← Chapters

ကင်းကောင်၏အမျက်ဒေါသ

Vol. 61 Ch. 1203

ကင်းကောင်၏အမျက်ဒေါသ

Vol. 61 Ch. 1203

လူအုပ်၏နားထဲတွင် မိုးကြိုးပစ်သံကဲ့သို့ ဟိန်းသံမြည်ဟိန်းသွားလေ၏။ ရွှေနှင့်ကျောက်စိမ်းတို့ ရိုက်လိုက်သည့် စူးရှသောအသံမျိုးကို ကြားလိုက်ရ၏။ လူသားပုံစံ ကြီးမားသော ရွှေရောင်မျောက်ဝံသည် ကောင်းကင်တွင်ရပ်နေပြီး လေးလံသောတူဖြင့် ကျောက်တုံးကိုထုရိုက်လိုက်သောအသံဖြင့် ပြောလေ သည် “သေစမ်း လောင်ကျီကိုကြည့်ဦး နတ်ဘုရားအဆင့်ဖြစ်နေပြီ”

နတ်ဘုရားအဆင့်လား။

လူနှင့်သားရဲတို့၏ မျက်လုံးများအားလုံးသည် ထိုရွှေရောင်ရှေးမျောက်ဝံ ဆီသို့ ရောက်သွားကြသည်။ နတ်ဘုရားအဆင့်သားရဲဆိုသည့်စကားလုံးသည် တိုက်ကြီးတစ်ခုလုံးကို လှုပ်ခါသွားစေသည်။ ထိုစာလုံးလေးလုံးသည် ဤရွှေ ရောင်ရှေးမျောက်ဝံ၏ ခန္ဓာကိုယ်အတွက်သာ သင့်တော်သည်။ သူ၏ကြီးမား သော ကိုယ်ထည်ကို မည်သည့်စကားလုံးနှင့်မှ ဖော်ပြမရပေ။ သူ့ရှေ့မှ သာမန် လူသားသည် သူ၏ခြေချောင်းတစ်ချောင်းစာ အရွယ်အစားသာရှိလေသည်။

နားစူးလောက်သည့်အသံပျောက်ကွယ်ပြီးနောက် မြေကြီးကိုမျက်နှာမူ နေသည့် ပေထင်းဟွမ်အား တိုက်ခိုက်ရန်ကြိုးစားခဲ့သော ကွမ်ယန်းနှင့် လုကျီ တို့အား ကြမ်းတမ်းစွာ ရိုက်နှက်လေသည်။ “သေစမ်း မင်းတို့က ငါ့သခင်ကို ချောင်းတိုက်ခိုက်ချင်တာလား၊ မင်းတို့က အသေခံပြီးအကြွေးဆပ်တော့မှာပေါ့”

လေးလံသောတူနှင့်တူသည့် လက်သီးဆုပ်သည် ရွှေရောင်အလင်းဖြင့် ပြည့်နှက်နေသည်။ မရေမတွက်နိုင်သောမျက်လုံးများသည် လက်သီးဆုပ်ပေါ် သို့ကျရောက်နေပြီး အားလုံး၏သူငယ်အိမ်သည် လှုပ်ခါသွားလေသည်။

“သေလိုက်စမ်း”

ကွမ်ယန်းနှင့်လုကျီတို့သည် အလွယ်တကူမသေကြပေ။ အလင်းတံတိုင်း ကို ကြမ်းတမ်းစွာထုရိုက်ပြီးနောက် သူတို့၏ အတွင်းအင်္ဂါများ ကမောက်ကမ ဖြစ်သွားသလိုပင်။ ထင်ရှားစွာပင် ဤကဲ့သို့အရသာမျိုးသည် နတ်ဘုရားတစ်ပါး လက်ဖက်ရည်တစ်အိုးသောက်သလိုပင်။ အသက်မရှူနိုင်ခင်မှာပင် ကင်းကောင်၏လက်သီးဆုပ်သည် ခပ်ကြမ်းကြမ်း ထုရိုက်လိုက်သည်ကို မြင် လိုက်ရလေသည်။

ကွမ်ယန်းနှင့် လုကျီတို့သည် လူစုခွဲနောက်ဆုတ်ကြလေသည်။ လက်သီး ပေါ်မှ ရွှေရောင်အလင်းသည် ရွှေရောင်မီးတောက် တောက်လောင်နေသကဲ့သို့ လက်ဖဝါးထဲတွင် အနီရောင်နေကို ဆုပ်ကိုင်ထားသည့်အလား ကြီမားသော လက်သီးဆုပ်သည် ကောင်းကင်ကို ဆွဲဖြဲနိုင်လောက်သည့် ကြောက်စရာ ကောင်းသော စွမ်းအင်ပါဝင်လေသည်။ ကွမ်ယန်းနှင့် လုကျိကဲ့သို့ အဆင့်မြင့်ဓာ နတ်ဘုရားအဆင့်ပင်လျှင် နတ်ဘုရားအဆင့်သို့ ဝင်ခါစ ဤကဲ့သို့သွေးသား သားရဲ၏ လက်သီးဆုပ်စွမ်းအားကို အာရုံစိုက်ရမည်ဖြစ်သည်။

ကင်းကောင်၏တိုက်ခိုက်မှုသည် မိုးကြိုးသွားအလား မြန်ဆန်လေသည်။ ရွှေရောင်အလင်းဖြတ်သွားသည့်နေရာတိုင်းတွင် လေများပင်ရှောင်ရှားကြပြီး စူးရှသောအသံသည် လူများ၏နားစည်ကို ဖြတ်နိုင်လောက်သည့်အလား စူးရှ လေသည်။ ပွဲကြည့်စင်မှလူအပါအဝင် ကောင်းကင်ပေါ်မျသားရဲများသည် အသက်အောင့်ထားကြရသည်။ သူတို့ကို စွမ်းအင်အလင်းတံတိုင်းဖြင့် ခွဲခြား ထားသော်လည်း မည်မျှကြောက်စရာကောင်းသည်ကို အဝေးမှခံစားရဆဲဖြစ် သည်။

ဤထိုးနှက်ချက်သည် အဆင့်နိမ့်ဓားသမားတစ်ယောက်ကို သတ်ရန် လုံလောက်လေသည်။

ကွမ်ယန်းနှင့်လုကျီတို့၏ မျက်လုံးထဲတွင် ရွှေရောင်လက်သီးဆုပ်သည် ပိုပိုပြီးကြီးလာပြီး ကြောက်စရာကောင်းသောရောင်ဝါနှင့် နတ်စွမ်းအားမှာ စီးဆင်းနေ၏။ ကြောက်စရာကောင်းသောရောင်ဝါနှင့် တောင်တစ်လုံးဖိအားရှိ နေ၍ သူတို့နှစ်ယောက်လုံး အသက်ရှူရပ်သွားသလို ခံစားရလေသည်။ သေဆုံး ခြင်းအရိပ် ရောက်လာသည်။

ကွမ်ယန်း၏မျက်လုံးထဲတွင် ကြောက်လန့်မှုအရိပ်အယောင်ရှိနေချိန်တွင် သူ၏စိတ်ထဲသို့ မရေမတွက်နိုင်သောအတွေးများ ဖြတ်ခနဲဝင်လာသည်။ သူ၏ အသက်တံဆိပ်ပြားကိုကိုင်ပြီး ဖောက်ခွဲအသေခံလိုက်ရမည်လား။ ထင်ရှားစွာ ပင် သူသည် ထိုရလဒ်နှစ်ခုလုံးကိုမလိုချင်ပေ။

ထိုအခိုက်အတန့်တွင် ကွမ်ယန်းသည် လုကျီအား ဆုပ်ကိုင်ပြီး လက်သီး ဆုပ်ဆီသို့ ပစ်လိုက်သည်။ လုကျီသည် သတိလက်လွတ်ဖြစ်သွား၏။ ကွမ်ယန်း ၏ လှုပ်ရှားမှုမှာ ရက်စက်လွန်းရာ ကင်းကောင်ပင် ထင်မှတ်မထားပေ။ နတ်ဘုရားစွမ်းအား လုကျီ၏ခန္ဓာကိုယ်ဆီသို့ ဝင်သွားချိန်တွင် ကွမ်ယန်းသည် သူ၏ခန္ဓာကိုယ်ကို ဘေးသို့ရှောင်ရန် စွမ်းအားကိုသုံးပြီးဖြစ်သည်။ သူ၏ ထူးခြားဆန်းပြားသည့်လှုပ်ရှားမှု ပညာသည် သူ၏ခန္ဓာကိုယ်ကို လက်သီးဆုပ် အလားခေါ်ဆောင်သွားလေသည်။

လုကျီကိုပင်မကြည့်တော့ဘဲ ကွမ်ယန်းသည် လျင်မြန်စွာပင်လျှောက်လာ ခဲ့လိုက်သည်။

ဤလှည့်ကွက်ကို မည်သူမှ ထင်မထားကြပေ။ သန်မာသောလူတစ်ဦး သည် အရေးကြုံသည့်အခိုက်အတန့်တွင် သူ၏အပေါင်းအဖော်ကို ဤကဲ့သို့ လုပ်လိမ့်မည်ဟု ထင်မထားကြပေ။ သို့သော် ထိုအချိန်တွင် ကင်းကောင်၏ ထိုးနှက်ချက်သည် ဦးတည်ချက်မပြောင်းနိုင်တော့ဘဲ လုကျီအား အားပါပါ ထု ချလိုက်လေတော့သည်။

All Chapters