စွမ်းအင်သလင်ကျောက် သန်း၁၀၀၀
Vol. 120 Ch. 4,1318
ဟောက်ထျန်း: "လုရွှမ် မင်းဘာတွေပြောနေတာလဲ"
ချန်ရှီးကလည်း "လုရွှမ် စိတ်အေးအေးထား!"
"ကောင်းပြီ ညှိနှိုင်းပြီးပြီ" ယဲ့လုံက ဝမ်းသာအားရ အော်ပြောပြီး သူ့လူတွေဘက်ကို လှည့်ကြည့်လိုက်သည်။
"အားလုံး သလင်းကျောက်တွေကို ထုတ်လိုက်... ငါချေးလိုက်မယ် အဝါရောင် သလင်းကျောက် သန်း 100ပဲ အဆင်ပြေရဲ့လား"
လူတစ်စုက တခဏချင်း စုရုံးလာကြသည်။ သူတို့အားလုံးသည် သန့်ရှင်းတဲ့မြေက မိသားစုများ၏ ပင်တိုင်တပည့် အစစ်အမှန်များ ဖြစ်ကြသည်။ သို့သော်လည်း လူတစ်ဒါဇင်ကျော်သည် ထက်ဝက်မျှသာ စုဆောင်းနိုင်ခဲ့သည်။
ယဲ့လုံ: "ငါတို့တစ်ဝက်ကို အရင်ပေးမယ်... ပြီးမှ ကျန်တဲ့တစ်ဝက်ကို နောက်မှ ပေးနိုင်မယ်"
လုရွှမ်: "သန့်ရှင်းတဲ့မြေက ပါရမီရှင်တစ်ယောက်အနေနဲ့ ယဲ့လုံ မင်းက အရမ်းစိတ်မရှည်ဘူးပဲ.... မင်းစိတ်မရှည်တဲ့ နည်းနဲ့ တို့ဟူးပူပူကို မစားနိုင်ဘူးဆိုတာ မသိဘူးလား... နိဗ္ဗာနဆေးလုံးကို လဲလှယ်ချင်တယ်ဆိုရင် အဝါရောင် သလင်းကျောက် သန်းတစ်ရာကို ယူလာခဲ့မယ်ပေါ့?... မင်းက ငတုံးလား... ငတုံးတွေပဲ ဒီအပေးအယူကို ယုံမှာ!"
ယဲ့လုံက ဒေါသတကြီးနဲ့ "ကောင်လေး... မင်းငါ့ကို ကစားနေတာလား"
ရှင်ထျန်းနှင့် အခြားသူများက အားပါးတရ ရယ်မောလိုက်ကြသည်။ လုရွှမ်တော့ ထောက်ချောက်ထဲ ကျသွားပြီလို့ အမှန်တကယ် ထင်ခဲ့ကြသည်။ အကြောင်းမှာ သူက တကယ်ကြီး နိဗ္ဗာနဆေးလုံးကို အဝါရောင် သလင်းကျောက် သန်းတစ်ရာနဲ့ ရောင်းချနေလို့ပါပဲ။
"ငါ မင်းကို လှည့်စားတာ မဟုတ်ဘူး.... မင်းကိုယ်တိုင်က ငါ့စကားမဆုံးခင်မှာ စိတ်လှုပ်ရှားလွန်းလို့ ယောင်ကုန်တာ ဖြစ်မယ်... မင်းရဲ့ စိတ်နေစိတ်ထားနဲ့ ဟွမ့်သွမ့်သန့်ရှင်းတဲ့မြေမှာ ဘယ်လို ကျင့်ကြံခဲ့လဲ မသိဘူး"
"ငါတို့ အလောင်းအစား လုပ်လို့ရတယ်... ငါ့ထက်မြင့်တဲ့ နယ်ပယ်မရှိတဲ့သူကို မင်း ရှာလိုက်.... ငါနဲ့ တိုက်မယ်... သူနိုင်ရင် နိဗ္ဗာနဆေးကို ယူသွား...သူရှုံးရင် အဝါရောင် သလင်းကျောက် သန်း 100ကို ငါပိုင်ရလိမ့်မယ်"
ဟောက်ထျန်း: "လုရွှမ် မင်း?"
ဟောက်ထျန်း သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ချန်ရှီးလည်း ဟောက်ထျန်းရဲ့ လက်ကို လှမ်းကိုင်လိုက်ပြီး စိတ်စွမ်းအင်ဖြင့် စကားပြောလိုက်သည်။
"စိတ်မပူပါနဲ့.. သူ့ကိုယ်သူ.. ကောင်းကောင်း သိပါတယ် သူ တစ်ခါက ငါနဲ့ တိုက်ခဲ့ဖူးတယ် အဲဒီတုန်းကတောင် သူ ဒြပ်စင်ငါးပါး ဓားသိုင်းကို နားမလည်သေးဘူး...အဲ့ပွဲက သရေပွဲလို့တောင် ယူဆလို့ရတယ်"
ဟောက်ထျန်းလည်း ချန်ရှီးဘက် ကြည့်ပြီး ခေါင်းညိတ် မျက်တောင် ခတ်ပြလိုက်သည်။
ချန်ရှီး: "နိဗ္ဗာနဆေးလုံးကို စုပ်ယူဖို့ အဝါရောင် သလင်းကျောက် အများကြီး လိုတယ်... နတ်နဂါးမိသားစုနဲ့ ငါတို့ဂိုဏ်းက သန်းတစ်ရာစီ ပေးမယ်လို့ ပြောထားတယ်.... လုရွှမ်က မလုံလောက်မှာကို ကြောက်ပြီး သူ့ဘာသာသူ ရှာဖို့ လုပ်နေတာ"
အဝါရောင် သလင်းကျောက် သန်းတစ်ရာက ဘယ်လောက် တန်ဖိုးရှိသလဲ ဟောက်ထျန်း ကောင်းကောင်း သိသည်။ လုရွှမ်က သူ့ရဲ့ကျင့်ကြံမှု တိုးတက်လာဖို့ နိဗ္ဗာနဆေးလုံးကို အားကိုးရင်တောင် သန်း၂၀၀က မလုံလောက်မှာကို ကြောက်နေပုံပင်။
ဒါပေမဲ့ ဒါကို အလောင်းအစားမှာ ထည့်သုံးတာက တစ်ခုခုတော့ မှားနေပြီ။ နောက်ဆုံးတွင် ၎င်းသည် လောင်းကစား ဖြစ်သောကြောင့်၊ အရှုံးနှင့်အနိုင် ရှိလာလိမ့်မည်။
လုရွှမ် ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ သူ့နယ်ပယ်က အလွန်နိမ့်ကျနေဆဲပါ။ သူသည် နတ်မီးနယ်ပယ် တတိယအဆင့်သာ ရှိသည်။ မျှော်စင်နယ်ပယ် တတိယအဆင့် အောက်က ဘယ်သူ့ကိုမဆို သူတိုက်နိုင်သည်ဟု ဆိုလိုသော်လည်း အဲ့နယ်ပယ်ကြီးထက် ကျော်လွန်လျှင် ရမည်ဟု မဆိုလိုချေ။
ယခုအချိန်တွင် လုရွှမ်၏ စွမ်းအင်သည် မျှော်စင်နယ်ပယ် တတိယအဆင့်နှင့် ယှဉ်နိုင်သော်လည်း သူရှုံးသည်နှင့် နိဗ္ဗာနဆေးလုံးက ပါသွားမှာမလို့ အန္တရာယ် များလွန်းလှသည်။ ထို့အပြင် ဒါကြီးက ကိုယ်တိုင် အဆိုပြုထားသော လောင်းကစားတစ်ခုလည်း ဖြစ်သည်။
နတ်နဂါး မိသားစုတောင် ဝင်ပြောလို့ မရတော့ပါ။
ယဲ့လုံမှာ တစ်ခဏလောက် ထိတ်လန့် အံ့သြသွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"အငယ်တန်းလေး.... မင်းက တကယ် မာနကြီးလွန်းနေတာပဲ... မင်းဒီလို စကားတွေတောင် ပြောရဲအောင် သတ္တိရှိတယ်... နိဗ္ဗာနဆေးလုံးက ငါ့အတွက် အသုံးမဝင်ဘူး ငါ့ညီမအတွက်ပဲ သူမက မျှော်စင်နယ်ပယ်ရဲ့ တတိယအဆင့်ဖြစ်လာပြီ... သူမ မင်းကို အနိုင်ယူလိမ့်မယ်"
ယဲ့လုံက သတင်းစကားကို ကြားစေရန် ဓားပျံတစ်စင်းကို ချက်ချင်း ပစ်လွှတ်လိုက်ရာ အလင်းတန်းတစ်ခု လွင့်ပျံသွားသည်။
"မင်းရဲ့ ညီအကို မောင်နှမတွေကိုလည်း ကြည့်ခိုင်းလိုက်ပေါ့... ဒီအခွင့်အရေးကို ပေးမိလို့ မင်း တစ်သက်လုံး နောင်တရ ရလိမ့်မယ်"
ယဲ့လုံအနောက်က တခြားလူတွေလည်း လိုက်၍ ရယ်မောကြရင်း သူတို့ရဲ့ အပေါင်းအသင်းတွေဆီ တစ်ယောက်ပြီးတစ်ယောက် ဓားပျံများပို့၍ စာများပေးပို့ကြသည်။
သိပ်မကြာခင်မှာပဲ ကျင့်ကြံသူ အုပ်စုတွေ အပြေးအလွှား ရောက်လာ၏။ မျှော်စင်နယ်ပယ် ခေါင်းဆောင်ရဲ့ အရိပ်အာဝါသကို ခံစားလိုက်ရတဲ့အခါ လုရွှမ်လည်း ကိစ္စတွေက ပိုကြီးလာမယ်ဆိုတာ မလွဲမသွေ သိလိုက်ရသည်။
နတ်နဂါးမိသားစု၏ အကြီးအကဲ လုံယွင်ဖုန်း ထံမှ ဓားပျံသတင်းကို ရလိုက်သောအခါ လူတိုင်းလည်း နေလနတ်ခန်းမ အပြင်ဘက်က ကွင်းပြင်ဆီသို့ နာခံမှုရှိရှိနဲ့ စုရုံးခဲ့ကြသည်။
"လုရွှမ်... နိဗ္ဗာနဆေးလုံးရဲ့ အရေးကြီးပုံကို မင်း သိရဲ့လား"
လုံယွင်ဖုန်းက မှုန်ကုပ်ကုပ်နဲ့ အော်လိုက်၏။ သူသည် ဂိုဏ်းခေါင်းဆောင်များ၊ မိသားစုခေါင်းဆောင်များနှင့် ဆွေးနွေးနေတုန်း ထိုသတင်းကို ကြားလိုက်သောအခါ ဘယ်လောက် ရွံရှာမိသွားလဲ မပြောပြတတ်ပေ။
သူ့မိသားစုရဲ့ နိဗ္ဗာနဆေးလုံးဟာ ဘိုးဘေးဝူကျီ ထားခဲ့တဲ့ ထိပ်တန်း အဂ္ဂိရတ်ဆေး ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ ဒီကလေး လုရွှမ်က အဲဒါကို လောင်းကစားလုပ်ဖို့ တကယ်ပဲ သုံးခဲ့တယ်တဲ့လေ။ တကယ် ငွေမရှိရင် နတ်နဂါး မိသားစုကို ပြန်ရောင်းလိုက်ရုံပဲ မဟုတ်လား။
ထို့ထက်မက ဤအလောင်းအစားသည် ၎င်းတို့ နတ်နဂါး မိသားစု၏ မျက်နှာကို အန္တရာယ် ဖြစ်စေသည်။ နိဗ္ဗာနဆေးပြား ဆုံးရှုံးသွားပါက နတ်နဂါး မိသားစုသည်လည်း တခြားသူများကို နိဗ္ဗာနသန့်ရှင်းတဲ့မြေသို့ ဝင်ခွင့်ပေးရန် လိုအပ်ပါသလားဟု အမေးခံရတော့မည်။
ဒါက လုရွှမ်အတွက် ဖွင့်ပေးထားတဲ့ တံခါးဖြစ်သည်။ တခြားဘယ်သူမှ ဒီလိုအရည်အချင်း မရှိပေ။
ဒါပေမဲ့ ဒီလိုစကားမျိုး ပြောရလား။ ဒါကြီးက ဂိုဏ်းတစ်ခုလုံး၊ သန့်ရှင်းတဲ့မြေနှင့် ရှေးဟောင်း မိသားစုများ၏ နာကြည်းမှုကို အစပျိုးလိုက်တာပဲ မဟုတ်ပါလား။
လုရွှမ်သည် ဤလူများ အလွန်ဒေါသထွက်နေမှန်း သိသော်လည်း သူ့တွင် ရွေးချယ်ခွင့် မရှိသလိုဖြင့် ပြောလိုက်သည်။
"အကြီးအကဲ... ဒီအငယ်တန်းက တကယ်ကို ပိုက်ဆံ မရှိတော့တာပါ... ကျင့်ကြံမှု တိုးတက်ဖို့ အဝါရောင်သလင်းကျောက် သန်းတစ်ရာ လိုနေပါသေးတယ်..."
အဝါရောင် သလင်းကျောက် သန်းတစ်ရာက မလောက်ဘူးလား။ ဒါက နည်းနည်းတော့ ရယ်စရာကောင်းပေ၏။
တိခွင်းလည်း ဒါကိုကြားတော့ ကူကယ်ရာမဲ့ ဒေါသနဲ့ ရယ်မောလိုက်မိသည်။ ဒီတပည့်က သူတို့ကို စိတ်လှုပ်ရှားပြီး ဂုဏ်ယူနေစေပေမယ့် အရမ်းခေါင်းကိုက်စေသေးမယ်လို့ ဘယ်သူက ထင်မှာလဲ။
"နတ်နဂါးမိသားစုက မင်းကို သန်း 100 အလကားပေးတယ်... ဂိုဏ်းကြီးကလည်း မင်းကို သန်း 100 ပေးဦးမယ်... တကယ် မလုံလောက်ဘူးလို့ မင်းထင်နေတာလား မင်းဘယ်မှာ မှားသွားမှန်းတောင် မသိဘူးလား"
လုရွှမ်က ခေါင်းညိတ်ပြသည်။
"ဂိုဏ်းချုပ်...ဒီအငယ်တန်း အရင်က တွက်ချက်ထားတာ မှားနေပြီဆိုတာ သဘောပေါက်သွားပြီ! လောင်းကြေးက အခုက အရမ်းနည်းနေတယ် ကျွန်တော် သန်း၁၀၀၀ လောင်းရမယ်!"
ခဏလောက်တော့ လူတိုင်း တိတ်ဆိတ်သွား၏။ သို့သော် ရုတ်တရက် အိုးထဲမှာ ပုရွက်ဆိတ်တွေ ပေါက်ကွဲနေသလိုပဲ လူတော်တော်များများက တိုက်ရိုက်ပဲ ကျိန်ဆဲကြတော့သည်။
သန်းတစ်ရာသည် သန့်ရှင်းတဲ့မြေ၊ ရှေးဟောင်း မိသားစုထဲက အနည်းဆုံး ထိပ်တန်းတပည့်အနည်းငယ်နှင့် အကြီးအကဲအချို့ ပေါင်းလိုက်မှသာ ၎င်းကို ပေါင်းစည်းနိုင်သည်။ ဒါပေမဲ့ အဝါရောင် သလင်းကျောက် သန်းတစ်ထောင် ဆိုတာကြီးကတော့ မဟာဂိုဏ်းအတွက် ဒါဟာ သူတို့ရဲ့ တစ်နှစ်တာ ၀င်ငွေဖြစ်နေပါပြီ။
နိဗ္ဗာနဆေးလုံး တစ်လုံးအတွက်သာ ဂိုဏ်း၏ တစ်နှစ်ဝင်ငွေကို အမှန်တကယ် ကုန်ကျခံနိုင်ပါ့မလား။ ဂိုဏ်းအားလုံးက ဒီဟာကတော့ အရမ်း ဈေးကြီးတယ်လို့ ထင်တာကြောင့် ခေါင်းယမ်းသွားကြသည်။
လုံယွင်ဖုန်းမှာ မရယ်ဘဲ မနေနိုင်တော့ပေ။
"ကောင်လေး... ပြင်ဆင်ဖို့ လိုအပ်တဲ့ ကျောက်တုံးတွေကို မင်း ခန့်မှန်းထားတာလား"
လုရွှမ် သက်ပြင်းချလိုက်တော့သည်။ ရွှေကျီးကန်းဟာ သူ နိဗ္ဗာနဆေးလုံးနဲ့ ယင်နဂါးရဲ့ စစ်မှန်တဲ့သွေးကို ရပြီးနောက်မှာ သူ့အတွက် တန်ဖိုးဖြတ်ပေးလိုက်သည်။ ၎င်းက လုရွှမ်အား အံ့အားသင့်စေမယ့် နံပါတ်တစ်ခု ပေးခဲ့၏။
လုရွှမ် သူ့လက်ညှိုးကို မြှောက်ပြလိုက်သည်။
"အဝါရောင် သလင်းကျောက် သန်း၁၀၀ လား...မင်း တွေးဝံ့သေးတယ်ပေါ့?"
လုရွှမ် ရှိုက်ကြီးတငင် ပြုံးလိုက်ပြီး သူ့ခေါင်းကို ခါယမ်းလိုက်သည်။ ထိုအမူအရာကြောင့် လုံယွင်ဖုန်းခမျာ ပါးစပ်ထဲက သွေးတွေ ပေါက်လုမတတ် ဖြစ်သွား၏။
"သန်း ၁၀၀၀ လား? !! ကောင်လေး မင်းဦးနှောက်က ပျက်သွားပြီလားကွ!! "
အနီးနားရှိ ကျင့်ကြံသူများလည်း ထိတ်လန့်တကြားဖြင့် ထခုန်လိုက်မိသည်။ သူတို့ခမျာ လုရွှမ်အား မယုံကြည်နိုင်စွာ ကြည့်နေကြ၏။ အကြောင်းမှာ အဝါရောင် သလင်းကျောက် သန်းတစ်ထောင် ဆိုတာက အိပ်မက်မျှသာ ဖြစ်သည်။