← Chapters

ဝိညာဉ်ပြန်ခေါ်ဆေး

Vol. 61 Ch. 1205

ဝိညာဉ်ပြန်ခေါ်ဆေး

Vol. 61 Ch. 1205

အဂူးသည်လည်း နတ်ဘုရားအဆင့်ခွန်အားဖြစ်သင့်သည်။ သို့သော် သူ့ တွင် လျှို့ဝှက်ဖဲမည်မျှရှိသည်ကို မသိကြပေ။ ကင်းကောင်နှင့် ကျို့ယန်တို့သည် နတ်ဘုရားအဆင့် အသီးသီးဖြစ်လာကြသည်။ လျှပ်စီးသည် နတ်ဘုရားအဆင့် သို့တက်ရန် အခွင့်အရေးလွဲချော်ခဲ့သော်လည်း မွန်မြတ်သောသားရဲဖြစ်လာခဲ့ သည်။

ရှောင်ထန်း၊ ရှောင်ကျောက်၊ လင်းမူနှင့် လျိုဟွမ်တို့သည် အထွတ်အမြတ် သားရဲများဖြစ်လာကြသည်။ ဆိုလိုသည်မှာ ပေထင်းဟွမ်၏လက်ထဲတွင် အားနည်းသောစစ်သည်မရှိဟူ၍ဖြစ်သည်။ ဤကဲ့သို့အခြေအနေအောက်တွင် ပေထင်းဟွမ်သည် စင်ပေါ်တွင်မရှိသည့် လုကျီကြောင့်နှင့် သူမ၏စစ်တပ်ကို မဆုံးရှုံးချင်ပေ။

ပေထင်းဟွမ်သည် လက်ကောက်ဝတ်လှန်လိုက်သည်နှင့် လက်ဖဝါးပေါ် တွင် အစိမ်းရောင်ဆေးတစ်လုံးပေါ်လာလေသည်။ ထို့နောက် ကင်းကောင်၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ လေပေါ်တွင် ဆေးသည် အတန်ကြာအောင် ခရီးဝေးသွားနေရသည်။ ပွဲကြည့်စင်တွင်ထိုင်နေသည့်လူများသည် လုကျီထုတ် လိုက်သော အဆိပ်ကိုအနံ့ခံခဲ့ရပြီးနောက် အနည်းငယ်မူးဝေခဲ့ရသည်။ သို့သော် ဤအခိုက်အတန့်တွင် ဆေးနံ့ကိုရပြီးနောက် လန်းဆန်းမှုကို ခံစားရလေသည်။

ဒါဘယ်လိုအဆင့်ရှိတဲ့ အဆိပ်ဖြေဆေးလဲ။ ပေထင်းဟွမ် အရှင်အဆင့် ရတနာဆေးကို သန့်စင်ခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရပြီးနောက် အားလုံးသည် တွေးရသည်ကိုပင် အကျင့်ဖြစ်လာခဲ့သည်။ ပေထင်းဟွမ်ထုတ်လိုက်သော ဆေးကိုမြင်ချိန်တွင် ထိုဆေး၏အဆင့်ကို ခန့်မှန်းနေကြသည်။

ကင်းကောင်သည် လုကျီကို ထိလိုက်ပြီးနောက် ထိုထိခဲ့သောလက်သည် မီးလောင်သွားသလို ခံစားရလေသည်။ သူ၏လက်သီးဆုပ်တစ်ဖက်သည် စတင် အနက်ရောင်ပြောင်းနေပြီဖြစ်သည်။ ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားသည် အလွန် ပုပ်နံ့ထွက်နေပြီး ခန္ဓာကိုယ်မှာလည်း လေးလံနေသည်။ ပြောဖို့ရန်မလိုအောင် ပင် ၎င်းသည် အဆိပ်သင့်သည့်လက္ခဏာဖြစ်သည်။

သို့သော် ပေထင်းဟွမ်ဆီမှဆေးသည် လေထဲသို့ ခုန်ထွက်လာချိန်တွင် ကင်းကောင်သည် ချက်ချင်းပင် တွေဝေခြင်းမရှိ ပါးစပ်ဟလိုက်သည်။ တိုက်ရိုက်ပျံသန်းလာသောဆေးသည် သူ့မျက်နှာအနားသို့ ရောက်ချိန်တွင် စတင်နှေးကွေးလာကာ နောက်ဆုံးတွင် ပါးစပ်ထဲသို့ နူးညံ့သောနည်းဖြင့် ဝင် သွားခဲ့သည်။

ထိုဆေးကို သန့်စင်သူမှာ ပေထင်းဟွမ်လား၊ ယန်ယဲ့လားဆိုသည်ကို မသိပေ။ သို့သော် သောက်လိုက်ချိန်တွင် ခန္ဓာကိုယ်မှလေးလံမှုပျောက်ကွယ် သွားပြီး သွေးကြောထဲမှ သေနေသော နတ်စွမ်းအားသည် ပြန်လည် လည်ပတ် လာသည်။

ပင်မတိုက်ကြီးတွင် အဂ္ဂိရတ်ပညာရှင်များနှင့် အဓိကအင်အားစုများ အတွက် အခွင့်အရေးဖြစ်သည့် အဂ္ဂိရတ်အစည်းအဝေးစင်မြင့်သည် ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု မည်သူမှထင်မထားကြပေ။ သခင်အဆင့်ဆေး ထွက်ပေါ်လာပြီး စီရင်ချက်ဗိမာန်၏ဧကရာဇ်သည် ချောင်းမြောင်းတိုက်ခိုက်ရာ မှ မိုးကြိုးပစ်ပြီးသေခဲ့သည်။ ပေထင်းဟွမ်သည် နတ်ဘုရားအဆင့်သို့ တက် သွားခဲ့ပြီး သူ၏သားရဲအုပ်ကြီးလည်း အဆင့်တက်ခဲ့သည်။

ဤတက်ကြွမှုအဆင့်ကို ပင်မတိုက်ကြီးတွင် နှစ်ပေါင်းထောင်ချီကြာ အောင် မတွေ့ဖူးပေ။ ထိုအချိန်တွင်ပင်လျှင် စွမ်းအင်အလင်းတံတိုင်းပင်လျှင် ပြန်ဝင်သွားပြီး စင်မြင့်တစ်ခုလုံးသည် အားလုံးရှေ့တွင် ရှင်းရှင်းလင်းလင်း ပေါ်လာလေသည်။ စင်ပေါ်တွင်မည်သူမှရှိမနေဘဲ မိုးပေါ်တွင် ပေထင်းဟွမ် သည် ထိတ်လန့်စရာသားရဲတစ်ပြုံတစ်ခေါင်းနှင့် ဝိညာဉ်ကိုပင် တုန်ယင် ပျောက်ကွယ်သွားအောင်လုပ်နေသည်။ မဟုတ်ပေ... အားလုံးသည် ထိတ်လန့် မှုမှ နိုးထမလာသေးပေ။

အရှင်အဆင့်သည် ဝရုန်းသုန်းကားအခြေအနေကိုဖြစ်စေပြီး စီရင်ချက် နတ်ဘုရားဧကရာဇ်ကို မိုးကြိုးကြောင့် သေစေခဲ့သည်။ ပေထင်းဟွမ်ကိုဆိုရ လျှင် တခြားသူများဆေးသန့်စင်ရင်းနှင့် ခြေကုန်လက်ပန်းကျချိန်တွင် ကံကောင်းပြီးအဆင့်တက်ခဲ့သည်။

ပင်မတိုက်ကြီးတွင် လက်ရှိတွင် နတ်ဘုရားအဆင့်သို့ တက်ခါစသူမှာ ၉ ယောက်ရှိသည်။ အားလုံးသည် ဝိညာဉ်အဆင့်ခွဲဆေးကို သောက်ပြီး အဆင့်တက်ခဲ့ခြင်းပင်။ ပေထင်းဟွမ်တစ်ယောက်သာ သူမ၏ကိုယ်ပိုင် ခွန်အား နှင့် နတ်ဘုရားအဆင့်သို့ တက်ခဲ့ခြင်းဖြစ်သည်။ ဤဖြစ်ရပ်သည် ပင်မတိုက်ကြီး မှ ကျင့်ကြံသူများအားလုံးကို မျှော်လင့်ချက်အသစ်ဖြစ်ပေါ်လာစေသည်မှာ သေချာပေါက်ပင်။

“ဟေ့ကောင်လေး မင်း ငါ့ကို ဝိညာဉ်ပြန်ခေါ်ဆေးမပေးရသေးဘူး” ကျူလင်းသည် အတန်ကြာအောင် ငေးငိုင်နေမိသည်။ အစောက သူသည် သေလမ်းမှ သီသီကလေးလွတ်ခဲ့သည်။ သူသည် နောက်ဆုံးမှ သတိပြန်ဝင်လာ ပြီး ထခုန်ကာ ပေထင်းဟွမ်ထွက်သွားသည့်ဘက်သို့ ပြေးသွားလေသည်။

ထိုအချိန်တွင် ပေထင်းဟွမ်သည် မိုးကြိုးကိုဆင့်ခေါ်ပြီးဖြစ်လေသည်။ မိုးကြိုးသည် အဆင့်တက်ပြီးနောက် တည်းခိုဆောင်ပိုင်ရှင်အား လျော်ကြေး အဖြစ် ပတ္တမြားများစွာပေးခဲ့ရသည်။ ထို့နောက်တွင် ပေထင်းဟွမ်ဆီသို့ရောက် လာပြီး တန့်ကာမြို့မှထွက်သွားလေပြီဖြစ်၏။

All Chapters