← Chapters

ပြိုင်ပွဲစတင်ပြီ

Vol. 120 Ch. 4,1320

ပြိုင်ပွဲစတင်ပြီ

Vol. 120 Ch. 4,1320

လုရွှမ်ဆီက နိဗ္ဗာနဆေးလုံးနှင့် ယင်နဂါး၏ စစ်မှန်သော သွေးကို လူတိုင်း လိုချင်ကြသော်လည်း ဤအခိုက်အတန့်တွင်တော့ လူတိုင်း၏ မြင်ကွင်းထဲကို ဘယ်သူမှ မတ်တပ်မရပ်နိုင်ပေ။

လုရွှမ်၏ မျက်လုံးများသည် သန့်ရှင်းတဲ့နယ်မြေနဲ့ ရှေးဟောင်း မိသားစုများကို အာရုံစိုက်ထားပြီး ထိုလူအများစုမှာလည်း ၎င်းတို့ကို အာရုံစိုက်နေကြ၏။

လောင်းကြေးက သန်း ၁၀၀ သာရှိလို့ ဂိုဏ်းအားလုံးက သဘာဝအတိုင်း ပါဝင်နိုင်ပေမယ့် ယခု လောင်းကြေးက တစ်ထောင်အထိ တက်လာတဲ့အခါ ဂိုဏ်းဂဏကြီး အများစုကို သုတ်သင်ပစ်လိုက်သလို ဖြစ်သွားပြီ။

အဝါရောင် သလင်းကျောက် သန်းတစ်ထောင်နဲ့သာ ဝယ်နိုင်ရင် ဂိုဏ်းတစ်ခုလုံးရဲ့ အားထုတ်မှု နဲ့တောင်မှ အဲဒါအတွက် တိုက်ပွဲဖြစ်မှာ သေချာပေသည်။

အဲဒါက လောင်းကြေးသက်သက်သာ မဟုတ်ဘဲ အရည်အချင်းရှိတဲ့ တပည့်တွေရဲ့ ခွန်အားကိုလည်း စမ်းသပ်မှာပင်။ အရှုံးနှင့်အနိုင်ကို နှိုင်းယှဉ်ပြီးသောအခါတွင် ၎င်းတို့ အရှုံးပေးခဲ့ရပါက သန်း ၁၀၀မက ရှုံးရလိမ့်မည်။

ထိုစဥ် ခြေသံ တိုးတိုးလေးနှင့် အမျိုးသမီးတစ်ဦး ထွက်လာသည်။ နယ်ပယ်က မမြင့်ဘဲ မျှော်စင်နယ်ပယ်ရဲ့ ပထမအဆင့်ဖြစ်ပြီး လုရွှမ် သတ်မှတ်ထားသော မျှော်စင်နယ်ပယ် တတိယအဆင့် ကန့်သတ်ချက်နှင့် နှိုင်းယှဉ်ပါက နယ်ပယ်က အဆင့်နှစ်ဆင့် နိမ့်သွားသည်။

ဒါပေမဲ့ သူမက ပထမဆုံး မတ်တတ်ရပ်နိုင်ခဲ့တဲ့အတွက် သူမရဲ့ကိုယ်ပိုင် အရည်အချင်းကို အလွန်ယုံကြည်မှု ရှိတာ ထင်ရှားပေသည်။

"ကျစ်ဝေသန့်ရှင်းတဲ့မြေက ကျားလန်ပါ"

ထို့နောက် တစ်ဖက်ကနေ နောက်ထပ် မိန်းကလေး တစ်ဦးလည်း ပြေးထွက်လာ၏။ သူမသည် မျှော်စင်နယ်ပယ်၏ တတိယအဆင့်တွင် ရှိနေကာ ဂုဏ်ယူ၊ ကျယ်လောင်စွာ ပြောလိုက်သည်။

"မင်ဟယ်!"

သူတို့နှစ်ဦး၏ မျက်လုံးများထဲတွင် မီးတောက်များ ရှိနေခဲ့ကာ နှစ်ယောက်လုံးက တစ်ယောက်ကို တစ်ယောက် အရှုံးမပေးချင်ကြတာကို ထင်ထင်ရှားရှားကြီး တွေ့ရသည်။ လူတိုင်းက သူမတို့အကြောင်းကို ခဏလောက် ပြောနေကြရာ သူမတို့နာမည်တွေကို လူတွေ ကြားဖူးပြီးသား ဆိုတာ သိသာပါ၏။

"ကျွန်မ လာမယ်!"

"ကျွန်မ လာမယ်!"

အမျိုးသမီးနှစ်ဦး၏ အသွင်အပြင်ကို ကြည့်လျှင် နိဗ္ဗာနဆေးလုံးနှင့် ယင်နဂါး၏ စစ်မှန်သောသွေးကို ၎င်းတို့၏ကိုယ်ပိုင်အဖြစ် မှတ်ယူထားတာ ထင်ရှား​ပေသည်။

လုရွှမ်က တခစ်ခစ်ရယ်ရင်း "နတ်သမီးနှစ်ယောက်... တကယ်မျက်နှာသာ ပေးတာလား ဒါဆိုလည်း အလောင်းအစားကို ဘယ်သူက အရင်ပေးမလဲ ကြည့်တာပေါ့..."

မိန်းကလေး နှစ်ဦးစလုံး၏ ခန္ဓာကိုယ်များ ယိမ်းယိုင်သွားကာ လုံယွင်ဖုန်း၏ ရှေ့တွင် သိုလှောင်ကွင်းနှစ်ကွင်းကို ချထားခဲ့သည်။ တစ်ချိန်တည်းမှာပင် အသံနှစ်သံ ထွက်လာ၏။

"အကြီးအကဲ ကျေးဇူးပြုပြီး သက်သေခံ​ပေးပါ"

လုံယွင်ဖုန်းက မျက်နှာသည် တည်ငြိမ်အေးဆေးပြီး အပြောင်းအလဲများကို မမြင်နိုင်သည့်နှယ် ​ဖြည်းဖြည်းချင်း ပြောလာသည်။

"ကျားလန်... အရင်!"

ကျားလန်က ပေါ့ပေါ့ပါးပါး ရယ်လိုက်ပြီး တစ်ဖက်က မင်ဟယ်ကို ဂုဏ်ယူစွာ စိုက်ကြည့်ရင်း လုရွှမ်ရှေ့သို့ ပြေးသွားသည်။

မင်ဟယ်: "ဟမ့် ကိုယ့်ကိုကိုယ် ဂုဏ်ယူလိုက်စမ်းပါ... ငါရှင်းရှင်းလင်းလင်း မြင်ရရင်တော့ နင်ဘယ်လို အောင်မြင်မလဲ စောင့်ကြည့်နေဦးမယ်"

ကျားလန်ကတော့ လုရွှမ်ဘက် လှည့်ကြည့်ကာ ဆိုလိုက်သည်။

"ရှင့်ရဲ့အဆင့်က ကျွန်မနောက်မှာ ကွာနေတယ်... ကျွန်မရှင့်ကို အခွင့်ကောင်းမယူဘူး... ရှင်အရင် တိုက်ကွက်ထုတ်လိုက်... သုံးကွက် အကျောပေးမယ်..."

လုရွှမ် သူ့မေးစေ့ကို ပွတ်သပ်ရင်း စဥ်းစားမိသည်။ လူတိုင်းရဲ့ နှလုံးသားထဲမှာ သူ့အဆင့်အတန်းက တကယ်ကို ကြောက်စရာကောင်းနေပုံပဲ။

သူမနှင့် သူမ၏ အငယ်တန်းညီမ ယောင်ကျားသည် ယခင်က နတ်နဂါး မိသားစုထဲ အတူတကွ ဝင်ရောက်ခဲ့ဖူး၏။ သူမရဲ့အဆင့်က ယောင်ကျားထက် တစ်ဆသာ မြင့်မားသော်လည်း သူမကိုယ်သူမတော့ အလွန်ဂုဏ်ယူနေပုံပင်။

"လုရွှမ် သတိမပေါ့နဲ့... ကျားလန်ကလည်း မျိုးဆက်သစ် လူငယ်တွေထဲမှာ နံပါတ်တစ်ပဲ... သူမက မျှော်စင်နယ်ပယ်ရဲ့ ပထမအဆင့်မှာ ဆယ်နှစ်ကျော် ရှိနေတာကွ! သတိထား!!"

ဟောက်ထျန်းက အကျယ်ကြီး လှမ်းအော်ပြောလိုက်တာကြောင့် လူတိုင်းရဲ့ မျက်လုံးတွေကို ဆွဲဆောင်ပြီးသား ဖြစ်သွားသည်။ ကျစ်ဝေသန့်ရှင်းတဲ့မြေက တပည့်တိုင်း ဟောက်ထျန်းကို တစ်ယောက်ပြီးတစ်ယောက် စိုက်ကြည့်နေကြသည်။

သို့သော် ဟောက်ထျန်းကတော့ သူ့တွင် ကိုယ်ပိုင်နည်းလမ်း ရှိပုံရသည်။ လုရွှမ် ဟောက်ထျန်းအား လက်ကို ဝှေ့ယမ်းပြကာ ကျားလန်ကိုလည်း ပြုံးပြလိုက်သည်။

"နတ်သမီး သတိထားပါ... အဝါရောင် သလင်းကျောက် သန်းတစ်ရာလောက် ရှုံးရင် မင်းရဲ့ အဆင့်အတန်းကို ပေးလိုက်သလိုပဲ... နောက်နောင် ကျစ်ဝေသန့်ရှင်းတဲ့မြေမှာ မင်းအတွက် မလွယ်ကူးမှာကို ကြောက်ရတယ် ဟုတ်တယ်မလား"

"ဒါဆို ကျွန်မသေချာပေါက် အနိုင်ရမှ ဖြစ်မှာပေါ့!!"

လုရွှမ်: "သတ္တိကောင်းတယ် ဒါပေမဲ့ မေ့ထားလိုက်ပါ... အင်အားမသုံးဘဲ မင်းအနိုင်ရတယ်လို့ပြောရင် မင်း ရှုံးသလို ဖြစ်သွားလိမ့်မယ်... အနိုင်အရှုံးက ဓားပေါ်မှာပဲ!"

ကျားလန် တိုးတိုးလေး လှောင်ရယ်လိုက်ပေသည်။

"ကျွန်မရဲ့အဆင့်က ရှင့်ထက် အများကြီး မြင့်တယ်လို့ မင်းပြောနေတာလား... ကျွန်မ အင်အားနဲ့ အနိုင်ယူလို့ မရဘူးပေါ့? ကိုယ့်စကားနဲ့ ကိုယ်ပဲလေ...ရှင် ဘယ်သူ့ကို အပြစ်တင်လို့ ရမှာလဲ"

သူတို့နှစ်ယောက် ချက်ချင်း မတိုက်ကြသေးဘဲ စကားလုံးတွေနဲ့ တိုက်ခိုက်နေမယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ပေ။

လုရွှမ်က တခစ်ခစ်ရယ်ကာ ချင်ထျန်းဓားကို ဝေ့ယမ်းကာ မြေပြင်ပေါ်၌ အမှတ်အသား ၃ခု ပြုလုပ်လိုက်သည်။

"ကောင်းပြီ ငါ လှုပ်ရှားမှုသုံးကြိမ် စွန့်လွှတ်လိုက်ပြီ... မင်း တိုက်တော့!"

အဲဒီနောက် လုရွှမ် သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ သူ့ခြေထောက်အောက်မှ ချီထျန်းပု ခြေလှမ်းတွေနဲ့ ခုန်ပျံ၍ ကျားလန်ဆီသို့ ပျံသန်းသွားလေသည်။

လုံယွင်ဖုန်းရဲ့ အမူအရာ ပြောင်းလဲသွားသည်။ ဒီလုရွှမ် ချီထျန်းပု ခြေလှမ်းများကိုလည်း နားလည်ထားမယ်လို့ မထင်ထားတာကြောင့် ရှိုက်ကြီးတငင် ပြုံးပြလိုက်မိလေသည်။

နတ်နဂါး မိသားစုသည် ယခင်က ဒြပ်စင်ငါးပါး မဟာဂိုဏ်းက ပြန်ပေးလာသော ကြီးမားသော လက်ဆောင်များကို စစ်ဆေးခဲ့ဖူးသည်။ နတ်လက်နက် တစ်ဒါဇင်ကျော်ရှိကာ ၎င်းတို့အားလုံးကို မိသားစုရဲ့လက်နက် သန့်စင်ရေး တောင်ကြားတွင် သန့်စင်ထားတာတွေမှန်း သိခဲ့ရသည်။

သးတို့ကို ပို၍ပင် အံ့အားသင့်စေခဲ့သည်မှာ အမှန်ပင် စကားလုံးမဲ့ ကောင်းကင်စာအုပ်ပဲ ဖြစ်ပေသည်။ လုရွှမ်က ၎င်းကို ရရှိခဲ့လိမ့်မည်ဟု သူတို့အားလုံး မမျှော်လင့်ထားခဲ့ပေ။

စကားလုံးမဲ့ ကောင်းကင်စာအုပ်ကို ရလိုက်တာနဲ့ လုရွှမ်ရဲ့ လက်ရှိအခြေအနေသည် အမှန်တကယ်ပင် ထူးထူးခြားခြား ဖြစ်နေကြောင်း ရှင်းပြနိုင်​ပြီ ဖြစ်သည်။ ပြီးတော့ ဒီအရာတွေကို ပြန်ပေးလို့ သူတို့အတွက်လည်း ကျေနပ်စရာ ဖြစ်ခဲ့သည်။

တကယ်တော့ ဒီလိုအခြေအနေမျိုးမှာ နတ်နဂါး မိသားစုကလည်း သူတို့ရရှိတဲ့ အရာတွေကို သူတို့ဘာသာ သိမ်းဆည်းထားပြီး ဘယ်သူမှ ဘာမှ မပြောနိုင်ကြပါဘူး။

လုရွှမ်သည် နတ်နဂါးတံတိုင်းရှိ ထူးခြားသောကျွမ်းကျင်မှု ဖြစ်သည့် ကောင်းကင်လှည့်ဖြားခြင်း ဟူသော ချီထျန်းပုအား အမှန်တကယ်နားလည်ခဲ့သည်။ ကံကောင်းသူတစ်ယောက် မဟုတ်ခဲ့ရင် ဒီကလေးဟာ မှော်ကျောက်တုံးကိုတောင် ရှာတွေ့နိုင်မှာ မဟုတ်ဘူး။

လုရွှမ်၏ နားလည်မှုပေါ်တွင် မူတည်ပြီး သုံးသပ်ရလျှင် အဆင့်၅အထိ ကျွမ်းကျင်ထားပါက ကျားလန် ဘယ်လောက်ပဲ ထက်မြက်ပြီး အစွမ်းထက်ပါစေ လုရွှမ်အား မဖမ်းနိုင်ပါက ဘယ်လိုလုပ် အနိုင်ယူနိုင်တော့မှာလဲ။

လုရွှမ်ရဲ့ လက်ရှိ ချီထျန်းပု အဆင့်သည် စတုတ္ထအဆင့်သာ ရှိသေးတာက ဝမ်းနည်းစရာပင်။

လုရွှမ်သည် ကျားလန် ခုခံနိုင်မှန်းသိ၍ ဓားဖြင့်ထိုးချလိုက်သည်။ ပြိုင်ဘက်က သဘာဝအတိုင်း သန်မာလွန်းသောကြောင့် စမ်းသပ်မှုတိုင်းက အသုံးမဝင်တော့တဲ့ ဓားသိုင်းကို သုံးနေလို့ မဖြစ်ပေ။ ဒါကြောင့် သူ ဓားထုတ်တာနဲ့ တပြိုင်နက် ဒြပ်စင်ငါးပါး ဓားသိုင်းစွမ်းရည်က ပြေးထွက်သွားသည်။

ဓားအလင်းက တဖျပ်ဖျပ်တောက်ကာ ကျားလန်ကို ထိမှန်သွားသည်။

ရိုးရှင်းသော ဓားစွမ်းအင် မျဉ်းစောင်းတစ်ခုမျှသာ ဖြစ်သော်လည်း နတ်ခြေလှမ်းနယ်ပယ်သို့ တက်သွားသော သခင်များ၏ အမြင်တွင်တော့ လုရွှအ်ဟာ ဤဓားသိုင်း၏ အခြေခံ ဓားချက်များကို ထိန်းချုပ်ထားသော်လည်း သူ့ဘာသာသူ ပြောင်းလဲလိုက်တဲ့ အခါမှာတော့ မရိုးရှင်းတော့ချေ။

ကျားလန်လည်း တိုးတိုးလေး ဟစ်အော်လိုက်သည်။ သူမကို ရိုးရှင်းတဲ့ ဓားလှုပ်ရှားမှုနဲ့ စတင်တိုက်ခိုက် လာတာကြောင့် အံကြိတ်ထားရင်း ဓားကို နောက်ပြန်ဆွဲလိုက်သည်။

ဤဓားချက်ကြောင့် ကျစ်ဝေသန့်ရှင်းတဲ့မြေက ဂိုဏ်းချုပ် ကျီးရွှယ်ချင်း၏ မျက်လုံးများ တောက်ပသွားကာ ခေါင်းညိတ် ကျေနပ်သွားလေသည်။ သူမသည် အမှန်တကယ်ပင် ထူးကဲသော အရည်အချင်းရှိသော တပည့်တစ်ဦး ဖြစ်သည်။ သို့သော် သူမရဲ့ စိတ်နေစိတ်ထားက ပြင်းထန်လွန်းပြီး အမြဲလိုလို မာနကြီးလွန်းသည်။

သူမသာ ပိုကျိုးနွံနေပါက ဤဓား၏ လျှို့ဝှက်ဆန်းကြယ်မှုကို ပိုမြင်နိုင်ပေလိမ့်မည်။ ကံမကောင်းစွာနဲ့ သူမဟာ စိတ်လှုပ်ရှားတတ်လွန်းလို့ အနာဂတ်တွင် ခက်ခဲသွားမှာ ကြောက်ရ၏။ ယခင်က အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် မပြင်နိုင်သေးတာက ခက်သည်။ ဒီတစ်ကြိမ်တော့ နာကျင်ပြီး ထိုးနှက်ခံရပြီး အသိဝင်လာလောက်ပါရဲ့။

အန္တရာယ်များတဲ့ အရာတစ်ခု ရောက်လာတော့မလို ခံစားလိုက်ရသောအခါတွင် ကျားလန်မှာ ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရသည်။ သူမ မတွေးဘဲ လျင်မြန်စွာ ဆုတ်ခွာသွားပြီး နားမလည်နိုင်သော အန္တရာယ်ကို တားဆီးရန် ရတနာတစ်ခုကို ဝှေ့ယမ်းလိုက်ရလေ၏။

သူမ ခပ်ဝေးဝေးကို ရွှေ့သွားပြီးနောက်မှ သူမအား အန္တရာယ် အငွေ့အသက်ကို ယူဆောင်လာပေးသည့် အရာမှာ တကယ်တော့ လုရွှမ်၏ နတ်ဓား ဖြစ်နေတာ တွေ့ရတဲ့အပြင် အလွန်ရိုးရှင်းသော ဓားရွေ့လျားမှုလည်း ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

သို့သော်လည်း သူမရဲ့ ရတနာကြောင့် လုရွှမ်ဓားက မထိမခိုက်သွားဘဲ လေထဲ၌ ရှိနေပေ၏။ ကျားလန်သည် အစောကသာ လက်နှေးခဲ့ပါက ဒဏ်ရာမရရှိလျှင်ပင် ဖိနှိပ်ခံရပြီး အချိန်တိုအတွင်း မတ်တတ်ရပ်နိုင်မည် မဟုတ်ကြောင်း သိလိုက်တာမို့ အနည်းငယ် ရှက်သွားခဲ့သည်။

"နတ်သမီးကျားလန်... ဒြပ်စင်ငါးပါး ဓားသိုင်းကို လျှော့မတွက်တာ ပိုကောင်းမယ်... အခုဓားချက်က နွေးထွေးမှုတစ်ခုပဲ... အခု ပြန်စလိုက်ကြရအောင်"

All Chapters