိုက် ဆုပ်ကိုင်ထားနိုင်ပေသည်။
လုရွှမ် ခဏလောက် စဉ်းစားပြီး သူတို့ကို မကြောက်ဘဲ လက်သုံးချောင်း မြှောက်ပြလိုက်သည်။
"သေးငယ်တဲ့ အဆင့်၃ဆင့်လား... မင်းရဲ့ စွမ်းပကားနဲ့ ပါရမီကြောင့် အရမ်းကြီးမားတဲ့ တိုးတက်မှု ဖြစ်မှာတော့ သေချာသလောက်ပဲ... ကောင်းပြီ မင်းလောင်းကြေး ထပ်ချင်တယ် ဆိုမှတော့ ငါတို့က နိဗ္ဗာနဆေးလုံးကို စွန့်ခဲ့ပြီပဲ အရာရာကို သဘာဝအတိုင်း စီမံပေးရမှာပေါ့... လောင်းကြေး သန်း၉၀၀ကို ရောက်တဲ့အခါ ငါတို့ နတ်နဂါး မိသားစုက မင်းကို သန်း၁၀၀နဲ့ ကူညီပေးနိုင်တယ်"
လုရွှမ် ဝမ်းသာပီတိ ဖြစ်သွားပြီး "ကျေးဇူးတင်ပါတယ် အကြီးအကဲလုံ..."
တိခွင်းကလည်း ကျန်လေးယောက်နဲ့ ဆွေးနွေးခဲ့ပြီးသားမလို့ ဝင်ပြောလေသည်။
"လုရွှမ်... မင်းက ငါတို့ရဲ့ ဒြပ်စင်ငါးပါး မဟာဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ...အစကတည်းက ဒီသလင်းကျောက်တွေကို ငါတို့ ပေးသင့်တယ် ဒါပေမဲ့ မင်းကလည်း ဂိုဏ်းရဲ့ အစွမ်းသတ္တိကို သိပြီး ကိုယ့်ဘာသာကို ရှာနေမှတော့ အဝါရောင် သလင်းကျောက် ၁၀သန်း ပေးမယ်!"
လုရွှမ်သည် နတ်နဂါး မိသားစုနှင့် နှိုင်းယှဉ်ပါက ဒြပ်စင်ငါးပါး မဟာဂိုဏ်းဆီက အရေးပေး ခံရတာက ပို၍အရေးကြီးကြောင်း သိပါသည်။
"လုရွှမ်... မင်းလိုချင်ရင် အလောင်းအစား လုပ်လို့ရတယ် ဒါပေမဲ့ ဆေးလုံးနဲ့ အဝါရောင် သလင်းကျောက် သန်းတစ်ထောင်က အရမ်းစျေးကြီးတယ်... ယင်နဂါးရဲ့ စစ်မှန်တဲ့သွေးကို အလောင်းအစား အနေနဲ့ ထုတ်ယူရမှာ မဟုတ်ဘူးလား"
ဟွမ့်သွမ့်သန့်ရှင်းတဲ့မြေက ယဲ့လုံကနေ ကျယ်လောင်စွာ ဟစ်အော်လိုက်ပေသည်။
ဤစကားများ ထွက်လာသည်နှင့် တပြိုင်နက် လူအများ၏ မျက်လုံးများသည်လည်း ပြူးကျယ်သွားပေသည်။ နိဗ္ဗာနဆေးလုံးကို ရယူဖို့ အရေးကြီးနေခဲ့တာက နိဗ္ဗာနဓားသိုင်းကို ကြည့်ရှုရန် နတ်နဂါး မိသားစုထဲသို့ ဝင်ရောက်နိုင်ခြင်း အခွင့်အရေးကြောင့် ဖြစ်သည်။
ဒါဆို အဝါရောင် သလင်းကျောက် သန်းတစ်ရာက လုံလောက်ပါသည်။ ဒါပေမဲ့ သလင်းကျောက် သန်းတစ်ထောင်က ရယ်စရာ ကောင်းလွန်းတယ်၊ အခွင့်အရေး တစ်ခုအတွက် ဆိုလည်း ဈေးကြီးလွန်းတယ် မဟုတ်ပါလား။
ယင်နဂါးရဲ့ သွေးစစ်ကို ထည့်လိုက်ရင် လုံလောက်ပြီပေါ့။
ပတ်ဝန်းကျင်က လူတွေအားလုံးက လုရွှမ်ကို စိုက်ကြည့်နေကြကာ လူတိုင်း သူ့ဆီက ပစ္စည်းတွေကို မက်မောနေကြတာ အသိသာကြီးပင်။ ယင်နဂါး၏ သွေးအစစ်အမှန်ကို ရနိုင်လျှင် အနည်းဆုံး အနာဂတ်တွင် မသေမျိုးနယ်ပယ်က မှန်ကန်သော ခရီးတစ်ခု ဖြစ်ပေပြီ။ သူ့အတွက် မရှိမဖြစ် လိုအပ်ပေလိမ့်မည်။
အထူးသဖြင့် နောက်ပိုင်းအဆင့်များတွင် ကျင့်ကြံခြင်း ပိတ်ဆို့သွားပါက ဂိုဏ်းအတွက် အကြီးအကဲ တစ်ယောက် အနေနဲ့ ခွဲထွက်ရန် ပိုမိုလွယ်ကူပေမည်။
သလင်းကျောက် သန်းတစ်ထောင်ကတော့ လုရွှမ် အတွက် လောင်းကစားနဲ့ ထိုက်တန်ပေသည်။
ဒြပ်စင်ငါးပါး မဟာဂိုဏ်းရှိ အထွတ်အထိပ် သခင်ငါးပါးစလုံး၏ မျက်နှာများ ပျက်သွားပြီး အားလုံးက ဟွမ့်သွမ့်သန့်ရှင်းတဲ့မြေကို မကျေမနပ် ဖြစ်သွားကြသည်။ အဲဒီတော့ ယဲ့လုံရဲ့ စကားတွေက သူတို့ရဲ့အမိန့်ဆိုတာ ထင်ရှားနေပြီ။ မဟုတ်ရင် မျှော်စင် နယ်ပယ်က ကောင်လေးတစ်ယောက်က ဒီနေရာမှာ စကားပြောဖို့ အရည်အချင်းရှိမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ စကားတွေက ပြောပြီးပြီ။ စကားလုံးတွေက လူတိုင်းရဲ့ အတွေးတွေကို နှိုးဆွပြီး လူတိုင်းက အော်ငေါက်လာကြတော့သည်။
"လုရွှမ်.. မင်းမလုပ်ခင် နှစ်ကြိမ် ပြန်စဉ်းစားပါ... ယင်နဂါးရဲ့ သွေးစစ်က မင်းထင်ထားတာထက် အများကြီး ပိုတန်ဖိုးရှိတယ်!"
လုံယွင်ဖုန်း: "လုရွှမ် မင်း သေသေချာချာ ရှင်းရှင်းလင်းလင်း စဉ်းစားရမယ်... နတ်နဂါး မိသားစုရဲ့ အကြီးအကဲ လုံဝူကျီက ယင်နဂါးရဲ့ စစ်မှန်တဲ့ သွေးကို ငါတို့မိသားစုရဲ့ သားသမီးတွေဆီ မလွှဲပေးဘဲ မင်းကို ဘာရည်ရွယ်ချက်နဲ့ ပေးလိုက်တာလဲ... စဥ်းစားစမ်း!"
လုံယွင်ဖုန်း လူတိုင်းကို တစ်ချက်ကြည့်လိုက်တော့ သူ ဒေါသထွက်နေမှန်း သိသာအောင် ပြသလိုက်သည်။
နတ်နဂါး မိသားစုသည် ယင်နဂါး၏ သွေးစစ်နှင့် နိဗ္ဗာနဆေးလုံးကို ပြင်ပလူထံ ပေးအပ်သည့် ဘိုးဘေး လုံဝူကျီကို ကန့်ကွက်ခြင်း မရှိပေါး။ ၎င်းမှာ ဘိုးဘေး၏ ရည်ရွယ်ချက်ဖြစ်ပြီး ၎င်းတို့သည် သဘာဝအတိုင်း ငြင်းဆိုဝံ့ခြင်း မရှိပေ။
ယခုမူ လုရွှမ်သည် ၎င်းတို့အတွက် လုံးဝအလေးမထားသလို ဘိုးဘေး၏ ကြိုးစားအားထုတ်မှုကို သစ္စာဖောက်သည့် အပြုအမူမျိုး လုပ်နေသည်။
လုရွှမ်လည်း ဒါက ဝင်ရောက် နှောင့်ယှက်မှုတစ်ခု ဖြစ်ကြောင်း သိတာကြောင့် တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။
'ကောင်လေး အလောင်းအစား လုပ်ရအောင်... မင်းရဲ့လက်ရှိအင်အားက အရမ်းနည်းနေသေးတယ် မင်းလောင်းကစား မလုပ်ရင် မင်းထွက်သွားတဲ့အခါ အန္တရာယ် များလိမ့်မယ်... မင်းအနိုင်ရနိုင်သရွေ့ မင်းကို သဘာဝအတိုင်း အပြစ်တင်ကြတော့မှာ မဟုတ်ဘူး"
ရွှေကျီးကန်းက သူ့စိတ်ထဲမှ စကားလှမ်းပြော၏။
"ဘာလို့ မင်းအနိုင်မရမှာကို ကြောက်နေတာလား"
လုရွှမ် မှိတ်ထားသော မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး လူတိုင်းကို ကြည့်လိုက်သည်။ ဦးစွာ ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ အထွတ်အထိပ် သခင်ငါးဦးကို နှုတ်ဆက်ပြီးနောက် လုံယွင်ဖုန်းကိုလည်း ဂါဝရပြုလိုက်သည်။
"ကျွန်တော့်ကို ဂရုစိုက်တဲ့ ခင်ဗျားကို စိတ်ပျက်စေမိလို့ စိတ်မကောင်းပါဘူး ဒါပေမဲ့ ကျွန်တော့်မှာ အချိန်သိပ်မရှိဘူး... ကျွန်တော့်ခွန်အားကို အမြန်ဆုံး မြှင့်တင်ရမယ်... ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး နယ်ပယ်ကို တိုးတက်အောင် လုပ်ရမယ်"
"ရှုံးရင် ဒီအရာကို ကျွန်တော့်မှာ မပိုင်သင့်ဘူး... နတ်နဂါးမိသားစုက တပည့်တွေ လွှတ်လိုက်ပါ.. ရှုံးရင် အဲဒါတွေကို နတ်နဂါး မိသားစုဆီ ပြန်ပေးလိုက်မယ်... ဒါက နတ်နဂါးမိသားစုဆီ ပြန်ရောက်သွားတဲ့ လက်ဆောင်တွေ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်"
လုရွှမ် ဒီလိုပြောလာတဲ့အခါ အားလုံးက ဝမ်းသာသွားကြသည်။ နတ်နဂါး မိသားစုမှ တပည့်များကလည်း လုရွှမ်က အလောင်းအစား လုပ်လိုကြောင်း ကြားသောအခါတွင် သူတို့က သဘာဝအတိုင်း ပေါ်လာချင်ကြသည်။
ဒါပေမဲ့ အလောင်းအစားမှာ ပါဝင်ခဲ့မယ်ဆိုရင် ရတနာတွေကို သူတို့ဆီ ပေးဆောင်မယ် ဆိုတာ ဟုတ်ပါရဲ့လား။ ယခုမူ ဤစကားများ လုရွှမ်နှုတ်မှ ထွက်လာခဲ့ပြီမို့ အရာအားလုံးက လုံးဝ ကွဲပြားသွားပြီ။
တပည့်များ အားလုံးသည် လုံယွင်ဖုန်းအား သူတို့၏ မျက်လုံးများဖြင့် လှမ်းကြည့်ကာ မိသားစုသခင်၏ ခွင့်ပြုချက်ကို စောင့်မျှော်နေကြသည်။ သို့သော် လုံယွင်ဖုန်း၏ မျက်လုံးများတွင် ခံစားချက် အရိပ်အယောင် မရှိဘဲ ခေါင်းခါပြလေ၏။
"ဒါက မင်းဘိုးဘေးတွေ ပေးခဲ့တဲ့အရာပဲ ငါတို့ဆီ ပြန်ပေးလိုက်ရင် ဘာဖြစ်သွားမလဲ"
နတ်နဂါး မိသားစုမှ တပည့်တစ်ဖွဲ့ခမျာလည်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းညိမ့်လိုက်ကြရသည်။
"အကြီးအကဲကို သဘောတူဖို့ လေးလေးနက်နက် တောင်းဆိုပါတယ်... အကြီးအကဲရဲ့ အတွေးတွေကို ကျွန်တော် နားလည်ပါတယ် ကျွန်တော်က နတ်နဂါး မိသားစုက မဟုတ်ပေမယ့် နတ်နဂါးမိသားစုက ကျွန်တော့်အပေါ်ထားတဲ့ ကြင်နာမှုကိုတော့ ဘယ်တော့မှ မမေ့ပါဘူး"
"ဒါပေမဲ့ ဒါနတ်နဂါး မိသားစုက ညီအကိုမောင်နှမတွေရဲ့ ပကတိအခွင့်အရေးပဲ... ဒါက အကျပ်အတည်းတွေ အများကြီးထဲက သန်မာတဲ့ ဘုရင်ဖြစ်စေမယ့် အချိန်ပါ... ကျွန်တော် ရှုံးရင် သန်မာတဲ့သူဆီမှာ ရှုံးရဖို့ပဲ မျှော်လင့်တယ်... ဒီကံကြမ္မာကို ပခုံးချင်းယှဉ်တိုက်တာ ပိုသင့်တော်နိုင်တာမို့ ဖြည့်ဆည်းပေးပါ အကြီးအကဲ”
နတ်နဂါး မိသားစုမှ အကြီးအကဲ တစ်ဦးဖြစ်သူက ချောင်းဆိုးရင်း ဝင်ဆိုလေသည်။
"ယွင်ဖုန်း... လုရွှမ်ပြောတာ မှန်ပါတယ် ငါတို့ရဲ့ သားသမီးတွေနဲ့ ပတ်သက်ရင် ငါတို့ အပြစ်တင်စရာ မလိုတော့ဘူး"
လုံယွင်ဖုန်းက သူ့မျက်လုံးတွေကို မှိတ်ပြီး ခေတ္တငြိမ်သက်နေပြီးမှ ဆိုလိုက်လေသည်။
"ကောင်းပြီ မင်းတိုက်ပွဲမှာ ဝင်လို့ရပေမယ့် လုရွှမ် မင်းအနိုင်ရရင် ငါတို့ရဲ့ သလင်းကျောက် ဝေစုကို ရေတွက်ပေးနေမှာပါ..."
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
လုရွှမ် လေးလေးစားစား ဦးညွှတ်လိုက်သည်။ အဲဒီနောက် ဒြပ်စင်ငါးပါး မဟာဂိုဏ်းသို့ တစ်ဖန်ပြန်သွားကာ အဆုံးထိ ဦးညွှတ်လိုက်၏။
"ခင်ဗျားတို့ရဲ့ အကူအညီအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"
တုံးဖန်းမု: "ဟားဟား... မင်းက လှောင်အိမ်ထဲက ငှက်တစ်ကောင် မဟုတ်ဘူးလေ ငါတို့ မင်းကို ဘာလို့ ချုပ်ချယ်ရမှာလဲ?"
ကျန်တဲ့ လေးယောက်စလုံးကလည်း ပြုံးရွှင်လျက်မှ ခေါင်းညိတ်လိုက်၏။ ထို့နောက် အသက်ပြင်းပြင်း ရှူကာ ကွင်းအလယ်သို့ လျှောက်သွားလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲက တိုးတိုးလေး အော်ဟစ်သံနဲ့အတူ စိမ်းပြာနဂါး တစ်ကောင် ကျောဘက်မှ ပေါ်ထွက်လာပြီး သူ့လက်ထဲသို့ ယင်နဂါး၏ သွေးအစစ်ကို ထွေးထုတ်ပေးလေသည်။
ပြီးတော့ နိဗ္ဗာနဆေးလုံးကို ထုတ်ယူကာ ရတနာနှစ်ပါးကို ကိုင်လျက် လုံယွင်ဖုန်း ရှေ့တွင် ချထားလိုက်သည်။
"အကြီးအကဲ...ကျေးဇူးပြုပြီး မှတ်တမ်းတစ်ခု လုပ်ပေးပါ!"
ပြီးတဲ့အခါ လုရွှမ် လူတိုင်းဘက်ကို လှည့်ကြည့်လိုက်သည်။
"ကောင်းပြီ... နိဗ္ဗာနဆေးလုံးနဲ့ ယင်နဂါးရဲ့ စစ်မှန်တဲ့ သွေးကို လိုချင်တဲ့သူက ထွက်လာပြီး ငါ့ကို တိုက်!"