Chapters

ကျောက်စိမ်းလက်ဖြတ်ခြင်း

Vol. 61 Ch. 1204

ကျောက်စိမ်းလက်ဖြတ်ခြင်း

Vol. 61 Ch. 1204

လုကျီသည်လည်း အဆင့်မြင့်ဓားနတ်ဘုရားဖြစ်ရာ တစ်ချက်တည်းနှင့် သတ်ရန် ကင်းကောင်အတွက်မဖြစ်နိုင်ပေ။ ထိုအချိန်တွင် သူမသည် ခန္ဓာကိုယ် ထဲမှ နတ်စွမ်းအားများကို အားသွန်ခွန်စိုက်လှုံ့ဆော်လေသည်။ အဖြူရောင် ကျောက်စိမ်းလက်တစ်စုံ ပေါ်လာသည်။ ထိုလက်ထဲတွင် လက်ချောင်းငါး ချောင်း၏ လက်သည်းမှ အနက်ရောင်အခိုးများတက်လာသည်။ မြူခိုးကဲ့သို့ပင် အဆိပ်ပါဝင်သော နတ်စွမ်းအားသည် ငါးညှီနံ့ပါနေပြီး အဝေးမှပင် ထိုအနံ့ကို ရနေလေသည်။

“ကင်းကောင် သူမရဲ့လက်တွေက အဆိပ်ပါတယ် အဲဒါကိုသွားမထိနဲ့”

ပေထင်းဟွမ်သည် မျက်လွှာချထားပြီး လုကျီ၏ ထင်ရာဆိုင်းသော လှုပ်ရှားမှုများကို အလွတ်မခံပေ။ သူမသည် လက်ကိုရုတ်သိမ်းပြီး ကင်းကောင် ၏ လက်သီးဆုပ်ကို လှုပ်ရှားရန် အသုံးပြုလေသည်။ အဆင့်မြင့်ဓားအဆင့်မှာ ကင်းကောင်၏ခုခံမှုသည် အားကောင်းသော်လည်း ထိုအဆိပ်ကို ခံနိုင်ရည်မရှိ ခြင်းလည်းဖြစ်နိုင်သည်။

ထို့အပြင် အနံ့အရ ထိုအဆိပ်သည် မည်မျှပြင်းကြောင်းကို ပေထင်းဟွမ် အကဲဖြတ်နိုင်သည်။

သို့သော် ထိုအျိန်တွင် ကင်းကောင်လက်သီးဆုပ်ကို ပြန်ရုတ်တရက်မဖြစ် နိုင်တော့ပေ။ နတ်ဘုရားအဆင့်ရောက်ပြီးနောက် ပထမဆုံးတိုက်ခိုက်ရေးကို အောင်မြင်မှုမရှိဘဲ နောက်ဆုတ်ရန်မဖြစ်နိုင်ပေ။ ပြိုင်ဘက်ဆီမှပြေးလွှားနေရ သည့်အရှက်ကွဲခြင်းမျိုး မလိုချင်ပေ။

ကနဦးအဆင့်တက်ပြီးနောက် ခမ်းနားသောနတ်စွမ်းအားသည် သူ၏ လက်သီးဆုပ်ဆီသို့ တိုးတက်လာပြီး နတ်စွမ်းအင်ရစ်ပတ်နေသော ချပ်ဝတ် တန်ဆာအလွှာသည် လက်သီးဆုပ်ကို နေရောင်ကဲ့သို့ဖြစ်စေသည်။

လုကျီ၏လက်သည် နေလုံးနီနီကို ရစ်ပတ်လေသည်။ သူမ၏ခန္ဓာကိုယ် ထဲတွင် အစောကရထားသောဒဏ်ရာကြောင့် နတ်စွမ်းအားသည် ၆၀ မှ ၇၀ ရာခိုင်နှုန်းထိသာရောက်နိုင်လေသည်။ သို့သော် သူမတွက် လုံလောက်သည်။ မူလကကျောက်စိမ်းကဲ့သို့ ဖြူဖွေးသောလက်သည် ယခုအခါ မီးသွေးခဲကဲ့သို့ မည်းနက်လောင်ကျွမ်းနေကာ အလှတရားမှ အရိုးအဖြစ်ပြောင်းသွားရာ ကြည့်ရန်ပင်ကြောက်စရာကောင်းနေလေသည်။

“လက်ကိုဖြတ်လိုက်”

လုကျီ၏လက်ဆန့်ထုတ်လိုက်ရာ မိုးမခကိုင်းကဲ့သို့ဆန့်ထုတ်လာသည်။ သို့သော် ထိုမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။ ၎င်းသည် ကင်းကောင် ၏ နေလုံးနီကဲ့သို့လက်သီးဆုတ်ကို တွေဝေမှုမရှိ လှုပ်ခါသွားစေသည်။

ဘုန်း...

များပြားလှသော မြင်နေရသည့်စွမ်းအင်လှိုင်းသည် ပင်လယ်ရေစီး ကြောင်းကဲ့သို့ လူးလာလှုပ်ရှားလာသည်။ လေထုသည်ညှစ်ထုတ်သကဲ့သို့ဖြစ် ပြီး စင်မြင့်ပတ်ပတ်လည် စွမ်းအင်တံတိုင်းကို ရိုက်မိလေသည်။ ကင်းကောင်၏ ခြေလှမ်းများသည် ရှေ့တိုးသွားပြီး သူ၏ကြီးမားသောကိုယ်ထည်သည် ကောင်းကင်ပေါ်တွင် လူးလှိမ့်နေပြီး ရွှေရောင်အလင်းတန်းသည် ထိုအချိန်တွင် အမည်းရောင်ပြောင်းသွားလေသည်။ သူသည် လုကျီ၏အဆိပ်မိသွားသည်မှာ ထင်ရှားလွန်းသည်။ သို့သော် သူသည်ရှေ့တိုးပြီး အားကောင်းသောစွမ်းအားနှင့် လုကျီ၏မီးသွေးနှင့်တူနေသည့်လက်ကို လှုပ်ခါလိုက်သည်။

“ချိုးလိုက်”

ကင်းကောင်၏ခန္ဓာကိုယ်သည် အနည်းငယ်ကွေးညွှတ်သွားပြီး အညို ရောင်မျက်လုံးတစ်စုံသည် ဒေါသကြောင့် ပြူးထွက်နေသည်။ ကင်းကောင်၏ လူသတ်နိုင်လောက်သည့်အကြံသည် ခက်ထန်နေကာ လက်သီးဆုပ်ကို ထပ်မံ မြှောက်လိုက်ရာ အရိုးကျိုးပဲ့သည့်အသ့ထွက်လာပြီး မီးသွေးခဲကဲ့သို့ဖြစ်နေ သော လုကျီ၏လက်သည် သူ၏လက်သီးဆုပ်ကြောင့် ကျိုးသွားလေသည်။

“အာ..”

စူးရှသောအော်သံသည် စွမ်းအင်အလင်းတံတိုင်းကိုဖြတ်သွားကာ အားလုံး၏ နားထဲသို့ဝင်သွားလေသည်။ ထိုအချိန်တွင် ထိုအစိမ်းရောင် ကိုယ်ထည်သည် မိုးကောင်းကင်ကိုဖြတ်ပြီး ကြယ်ကြွေသကဲ့သို့ ကျသွားသည် ကိုမြင်လိုက်ရသည်။ ကင်းကောင်သည် နောက်မှလိုက်ရန်ဟန်ပြင်သော်လည်း ပေထင်းဟွမ်မှတားလေသည်။

“ခဏနေဦး သူမကို စိတ်မပူနဲ့ သူမက စွမ်းအင်ကုန်သွားတာ၊ သူမရဲ့ အသက်ကိုခြိမ်းခြောက်ခံလိုက်ရတာနဲ့ အသက်တံဆိပ်ပြားကိုချေပြီး ထွက်ပြေး မှာပဲ၊ သူမကို ဒီမှာသတ်လို့မရဘူး ငါတို့မှာအချိန်တွေရှိပါသေးတယ်” ပေထင်းဟွမ်သည် ကင်းကောင်ဘက်သို့လှည့်လာသည်။

ထိုအချိန်တွင် သူသည် နတ်ဘုရားအဆင့်သို့ တက်သွားပြီဖြစ်ရာ များစွာ အကျိုးအမြတ်ရှိလိုက်သည်။ ခွန်အားရှိနေသရွေ့ ထိုဆင်းသက်သူနှစ်ယောက် ၏ အသက်ကိုယူရန်စိုးရိမ်စရာမလိုပေ။